တောင်ကိုရီးယားသရုပ်ဆောင် လီဒုန်ဝု လမုန့်နဲ့ပတ်သက်တဲ့မှတ်ချက်တစ်ခုကြောင့် တရုတ်ပရိသတ်တွေဆီက ဝေဖန်ခံနေရ

 403

ရောင်နီ (NP News) - သြဂုတ် ၂၃
တောင်ကိုရီးယားသရုပ်ဆောင် လီဒုန်ဝု ဟာ ဆိုရှယ်မီဒီယာမှာ "ကိုရီးယားနိုင်ငံသားတွေ လမုန့် မစားကြ ဘူး" ဆိုတဲ့မှတ်ချက်တစ်ခုရေးသားခဲ့ခြင်းကြောင့် တရုတ်အင်တာနက်အသုံးပြုသူတွေရဲ့ဝေဖန်မှုကို ခံနေရပါ တယ်။
သြဂုတ်လ ၂၀ ရက်အထိ "Lee Dong Wook၊ Koreans Don't Eat Mooncakes" ဆိုတဲ့ hashtag ဟာ တရုတ် ဆိုရှယ်မီဒီယာ Weibo မှာရေပန်းစားနေပြီး ခေါင်းစဉ်နဲ့ဆက်စပ်တဲ့ပို့စ်တွေဟာ ကြည့်ရှုမှုပေါင်း ၉၈.၁၂ သန်းထိ ရှိခဲ့ပါတယ်။ အဲဒီအငြင်းပွားမှုဟာ ပြီးခဲ့နှစ် Chuseok (ကိုရီးယား ကျေးဇူးတော်နေ့) က ဆိုရှယ်မီဒီယာ Bubble မှ တရုတ်ပရိသတ်အချို့က "ကိုရီးယားလူမျိုးတွေ လမုန့် စားသလား" လို့ မေးရာမှာ လီ က "ကိုရီးယားမှာ လမုန့် မစားကြပါဘူး။ မတူကွဲပြားစွာနဲ့ ရိုးရာဆင်နွှဲကြပါတယ်" "ကျွန်တော်တို့ ဆုန်ဖျန် (ရိုးရာကိုရီးယားဆန်ကိတ်) စားတယ်” လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
အဲဒီမှတ်ချက်ဟာ တရုတ်ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကို ဒေါသထွက်စေခဲ့ပြီး မင်းသားဟာ တရုတ်ယဉ်ကျေးမှု အပေါ် လေးစားမှုမရှိခြင်းဖြစ်ကာ ကိုရီးယားတွေလည်း လမုန့်စားကြသလို နောက်ပိုင်း သူတို့ရိုးရာအစားအစာ အဖြစ်တောင် တောင်းဆိုနိုင်တယ်လို့ ဆိုကြပါတယ်။ အချိန်ကာလအားဖြင့် တစ်နှစ်ခန့်ကြာပြီဖြစ်ပေမယ့် ဝေဖန်မှုတွေဟာ အေးစက်သွားမယ့် လက္ခဏာမရှိဘဲ Weibo မှာ အချေအတင်ဝေဖန်မှုတွေ ဆက်လက်ဖြစ်ပွားနေ ပါတယ်။
လီဒုန်ဝုဟာ "Goblin" "Tale of the nine tailed" "My Girl" ဇာတ်ကားတွေနဲ့ လူသိများပြီး နာမည်ကျော်ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီဒုန္ဝု လမုန႔္နဲ႔ပတ္သက္တဲ့မွတ္ခ်က္တစ္ခုေၾကာင့္ တ႐ုတ္ပရိသတ္ေတြဆီက ေဝဖန္ခံေနရ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၃
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီဒုန္ဝု ဟာ ဆိုရွယ္မီဒီယာမွာ "ကိုရီးယားႏိုင္ငံသားေတြ လမုန႔္ မစားၾက ဘူး" ဆိုတဲ့မွတ္ခ်က္တစ္ခုေရးသားခဲ့ျခင္းေၾကာင့္ တ႐ုတ္အင္တာနက္အသုံးျပဳသူေတြရဲ႕ေဝဖန္မႈကို ခံေနရပါ တယ္။
ၾသဂုတ္လ ၂၀ ရက္အထိ "Lee Dong Wook၊ Koreans Don't Eat Mooncakes" ဆိုတဲ့ hashtag ဟာ တ႐ုတ္ ဆိုရွယ္မီဒီယာ Weibo မွာေရပန္းစားေနၿပီး ေခါင္းစဥ္နဲ႔ဆက္စပ္တဲ့ပို႔စ္ေတြဟာ ၾကည့္ရႈမႈေပါင္း ၉၈.၁၂ သန္းထိ ရွိခဲ့ပါတယ္။ အဲဒီအျငင္းပြားမႈဟာ ၿပီးခဲ့ႏွစ္ Chuseok (ကိုရီးယား ေက်းဇူးေတာ္ေန႔) က ဆိုရွယ္မီဒီယာ Bubble မွ တ႐ုတ္ပရိသတ္အခ်ိဳ႕က "ကိုရီးယားလူမ်ိဳးေတြ လမုန႔္ စားသလား" လို႔ ေမးရာမွာ လီ က "ကိုရီးယားမွာ လမုန႔္ မစားၾကပါဘူး။ မတူကြဲျပားစြာနဲ႔ ႐ိုးရာဆင္ႏႊဲၾကပါတယ္" "ကြၽန္ေတာ္တို႔ ဆုန္ဖ်န္ (႐ိုးရာကိုရီးယားဆန္ကိတ္) စားတယ္” လို႔ ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။
အဲဒီမွတ္ခ်က္ဟာ တ႐ုတ္ဆိုရွယ္မီဒီယာ အသုံးျပဳသူေတြကို ေဒါသထြက္ေစခဲ့ၿပီး မင္းသားဟာ တ႐ုတ္ယဥ္ေက်းမႈ အေပၚ ေလးစားမႈမရွိျခင္းျဖစ္ကာ ကိုရီးယားေတြလည္း လမုန႔္စားၾကသလို ေနာက္ပိုင္း သူတို႔႐ိုးရာအစားအစာ အျဖစ္ေတာင္ ေတာင္းဆိုႏိုင္တယ္လို႔ ဆိုၾကပါတယ္။ အခ်ိန္ကာလအားျဖင့္ တစ္ႏွစ္ခန႔္ၾကာၿပီျဖစ္ေပမယ့္ ေဝဖန္မႈေတြဟာ ေအးစက္သြားမယ့္ လကၡဏာမရွိဘဲ Weibo မွာ အေခ်အတင္ေဝဖန္မႈေတြ ဆက္လက္ျဖစ္ပြားေန ပါတယ္။
လီဒုန္ဝုဟာ "Goblin" "Tale of the nine tailed" "My Girl" ဇာတ္ကားေတြနဲ႔ လူသိမ်ားၿပီး နာမည္ေက်ာ္ပါတယ္။

Related news

© 2021. All rights reserved.