Labubu အရုပ်ထုတ်လုပ်သူ Pop Mart ၊ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း အမြတ် ၄ဝဝ ရာခိုင်နှုန်းနီးပါး မြင့်တက်လာ

 344

ရောင်နီ (NP News) - သြဂုတ် ၂၃
Labubu အရုပ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်နေတဲ့ တရုတ် ထုတ်လုပ်သူ Pop Mart ဟာ အရုပ်ဝယ်လိုအား မြင့်မားပြီး ပြည်ပဈေးကွက်တွေမှာလည်း လွှမ်းမိုးနိုင်ခဲ့တာကြောင့် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်မှာတင် အမြတ်ငွေ ၄၀၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ရရှိခဲ့တယ်လို့ အင်္ဂါနေ့ (သြဂုတ်လ ၁၉ ရက်) မှာ ဖော်ပြခဲ့ပါတယ်။
အသားတင်အမြတ်ငွေ ၃၉၆.၅ ရာခိုင်နှုန်း မြင့်တက်လာကာ Pop Mart ရှယ်ယာဟာလည်း တစ်နှစ်ထက် တစ်နှစ် ၂၀၀ ရာခိုင်နှုန်းကျော် မြင့်တက်တာကြောင့် Barbie ထုတ်လုပ်သူ Mattel နဲ့ Hello Kitty မိခင်ကုမ္ပဏီ Sanrio တို့ထက်တောင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ Pop Mart ဟာ အထုပ် မဖွင့်မချင်း ဒီဇိုင်းအတိအကျ မသိနိုင်တဲ့ "Blind box" နဲ့ သာ ရောင်းချလေ့ရှိပြီး K-pop အဖွဲ့ Blackpink အဖွဲ့ဝင် လီဆာ၊ အဆိုတော် ရီဟာနား နဲ့ ဘောလုံးစတားဟောင်း ဒေးဗစ်ဘက်ခ်ခမ်း တို့က သူတို့ရဲ့ဖက်ရှင်တွေမှာ တွဲဖက်အသုံးပြုခဲ့ပြီးနောက် ပရိသတ် တွေကြား ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ Pop Mart CEO ဝမ်နင် ကတော့ ယခုနှစ် စက်တင်ဘာလမှစ Labubu ရောင်းအား တစ်ရက်ကို အလုံးရေ ၁၀ သန်းကျော်ထိ ရောင်းချသွားမယ်လို့ ပြီးခဲ့တဲ့ လက တရုတ်အစိုးရ မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Zawgyi Version:
Labubu အ႐ုပ္ထုတ္လုပ္သူ Pop Mart ၊ ၂၀၂၅ ခုႏွစ္ ပထမႏွစ္ဝက္အတြင္း အျမတ္ ၄ဝဝ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္လာ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၃
Labubu အ႐ုပ္နဲ႔ ကမာၻလုံးဆိုင္ရာ ေရာင္းဝယ္ေဖာက္ကားမႈေတြ ျပဳလုပ္ေနတဲ့ တ႐ုတ္ ထုတ္လုပ္သူ Pop Mart ဟာ အ႐ုပ္ဝယ္လိုအား ျမင့္မားၿပီး ျပည္ပေဈးကြက္ေတြမွာလည္း လႊမ္းမိုးႏိုင္ခဲ့တာေၾကာင့္ ၂၀၂၅ ခုႏွစ္၊ ပထမႏွစ္ဝက္မွာတင္ အျမတ္ေငြ ၄၀၀ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္ရရွိခဲ့တယ္လို႔ အဂၤါေန႔ (ၾသဂုတ္လ ၁၉ ရက္) မွာ ေဖာ္ျပခဲ့ပါတယ္။
အသားတင္အျမတ္ေငြ ၃၉၆.၅ ရာခိုင္ႏႈန္း ျမင့္တက္လာကာ Pop Mart ရွယ္ယာဟာလည္း တစ္ႏွစ္ထက္ တစ္ႏွစ္ ၂၀၀ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္တာေၾကာင့္ Barbie ထုတ္လုပ္သူ Mattel နဲ႔ Hello Kitty မိခင္ကုမၸဏီ Sanrio တို႔ထက္ေတာင္ ေက်ာ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ Pop Mart ဟာ အထုပ္ မဖြင့္မခ်င္း ဒီဇိုင္းအတိအက် မသိႏိုင္တဲ့ "Blind box" နဲ႔ သာ ေရာင္းခ်ေလ့ရွိၿပီး K-pop အဖြဲ႕ Blackpink အဖြဲ႕ဝင္ လီဆာ၊ အဆိုေတာ္ ရီဟာနား နဲ႔ ေဘာလုံးစတားေဟာင္း ေဒးဗစ္ဘက္ခ္ခမ္း တို႔က သူတို႔ရဲ႕ဖက္ရွင္ေတြမွာ တြဲဖက္အသုံးျပဳခဲ့ၿပီးေနာက္ ပရိသတ္ ေတြၾကား ေရပန္းစားလာခဲ့တာျဖစ္ပါတယ္။ Pop Mart CEO ဝမ္နင္ ကေတာ့ ယခုႏွစ္ စက္တင္ဘာလမွစ Labubu ေရာင္းအား တစ္ရက္ကို အလုံးေရ ၁၀ သန္းေက်ာ္ထိ ေရာင္းခ်သြားမယ္လို႔ ၿပီးခဲ့တဲ့ လက တ႐ုတ္အစိုးရ မီဒီယာနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

Picture

09669249170

23/08/2025 15:07

6351

Related news

© 2021. All rights reserved.