ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့သည့် ကမ္ဘာကျော်မင်းသားကြီး ဂျက်လီ

 707

ဂျန်ဇက် (NP News) - သြဂုတ် ၂၄
ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး ဂျက်လီသည် ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်း မွန်လာခဲ့ကြောင်း ဩဂုတ် (၁၉)ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။ အသက် (၆၂)နှစ်အရွယ်ရှိ တရုတ်မင်းသားဂျက်လီသည် ကျန်းမာ ရေးမကောင်းသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆေးရုံတက်ရောက်ခဲ့သည်ဟုသတင်းများထွက်ပေါ်လာခဲ့ပြီး နောက် ၎င်း၏ပရိသတ်များ စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း သိရသည်။
မင်းသား ဂျက်လီကိုယ်တိုင်လည်း ၎င်းဆေးရုံတက်ရောက်ကာ ဆေးဝါးကုသမှုခံယူနေရမှုနှင့်ပတ်သက်ပြီး ဓာတ်ပုံများ ထုတ်ပြန်ခဲ့ရာ ကမ္ဘာတစ်ဝန်းရှိ ၎င်းပရိသတ်များကြား စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်းသိရသည်။ ၎င်းက မမျှော် လင့်ဘဲ ဆေးရုံတက်ရောက်ခဲ့ပြီး ကုသမှုများခံယူနေရကြောင်း စာသားအပြင် ဆေးရုံတွင်လဲလျောင်းနေသည့် ဓာတ် ပုံများ၊ မျှဝေခဲ့ကြောင်းသိရသည်။ သို့သော်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေသည် လက်ရှိအချိန်တွင် ပြန်လည် ကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်း တရုတ်မီဒီယာများက ဩဂုတ်(၁၉)ရက်တွင် ရေးသား ဖော်ပြခဲ့သည်။ တရုတ်မီဒီယာ တစ်ခုက “မင်းသား ကြီး ဂျက်လီဟာ အသေးစားအဖုတစ်ခုကို ခွဲစိတ်ကု သဖို့ ဆေးရုံတက်ရောက်ခဲ့တာဖြစ်တယ်။ လက်ရှိ အချိန်မှာ အဲဒီအဖုကို အောင်မြင်စွာခွဲစိတ်ခဲ့တယ်။ ဂျက်လီဟာ ပြန်လည်သက်သာကောင်းမွန်လာခဲ့တယ်။ ဂျက်လီဆေးရုံတက်ရမှုက ကြီးမားတဲ့ ကျန်းမာ ရေးပြဿနာမျိုးမဟုတ်ဘူး” ဟု ရေးသားဖော်ပြထားသည်။ ဂျက်လီသည် (၂၀၁၀) ပြည့်နှစ်တွင် hyperthyroidism ရောဂါကိုခံစားခဲ့ရပြီးနောက် ကျန်းမာရေးပြဿနာများအတွက် ရုန်းကန်ခဲ့ရသူ ဖြစ်သလိုခြေထောက်နှင့် ကျောရိုးရောဂါများခံစား နေရသူဖြစ်သည်။
လူမူကွန်ရက်များတွင် ဂျက်လီသေဆုံးပြီဆိုသော သတင်းများမကြာခဏထွက်ပေါ်ခဲ့သော်လည်း ဂျက်လီက သတင်းများကို ငြင်းဆန်ပယ်ချခဲ့ ကြောင်းသိရသည်။ ဂျက်လီ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး သတင်းမျိုးစုံ ထွက်ပေါ်ခဲ့ဖူး သော်လည်း ၎င်းသည် The Blade: Wind and Thunder အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို မကြာ သေးမီက အောင်မြင်စွာရိုက်ကူးခဲ့ကြောင်းသိရသည်။ အဆိုပါရုပ်ရှင်ဇာတ်ကားသည် ဂျက်လီ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင် ဇာတ်ကားနှင့် (၁၄)နှစ်အကြာ တွင် ရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်သည်။
ဂျက်လီသည် Once Upon a Time in China အမည်ရှိ ရုပ်ရှင်ဇာတ်ကားအပါအဝင် ရုပ်ရှင် ဇာတ်ကားနှင့် ဇာတ် လမ်းတွဲပေါင်း အနည်းဆုံး (၃၀)ကျော်ရိုက်ကူးခဲ့သည့် မင်းသားတစ်ဦးဖြစ်သည်။

Zawgyi Version:
က်န္းမာေရးအေျခအေန ျပန္လည္ေကာင္းမြန္လာခဲ့သည့္ ကမာၻေက်ာ္မင္းသားႀကီး ဂ်က္လီ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၄
ကမာၻေက်ာ္ ႐ုပ္ရွင္မင္းသားႀကီး ဂ်က္လီသည္ က်န္းမာေရးအေျခအေန ျပန္လည္ေကာင္း မြန္လာခဲ့ေၾကာင္း ဩဂုတ္ (၁၉)ရက္တြင္ သတင္းထုတ္ျပန္လိုက္သည္။ အသက္ (၆၂)ႏွစ္အ႐ြယ္ရွိ တ႐ုတ္မင္းသားဂ်က္လီသည္ က်န္းမာ ေရးမေကာင္းသည့္အတြက္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေဆး႐ုံတက္ေရာက္ခဲ့သည္ဟုသတင္းမ်ားထြက္ေပၚလာခဲ့ၿပီး ေနာက္ ၎၏ပရိသတ္မ်ား စိုးရိမ္မႈျမင့္တက္ခဲ့ေၾကာင္း သိရသည္။
မင္းသား ဂ်က္လီကိုယ္တိုင္လည္း ၎ေဆး႐ုံတက္ေရာက္ကာ ေဆးဝါးကုသမႈခံယူေနရမႈႏွင့္ပတ္သက္ၿပီး ဓာတ္ပုံမ်ား ထုတ္ျပန္ခဲ့ရာ ကမာၻတစ္ဝန္းရွိ ၎ပရိသတ္မ်ားၾကား စိုးရိမ္မႈျမင့္တက္ခဲ့ေၾကာင္းသိရသည္။ ၎က မေမွ်ာ္ လင့္ဘဲ ေဆး႐ုံတက္ေရာက္ခဲ့ၿပီး ကုသမႈမ်ားခံယူေနရေၾကာင္း စာသားအျပင္ ေဆး႐ုံတြင္လဲေလ်ာင္းေနသည့္ ဓာတ္ ပုံမ်ား၊ မွ်ေဝခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ၎၏ က်န္းမာေရးအေျခအေနသည္ လက္ရွိအခ်ိန္တြင္ ျပန္လည္ ေကာင္းမြန္လာခဲ့ၿပီျဖစ္ေၾကာင္း တ႐ုတ္မီဒီယာမ်ားက ဩဂုတ္(၁၉)ရက္တြင္ ေရးသား ေဖာ္ျပခဲ့သည္။ တ႐ုတ္မီဒီယာ တစ္ခုက “မင္းသား ႀကီး ဂ်က္လီဟာ အေသးစားအဖုတစ္ခုကို ခြဲစိတ္ကု သဖို႔ ေဆး႐ုံတက္ေရာက္ခဲ့တာျဖစ္တယ္။ လက္ရွိ အခ်ိန္မွာ အဲဒီအဖုကို ေအာင္ျမင္စြာခြဲစိတ္ခဲ့တယ္။ ဂ်က္လီဟာ ျပန္လည္သက္သာေကာင္းမြန္လာခဲ့တယ္။ ဂ်က္လီေဆး႐ုံတက္ရမႈက ႀကီးမားတဲ့ က်န္းမာ ေရးျပႆနာမ်ိဳးမဟုတ္ဘူး” ဟု ေရးသားေဖာ္ျပထားသည္။ ဂ်က္လီသည္ (၂၀၁၀) ျပည့္ႏွစ္တြင္ hyperthyroidism ေရာဂါကိုခံစားခဲ့ရၿပီးေနာက္ က်န္းမာေရးျပႆနာမ်ားအတြက္ ႐ုန္းကန္ခဲ့ရသူ ျဖစ္သလိုေျခေထာက္ႏွင့္ ေက်ာ႐ိုးေရာဂါမ်ားခံစား ေနရသူျဖစ္သည္။
လူမူကြန္ရက္မ်ားတြင္ ဂ်က္လီေသဆုံးၿပီဆိုေသာ သတင္းမ်ားမၾကာခဏထြက္ေပၚခဲ့ေသာ္လည္း ဂ်က္လီက သတင္းမ်ားကို ျငင္းဆန္ပယ္ခ်ခဲ့ ေၾကာင္းသိရသည္။ ဂ်က္လီ၏ က်န္းမာေရးအေျခအေနႏွင့္ပတ္သက္ၿပီး သတင္းမ်ိဳးစုံ ထြက္ေပၚခဲ့ဖူး ေသာ္လည္း ၎သည္ The Blade: Wind and Thunder အမည္ရွိ ႐ုပ္ရွင္ဇာတ္ကားကို မၾကာ ေသးမီက ေအာင္ျမင္စြာ႐ိုက္ကူးခဲ့ေၾကာင္းသိရသည္။ အဆိုပါ႐ုပ္ရွင္ဇာတ္ကားသည္ ဂ်က္လီ ေနာက္ဆုံး ႐ိုက္ကူးခဲ့ေသာ ႐ုပ္ရွင္ ဇာတ္ကားႏွင့္ (၁၄)ႏွစ္အၾကာ တြင္ ႐ိုက္ကူးခဲ့ေသာ ဇာတ္ကားျဖစ္သည္။
ဂ်က္လီသည္ Once Upon a Time in China အမည္ရွိ ႐ုပ္ရွင္ဇာတ္ကားအပါအဝင္ ႐ုပ္ရွင္ ဇာတ္ကားႏွင့္ ဇာတ္ လမ္းတြဲေပါင္း အနည္းဆုံး (၃၀)ေက်ာ္႐ိုက္ကူးခဲ့သည့္ မင္းသားတစ္ဦးျဖစ္သည္။

Related news

© 2021. All rights reserved.