တစ်ပတ်အတွင်း ကျပ်(၄)သိန်းအထိ ကျဆင်းသွားသော အခေါက်ရွှေဈေး ထပ်မံကျဆင်းနိုင်ခြေရှိ

5890

Pearl (NP News) - သြဂုတ် ၂၄
ရက်ပိုင်းအတွင်း အခေါက်ရွှေဈေး (၄)သိန်းခန့်ကျဆင်းနေပြီး ဆက်လက် ကျဆင်းနိုင်ကြောင်း အထူးစုံစမ်းစစ် ဆေးရေးမှ အငြိမ်းစားအရာရှိ တစ်ဦးက NP News သို့ သုံးသပ်ပြော ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၇)ရက်၊ (၁၈) ရက်တို့က အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၇) သိန်း(၁)သောင်းကျပ်ခန့် ပေါက်ဈေးရှိရာမှ ဩဂုတ် လ(၂၂)ရက်တွင် (၇၃) သိန်း (၇)သောင်းကျပ် အထိ ဈေးများကျဆင်းလာသည်ကို တွေ့ရသည်။
ထို့ပြင် ကမ္ဘာ့ရွှေဈေးသည် ယခင်ရက် များက တစ်အောင်စလျှင် (၃၃၅၀) ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိနေရာမှ ဩဂုတ်လ (၂၂) ရက်တွင် (၃၃၃၄) ဒေါ်လာ အထိဈေးကျဆင်းလာသည်။
“အဓိကကတော့ နယ်စပ်တွေက ကုန်သည်တွေလည်း ပိတ်ထားတော့ ငွေအဝင်အထွက်မရှိ ဘူး။ တချို့ ပုဂ္ဂလိကဘဏ်တွေကလည်း ငွေတွေ ပြန်သွင်းနေတာပေါ့နော်။ ဥပမာပြောရရင် တချို့ အိမ်ပေါင် ဘာညာ ချေးတာ တွေ ကိုလည်း ကန့်သတ်ချက်နဲ့လုပ်လာပြီ။ ပြန်ဆပ်ပေါ့။ ကားဈေးလည်း ကျတယ်။ စုဆောင်းထားတဲ့ မြန်မြန်ငွေဖြစ်တဲ့ ဒေါ်လာ၊ ရွှေကိုင်ကြတာကိုး။ အဲဒါတွေက အခု ထုတ်ရပြီလေ။ နောက်တစ်ခုက မှောင်ခိုတွေကို စစ်ဆင်ရေး တစ်ရပ် အနေနဲ့ အရေးယူတာ။ ဘားအံကိစ္စနဲ့ ပတ်သက်ပြီးတော့။ အခု Normal Trade နဲ့ လုပ်ရတော့မယ့် အခါကျတော့ ဒီဘက်မှာ ပါမစ်တွေ ဘာတွေ ၊ Earning တွေ ဘာတွေ ဝယ်ရတော့ မယ်ဆိုတော့ သူတို့လည်း စုဆောင်းထားတာတွေ ထုတ်လာပြီ။ နောက်တစ်ချက်က ဘဏ်ကို ငွေအပ်တဲ့ လူတွေလည်း များလာတယ်။ ဘဏ်တိုးနှုန်းမြှင့်ထား တယ်လေ။ အချက်တွေကတော့ အများကြီးပဲ။ အဓိက အချက်ကတော့ မှောင်ခို အရေးယူတာ” ဟု အထူး စုံစမ်းစစ်ဆေးရေးမှ အငြိမ်းစားအရာရှိတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အနေဖြင့် တရားမဝင် ကုန်စည်များနှင့် ပတ်သက်၍ခဲ့ စိစစ်အရေးယူမှုများ အရှိန်မြှင့်တင်ဆောင်ရွက်နေမှုများသည်လည်း ရွှေဈေးပြန်လည်ကျဆင်းလာသည့် အကြောင်းရင်း တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောကြားထားသည်။
ပြည်တွင်းရွှေဈေးကျဆင်းမှုမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း (၇၀) ကျပ် အောက် အထိရောက်ရှိရန် မလွယ်ကူဘဲ သိန်း (၇၀) ကျပ်ဖြင့် အနိမ့်ဆုံးအခြေအနေသာရပ်တည်နေနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။
“ခန့်မှန်းတာတော့ အောက်တိုဘာကျော်တဲ့အထိ သွားနေမှာပဲ ။ သီတင်းကျွတ်ပြီးမှ စီးပွားရေး လှုပ်ရှားလာ လိမ့်မယ်။ အခုက လူတွေအားလုံးက မြေဘက်ကို လိုက်နေတာ။ မြေကွက် အရောင်း အဝယ်ဘက်ကိုများနေတာ။ မြေလည်း ပြန်အေးနိုင်ပါတယ်။ ဆက်တိုက်တော့ ကျလာမှာပါ။ ဒါပေမဲ့ (၇၀)အောက် ရောက်မလားဆိုတဲ့အပိုင်းကို စောင့်ကြည့်ရ မှာပဲ။ (၇၀)၊ (၇၁) ၊ (၇၂) ဖြစ်နေမှာပဲ။ (၇၀)အောက် ကို ရောက်ဖို့ကမဖြစ်နိုင်ဘူး။ ရွှေသမားတွေက ကိုင်ထားဦးမှာပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
အမေရိကန်ဒေါ်လာပေါက်ဈေးသည်လည်း ယခင်ရက်များက တစ်ဒေါ်လာလျှင် (၄၄၃၅)ကျပ် ဝန်းကျင်မှ ဩဂုတ်လ (၂၂)ရက်တွင် (၄၃၂၀) ကျပ်အထိကျဆင်းလာကြောင်း သိရသည်။
“ဒေါ်လာကတော့ (၄၃၀ဝ) အောက်ကို ရောက်ဦးမှာ။ လက်ရှိအစိုးရအဖွဲ့အသစ်ပေါ့၊ သူတို့က စီးပွားရေး မူဝါဒတွေ သေချာချိန်ဆပြီးတော့ သူကတော့ မြန်မာငွေ မာအောင်လုပ်မှာပဲ။ ဒီ(၆)လအတွင်း ကတော့။ မြန်မာငွေ မာလာနိုင်ပါတယ်။ အခုလည်း မာနေတဲ့သဘောပေါ့။ သာမန်ဟုတ်သလားဆို သာမန်မဟုတ်ဘူး။ Export တွေ အများ ကြီးရှိလို့ မြန်မာငွေ မာလာတာလည်း မဟုတ်ဘူး။ ဈေးကွက်ပျက်သွားတာပေါ့ မှောင်ခိုတွေ အရေးယူလိုက်တော့ ။ ဈေးကွက်ပျက်တာ။ ယိုးဒယားပစ္စည်းနဲ့ ပတ်သက်လို့ ဈေးတွေ နည်းနည်းတက်လာမယ်။ ဒီလောက်ကြီး တက်လာတာ တော့ မဟုတ်ပါဘူး။ နည်းနည်းပါးပါး တက်မှာပေါ့။ အချိန်အတိုင်းအတာ တစ်ခုတည်းပါ ပြန်ဝင်လာမှာပါ။ Normal Trade လုပ်ခွင့်ပြုထား တယ်လေ။ မှောင်ခိုစိစစ်ရေးလည်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
တစ္ပတ္အတြင္း က်ပ္(၄)သိန္းအထိ က်ဆင္းသြားေသာ အေခါက္ေ႐ႊေဈး ထပ္မံက်ဆင္းႏိုင္ေျခရွိ
Pearl (NP News) - ၾသဂုတ္ ၂၄
ရက္ပိုင္းအတြင္း အေခါက္ေ႐ႊေဈး (၄)သိန္းခန႔္က်ဆင္းေနၿပီး ဆက္လက္ က်ဆင္းႏိုင္ေၾကာင္း အထူးစုံစမ္းစစ္ ေဆးေရးမွ အၿငိမ္းစားအရာရွိ တစ္ဦးက NP News သို႔ သုံးသပ္ေျပာ ထားသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ (၁၇)ရက္၊ (၁၈) ရက္တို႔က အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၇၇) သိန္း(၁)ေသာင္းက်ပ္ခန႔္ ေပါက္ေဈးရွိရာမွ ဩဂုတ္ လ(၂၂)ရက္တြင္ (၇၃) သိန္း (၇)ေသာင္းက်ပ္ အထိ ေဈးမ်ားက်ဆင္းလာသည္ကို ေတြ႕ရသည္။
ထို႔ျပင္ ကမာၻ႔ေ႐ႊေဈးသည္ ယခင္ရက္ မ်ားက တစ္ေအာင္စလွ်င္ (၃၃၅၀) ေဒၚလာဝန္းက်င္ ေပါက္ေဈးရွိေနရာမွ ဩဂုတ္လ (၂၂) ရက္တြင္ (၃၃၃၄) ေဒၚလာ အထိေဈးက်ဆင္းလာသည္။
“အဓိကကေတာ့ နယ္စပ္ေတြက ကုန္သည္ေတြလည္း ပိတ္ထားေတာ့ ေငြအဝင္အထြက္မရွိ ဘူး။ တခ်ိဳ႕ ပုဂၢလိကဘဏ္ေတြကလည္း ေငြေတြ ျပန္သြင္းေနတာေပါ့ေနာ္။ ဥပမာေျပာရရင္ တခ်ိဳ႕ အိမ္ေပါင္ ဘာညာ ေခ်းတာ ေတြ ကိုလည္း ကန႔္သတ္ခ်က္နဲ႔လုပ္လာၿပီ။ ျပန္ဆပ္ေပါ့။ ကားေဈးလည္း က်တယ္။ စုေဆာင္းထားတဲ့ ျမန္ျမန္ေငြျဖစ္တဲ့ ေဒၚလာ၊ ေ႐ႊကိုင္ၾကတာကိုး။ အဲဒါေတြက အခု ထုတ္ရၿပီေလ။ ေနာက္တစ္ခုက ေမွာင္ခိုေတြကို စစ္ဆင္ေရး တစ္ရပ္ အေနနဲ႔ အေရးယူတာ။ ဘားအံကိစၥနဲ႔ ပတ္သက္ၿပီးေတာ့။ အခု Normal Trade နဲ႔ လုပ္ရေတာ့မယ့္ အခါက်ေတာ့ ဒီဘက္မွာ ပါမစ္ေတြ ဘာေတြ ၊ Earning ေတြ ဘာေတြ ဝယ္ရေတာ့ မယ္ဆိုေတာ့ သူတို႔လည္း စုေဆာင္းထားတာေတြ ထုတ္လာၿပီ။ ေနာက္တစ္ခ်က္က ဘဏ္ကို ေငြအပ္တဲ့ လူေတြလည္း မ်ားလာတယ္။ ဘဏ္တိုးႏႈန္းျမႇင့္ထား တယ္ေလ။ အခ်က္ေတြကေတာ့ အမ်ားႀကီးပဲ။ အဓိက အခ်က္ကေတာ့ ေမွာင္ခို အေရးယူတာ” ဟု အထူး စုံစမ္းစစ္ေဆးေရးမွ အၿငိမ္းစားအရာရွိတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္အေနျဖင့္ တရားမဝင္ ကုန္စည္မ်ားႏွင့္ ပတ္သက္၍ခဲ့ စိစစ္အေရးယူမႈမ်ား အရွိန္ျမႇင့္တင္ေဆာင္႐ြက္ေနမႈမ်ားသည္လည္း ေ႐ႊေဈးျပန္လည္က်ဆင္းလာသည့္ အေၾကာင္းရင္း တစ္ခုျဖစ္ေၾကာင္းလည္း ၎က ေျပာၾကားထားသည္။
ျပည္တြင္းေ႐ႊေဈးက်ဆင္းမႈမွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း (၇၀) က်ပ္ ေအာက္ အထိေရာက္ရွိရန္ မလြယ္ကူဘဲ သိန္း (၇၀) က်ပ္ျဖင့္ အနိမ့္ဆုံးအေျခအေနသာရပ္တည္ေနႏိုင္ေၾကာင္းလည္း ၎က သုံးသပ္ထားသည္။
“ခန႔္မွန္းတာေတာ့ ေအာက္တိုဘာေက်ာ္တဲ့အထိ သြားေနမွာပဲ ။ သီတင္းကြၽတ္ၿပီးမွ စီးပြားေရး လႈပ္ရွားလာ လိမ့္မယ္။ အခုက လူေတြအားလုံးက ေျမဘက္ကို လိုက္ေနတာ။ ေျမကြက္ အေရာင္း အဝယ္ဘက္ကိုမ်ားေနတာ။ ေျမလည္း ျပန္ေအးႏိုင္ပါတယ္။ ဆက္တိုက္ေတာ့ က်လာမွာပါ။ ဒါေပမဲ့ (၇၀)ေအာက္ ေရာက္မလားဆိုတဲ့အပိုင္းကို ေစာင့္ၾကည့္ရ မွာပဲ။ (၇၀)၊ (၇၁) ၊ (၇၂) ျဖစ္ေနမွာပဲ။ (၇၀)ေအာက္ ကို ေရာက္ဖို႔ကမျဖစ္ႏိုင္ဘူး။ ေ႐ႊသမားေတြက ကိုင္ထားဦးမွာပဲ” ဟု ၎က ဆက္လက္ေျပာသည္။
အေမရိကန္ေဒၚလာေပါက္ေဈးသည္လည္း ယခင္ရက္မ်ားက တစ္ေဒၚလာလွ်င္ (၄၄၃၅)က်ပ္ ဝန္းက်င္မွ ဩဂုတ္လ (၂၂)ရက္တြင္ (၄၃၂၀) က်ပ္အထိက်ဆင္းလာေၾကာင္း သိရသည္။
“ေဒၚလာကေတာ့ (၄၃၀ဝ) ေအာက္ကို ေရာက္ဦးမွာ။ လက္ရွိအစိုးရအဖြဲ႕အသစ္ေပါ့၊ သူတို႔က စီးပြားေရး မူဝါဒေတြ ေသခ်ာခ်ိန္ဆၿပီးေတာ့ သူကေတာ့ ျမန္မာေငြ မာေအာင္လုပ္မွာပဲ။ ဒီ(၆)လအတြင္း ကေတာ့။ ျမန္မာေငြ မာလာႏိုင္ပါတယ္။ အခုလည္း မာေနတဲ့သေဘာေပါ့။ သာမန္ဟုတ္သလားဆို သာမန္မဟုတ္ဘူး။ Export ေတြ အမ်ား ႀကီးရွိလို႔ ျမန္မာေငြ မာလာတာလည္း မဟုတ္ဘူး။ ေဈးကြက္ပ်က္သြားတာေပါ့ ေမွာင္ခိုေတြ အေရးယူလိုက္ေတာ့ ။ ေဈးကြက္ပ်က္တာ။ ယိုးဒယားပစၥည္းနဲ႔ ပတ္သက္လို႔ ေဈးေတြ နည္းနည္းတက္လာမယ္။ ဒီေလာက္ႀကီး တက္လာတာ ေတာ့ မဟုတ္ပါဘူး။ နည္းနည္းပါးပါး တက္မွာေပါ့။ အခ်ိန္အတိုင္းအတာ တစ္ခုတည္းပါ ျပန္ဝင္လာမွာပါ။ Normal Trade လုပ္ခြင့္ျပဳထားတယ္ေလ။ ေမွာင္ခိုစိစစ္ေရးလည္းပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။