ဆေးမေတ္တာအမှတ်တံဆိပ်ပါ တိုင်းရင်းဆေး (၂၆)မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

 2215

စော(NP News)- ဩဂုတ် ၂၄
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးမေတ္တာ အမှတ်တံဆိပ်ဆေးဝါး(၂၆)မျိုးသည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများဖြစ်သဖြင့် ဆေးဝါးစစ်မှန် အစွမ်းထက်မှုကို အာမခံချက်မပေးနိုင် သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
အဆိုပါ ဆေးဝါး(၂၆)မျိုးသည် ဆေးမေတ္တာ အမှတ်တံဆိပ်တိုင်းရင်းဆေးဝါးများဖြစ်ပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ထုတ်လုပ်ဖြန့်ချီသောဆေးများဖြစ်၍ ယင်းဆေးဝါးများမှာ ဆေးအိုးပုတ်ဆေးကြီး၊ ယားနာလိမ်းဆေး၊ လိပ်ခေါင်းပျောက်ဆေး၊ ရှဥ့်မတက်အားတိုးဆေး၊ အစာအိမ်ရောဂါပျောက်ဆေး၊ သက်ရင်းကြီးအဆီကျဆေး၊ လေနိုင်ဆေးရည်၊ အာရုံကြောအားတိုးဆေး နှင့် အဆုတ်သန့်ဆေးတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လေဆေး၊ နှလုံးအားတိုးဆေး၊ အပူလွန်သွေးအားနည်းကင်ဆာဆေး၊ မျက်စိအားတိုးဆေး၊ သားအိမ်သန့်ရှင်း ဆေး၊ အပူငြိမ်းဆေး၊ သဘာဝအားတိုးဆေး၊ သက်ရှည်ကျန်းမာဆေး၊ ‌လေးဖက်နာရောဂါပျောက်ဆေး၊ ဆီးနှင့် ကျောက်ပျောက်ဆေး၊ သမြားနီဆေး၊ သွေးသန့်ဆေးကြီး၊ အကျိတ်ကြေဆေး၊ နားရောဂါသက်သာပျောက်ကင်း ဆေး၊ သွေးတိုးကျဆေး၊ မျက်စိကွင်းဆေးနှင့် ဆီးသန့်စင်ဆေးတို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် အများပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန် နှင့် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် ထုတ်ပြန်ထားသည်။
ထို့ပြင် တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များကလည်း တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်း ဆေးဝါးများ တင်သွင်းဖြန်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ (လုံးဝ)မပြုလုပ်ရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါး ဥပဒေပုဒ်မ (၃၁) (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

Zawgyi Version:
ေဆးေမတၱာအမွတ္တံဆိပ္ပါ တိုင္းရင္းေဆး (၂၆)မ်ိဳးကို မသုံးစြဲရန္ က်န္းမာေရးဝန္ႀကီးဌာန အသိေပး
ေစာ(NP News)- ဩဂုတ္ ၂၄
ေဈးကြက္အတြင္း ေရာင္းခ်လ်က္ရွိေသာ ေဆးေမတၱာ အမွတ္တံဆိပ္ေဆးဝါး(၂၆)မ်ိဳးသည္ တိုင္းရင္းေဆးဝါး မွတ္ပုံတင္ထားျခင္းမရွိေသာ တိုင္းရင္းေဆးဝါးမ်ားျဖစ္သျဖင့္ ေဆးဝါးစစ္မွန္ အစြမ္းထက္မႈကို အာမခံခ်က္မေပးႏိုင္ ေသာေၾကာင့္ အမ်ားျပည္သူမ်ား သုံးစြဲရန္ မသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထားသည္။
အဆိုပါ ေဆးဝါး(၂၆)မ်ိဳးသည္ ေဆးေမတၱာ အမွတ္တံဆိပ္တိုင္းရင္းေဆးဝါးမ်ားျဖစ္ၿပီး ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕မွ ထုတ္လုပ္ျဖန႔္ခ်ီေသာေဆးမ်ားျဖစ္၍ ယင္းေဆးဝါးမ်ားမွာ ေဆးအိုးပုတ္ေဆးႀကီး၊ ယားနာလိမ္းေဆး၊ လိပ္ေခါင္းေပ်ာက္ေဆး၊ ရွဥ့္မတက္အားတိုးေဆး၊ အစာအိမ္ေရာဂါေပ်ာက္ေဆး၊ သက္ရင္းႀကီးအဆီက်ေဆး၊ ေလႏိုင္ေဆးရည္၊ အာ႐ုံေၾကာအားတိုးေဆး ႏွင့္ အဆုတ္သန႔္ေဆးတို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေလေဆး၊ ႏွလုံးအားတိုးေဆး၊ အပူလြန္ေသြးအားနည္းကင္ဆာေဆး၊ မ်က္စိအားတိုးေဆး၊ သားအိမ္သန႔္ရွင္း ေဆး၊ အပူၿငိမ္းေဆး၊ သဘာဝအားတိုးေဆး၊ သက္ရွည္က်န္းမာေဆး၊ ‌ေလးဖက္နာေရာဂါေပ်ာက္ေဆး၊ ဆီးႏွင့္ ေက်ာက္ေပ်ာက္ေဆး၊ သျမားနီေဆး၊ ေသြးသန႔္ေဆးႀကီး၊ အက်ိတ္ေၾကေဆး၊ နားေရာဂါသက္သာေပ်ာက္ကင္း ေဆး၊ ေသြးတိုးက်ေဆး၊ မ်က္စိကြင္းေဆးႏွင့္ ဆီးသန႔္စင္ေဆးတို႔လည္း ပါဝင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အမ်ားျပည္သူမ်ားအေနျဖင့္ က်န္းမာေရးဝန္ႀကီးဌာန၊ တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေသာ တိုင္းရင္းေဆးဝါးမ်ားကို ဝယ္ယူသုံးစြဲျခင္းမျပဳၾကရန္ ႏွင့္ မွတ္ပုံတင္ထားေသာ ေဆးဝါးမ်ားကိုသာ စိစစ္ဝယ္ယူသုံးစြဲရန္ ထုတ္ျပန္ထားသည္။
ထို႔ျပင္ တိုင္းရင္းေဆးဝါးထုတ္လုပ္ျဖန္ျဖဴးသည့္ လုပ္ငန္းမ်ားႏွင့္ ေဆးဝါးေရာင္းခ်သည့္ေဆးဆိုင္မ်ားကလည္း တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေသာ တိုင္းရင္းေဆးဝါးမ်ား၊ ေဆးဝါးအတုမ်ား စံမညီတိုင္းရင္းေဆးဝါးမ်ား၊ အမ်ားျပည္သူသုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္ တိုင္းရင္း ေဆးဝါးမ်ား တင္သြင္းျဖန္ျဖဴးေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္အရ (လုံးဝ)မျပဳလုပ္ရန္ ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက တိုင္းရင္းေဆးဝါး ဥပေဒပုဒ္မ (၃၁) (၃၂) အရ တရားစြဲဆိုအေရးယူမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထားသည္။

Related news

© 2021. All rights reserved.