ဆီးချို၊ သွေးတိုး နှင့် အခြားမကူးစက်နိုင်သည့်ရောဂါများအတွက် ကုသမှုဆေးဝါးများကို အခမဲ့ ပံ့ပိုးပေးနေဟု ဆို

 696

ချယ်ရီ (NP News)- ဩဂုတ် ၂၄
ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် လျော့နည်းသက်သာစေရန်အတွက် ဆီးချို၊ သွေးတိုးနှင့် အခြားမကူးစက်နိုင်သောရောဂါများ ကုသမှုဆေးဝါးများကို အခမဲ့ပံ့ပိုးပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါ‌မောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။
ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) က ရန်ကုန်မြို့၊ Melia Hotel တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် ဆီးချို သွေးချို နှင့် ဟော်မုန်းရောဂါပညာအဖွဲ့ နိုင်ငံတကာဆေးပညာ ညီလာခံဖွင့်ပွဲအခမ်းအနား၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆီးချိုနှင့်သွေးတိုးရောဂါများကို စောစီးစွာစစ်ဆေးနိုင်ပြီး အချိန်မီကုသနိုင်ရန်အတွက် ကျန်းမာရေးဌာနများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးဆောင်ရွက်ပေးနေကာ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် လျော့နည်းသက်သာစေရေးအတွက် ဆီးချို၊ သွေးတိုးနှင့် အခြားမကူးစက်နိုင်သောရောဂါများ ကုသမှုဆေးဝါးများကိုလည်း အခမဲ့ပံ့ပိုးပေးလျက်ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ဆေးပညာရှင်များကိုလည်း ပြည်တွင်း၌ နှစ်စဉ်တိုးမြှင့် လေ့ကျင့် မွေးထုတ်လျက်ရှိပြီး ပြည်ပ၌ လေ့လာသင်ကြားမှုများကိုလည်း ခွင့်ပြုပံ့ပိုးပေးနေကြောင်း သိရသည်။
ထို့အတူ ဆီးချိုနှင့် ဟော်မုန်းရောဂါကုသမှုများအတွက် ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန် အတွေ့အကြုံ၊ ဗဟုသုတများဖလှယ်၍ မျိုးဆက်သစ်ဆေးပညာရှင်များအတွက် ဆေးပညာအသိဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Zawgyi Version:
ဆီးခ်ိဳ၊ ေသြးတိုး ႏွင့္ အျခားမကူးစက္ႏိုင္သည့္ေရာဂါမ်ားအတြက္ ကုသမႈေဆးဝါးမ်ားကို အခမဲ့ ပံ့ပိုးေပးေနဟု ဆို
ခ်ယ္ရီ (NP News) - ဩဂုတ္ ၂၄
ျပည္သူမ်ားေဆးကုသမႈအတြက္ စိုက္ထုတ္ကုန္က်စရိတ္ ေလ်ာ့နည္းသက္သာေစရန္အတြက္ ဆီးခ်ိဳ၊ ေသြးတိုးႏွင့္ အျခားမကူးစက္ႏိုင္ေသာေရာဂါမ်ား ကုသမႈေဆးဝါးမ်ားကို အခမဲ့ပံ့ပိုးေပးလ်က္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ပါ‌ေမာကၡေဒါက္တာ သက္ခိုင္ဝင္းက ေျပာၾကားသည္။
ယမန္ေန႔ (ဩဂုတ္လ ၂၃ ရက္) က ရန္ကုန္ၿမိဳ႕၊ Melia Hotel တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ေျမာက္ ဆီးခ်ိဳ ေသြးခ်ိဳ ႏွင့္ ေဟာ္မုန္းေရာဂါပညာအဖြဲ႕ ႏိုင္ငံတကာေဆးပညာ ညီလာခံဖြင့္ပြဲအခမ္းအနား၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဆီးခ်ိဳႏွင့္ေသြးတိုးေရာဂါမ်ားကို ေစာစီးစြာစစ္ေဆးႏိုင္ၿပီး အခ်ိန္မီကုသႏိုင္ရန္အတြက္ က်န္းမာေရးဌာနမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ စစ္ေဆးေဆာင္႐ြက္ေပးေနကာ ႏိုင္ငံေတာ္အစိုးရ၏ ပံ့ပိုးမႈႏွင့္အတူ ျပည္သူမ်ား ေဆးကုသမႈအတြက္ စိုက္ထုတ္ကုန္က်စရိတ္ ေလ်ာ့နည္းသက္သာေစေရးအတြက္ ဆီးခ်ိဳ၊ ေသြးတိုးႏွင့္ အျခားမကူးစက္ႏိုင္ေသာေရာဂါမ်ား ကုသမႈေဆးဝါးမ်ားကိုလည္း အခမဲ့ပံ့ပိုးေပးလ်က္ရွိ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ဆီးခ်ိဳေသြးခ်ိဳႏွင့္ ေဟာ္မုန္းေရာဂါဆိုင္ရာ ေဆးပညာရွင္မ်ားကိုလည္း ျပည္တြင္း၌ ႏွစ္စဥ္တိုးျမႇင့္ ေလ့က်င့္ ေမြးထုတ္လ်က္ရွိၿပီး ျပည္ပ၌ ေလ့လာသင္ၾကားမႈမ်ားကိုလည္း ခြင့္ျပဳပံ့ပိုးေပးေနေၾကာင္း သိရသည္။
ထို႔အတူ ဆီးခ်ိဳႏွင့္ ေဟာ္မုန္းေရာဂါကုသမႈမ်ားအတြက္ ပိုမိုအားျဖည့္ေဆာင္႐ြက္ႏိုင္ရန္ အေတြ႕အႀကဳံ၊ ဗဟုသုတမ်ားဖလွယ္၍ မ်ိဳးဆက္သစ္ေဆးပညာရွင္မ်ားအတြက္ ေဆးပညာအသိဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အားေပးေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။

Related news

© 2021. All rights reserved.