နှစ်ပေါင်း (၁၂၅) နှစ်သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကို TNLA မိုင်းခွဲဖျက်ဆီး

8216

Pearl (NP News) - သြဂုတ် ၂၄
နှစ်ပေါင်း (၁၂၅) နှစ်သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီးကို TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (သြဂုတ်လ ၂၄ ရက်) ၊ နံနက် (၉) နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့အနီးရှိ ဂုတ်ထိပ်တံတားကို TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးသွားခဲ့ခြင်းဖြစ်ပြီး အလျားပေ (၃၀)ခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“တံတားက တစ်နိုင်ငံလုံးပိုင်တဲ့တံတားလေ။ ကမ္ဘာ့အမွေအနှစ်လေ နှစ်ပေါင်း (၁၂၅) နှစ်ရှိပြီ ။ ပွင့်ပွင်းလင်းလင်းပြောရရင် ဒီတံတားသည် တပ်မတော်ခံစစ် မဟုတ်သလို သူတို့ခံစစ်လည်း မဟုတ်ဘူး။ နောက်တစ်ခုက ပဋိပက္ခတွေ နှစ် (၅၀)၊ (၆၀) ရှိတယ်လေ။ အရင်တုန်းက ဘယ်သောင်းကျန်းသူကမှ ဒီတံတားကို မချိုးဘူး။ ဒီပလောင်ကျမှ ချိုးတာလေ။ ဒါက တော်တော်မိုက်ရိုင်းတာ။ နောင်ချို တစ်မြို့လုံးလည်း ဒေါသထွက်နေပြီ။ ဖြစ်တာက ဟိုဘက်အခြမ်း။ ဒီမနက် (၉)နာရီမှာ လုပ်သွားတာ။ နဂိုတည်းက မိုင်းက ထားပြီးသား" ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဂုတ်ထိပ်တံတားသည် နောင်ချိုမြို့နယ် မှင့် ကျောက်မဲမြို့နယ်အစပ်ရှိ မန္တလေး နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် မီးရထားသံလမ်းတံတားတစ်ခုဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်သည်။
အဆိုပါ ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးကာ ကမ္ဘာ့အမြင့်ဆုံးတံတားစာရင်းဝင် ကမ္ဘာ့အမွေအနှစ်တံတားကြီး ဖြစ်သည်။

Zawgyi Version:
ႏွစ္ေပါင္း (၁၂၅) ႏွစ္သက္တမ္းရွိ ကမာၻ႔အေမြအႏွစ္ဂုတ္ထိပ္တံတားကို TNLA မိုင္းခြဲဖ်က္ဆီး
Pearl (NP News) - ၾသဂုတ္ ၂၄
ႏွစ္ေပါင္း (၁၂၅) ႏွစ္သက္တမ္းရွိ ကမာၻ႔အေမြအႏွစ္ ဂုတ္ထိပ္တံတားႀကီးကို TNLA အဖြဲ႕က မိုင္းခြဲဖ်က္ဆီးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယေန႔ (ၾသဂုတ္လ ၂၄ ရက္) ၊ နံနက္ (၉) နာရီက ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ၊ ေနာင္ခ်ိဳၿမိဳ႕အနီးရွိ ဂုတ္ထိပ္တံတားကို TNLA အဖြဲ႕က မိုင္းခြဲဖ်က္ဆီးသြားခဲ့ျခင္းျဖစ္ၿပီး အလ်ားေပ (၃၀)ခန႔္ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
“တံတားက တစ္ႏိုင္ငံလုံးပိုင္တဲ့တံတားေလ။ ကမာၻ႔အေမြအႏွစ္ေလ ႏွစ္ေပါင္း (၁၂၅) ႏွစ္ရွိၿပီ ။ ပြင့္ပြင္းလင္းလင္းေျပာရရင္ ဒီတံတားသည္ တပ္မေတာ္ခံစစ္ မဟုတ္သလို သူတို႔ခံစစ္လည္း မဟုတ္ဘူး။ ေနာက္တစ္ခုက ပဋိပကၡေတြ ႏွစ္ (၅၀)၊ (၆၀) ရွိတယ္ေလ။ အရင္တုန္းက ဘယ္ေသာင္းက်န္းသူကမွ ဒီတံတားကို မခ်ိဳးဘူး။ ဒီပေလာင္က်မွ ခ်ိဳးတာေလ။ ဒါက ေတာ္ေတာ္မိုက္႐ိုင္းတာ။ ေနာင္ခ်ိဳ တစ္ၿမိဳ႕လုံးလည္း ေဒါသထြက္ေနၿပီ။ ျဖစ္တာက ဟိုဘက္အျခမ္း။ ဒီမနက္ (၉)နာရီမွာ လုပ္သြားတာ။ နဂိုတည္းက မိုင္းက ထားၿပီးသား" ဟု လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။
ဂုတ္ထိပ္တံတားသည္ ေနာင္ခ်ိဳၿမိဳ႕နယ္ မွင့္ ေက်ာက္မဲၿမိဳ႕နယ္အစပ္ရွိ မႏၲေလး ႏွင့္ လားရႈိးၿမိဳ႕ကို ဆက္သြယ္ထားသည့္ မီးရထားသံလမ္းတံတားတစ္ခုျဖစ္ၿပီး ေရွးေဟာင္းအေမြအႏွစ္တစ္ခု ျဖစ္သည္။
အဆိုပါ ဂုတ္ထိပ္တံတားကို ၁၈၉၉ ခုႏွစ္တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၁၉၀၀ ျပည့္ႏွစ္တြင္ ၿပီးစီးကာ ကမာၻ႔အျမင့္ဆုံးတံတားစာရင္းဝင္ ကမာၻ႔အေမြအႏွစ္တံတားႀကီး ျဖစ္သည္။