ဂုတ်ထိပ်ဖြစ်စဥ်နှင့်ပတ်သက်၍ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို လိုအပ်သလို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်မည်

988

သူတကျော် (NP News) - သြဂုတ် ၂၅
သောင်းကျန်းသူများအမြစ်ပြတ်ချေမှုန်းရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို လိုအပ်သလို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ နောင်ချိုမြို့ နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး - လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။ ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉ဝဝ ပြည့်နှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဂုတ်ထိပ်တံတားသည် တံတား အရှည် (၂၂၆၀) ပေ၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၁၀၀ တွင်ရှိပြီး သက်တမ်းအနေဖြင့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိသည့် မီးရထားလမ်း တံတားတစ်ခုဖြစ်သည်။ မြန်မာပြည်၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတားဟု မှတ်ကျောက်တင်ခံရပြီး ယင်းတံတားကို တည်ဆောက်သည့် နည်းပညာအဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့သော တံတားတစ်စင်းဖြစ်သဖြင့် ပြည်တွင်း/ ပြည်ပခရီးသွားများလည်း အများအပြားလာရောက် ကြည့်ရှုလေ့လာသည့်တံတားတစ်စင်းလည်း ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားတစ်ခုဖြစ်သည့် ဂုတ်ထိပ်တံတားအား ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများက လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင်လည်း ပါဝင်ခဲ့ကြောင်း လည်း သိရသည်။
လက်ရှိအချိန်တွင် TNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအနေ ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဂုတ်ထိပ်တံတားအား ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ကျောက်မဲမြို့ ဘက်အခြမ်းတံတား၏ ကမ်းကပ်ခုံ(AB 2)နှင့် တံတားတိုင်အမှတ်(P 16) နှင့် ကမ်းကပ်ခုံ (AB 2)နေရာတို့အကြား ပေ ၆၀ အရှည်ရှိတံတားသံပေါင်နေရာတို့ ပျက်စီး ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ TNLA လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် နိုင်ငံ၏အထင်ကရနှင့် သမိုင်းဝင်နေရာအား အသိညာဏ်နည်းပါးယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့်လုပ်ရပ်အား ပြည်သူလူထုတစ်ရပ်လုံးက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုံ့ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သောင်းကျန်းသူများအမြစ်ပြတ်ချေမှုန်းရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို လိုအပ်သလို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

Zawgyi Version:
ဂုတ္ထိပ္ျဖစ္စဥ္ႏွင့္ပတ္သက္၍ နယ္ေျမ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ လုံၿခဳံေရးလုပ္ငန္းမ်ားကို လိုအပ္သလို ျပင္းျပင္းထန္ထန္ ဆက္လက္ေဆာင္႐ြက္မည္
သူတေက်ာ္ (NP News) - ၾသဂုတ္ ၂၅
ေသာင္းက်န္းသူမ်ားအျမစ္ျပတ္ေခ်မႈန္းေရးအတြက္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားကို လိုအပ္သလို ျပင္းျပင္းထန္ထန္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းဂုတ္ထိပ္မီးရထားလမ္းတံတားအား TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးသည့္ကိစၥႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္ကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဂုတ္ထိပ္တံတားသည္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေနာင္ခ်ိဳၿမိဳ႕ ႏွင့္ ေက်ာက္မဲၿမိဳ႕ကို ဆက္သြယ္ထားသည့္ မႏၲေလး - လားရႈိး ရထားလမ္းေပၚတြင္ တည္ရွိသည္။ ဂုတ္ထိပ္တံတားကို ၁၈၉၉ ခုႏွစ္၌ တည္ေဆာက္ၿပီး ၁၉ဝဝ ျပည့္ႏွစ္တြင္ ၿပီးစီးခဲ့ကာ ၁၉၀၃ ခုႏွစ္တြင္ စတင္အသုံးျပဳခဲ့သည္။ ဂုတ္ထိပ္တံတားသည္ တံတား အရွည္ (၂၂၆၀) ေပ၊ ပင္လယ္ေရမ်က္ႏွာျပင္မွ အျမင့္ေပ ၁၁၀၀ တြင္ရွိၿပီး သက္တမ္းအေနျဖင့္ ႏွစ္ေပါင္း ၁၂၅ ႏွစ္သက္တမ္းရွိသည့္ မီးရထားလမ္း တံတားတစ္ခုျဖစ္သည္။ ျမန္မာျပည္၏ အျမင့္ဆုံးႏွင့္ ကမာၻေပၚတြင္ ဒုတိယအျမင့္ဆုံး တံတား၊ ကမာၻ႔အႀကီးဆုံး မီးရထားသံလမ္းတံတားဟု မွတ္ေက်ာက္တင္ခံရၿပီး ယင္းတံတားကို တည္ေဆာက္သည့္ နည္းပညာအဆင့္ျမင့္မႈႏွင့္ သဘာဝပတ္ဝန္းက်င္ လွပမႈတို႔ေၾကာင့္ ေခတ္အဆက္ဆက္ ထင္ရွားေက်ာ္ၾကားခဲ့ေသာ တံတားတစ္စင္းျဖစ္သျဖင့္ ျပည္တြင္း/ ျပည္ပခရီးသြားမ်ားလည္း အမ်ားအျပားလာေရာက္ ၾကည့္ရႈေလ့လာသည့္တံတားတစ္စင္းလည္း ျဖစ္သည္။
အဆိုပါ ျမန္မာႏိုင္ငံ၏ အထင္ကရအမွတ္အသားတစ္ခုျဖစ္သည့္ ဂုတ္ထိပ္တံတားအား ေခတ္အဆက္ဆက္တြင္ ႏိုင္ငံေတာ္အစိုးရႏွင့္ ေဒသခံျပည္သူမ်ားက လက္ဆင့္ကမ္းထိန္းသိမ္းေစာင့္ေရွာက္ခဲ့ၿပီး ကမာၻ႔အံ့ဖြယ္စာရင္းမ်ားတြင္လည္း ပါဝင္ခဲ့ေၾကာင္း လည္း သိရသည္။
လက္ရွိအခ်ိန္တြင္ TNLA လက္နက္ကိုင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေန ျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕ႏွင့္အနီးပတ္ဝန္းက်င္တစ္ဝိုက္တြင္ အေျချပဳ၍ အၾကမ္းဖက္လုပ္ရပ္မ်ားကို က်ဴးလြန္လ်က္ရွိရာ ယေန႔နံနက္ပိုင္းတြင္ ျမန္မာႏိုင္ငံ၏ အထင္ကရအမွတ္အသားႏွင့္ ကမာၻ႔အံ့ဖြယ္စာရင္းဝင္ ဂုတ္ထိပ္တံတားအား ယုတ္မာ႐ိုင္းစိုင္းစြာ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေသာေၾကာင့္ ေက်ာက္မဲၿမိဳ႕ ဘက္အျခမ္းတံတား၏ ကမ္းကပ္ခုံ(AB 2)ႏွင့္ တံတားတိုင္အမွတ္(P 16) ႏွင့္ ကမ္းကပ္ခုံ (AB 2)ေနရာတို႔အၾကား ေပ ၆၀ အရွည္ရွိတံတားသံေပါင္ေနရာတို႔ ပ်က္စီး ခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ယင္းကဲ့သို႔ TNLA လက္နက္ကိုင္အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္ စစ္ေရးႏွင့္ မသက္ဆိုင္သည့္ ႏိုင္ငံ၏အထင္ကရႏွင့္ သမိုင္းဝင္ေနရာအား အသိညာဏ္နည္းပါးယုတ္မာ႐ိုင္းစိုင္းစြာ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္လုပ္ရပ္အား ျပည္သူလူထုတစ္ရပ္လုံးက လုံးဝလက္ခံႏိုင္ျခင္းမရွိဘဲ ကန႔္ကြက္ရႈံ႕ခ်လ်က္ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ေသာင္းက်န္းသူမ်ားအျမစ္ျပတ္ေခ်မႈန္းေရးအတြက္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားကို လိုအပ္သလို ျပင္းျပင္းထန္ထန္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေရးသားထားသည္။