စက်ရုပ်ပေါင်း(၅၀ဝ)ကျော်ပါဝင်သည့် အားကစားပြိုင်ပွဲများကို တရုတ်နိုင်ငံတွင် ကျင်းပ

 265

Pika (NP News) - သြဂုတ် ၂၅
ကစ်ဘောက်ဆင်၊ ခြေရာခံခြင်း၊ ဘောလုံး နှင့် အကတို့အပါအဝင် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် ကမ္ဘာတစ်ဝန်းကအဖွဲ့များတည်ဆောက်ထားသော AI စွမ်းအင်သုံးစက်ရုပ်များ ပါဝင် သော ကမ္ဘာလုံးဆိုင်ရာလူသားပုံစံ စက်ရုပ်ဂိမ်းများကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင်ကျင်းပခဲ့ကြောင်းသိ ရသည်။
အဆိုပါပွဲ၏ ဖွင့်ပွဲအခမ်းအနားအတွင်း ဂိမ်းများအတွက် စက်ရုပ်များက မီးရှူးမီးထွန်းပေးခြင်း များကို လုပ်ဆောင်ခဲ့ကြကြောင်းလည်းသိရသည်။ဘေဂျင်းမြို့တွင်ကျင်းပခဲ့သော ဂိမ်းများတွင် ဂျပန် ၊အမေရိကန်နှင့်ဂျာမနီနိုင်ငံတို့အပါအဝင် နိုင်ငံ ပေါင်း(၁၆)နိုင်ငံမှ စက်ရုပ်ပေါင်း(၅၀ဝ)ကျော်ပါဝင် ယှဉ် ပြိုင်ခဲ့ပြီး ပွဲပေါင်း(၂၆)ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲတွင် စက်ရုပ်တစ်ရုပ် သည် မီတာ(၁၅၀ဝ)အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် နေစဉ်အချိန်အတွင်း ဦးခေါင်းပြုတ်ကျမှုနှင့်အတူ အရည်အချင်းပြည့်မီခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ ပေကျင်းယူနီယံတက္ကသိုလ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် အသက်(၁၉)နှစ်အရွယ် Wang Ziyi က “ပြေးနေစဉ်အချိန်အတွင်းမှာ စက်ရုပ်ရဲ့ဦးခေါင်းကို ဟန်ချက်ညီအောင်ထိန်းရတာက ကျွန်တော်တို့ အတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပဲဖြစ်ပါ တယ်” ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ဘောလုံးဂိမ်းတစ်ခုတွင်လည်း စက်ရုပ်တစ်ရုပ်ကလဲကျမှုနှင့်အတူ အခြားစက်ရုပ်များ က ၎င်းကို ခလုတ်တိုက်မိကာ ထပ်မံလဲကျမှုများလည်း ဖြစ်ပွားခဲ့ပြီး လူကိုယ်တိုင်ဝင်ရောက်ရှင်းလင်းပေးခဲ့ ရမှုများလည်းရှိခဲ့ကြောင်းသိရသည်။

Zawgyi Version:
စက္႐ုပ္ေပါင္း(၅၀ဝ)ေက်ာ္ပါဝင္သည့္ အားကစားၿပိဳင္ပြဲမ်ားကို တ႐ုတ္ႏိုင္ငံတြင္ က်င္းပ
Pika (NP News) - ၾသဂုတ္ ၂၅
ကစ္ေဘာက္ဆင္၊ ေျခရာခံျခင္း၊ ေဘာလုံး ႏွင့္ အကတို႔အပါအဝင္ အားကစားၿပိဳင္ပြဲမ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္သည့္ ကမာၻတစ္ဝန္းကအဖြဲ႕မ်ားတည္ေဆာက္ထားေသာ AI စြမ္းအင္သုံးစက္႐ုပ္မ်ား ပါဝင္ ေသာ ကမာၻလုံးဆိုင္ရာလူသားပုံစံ စက္႐ုပ္ဂိမ္းမ်ားကို တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕တြင္က်င္းပခဲ့ေၾကာင္းသိ ရသည္။
အဆိုပါပြဲ၏ ဖြင့္ပြဲအခမ္းအနားအတြင္း ဂိမ္းမ်ားအတြက္ စက္႐ုပ္မ်ားက မီးရႉးမီးထြန္းေပးျခင္း မ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္းလည္းသိရသည္။ေဘဂ်င္းၿမိဳ႕တြင္က်င္းပခဲ့ေသာ ဂိမ္းမ်ားတြင္ ဂ်ပန္ ၊အေမရိကန္ႏွင့္ဂ်ာမနီႏိုင္ငံတို႔အပါအဝင္ ႏိုင္ငံ ေပါင္း(၁၆)ႏိုင္ငံမွ စက္႐ုပ္ေပါင္း(၅၀ဝ)ေက်ာ္ပါဝင္ ယွဥ္ ၿပိဳင္ခဲ့ၿပီး ပြဲေပါင္း(၂၆)ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္းသိရသည္။ အဆိုပါၿပိဳင္ပြဲတြင္ စက္႐ုပ္တစ္႐ုပ္ သည္ မီတာ(၁၅၀ဝ)အေျပးၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ ေနစဥ္အခ်ိန္အတြင္း ဦးေခါင္းျပဳတ္က်မႈႏွင့္အတူ အရည္အခ်င္းျပည့္မီျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။ ေပက်င္းယူနီယံတကၠသိုလ္အဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦး ျဖစ္သည့္ အသက္(၁၉)ႏွစ္အ႐ြယ္ Wang Ziyi က “ေျပးေနစဥ္အခ်ိန္အတြင္းမွာ စက္႐ုပ္ရဲ႕ဦးေခါင္းကို ဟန္ခ်က္ညီေအာင္ထိန္းရတာက ကြၽန္ေတာ္တို႔ အတြက္ အႀကီးမားဆုံးစိန္ေခၚမႈတစ္ခုပဲျဖစ္ပါ တယ္” ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ ေဘာလုံးဂိမ္းတစ္ခုတြင္လည္း စက္႐ုပ္တစ္႐ုပ္ကလဲက်မႈႏွင့္အတူ အျခားစက္႐ုပ္မ်ား က ၎ကို ခလုတ္တိုက္မိကာ ထပ္မံလဲက်မႈမ်ားလည္း ျဖစ္ပြားခဲ့ၿပီး လူကိုယ္တိုင္ဝင္ေရာက္ရွင္းလင္းေပးခဲ့ ရမႈမ်ားလည္းရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.