ဒုတိယဆုရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း (USD 80000) နှင့် ကျပ် ကျပ်သိန်း (၅၂၃၀) ဂုဏ်ပြုချီးမြင့်ခြင်းခံရ

 3369

သန့်ဇင် (NP News)-ဩဂုတ် ၂၅
၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း (USD 80000) နှင့် ကျပ် ကျပ်သိန်း (၅၂၃၀) ဂုဏ်ပြုချီးမြင့်ခြင်းခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့(MFF)၏ထုတ်ပြန်ချက်အရ သိရသည်။

ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့( ဩဂုတ်လ ၂၄ရက်)၊ ည ၇ နာရီက ရန်ကုန်မြို့ရှိ၊ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်မှ ၁၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယဆုဖြင့်သာ ကျေနပ် ခဲ့ရသည်။

ထို့နောက် ဒုတိယဆုရရှိခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြု အမှာစကား ပြောကြားကာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ၏ ဂုဏ်ပြုဆုငွေ အမေရိ ကန်ဒေါ်လာရှစ်သောင်း(USD 80000) ကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျပ်သိန်း (၂၅၀)၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့်ဇနီး ဒေါ်ဌေးဌေးခိုင်က ကျပ်သိန်း(၃၀၀၀)၊ Paing Family Int’l Co Ltd. ကကျပ်သိန်း(၃၀၀)၊ RGK+ZNA group က ကျပ်သိန်း (၂၀၀)၊ MFF Women’s Football Committee ဥက္ကဌ ဒေါ်ခင်စံပါယ်ကြည်က ကျပ်သိန်း(၂၀၀)၊ ဟံသာဝတီ ယူနိုက်တက် အသင်းပိုင်ရှင် ဦးအောင်မိုးကျော်က ကျပ်သိန်း(၂၀၀)၊ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ကျပ်သိန်း(၁၀၀)၊ ရှမ်းယူနိုက်တက် အသင်းပိုင်ရှင် ဦးခွန်နောင် မြင့်ဝေက ကျပ်သိန်း (၁၀၀) ၊ MFF Futsal and Beach Soccer Committee ဥက္ကဌ ဦးဝင်းသော်က ကျပ်သိန်း(၁၀၀)၊ National Tower Development Co Ltd. က ကျပ်သိန်း(၁၀၀)၊ Mother Trading Co Ltd. က ကျပ်သိန်း(၁၀၀)၊ Poe Poe Trading Co Ltd. ကကျပ် သိန်း (၁၀၀)၊ MNL League ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်းက ကျပ် သိန်း(၁၀၀)၊ ရန်ကုန်စီးတီး အသင်းပိုင်ရှင် ဒေါက်တာ ထက်ခိုင်ဝင်းက ကျပ်သိန်း(၁၀၀)၊ ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက ကျပ်သိန်း(၁၀၀)၊ KPO Company Ltd. က ကျပ်သိန်း (၁၀၀)၊ ရာမည အသင်းပိုင်ရှင် ဦးသင်းမောင်စိုးက ကျပ်သိန်း (၅၀)၊ ကချင်ယူနိုက်တက် အသင်းပိုင်ရှင် ဒေါ်လဖိုင်နန်ပရီ က ကျပ်သိန်း(၃၀) အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင် အမျိူးသမီးဘောလုံးအသင်းသည် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌမှ ချီးမြှင့်ခဲ့သည့် ဂုဏ်ပြုဆုငွေ (USD 80000)နှင့် အလှုရှင်များ၏ချီးမြှင့်ငွေ ကျပ်သိန်း (၅၂၃၀) ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဒုတိယဆုရ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးေဘာလုံးအသင္း (USD 80000) ႏွင့္ က်ပ္ က်ပ္သိန္း (၅၂၃၀) ဂုဏ္ျပဳခ်ီးျမင့္ျခင္းခံရ
သန႔္ဇင္ (NP News)-ဩဂုတ္ ၂၅
၂၀၂၅ အာဆီယံ အမ်ိဳးသမီးခ်န္ပီယံရွစ္ ၿပိဳင္ပြဲတြင္ ဒုတိယဆုရရွိခဲ့သည့္ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္း (USD 80000) ႏွင့္ က်ပ္ က်ပ္သိန္း (၅၂၃၀) ဂုဏ္ျပဳခ်ီးျမင့္ျခင္းခံရေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕(MFF)၏ထုတ္ျပန္ခ်က္အရ သိရသည္။

ဂုဏ္ျပဳပြဲ အခမ္းအနားကို ယမန္ေန႔( ဩဂုတ္လ ၂၄ရက္)၊ ည ၇ နာရီက ရန္ကုန္ၿမိဳ႕ရွိ၊ ႏိုဗိုတယ္ဟိုတယ္တြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၆ ရက္မွ ၁၉ ရက္ေန႔အထိ ဗီယက္နမ္ႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့ေသာ ၂၀၂၅ အာဆီယံ အမ်ိဳးသမီးခ်န္ပီယံရွစ္ ၿပိဳင္ပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းအေနျဖင့္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ေသာ္လည္း ဒုတိယဆုျဖင့္သာ ေက်နပ္ ခဲ့ရသည္။

ထို႔ေနာက္ ဒုတိယဆုရရွိခဲ့ေသာ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းကို အားကစားႏွင့္လူငယ္ ေရးရာဝန္ႀကီးဌာန ျပည္ေထာင္ စုဝန္ႀကီး Jeng Phang ေနာ္ေတာင္က ဂုဏ္ျပဳ အမွာစကား ေျပာၾကားကာ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠဌ၏ ဂုဏ္ျပဳဆုေငြ အေမရိ ကန္ေဒၚလာရွစ္ေသာင္း(USD 80000) ကိုလည္း ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

အလားတူ ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက က်ပ္သိန္း (၂၅၀)၊ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးေဇာ္ေဇာ္ႏွင့္ဇနီး ေဒၚေဌးေဌးခိုင္က က်ပ္သိန္း(၃၀၀၀)၊ Paing Family Int’l Co Ltd. ကက်ပ္သိန္း(၃၀၀)၊ RGK+ZNA group က က်ပ္သိန္း (၂၀၀)၊ MFF Women’s Football Committee ဥကၠဌ ေဒၚခင္စံပါယ္ၾကည္က က်ပ္သိန္း(၂၀၀)၊ ဟံသာဝတီ ယူႏိုက္တက္ အသင္းပိုင္ရွင္ ဦးေအာင္မိုးေက်ာ္က က်ပ္သိန္း(၂၀၀)၊ ရတနာပုံအသင္းပိုင္ရွင္ ေဒါက္တာစိုင္းဆမ္ထြန္းက က်ပ္သိန္း(၁၀၀)၊ ရွမ္းယူႏိုက္တက္ အသင္းပိုင္ရွင္ ဦးခြန္ေနာင္ ျမင့္ေဝက က်ပ္သိန္း (၁၀၀) ၊ MFF Futsal and Beach Soccer Committee ဥကၠဌ ဦးဝင္းေသာ္က က်ပ္သိန္း(၁၀၀)၊ National Tower Development Co Ltd. က က်ပ္သိန္း(၁၀၀)၊ Mother Trading Co Ltd. က က်ပ္သိန္း(၁၀၀)၊ Poe Poe Trading Co Ltd. ကက်ပ္ သိန္း (၁၀၀)၊ MNL League ေကာ္မတီဥကၠဌ ဦးေဇာ္မင္းသိန္းက က်ပ္ သိန္း(၁၀၀)၊ ရန္ကုန္စီးတီး အသင္းပိုင္ရွင္ ေဒါက္တာ ထက္ခိုင္ဝင္းက က်ပ္သိန္း(၁၀၀)၊ ရခိုင္ယူႏိုက္တက္ အသင္းပိုင္ရွင္ ဦးလွေက်ာ္ဝင္းက က်ပ္သိန္း(၁၀၀)၊ KPO Company Ltd. က က်ပ္သိန္း (၁၀၀)၊ ရာမည အသင္းပိုင္ရွင္ ဦးသင္းေမာင္စိုးက က်ပ္သိန္း (၅၀)၊ ကခ်င္ယူႏိုက္တက္ အသင္းပိုင္ရွင္ ေဒၚလဖိုင္နန္ပရီ က က်ပ္သိန္း(၃၀) အသီးသီး ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဴးသမီးေဘာလုံးအသင္းသည္ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠဌမွ ခ်ီးျမႇင့္ခဲ့သည့္ ဂုဏ္ျပဳဆုေငြ (USD 80000)ႏွင့္ အလႈရွင္မ်ား၏ခ်ီးျမႇင့္ေငြ က်ပ္သိန္း (၅၂၃၀) ရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.