အမေရိကန်ဒေါ်လာ(၇ ဒသမ ၆)ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်များဝယ်ယူမှုကို အိန္ဒိယအစိုးရ အတည်ပြု

 798

Pika (NP News) - သြဂုတ် ၂၅
ပြည်တွင်းထုတ်တိုက်လေယာဉ်များအတွက် အမေရိကန်ဒေါ်လာ(၇ ဒသမ ၆)ဘီလျံတန်ဖိုးရှိ သဘောတူညီချက်ကို အိန္ဒိယအစိုးရက လက် မှတ်ရေးထိုးခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ် များကို ကိုးကားပြီး ANI သတင်းဌာနကရေးသားဖော်ပြခဲ့သည်။ 97 Tejas Mark 1A တိုက်လေယာဉ်ကို တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်အင်ဂျင်များနှင့် လေကြောင်းနည်း ပညာများ ထုတ်လုပ်သည့် နိုင်ငံပိုင်ကုမ္ပဏီ Hindu­stan Aeronautics Ltd (HAL) က ထုတ်လုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ဝယ်ယူမှုသည် လာမည့်သီတင်းပတ်များအတွင်း အနားပေးရန်စီစဉ်ထားသည့် အို ဟောင်းနေသော MiG-21 တိုက်လေယာဉ်များနေရာတွင် အစားထိုးမှုများလုပ်ဆောင်နိုင်ရန် အိန္ဒိယလေ တပ်ကို ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ANI က ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် တိုက်လေယာဉ်အသစ် များ၏ အစိတ်အပိုင်းများ၏(၆၅)ရာခိုင်နှုန်းကျော်ကို အိန္ဒိယနိုင်ငံတွင်ထုတ်လုပ်ရန်စီစဉ်ထားကြောင်း NDTV ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။
97 Tejas Mark 1A တိုက်လေယာဉ်များ ဝယ်ယူရန်ဆုံးဖြတ်ချက်ကို အိန္ဒိယအစိုးရ၏ “Make in India” ခြေလှမ်းအတွက် တိုးတက်မှုတစ်ခုအဖြစ် သုံးသပ်သူများကရှုမြင်ထားကြကြောင်း သိရ သည်။ အိန္ဒိယအစိုးရသည် ယခုနှစ်အတွင်း ၎င်း၏ကာကွယ်ရေးဆိုင်ရာဝယ်ယူမှုများကို အရှိန်မြှင့်တင်လျက် ရှိပြီး အဆင့်မြင့်တိုက်ခိုက်ရေးလေယာဉ် (AMCA) တီထွင်မှုအတွက် အမေရိကန်ဒေါ်လာ (၁၇၅)သန်းကို ပြီးခဲ့သည့်မေလတွင် အတည်ပြု ခဲ့ကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္ေဒၚလာ(၇ ဒသမ ၆)ဘီလ်ံတန္ဖိုးရွိ တိုက္ေလယာဥ္မ်ားဝယ္ယူမႈကို အိႏၵိယအစိုးရ အတည္ျပဳ
Pika (NP News) - ၾသဂုတ္ ၂၅
ျပည္တြင္းထုတ္တိုက္ေလယာဥ္မ်ားအတြက္ အေမရိကန္ေဒၚလာ(၇ ဒသမ ၆)ဘီလ်ံတန္ဖိုးရွိ သေဘာတူညီခ်က္ကို အိႏၵိယအစိုးရက လက္ မွတ္ေရးထိုးခဲ့ေၾကာင္း ကာကြယ္ေရးသတင္းရင္းျမစ္ မ်ားကို ကိုးကားၿပီး ANI သတင္းဌာနကေရးသားေဖာ္ျပခဲ့သည္။ 97 Tejas Mark 1A တိုက္ေလယာဥ္ကို တိုက္ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား၊ တိုက္ေလယာဥ္အင္ဂ်င္မ်ားႏွင့္ ေလေၾကာင္းနည္း ပညာမ်ား ထုတ္လုပ္သည့္ ႏိုင္ငံပိုင္ကုမၸဏီ Hindu­stan Aeronautics Ltd (HAL) က ထုတ္လုပ္သြားမည္ျဖစ္ ေၾကာင္းသိရသည္။
အဆိုပါ ဝယ္ယူမႈသည္ လာမည့္သီတင္းပတ္မ်ားအတြင္း အနားေပးရန္စီစဥ္ထားသည့္ အို ေဟာင္းေနေသာ MiG-21 တိုက္ေလယာဥ္မ်ားေနရာတြင္ အစားထိုးမႈမ်ားလုပ္ေဆာင္ႏိုင္ရန္ အိႏၵိယေလ တပ္ကို ကူညီေပးလိမ့္မည္ျဖစ္ေၾကာင္း ANI က ေရးသားေဖာ္ျပခဲ့သည္။ ထို႔ျပင္ တိုက္ေလယာဥ္အသစ္ မ်ား၏ အစိတ္အပိုင္းမ်ား၏(၆၅)ရာခိုင္ႏႈန္းေက်ာ္ကို အိႏၵိယႏိုင္ငံတြင္ထုတ္လုပ္ရန္စီစဥ္ထားေၾကာင္း NDTV ဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပခဲ့သည္။
97 Tejas Mark 1A တိုက္ေလယာဥ္မ်ား ဝယ္ယူရန္ဆုံးျဖတ္ခ်က္ကို အိႏၵိယအစိုးရ၏ “Make in India” ေျခလွမ္းအတြက္ တိုးတက္မႈတစ္ခုအျဖစ္ သုံးသပ္သူမ်ားကရႈျမင္ထားၾကေၾကာင္း သိရ သည္။ အိႏၵိယအစိုးရသည္ ယခုႏွစ္အတြင္း ၎၏ကာကြယ္ေရးဆိုင္ရာဝယ္ယူမႈမ်ားကို အရွိန္ျမႇင့္တင္လ်က္ ရွိၿပီး အဆင့္ျမင့္တိုက္ခိုက္ေရးေလယာဥ္ (AMCA) တီထြင္မႈအတြက္ အေမရိကန္ေဒၚလာ (၁၇၅)သန္းကို ၿပီးခဲ့သည့္ေမလတြင္ အတည္ျပဳ ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.