ဗြိတိန်မှာ လိင်ပြောင်းထားကြောင်း ပွင့်ပွင့်လင်းလင်းမပြောပြထားတဲ့ပါတနာကို အမျိုးသားဖြစ်သူမှ တရားစွဲ

 1896

ရောင်နီ (NP News) - သြဂုတ် ၂၆
ဗြိတိန်နိုင်ငံမှာ လိင်ပြောင်းအမျိုးသမီးတစ်ဦးက သူမရဲ့ အမျိုးသားအဖော်တစ်ဦးကို လိင်ပြောင်းထားတဲ့ အကြောင်း ထုတ်ဖော်ပြောဆိုမှုမရှိပဲ လိင်ဆက်ဆံဖို့ကြိုးစားခဲ့တာကြောင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အမျိုးသား ဖြစ်သူက သောကြာနေ့ (ဩဂုတ်လ ၂၂ ရက်) မှာ တရားစွဲလိုက်ပါတယ်။
စီရာဝစ်ကင် အမည်ရှိ အသက် ၂၁ နှစ်အရွယ် လိင်ပြောင်းအမျိုးသမီးဟာ ၂၀၂၂ ခုနှစ် ဇွန်လက ဆိုရှယ် မီဒီယာဆိုက် Snapchat မှာ အသက် ၂၁ နှစ်အရွယ်အမျိုးသားနဲ့တွေ့ဆုံချိန်းတွေ့ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အပြုအမူ တွေပြုလုပ်ခဲ့ပေမယ့် လိင်ပြောင်းအမျိုးသမီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားမှု မရှိခဲ့ဘူးလို့ Crown Prosecution Service တရားရုံးက ဆိုပါတယ်။
ဒါပေမယ့် အဲဒီနေ့က ဝစ်ကင် ဟာ ရာသီလာနေတယ်လို့ ဆိုတာကြောင့် ခါးအောက်ပိုင်းလိင်မှုကိစ္စ မပြုလုပ်ခဲ့ဘူးလို့ တရားရုံးက ပြောကြားပါတယ်။ ရက်အနည်းငယ်အကြာမှာ ၎င်းတို့နှစ်ဦး ထပ်မံတွေ့ဆုံခဲ့ပြီး ဝစ်ကင် က သူမဟာ လိင်ပြောင်းထားသူဖြစ်ပြီး အမျိုးသားလိင်အင်္ဂါ ပါရှိကြောင်း အသိပေးလာခဲ့ပါတယ်။ "ဝစ်ကင် ဟာ လိင်ပြောင်း ထားသူဖြစ်ကြောင်း သိထားမယ်ဆိုရင် အမျိုးသားဟာ လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုပြုလုပ်မှာ မဟုတ်သလို၊ ဒီကိစ္စဟာ အမျိုးသားရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သိသိသာသာသက်ရောက်မှုရှိခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။
ဝစ်ကင် က လိမ်လည်မိခဲ့ကြောင်း ဝန်ခံခဲ့ပြီး Teesside Crown တရားရုံးမှာ ရုံးတင်စစ်ဆေးမှု ခံယူနေကာ သူမ အတွက် စီရင်ချက်ကိုတော့ အောက်တိုဘာ ၁၀ ရက်မှာ ချမှတ်မယ်လို့ သိရပါတယ်။

Zawgyi Version:
ၿဗိတိန္မွာ လိင္ေျပာင္းထားေၾကာင္း ပြင့္ပြင့္လင္းလင္းမေျပာျပထားတဲ့ပါတနာကို အမ်ိဳးသားျဖစ္သူမွ တရားစြဲ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆
ၿဗိတိန္ႏိုင္ငံမွာ လိင္ေျပာင္းအမ်ိဳးသမီးတစ္ဦးက သူမရဲ႕ အမ်ိဳးသားအေဖာ္တစ္ဦးကို လိင္ေျပာင္းထားတဲ့ အေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈမရွိပဲ လိင္ဆက္ဆံဖို႔ႀကိဳးစားခဲ့တာေၾကာင့္ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈနဲ႔ အမ်ိဳးသား ျဖစ္သူက ေသာၾကာေန႔ (ဩဂုတ္လ ၂၂ ရက္) မွာ တရားစြဲလိုက္ပါတယ္။
စီရာဝစ္ကင္ အမည္ရွိ အသက္ ၂၁ ႏွစ္အ႐ြယ္ လိင္ေျပာင္းအမ်ိဳးသမီးဟာ ၂၀၂၂ ခုႏွစ္ ဇြန္လက ဆိုရွယ္ မီဒီယာဆိုက္ Snapchat မွာ အသက္ ၂၁ ႏွစ္အ႐ြယ္အမ်ိဳးသားနဲ႔ေတြ႕ဆုံခ်ိန္းေတြ႕ခဲ့ၿပီး လိင္ပိုင္းဆိုင္ရာ အျပဳအမူ ေတြျပဳလုပ္ခဲ့ေပမယ့္ လိင္ေျပာင္းအမ်ိဳးသမီးျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားမႈ မရွိခဲ့ဘူးလို႔ Crown Prosecution Service တရား႐ုံးက ဆိုပါတယ္။
ဒါေပမယ့္ အဲဒီေန႔က ဝစ္ကင္ ဟာ ရာသီလာေနတယ္လို႔ ဆိုတာေၾကာင့္ ခါးေအာက္ပိုင္းလိင္မႈကိစၥ မျပဳလုပ္ခဲ့ဘူးလို႔ တရား႐ုံးက ေျပာၾကားပါတယ္။ ရက္အနည္းငယ္အၾကာမွာ ၎တို႔ႏွစ္ဦး ထပ္မံေတြ႕ဆုံခဲ့ၿပီး ဝစ္ကင္ က သူမဟာ လိင္ေျပာင္းထားသူျဖစ္ၿပီး အမ်ိဳးသားလိင္အဂၤါ ပါရွိေၾကာင္း အသိေပးလာခဲ့ပါတယ္။ "ဝစ္ကင္ ဟာ လိင္ေျပာင္း ထားသူျဖစ္ေၾကာင္း သိထားမယ္ဆိုရင္ အမ်ိဳးသားဟာ လိင္ပိုင္းဆိုင္ရာလႈပ္ရွားမႈျပဳလုပ္မွာ မဟုတ္သလို၊ ဒီကိစၥဟာ အမ်ိဳးသားရဲ႕စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအေပၚ သိသိသာသာသက္ေရာက္မႈရွိခဲ့တယ္လို႔ တရား႐ုံးက ဆိုပါတယ္။
ဝစ္ကင္ က လိမ္လည္မိခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီး Teesside Crown တရား႐ုံးမွာ ႐ုံးတင္စစ္ေဆးမႈ ခံယူေနကာ သူမ အတြက္ စီရင္ခ်က္ကိုေတာ့ ေအာက္တိုဘာ ၁၀ ရက္မွာ ခ်မွတ္မယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.