ဒီဇင်ဘာ (၂၈)တွင် စတင်မည့်ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီတို့၏အမြင်၊ သဘောထားများ

 502

သုတကျော် (NP News) - သြဂုတ် ၂၅

လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း (က) ကို ကျင်းပတော့မည်ဖြစ်သည်။ ယခုရွေးကောက်ပွဲ၏ထူးခြားချက်မှာ ယခင်နှစ်များနှင့်မတူဘဲ PR စနစ်နှင့် FPTP စနစ်ကို ရောနှောထားခြင်းဖြစ်သည်။ တစ်ဖက် တွင် ခြိမ်းခြောက်မှုများလည်းရှိနေသည်။ အဆိုပါအခြေအနေများ ကြားမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထားများကို NP News က နိုင်ငံရေးပါတီအချို့ထံဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဒေါက်တာအေးမောင် - ဥက္ကဋ္ဌ (ရခိုင့်ဦးဆောင်ပါတီ )
ရွေးကောက်ပွဲက ပထမတစ်ချက်က အခြေခံ ဥပဒေအရ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ထဲပါတယ်။ ဒုတိယအချက်က လက်ရှိအနေအထားကနေ ရွေးကောက်ပွဲကိုဖြတ်သန်းပြီးမှ ဒါအနာဂတ်ရည်မှန်းချက် ကိုတည်ဆောက်လို့ရမယ့် နိုင်ငံရေး အနေအထားဖြစ်နေတယ်လို့ယူဆတယ်ပေါ့။ တတိယအချက်က အခုလက်ရှိနိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းကို ကျော်ဖြတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းသည် ရွေးကောက်ပွဲဖြစ်တယ်လို့ အန်ကယ်တို့ပါတီက ယုံကြည်တယ်။ ရွေးကောက်ပွဲကို ကျော်ဖြတ်မှပဲ ကျွန်တော်တို့ရည်မှန်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တော်ကိုတည်ဆောက်နိုင်မယ်လို့ အန်ကယ် တို့ လက်ခံပါတယ်။ နိုင်ငံတကာမှာလည်း ဒီ FPTP နဲ့ PR ကို ရောနှောသုံးနေတာတွေ့တယ်။ အခြေခံဥပဒေအရ အဓိပ္ပာယ်ဖွင့်တဲ့အခါ (၂၀၁၆) ကာလ တုန်းက ပြည်သူ့လွှတ်တော်သည် မြို့နယ်ကိုသော်လည်းကောင်း၊ လူဦးရေကိုသော်လည်း ကောင်း အခြေခံပြီးမှ ရွေးကောက်တင်မြှောက်တာမို့လို့ FPTP နဲ့ပဲသွားသင့်တယ်လို့ လွှတ်တော်မှာဆွေးနွေးတာ ရှိတယ်။ အဲဒီကာလအခြေခံဥပဒေခုံရုံးက ဒီအတိုင်း ပဲ ဆုံးဖြတ်တယ်လို့ ကြားရတာပေါ့။ ဆိုတော့ ဘယ်လို ပဲဖြစ်ဖြစ် လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကို FPTP နဲ့ပဲ ရွေးကောက်တင်မြှောက်ပေးမယ် ဆိုတာကတော့ အငြင်းပွားလို့ မရတဲ့ ရွေးကောက်ပွဲစနစ်လို့ သုံးသပ်လို့ရတာပေါ့။ နောက်တစ်ချက်က (၂၆၇) မြို့ဆိုတာ သတင်းကြိုထွက်တာပေါ့။ (၆၃) မြို့နယ်နဲ့ပတ်သက်လို့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီသည် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းတာပေါ့။ စစ်အုပ်ချုပ်ရေးနယ်မြေ (၆၃) မြို့နယ်က သုံးလအတွင်းဆိုတာမျိုး ရွေး ကောက်ပွဲ ဖြစ်မြောက်အောင်ပေါ့ဗျာ။ မဲဆန္ဒနယ် သတ်မှတ်တဲ့အခါ ပြည်သူ့လွှတ်တော်ကို မြို့နယ် (၃၃၀) လုံးကျင်းပမယ်လို့သိရတဲ့အခါကျတော့ (၂၆၇) ရယ်၊ (၆၃) ရယ် လာမယ့် ဒီဇင်ဘာ (၂၈) ရက်မှာ ရွေးကောက်ပွဲ ပထမအကြိမ် ကျင်းပမယ် ပြောတယ်။ ပြည်သူ့လွှတ်တော်အတွက် မြို့နယ်ပေါင်း (၃၃၀) ကို ဘယ်လိုကျင်းပမလဲဆိုတာ မေးခွန်း ဖြစ် လာတာပေါ့။ တစ်ကြိမ်တည်းကတော့ ဘယ်လိုမှမပြီး နိုင်ဘူး။ အဲဒီတော့ နောင်ကျင်းပမယ့်အကြိမ်ကြိမ် ပေါ့ဗျာ။ (၂၀၂၆) ဇန်နဝါရီအထိ ကျင်းပမယ့်ကာလ တိုင်းကို ပြည်သူ့လွှတ်တော် မဲအတွက် ကျင်းပမယ့် နေရာတိုင်းကို မဲပုံးထောင်နိုင်ပါ့မလားပေါ့။ မဲပုံး ထောင်ပြီးမှ မဲလာပေးကြရတယ်ဆိုရင် ရက် (၉၀) အတွင်းမှာ (၆၃) မြို့နယ်က အပေါင်းလက္ခဏာ ဆောင်သွားမှာပေါ့။ သို့မဟုတ် (၂၆၇) ကို မဲပုံးအလီ လီထောင်မယ်၊ ကျန်တဲ့ (၆၃) မြို့နယ်သည်လည်းပဲ မဲပုံး မထောင်နိုင်သည် ထားဦးပေါ့ဗျာ အဝေးရောက်မဲ ဒါမှမဟုတ် ကြိုတင်မဲနဲ့ ရွေးကောက်ပွဲတစ်ခုလုံးကို ပြီးပြည့်စုံအောင် ကျင်းပပေးဖို့စီစဉ်ထားတာလားဆို တာလည်းတစ်ခု ကျွန်တော်တို့ မတင်မကျဖြစ်တာ ပေါ့။ အဲဒါကတော့ ဆက်လက်ပြီး ရှုစားရမယ့်အပိုင်း ဖြစ်တာပေါ့။ အမျိုးသားလွှတ်တော်လည်း ဒီအတိုင်းပဲ၊ ပြည်သူ့လွှတ်တော်လည်း ဒီအတိုင်းပဲ။ ပြည်နယ်နဲ့တိုင်း ဒေသကြီးလွှတ်တော်လည်း ဒီအတိုင်းပဲ။ ဏျွ သွား မယ် ၤဏွှဏ သွားမယ်။ PR သွားတာ ပြဿနာမရှိ ဘူး။ မဲဆန္ဒနယ်က အကြီးကြီးကိုပေါင်းထားတာမို့လို့။ တစ်မြို့နယ် တစ်ဦးချင်းစီ ရွေးကောက်ပွဲကျင်းပ ပေးမယ့် တိုင်းဒေသကြီး ပြည်နယ်ရယ်၊ ပြည်သူ့လွှတ် တော်ရယ် ဘယ်လိုရွေးကောက်ပွဲ ကျင်းပမှာလဲပေါ့။ မျက်စိထဲ ပုံပေါ်အောင် မမြင်နိုင်သေးဘူး။ ဒါလေး တော့နဃ ကို မေးရဦးမယ်။ ပထမတော့ ရွေး ကောက်ပွဲက ငါးပိုင်းလောက် လုပ်မယ် ကြားရတယ်။ ဒီဇင်ဘာ (၂၈) ဆိုတာ နောက်ဆုံးပတ်ဆိုတော့ ဇန်နဝါရီ ဒုတိယပတ်အထိလို့ ပထမ ကြားတယ် လေ။ ဇန်နဝါရီလကုန်လောက်အထိလည်း ဖြစ် သွားနိုင်တာပေါ့။ ခုနကပြောတဲ့ ရွေးကောက်ပွဲ အကြိမ်ကြိမ်ဆိုတာက (၃၃၀) သော မြို့နယ်တွေမှာ ပထမ (၂၆၇) မြို့ဆိုတာ ထွက်တယ်။ (၆၃) မြို့နယ် မှာ ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေး အစီအမံလေး တွေ လုပ်ပေးရမယ်။ စစ်အုပ်ချုပ်ရေးပေးတယ်ဆို တော့ အဲဒီဥစ္စာကိုမူတည်ပြီးမှ လုံခြုံမှုအစီအမံပေါ် မူတည်ပြီး သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ဆီ သီးသန့် တွေသွားကြမယ်ထင်တယ်။ အခက်အခဲက ရွေး ကောက်ပွဲကို ကျင်းပတယ်၊ ရွေးကောက်ပွဲကို ဆန့် ကျင်တယ်ဆိုတဲ့ အင်အားစု (၂) ခု ရှိတာကိုး။ ကြား မှာတော့ လူထုသည် မဲပေးရမယ်။ မဲပေးတာကို မဲပေး ပြန်ရင်လည်း တစ်ဖက်က တစ်မျိုးမြင်မယ်၊ မပေးလည်း တစ်မျိုးမြင်မှာပေါ့။ ဒီကြားမှာ လူထုသည်ရပ်ရမှာပေါ့။ အဲဒီလိုပဲ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေ၊ ပုဂ္ဂိုလ်တွေရှိမှာပဲ အမြင်မတူနိုင်ဘူးလေ။ အဲဒီအမြင်လောက်နဲ့ရပ်ရင် ပြဿနာမဟုတ်ဘူး။ ကိုယ်ထိလက်ရောက်တို့၊ အသက်အန္တရာယ်တို့ထိ တွေးကြတဲ့အခါကျတော့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပုဂ္ဂိုလ်တွေရဲ့ စိုးရိမ်စိတ်၊ အန္တရာယ်အပေါ်မှာ ကျော် လွှားလိုစိတ် ဒွိဟကြုံနေရတာပေါ့။ လွှတ်တော်ကိုယ် စားလှယ်ရှာရတာ နည်းနည်းခက်နိုင်တာပေါ့။ PR ကတော့ ပြဿနာမရှိနိုင်ဘူး။

ဦးထက်အောင်ကျော် - ဒုတိယ ဥက္ကဋ္ဌ (အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ - NDF)
ကျွန်တော်တို့ကတော့ ဒီရွေးကောက်ပွဲက ကျွန် တော်တို့တိုင်းပြည်မှာ တကယ့်ကို အခက်အခဲ၊ အကျပ်အတည်း ခိုင်ခိုင်မာမာဖြစ်တဲ့အချိန်မှာလေ။ ပြီးတော့ ကျွန်တော် အမြဲတမ်းပြောတဲ့ စကားပေါ့ ပုစ္ဆာကအဟောင်းကြီးပဲ။ အခုဖြစ်ပျက်နေတဲ့ အခင်း အကျင်းတွေက အသစ်တွေမဟုတ်ဘူး။ တွက်တဲ့ နည်းတွေကလည်း နည်းဟောင်းကြီးနဲ့ပဲတွက်တာ။ ဘယ်တော့မှ အဖြေမရမယ့်နည်းတွေနဲ့ပဲတွက်နေ ကြလို့ ကျွန်တော်တို့ တွက်နည်းအသစ်နဲ့ ပြန်တွက် ဖို့ပေါ့။ မဲဆန္ဒနယ်ခွဲတာကတော့ ပြည်သူ့လွှတ်တော် က သူ့ပုံမှန်အတိုင်းပဲ။ တိုင်းဒေသကြီးတို့၊ ပြည်နယ် တို့ကတော့ တစ်ဖက်က FPTP ၊ တစ်ဖက်က PR ဒါလည်း ပြဿနာမရှိပါဘူး။ အမျိုးသားလွှတ်တော်လည်း (၆) ယောက်၊ (၆) ယောက်ပေါ့။ ဒါကို သုံးခုခွဲ ပြီး တစ်နယ်မှာ (၂) ယောက်က FPTP ၊ (၂) ယောက်က PR အဲဒီလို မှန်းပါတယ် ခင်ဗျာ။ ကောင်းပါတယ်။ PR စနစ်ကလည်း လူထုက အများကြီး မကြုံဖူးသေးတော့ စစချင်းမှာ ဒါလေးနဲ့ စလိုက်ပြီး တော့ ဒါလေး ကြုံဖူးပြီးတော့မှ နောက်ပိုင်း ဘယ်လို ဆက်လုပ်မလဲဆိုတာ စဉ်းစားတာမျိုးလည်း ကောင်း ပါတယ်။ စမ်းကြည့်ရမှာပေါ့ ဒီလိုအနေအထားမျိုး လေးက ဘယ်လိုအခင်းအကျင်းမျိုး ထွက်လာသလဲ ဆိုတာ အကောင်းဘက်ကိုမျှော်လင့်ပါတယ်။ ရွေး ကောက်ပွဲကတော့ အပိုင်းလိုက် ခွဲကိုလုပ်မှရမှာကိုး။ လက်ရှိအခြေအနေအရကို မလုပ်မနေ ဒီလိုပဲလုပ် မှာဖြစ်လို့ လုပ်တာပေါ့။ အပြစ်ပြောစရာတော့ မရှိပါ ဘူး။ အားလုံးပြီးသွားမှဆို ဘယ်အချိန်လည်းမသိဘူး လေ။ ဒါက တိုင်းပြည်ရဲ့ထွက်ပေါက်၊ လူထုရဲ့ထွက် ပေါက်ဖြစ်လို့ အမြန်ဆန်ဆုံးလုပ်တာကို ကြိုဆိုပါ တယ်။ နှစ်ပိုင်းလောက်ပဲ ခွဲလုပ်မယ်ထင်ပါတယ်။ ဒီ တစ်ပိုင်းပြီးရင် နောက်တစ်ပိုင်းလောက်ဆို အိုခေ သွားလိမ့်မယ် ထင်ပါတယ်။ အခုကတော့ နံပါတ်တစ် အရေးကြီးဆုံးကတော့ ရန်ပုံငွေအခက်အခဲပါ။ ဒီ အချိန်မှာ အကုန်လုံးက အားလုံး သူဌေးကနေစပြီး အောက်ခြေအထိ အသီးသီး ဒုက္ခရောက်နေတာကိုး။ အလုပ်လုပ်ရတာ အဆင်မပြေဘူး အစစအရာရာပါပဲ။ အရင်ရွေးကောက်ပွဲတွေတုန်းက ရွေးကောက်ပွဲ အတွက် ပါတီကိုလာပြီး လှူဒါန်းတဲ့ငွေတွေ ဘာတွေ က ဒါကအဆင်ပြေသေးတယ်ပေါ့။ ဒီဘက်အချိန် မှာတော့ အကုန်လုံးက အခက်အခဲအကျပ်အတည်း ဖြစ်နေတော့ ရန်ပုံငွေက အခက်အခဲရှိမယ် ထင်ပါ တယ်။ ကျန်တဲ့ ဟာကတော့ အခက်အခဲ ဒီလောက် မရှိပါဘူး။

ဦးသိန်းထွန်းဦး - ပြောရေးဆိုခွင့်ရှိသူ ( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ -USDP)
ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ကျွန်တော်တို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ သူတို့ပြဋ္ဌာန်းချက်တွေအရ ပါတီတစ်ခုတည်းအစား All inclusive ဖြစ်အောင် ဆောင်ရွက်ထားတယ်လို့ မြင်ပါတယ်။ သူကတော့ နိုင်ငံရဲ့လက်ရှိဖြစ်တည်နေမှုအပေါ်မှာ နိုင်ငံရေးပါတီအစုံ ပါဝင်နိုင်အောင်လို့ ဒါကို မဲဆန္ဒနယ်တွေ သတ်မှတ်တယ်။ FPTP နဲ့ PR ကို ရောနှော စနစ်ပေါ့နော် ကျင့်သုံးထားတယ်။ ဒီလို ကျင့်သုံးထားမှုအပေါ်မှာ လက်ရှိနိုင်ငံရဲ့ အခြေအနေ၊ နောက် ဒီမိုကရေစီ နဲ့ ဖက်ဒရယ် အခြေခံတဲ့ ပြည် ထောင်စုကို သွားနေတဲ့စနစ်ပုံစံမျိုးကို ဒီ မဲဆန္ဒနယ်တွေ ခွဲထားတယ်လို့ မြင်ပါတယ်။ ဒီလို အပိုင်းလိုက် ခွဲတယ် ဆိုတာကတော့ (၂၀ဝ၈) ခုနှစ်နောက်ပိုင်းမှာ ကျွန်တော်တို့ ရွေးကောက်ပွဲကျင်းပတာ ကြားဖြတ် သုံးခုနဲ့ဆို ခြောက်ကြိမ်ပေါ့။ ဒီ (၆) ကြိမ်မှာ ဒီလိုအပိုင်းလိုက်ခွဲခြားထားတာ မရှိဘူး။ တခြားသော နိုင်ငံတွေမှာလည်း ဒီလိုခွဲလုပ်တာ ရှိသလို ကျွန်တော် တို့ သမိုင်းမှာပေါ့နော် ရှိခဲ့တယ်ဆိုပြီး တွေ့ရတယ်ဗျ။ ခွဲခြင်း၊ မခွဲခြင်းထက် ရွေးကောက်ပွဲ အောင် အောင်မြင်မြင်ဖြစ်သွားဖို့က အရေးကြီးတယ်လို့ မြင်ပါတယ်။ အပိုင်းအားဖြင့် ကျွန်တော့်အမြင် ပြောရရင်တော့ အနည်းဆုံး (၃) ပိုင်းလောက် ခွဲလုပ်မယ်လို့ မြင်ပါတယ်။ ဒါကျွန်တော့်အမြင် သက် သက် ဖြစ်ပါတယ်။ အဓိကတော့ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ နယ်မြေတိုင်းက ယခင်ကဲ့သို့ အုန်းအုန်း ကျွက်ကျွက်လုပ်နိုင်ပါ့မလားဆိုတာ ဒါကျွန်တော် စဉ်းစားမိ တဲ့ အပိုင်းလေး ဖြစ်ပါတယ်။ အဲဒီလို လုပ်မယ်ဆိုရင် လည်း သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိပါတယ်။ ဥပဒေနဲ့အညီ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လုံခြုံရေးအရ ဆောင်ရွက်ကြ လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နဂိုတုန်းကလည်း ကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရင် လုံခြုံရေး ပေးရတာရှိပါတယ်။ သို့သော်လည်းပဲ အခုက ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးသူတွေကို ဟန့်တားတဲ့ဥပဒေ ပေါ်ပေါက်လာတဲ့အတွက် ပိုမိုပြီး တင်းကြပ်တဲ့ လုံခြုံရေးပေးပြီးဆောင်ရွက်ဖွယ် ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခက်အခဲ အားဖြင့်ကတော့ နေရာဒေသအလိုက် မတူကွဲပြားမှု တွေဖြစ်ပေါ်တဲ့ အခက်အခဲတွေ ဖြစ်လိမ့်မယ်လို့ ဒီလိုမြင်ပါတယ်။

ဦးစိုင်းအိုက်ပေါင်း - ဥက္ကဋ္ဌ (ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် )
ရွေးကောက်ပွဲကတော့ အခုက ပြည်သူ့ လွှတ်တော်က FPTP နဲ့ လုပ်တာ အရင်ပုံစံပါပဲ။ အမျိုးသားလွှတ်တော်ကတော့ FPTP တစ်ဝက်၊ PR တစ်ဝက်ပေါ့နော်။ အလားတူပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကလည်း FPTP တစ်ဝက်၊ PR တစ်ဝက် အဲဒီလို ဖြစ်နေတယ်နော်။ PR နဲ့ လုပ်တော့ နိုင်ငံရေးပါတီတွေက တော်တော်ပါလာမယ်လို့ အဲဒီလိုယုံကြည်ရတာပေါ့နော်။ (ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအတွက် အဖြေလို့) ပြောလို့ရတာပေါ့။ အဲဒီလိုပြောလို့ရတာပေါ့။ ကျွန်တော်တို့ အဆင်သင့် တော့ ပြင်ထားတယ်။ ကျွန်တော်တို့လူတွေကို ရပ်ကျေးစည်းရုံးရေးမှူးတွေလည်း အဆင်သင့်လုပ်ထားတယ်ဗျ။ ကျွန်တော်တို့ ကတော့ ရွေးကောက်ပွဲ အပိုင်းလိုက် လုပ်မယ်ဆိုတော့ အဆင်သင့် ဖြစ်အောင်တော့ လုပ် ထားတယ်။ အောက်ခြေမှာလည်း အားရတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်လေ။ အပိုင်းလိုက်လုပ် မယ်ဆိုရင်တော့ တစ်မျိုးပြောရင် ကောင်းတာပေါ့။ ကျွန်တော်တို့ပါတီတွေက တစ်နိုင်ငံလုံးလုပ်မယ်ဆို ရင် ကတိုက်ကရိုက်လုပ်ရတာပေါ့။ အခုအပိုင်းလိုက် ဆိုရင် အတိအကျ သိလာပြီဆိုရင် အင်အားဖြည့်ပြီး တော့ လုပ်လို့ရတာပေါ့။ ဒါလည်း တစ်မျိုးကောင်းတယ် လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ အခက်အခဲက ငွေရေးကြေးရေးပဲ ရှိတာပါ။ တခြားအခက်အခဲ မရှိပါ ဘူး။ ငွေရေးကြေးရေး အခက်အခဲလည်း ကျွန် တော်တို့ ကျော်ဖြတ်အောင် လုပ်ရမှာပေါ့။ ရှိတဲ့ဟာ လေးတွေ ရောင်းချပြီး လုပ်ရမှာပေါ့နော်။ ပြိုင်ပြီပဲ လေ နေရာတစ်ခုရအောင်တော့လုပ်ရမှာပေါ့။ ပြည်သူ့ အကျိုးကို လုပ်ရမှာကိုး။

ဦးတင်ဆွေ - ဒုတိယဥက္ကဋ္ဌ ( ဒီမိုကရက်တစ်ပါတီ -မြန်မာ)
တကယ်တော့ ရွေးကောက်ပွဲက ထွက်ပေါက် မဟုတ်ဘူး။ (၂၀ဝ၈) မရှိခင် နအဖ၊ နဝတ လက် ထက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိဘူး။ ပြည်ပ က ဖိအားပေးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညောင် နှစ်ပင် ညီလာခံလုပ်ပြီး ဖွဲ့စည်းပုံဆွဲတယ်။ ယူနီ ဖောင်း ဝတ်တဲ့စစ်အစိုးရကမှ ဖွဲ့စည်းပုံ ဆွဲပြီး ရွေး ကောက်ပွဲ လုပ်ပေးတာ။ ဒါကမှ ထွက်ပေါက်။ ဖွဲ့စည်း ပုံအရ အာဏာထိန်းချိန်မှာ သူအာဏာထိန်းတာက မနက် (၄) နာရီကျော်မှာ ထိန်းတာ။ (၁၀) နာရီ ထိုး ရင် လွှတ်တော်ခေါ်ပြီး အစိုးရအဖွဲ့ ရွေးမယ်။ အုပ် ချုပ်ရေးအခန်းကဏ္ဍမှာ သမ္မတဦးဝင်းမြင့်က အမတ် ဝင် ရွေးတော့ သမ္မတက ဒုတိယ သမ္မတ ဦးမြင့်ဆွေ နဲ့ ဦးဗန်ထီးယူပဲ ရှိတယ်လေ။ ဆိုတော့ နိုင်ငံတော် အတိုင်ပင်ခံကလည်း ဝင်အရွေးခံတယ်။ သူတို့က ဝင်ရွေးလိုက်တာလေ။ သူတို့ ဝင်ယူပြီး မနက် (၁၀) နာရီကျော်ပြီးရင် လွှတ်တော်ခေါ်ပြီး အစိုးရ ဖွဲ့တော့ မယ်။ မဖွဲ့ခင်မှာ ကာလုံ က မှ အာဏာထိန်းပြီး နစက ကို ပေးလိုက်တယ်။ အဲဒီအချိန်မှာ အစိုးရ မရှိသေး ဘူး။ ရွေးကောက်ပွဲကို မလုပ်လို့ မရဘူး။ (၂၀ဝ၈) က မပျက်တော့ အဲဒီအတိုင်း သွားနေတာလေ။ ဖွဲ့ စည်းပုံ အခြေခံဥပဒေအတိုင်း သွားနေတာလေ။ လွှတ်တော်သက်တမ်းကုန်တဲ့ အချိန်မှာ လုပ်တယ် နောက်အစိုးရ ပေါ်ဖို့ ရွေးကောက်ပွဲက လုပ်ကို လုပ် ရမယ် ဒါပုံမှန်ပဲ။ ဒါတော့ ထွက်ပေါက်မဟုတ်ဘူး တပ် မတော်က သူ့တာဝန်သူ ထမ်းတာလေ။ သူ့တာဝန်သူ ထမ်းတာက တစ်မျိုးကြီး ဖြစ်သွားတာပေါ့။ ကာလုံကမှ သူ့ကို တာဝန်ပေးပြီး ဖွဲ့တော့ လမ်းပြမြေပုံငါးချက်မှာ ရွေးကောက်ပွဲ လုပ်ပေးရမယ် ပြောတာလေ။ ဖွဲ့စည်း ပုံ ပေးထားတဲ့အတိုင်းလုပ်တာလေ။ မဲဆန္ဒနယ် နယ် မြေကတော့ ထိုင်းမှာလည်း အောက်လွှတ်တော်မှာ PR နဲ့ FPTP ပေါ့။ PR ကတော့ ကောင်းပါတယ်။ ရောထွေးပြီး လုပ်တာကတော့ အားနည်းတယ်လို့ မြင် တယ်။ မဲပေးစက်တွေနဲ့ ပတ်သက်လို့ကတော့ နဂို တည်းက သဘောကျတယ်။ အိန္ဒိယက ကြည့်လာတာ လေ။ မှားပြီးထည့်ရင် မှားထည့်တဲ့လိုဂို ရှိတဲ့သူက ရသွားမယ်။ အရင်ကဆို တံဆိပ်တုံး ရိုက်တာက ဟို ဘက် ပါတယ်၊ ဒီဘက်ပါတယ် အငြင်းပွားတယ်။ အခုကတော့ မရှိတော့ဘူး။ မဲပေးစက်ကို သဘောကျ ပါတယ်။ အပိုင်းကတော့ မသိပေမယ့် သုံးပိုင်းလောက် တော့ ရွေးကောက်ပွဲကို ခွဲလိမ့်မယ်။ ဖဆပလ လက် ထက်ကလည်း လုပ်ခဲ့တာရှိတယ်။ ဒါတွေက ခက်ခဲ တာ မဟုတ်ဘူး။ (၂၀ဝ၈) ဖွဲ့စည်းပုံကို ဆန္ဒခံယူတော့ လည်း နာဂစ်ဖြစ်လို့ ဧရာဝတီတိုင်းမှာ မလုပ်ဘူးလေ။ ကွမ်းခြံကုန်း၊ ကော့မှူးကလည်း နောက်တော့မှလုပ် တယ် ဒီလိုသွားတာ။ တစ်ခုပဲ စိုးရိမ်တယ်။ ဘာစိုးရိမ် လဲဆိုတော့ NSPNC တွေ့ဆုံပွဲမှာ ပြောဖူးတယ်။ တပ်မတော်က အခိုင်အမာ တပ်စွဲထားရင် အကြောင်း မဟုတ်ဘူး။ မစွဲထားတဲ့ နေရာမှာ (၂၀) ရွေးကောက်ပွဲ နဲ့ မဲဆန္ဒတွေက အမှန်တွေ ဖြစ်ပါ့မလား စိုးရိမ်တယ်။ (၂၀၁၀) ရွေးကောက်ပွဲ၊ (၂၀၁၅) ရွေးကောက်ပွဲပေါ့။ ပြီးရင် (၂၀၂၀) ရွေးကောက်ပွဲတုန်းကတော့ ကိုဗစ် ဖြစ်တဲ့ ကာလပေါ့။ (၂၀၂၅) ကတော့ အခက်အခဲ အချိန်ဆုံးပဲလို့ ပြောတယ်။ ပြောပြလို့ မရအောင် အခက်အခဲတွေ ရှိပါတယ်။ ငွေရေးကြေးရေးက အစ သို့သော်လည်း ဘောလုံးကန်တာမှာလည်း ပြိုင်ဆိုင်မှု၊ စိန်ခေါ်မှု ရှိတာပဲ။ နိုင်ငံရေးမှာလည်း ရှိတာပဲ။ ပြိုင် ဆိုင်မှုတွေ၊ စိန်ခေါ်မှုတွေ ကြောက်ရင် နိုင်ငံရေးပါတီ မထောင်နဲ့။ စိန်ခေါ်မှုတွေ လျှောက်ပြောနေရင် အပျိုကြီးလိုပေါ့ ဟိုသတို့သားလည်း မတန်ဘူး၊ ဒီ သတို့သားလည်း မတန်ဘူးဆို အပျိုကြီး ဖြစ်သွားမှာပဲ။ စိန်ခေါ်မှုကတော့ ရှိမှာပဲ ဒါကို ရပ်တည်နိုင်တာ နိုင်ငံ ရေး ပါတီလို့ ခေါ်ဆိုတယ်။ အခုလည်း စိန်ခေါ်မှု ရှိ ပေမယ့် ဒါက သဘာဝပါပဲလို့ ကျွန်တော် ပြောချင်ပါ တယ်။

Zawgyi Version:
ဒီဇင္ဘာ (၂၈)တြင္ စတင္မည့္ေ႐ြးေကာက္ပြဲအေပၚ ႏိုင္ငံေရးပါတီတို႔၏အျမင္၊ သေဘာထားမ်ား
သုတေက်ာ္ (NP News) - ၾသဂုတ္ ၂၅

လာမည့္ ဒီဇင္ဘာလ (၂၈) ရက္တြင္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း (က) ကို က်င္းပေတာ့မည္ျဖစ္သည္။ ယခုေ႐ြးေကာက္ပြဲ၏ထူးျခားခ်က္မွာ ယခင္ႏွစ္မ်ားႏွင့္မတူဘဲ PR စနစ္ႏွင့္ FPTP စနစ္ကို ေရာေႏွာထားျခင္းျဖစ္သည္။ တစ္ဖက္ တြင္ ၿခိမ္းေျခာက္မႈမ်ားလည္းရွိေနသည္။ အဆိုပါအေျခအေနမ်ား ၾကားမွ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ သေဘာထားမ်ားကို NP News က ႏိုင္ငံေရးပါတီအခ်ိဳ႕ထံဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေဒါက္တာေအးေမာင္ - ဥကၠ႒ (ရခိုင့္ဦးေဆာင္ပါတီ )
ေ႐ြးေကာက္ပြဲက ပထမတစ္ခ်က္က အေျခခံ ဥပေဒအရ ေဆာင္႐ြက္ရမယ့္ လုပ္ငန္းစဥ္ထဲပါတယ္။ ဒုတိယအခ်က္က လက္ရွိအေနအထားကေန ေ႐ြးေကာက္ပြဲကိုျဖတ္သန္းၿပီးမွ ဒါအနာဂတ္ရည္မွန္းခ်က္ ကိုတည္ေဆာက္လို႔ရမယ့္ ႏိုင္ငံေရး အေနအထားျဖစ္ေနတယ္လို႔ယူဆတယ္ေပါ့။ တတိယအခ်က္က အခုလက္ရွိႏိုင္ငံေရး၊ စစ္ေရးအက်ပ္အတည္းကို ေက်ာ္ျဖတ္ႏိုင္မယ့္ တစ္ခုတည္းေသာနည္းလမ္းသည္ ေ႐ြးေကာက္ပြဲျဖစ္တယ္လို႔ အန္ကယ္တို႔ပါတီက ယုံၾကည္တယ္။ ေ႐ြးေကာက္ပြဲကို ေက်ာ္ျဖတ္မွပဲ ကြၽန္ေတာ္တို႔ရည္မွန္းတဲ့ ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံ ေတာ္ကိုတည္ေဆာက္ႏိုင္မယ္လို႔ အန္ကယ္ တို႔ လက္ခံပါတယ္။ ႏိုင္ငံတကာမွာလည္း ဒီ FPTP နဲ႔ PR ကို ေရာေႏွာသုံးေနတာေတြ႕တယ္။ အေျခခံဥပေဒအရ အဓိပၸာယ္ဖြင့္တဲ့အခါ (၂၀၁၆) ကာလ တုန္းက ျပည္သူ႔လႊတ္ေတာ္သည္ ၿမိဳ႕နယ္ကိုေသာ္လည္းေကာင္း၊ လူဦးေရကိုေသာ္လည္း ေကာင္း အေျခခံၿပီးမွ ေ႐ြးေကာက္တင္ေျမႇာက္တာမို႔လို႔ FPTP နဲ႔ပဲသြားသင့္တယ္လို႔ လႊတ္ေတာ္မွာေဆြးေႏြးတာ ရွိတယ္။ အဲဒီကာလအေျခခံဥပေဒခုံ႐ုံးက ဒီအတိုင္း ပဲ ဆုံးျဖတ္တယ္လို႔ ၾကားရတာေပါ့။ ဆိုေတာ့ ဘယ္လို ပဲျဖစ္ျဖစ္ လာမယ့္ေ႐ြးေကာက္ပြဲမွာ ျပည္သူ႔လႊတ္ေတာ္ကို FPTP နဲ႔ပဲ ေ႐ြးေကာက္တင္ေျမႇာက္ေပးမယ္ ဆိုတာကေတာ့ အျငင္းပြားလို႔ မရတဲ့ ေ႐ြးေကာက္ပြဲစနစ္လို႔ သုံးသပ္လို႔ရတာေပါ့။ ေနာက္တစ္ခ်က္က (၂၆၇) ၿမိဳ႕ဆိုတာ သတင္းႀကိဳထြက္တာေပါ့။ (၆၃) ၿမိဳ႕နယ္နဲ႔ပတ္သက္လို႔ ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီသည္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို အာဏာအပ္ႏွင္းတာေပါ့။ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမ (၆၃) ၿမိဳ႕နယ္က သုံးလအတြင္းဆိုတာမ်ိဳး ေ႐ြး ေကာက္ပြဲ ျဖစ္ေျမာက္ေအာင္ေပါ့ဗ်ာ။ မဲဆႏၵနယ္ သတ္မွတ္တဲ့အခါ ျပည္သူ႔လႊတ္ေတာ္ကို ၿမိဳ႕နယ္ (၃၃၀) လုံးက်င္းပမယ္လို႔သိရတဲ့အခါက်ေတာ့ (၂၆၇) ရယ္၊ (၆၃) ရယ္ လာမယ့္ ဒီဇင္ဘာ (၂၈) ရက္မွာ ေ႐ြးေကာက္ပြဲ ပထမအႀကိမ္ က်င္းပမယ္ ေျပာတယ္။ ျပည္သူ႔လႊတ္ေတာ္အတြက္ ၿမိဳ႕နယ္ေပါင္း (၃၃၀) ကို ဘယ္လိုက်င္းပမလဲဆိုတာ ေမးခြန္း ျဖစ္ လာတာေပါ့။ တစ္ႀကိမ္တည္းကေတာ့ ဘယ္လိုမွမၿပီး ႏိုင္ဘူး။ အဲဒီေတာ့ ေနာင္က်င္းပမယ့္အႀကိမ္ႀကိမ္ ေပါ့ဗ်ာ။ (၂၀၂၆) ဇန္နဝါရီအထိ က်င္းပမယ့္ကာလ တိုင္းကို ျပည္သူ႔လႊတ္ေတာ္ မဲအတြက္ က်င္းပမယ့္ ေနရာတိုင္းကို မဲပုံးေထာင္ႏိုင္ပါ့မလားေပါ့။ မဲပုံး ေထာင္ၿပီးမွ မဲလာေပးၾကရတယ္ဆိုရင္ ရက္ (၉၀) အတြင္းမွာ (၆၃) ၿမိဳ႕နယ္က အေပါင္းလကၡဏာ ေဆာင္သြားမွာေပါ့။ သို႔မဟုတ္ (၂၆၇) ကို မဲပုံးအလီ လီေထာင္မယ္၊ က်န္တဲ့ (၆၃) ၿမိဳ႕နယ္သည္လည္းပဲ မဲပုံး မေထာင္ႏိုင္သည္ ထားဦးေပါ့ဗ်ာ အေဝးေရာက္မဲ ဒါမွမဟုတ္ ႀကိဳတင္မဲနဲ႔ ေ႐ြးေကာက္ပြဲတစ္ခုလုံးကို ၿပီးျပည့္စုံေအာင္ က်င္းပေပးဖို႔စီစဥ္ထားတာလားဆို တာလည္းတစ္ခု ကြၽန္ေတာ္တို႔ မတင္မက်ျဖစ္တာ ေပါ့။ အဲဒါကေတာ့ ဆက္လက္ၿပီး ရႈစားရမယ့္အပိုင္း ျဖစ္တာေပါ့။ အမ်ိဳးသားလႊတ္ေတာ္လည္း ဒီအတိုင္းပဲ၊ ျပည္သူ႔လႊတ္ေတာ္လည္း ဒီအတိုင္းပဲ။ ျပည္နယ္နဲ႔တိုင္း ေဒသႀကီးလႊတ္ေတာ္လည္း ဒီအတိုင္းပဲ။ ဏြၽ သြား မယ္ ဏၤႊဏ သြားမယ္။ PR သြားတာ ျပႆနာမရွိ ဘူး။ မဲဆႏၵနယ္က အႀကီးႀကီးကိုေပါင္းထားတာမို႔လို႔။ တစ္ၿမိဳ႕နယ္ တစ္ဦးခ်င္းစီ ေ႐ြးေကာက္ပြဲက်င္းပ ေပးမယ့္ တိုင္းေဒသႀကီး ျပည္နယ္ရယ္၊ ျပည္သူ႔လႊတ္ ေတာ္ရယ္ ဘယ္လိုေ႐ြးေကာက္ပြဲ က်င္းပမွာလဲေပါ့။ မ်က္စိထဲ ပုံေပၚေအာင္ မျမင္ႏိုင္ေသးဘူး။ ဒါေလး ေတာ့နဃ ကို ေမးရဦးမယ္။ ပထမေတာ့ ေ႐ြး ေကာက္ပြဲက ငါးပိုင္းေလာက္ လုပ္မယ္ ၾကားရတယ္။ ဒီဇင္ဘာ (၂၈) ဆိုတာ ေနာက္ဆုံးပတ္ဆိုေတာ့ ဇန္နဝါရီ ဒုတိယပတ္အထိလို႔ ပထမ ၾကားတယ္ ေလ။ ဇန္နဝါရီလကုန္ေလာက္အထိလည္း ျဖစ္ သြားႏိုင္တာေပါ့။ ခုနကေျပာတဲ့ ေ႐ြးေကာက္ပြဲ အႀကိမ္ႀကိမ္ဆိုတာက (၃၃၀) ေသာ ၿမိဳ႕နယ္ေတြမွာ ပထမ (၂၆၇) ၿမိဳ႕ဆိုတာ ထြက္တယ္။ (၆၃) ၿမိဳ႕နယ္ မွာ ကာကြယ္ေရးဦးစီးခ်ဳပ္က လုံၿခဳံေရး အစီအမံေလး ေတြ လုပ္ေပးရမယ္။ စစ္အုပ္ခ်ဳပ္ေရးေပးတယ္ဆို ေတာ့ အဲဒီဥစၥာကိုမူတည္ၿပီးမွ လုံၿခဳံမႈအစီအမံေပၚ မူတည္ၿပီး သက္ဆိုင္ရာ တိုင္းနဲ႔ျပည္နယ္ဆီ သီးသန႔္ ေတြသြားၾကမယ္ထင္တယ္။ အခက္အခဲက ေ႐ြး ေကာက္ပြဲကို က်င္းပတယ္၊ ေ႐ြးေကာက္ပြဲကို ဆန႔္ က်င္တယ္ဆိုတဲ့ အင္အားစု (၂) ခု ရွိတာကိုး။ ၾကား မွာေတာ့ လူထုသည္ မဲေပးရမယ္။ မဲေပးတာကို မဲေပး ျပန္ရင္လည္း တစ္ဖက္က တစ္မ်ိဳးျမင္မယ္၊ မေပးလည္း တစ္မ်ိဳးျမင္မွာေပါ့။ ဒီၾကားမွာ လူထုသည္ရပ္ရမွာေပါ့။ အဲဒီလိုပဲ ေ႐ြးေကာက္ပြဲကိုဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ပါတီေတြ၊ ပုဂၢိဳလ္ေတြရွိမွာပဲ အျမင္မတူႏိုင္ဘူးေလ။ အဲဒီအျမင္ေလာက္နဲ႔ရပ္ရင္ ျပႆနာမဟုတ္ဘူး။ ကိုယ္ထိလက္ေရာက္တို႔၊ အသက္အႏၲရာယ္တို႔ထိ ေတြးၾကတဲ့အခါက်ေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ပုဂၢိဳလ္ေတြရဲ႕ စိုးရိမ္စိတ္၊ အႏၲရာယ္အေပၚမွာ ေက်ာ္ လႊားလိုစိတ္ ဒြိဟႀကဳံေနရတာေပါ့။ လႊတ္ေတာ္ကိုယ္ စားလွယ္ရွာရတာ နည္းနည္းခက္ႏိုင္တာေပါ့။ PR ကေတာ့ ျပႆနာမရွိႏိုင္ဘူး။

ဦးထက္ေအာင္ေက်ာ္ - ဒုတိယ ဥကၠ႒ (အမ်ိဳးသား ဒီမိုကေရစီ အင္အားစုပါတီ - NDF)
ကြၽန္ေတာ္တို႔ကေတာ့ ဒီေ႐ြးေကာက္ပြဲက ကြၽန္ ေတာ္တို႔တိုင္းျပည္မွာ တကယ့္ကို အခက္အခဲ၊ အက်ပ္အတည္း ခိုင္ခိုင္မာမာျဖစ္တဲ့အခ်ိန္မွာေလ။ ၿပီးေတာ့ ကြၽန္ေတာ္ အၿမဲတမ္းေျပာတဲ့ စကားေပါ့ ပုစာၦကအေဟာင္းႀကီးပဲ။ အခုျဖစ္ပ်က္ေနတဲ့ အခင္း အက်င္းေတြက အသစ္ေတြမဟုတ္ဘူး။ တြက္တဲ့ နည္းေတြကလည္း နည္းေဟာင္းႀကီးနဲ႔ပဲတြက္တာ။ ဘယ္ေတာ့မွ အေျဖမရမယ့္နည္းေတြနဲ႔ပဲတြက္ေန ၾကလို႔ ကြၽန္ေတာ္တို႔ တြက္နည္းအသစ္နဲ႔ ျပန္တြက္ ဖို႔ေပါ့။ မဲဆႏၵနယ္ခြဲတာကေတာ့ ျပည္သူ႔လႊတ္ေတာ္ က သူ႔ပုံမွန္အတိုင္းပဲ။ တိုင္းေဒသႀကီးတို႔၊ ျပည္နယ္ တို႔ကေတာ့ တစ္ဖက္က FPTP ၊ တစ္ဖက္က PR ဒါလည္း ျပႆနာမရွိပါဘူး။ အမ်ိဳးသားလႊတ္ေတာ္လည္း (၆) ေယာက္၊ (၆) ေယာက္ေပါ့။ ဒါကို သုံးခုခြဲ ၿပီး တစ္နယ္မွာ (၂) ေယာက္က FPTP ၊ (၂) ေယာက္က PR အဲဒီလို မွန္းပါတယ္ ခင္ဗ်ာ။ ေကာင္းပါတယ္။ PR စနစ္ကလည္း လူထုက အမ်ားႀကီး မႀကဳံဖူးေသးေတာ့ စစခ်င္းမွာ ဒါေလးနဲ႔ စလိုက္ၿပီး ေတာ့ ဒါေလး ႀကဳံဖူးၿပီးေတာ့မွ ေနာက္ပိုင္း ဘယ္လို ဆက္လုပ္မလဲဆိုတာ စဥ္းစားတာမ်ိဳးလည္း ေကာင္း ပါတယ္။ စမ္းၾကည့္ရမွာေပါ့ ဒီလိုအေနအထားမ်ိဳး ေလးက ဘယ္လိုအခင္းအက်င္းမ်ိဳး ထြက္လာသလဲ ဆိုတာ အေကာင္းဘက္ကိုေမွ်ာ္လင့္ပါတယ္။ ေ႐ြး ေကာက္ပြဲကေတာ့ အပိုင္းလိုက္ ခြဲကိုလုပ္မွရမွာကိုး။ လက္ရွိအေျခအေနအရကို မလုပ္မေန ဒီလိုပဲလုပ္ မွာျဖစ္လို႔ လုပ္တာေပါ့။ အျပစ္ေျပာစရာေတာ့ မရွိပါ ဘူး။ အားလုံးၿပီးသြားမွဆို ဘယ္အခ်ိန္လည္းမသိဘူး ေလ။ ဒါက တိုင္းျပည္ရဲ႕ထြက္ေပါက္၊ လူထုရဲ႕ထြက္ ေပါက္ျဖစ္လို႔ အျမန္ဆန္ဆုံးလုပ္တာကို ႀကိဳဆိုပါ တယ္။ ႏွစ္ပိုင္းေလာက္ပဲ ခြဲလုပ္မယ္ထင္ပါတယ္။ ဒီ တစ္ပိုင္းၿပီးရင္ ေနာက္တစ္ပိုင္းေလာက္ဆို အိုေခ သြားလိမ့္မယ္ ထင္ပါတယ္။ အခုကေတာ့ နံပါတ္တစ္ အေရးႀကီးဆုံးကေတာ့ ရန္ပုံေငြအခက္အခဲပါ။ ဒီ အခ်ိန္မွာ အကုန္လုံးက အားလုံး သူေဌးကေနစၿပီး ေအာက္ေျခအထိ အသီးသီး ဒုကၡေရာက္ေနတာကိုး။ အလုပ္လုပ္ရတာ အဆင္မေျပဘူး အစစအရာရာပါပဲ။ အရင္ေ႐ြးေကာက္ပြဲေတြတုန္းက ေ႐ြးေကာက္ပြဲ အတြက္ ပါတီကိုလာၿပီး လႉဒါန္းတဲ့ေငြေတြ ဘာေတြ က ဒါကအဆင္ေျပေသးတယ္ေပါ့။ ဒီဘက္အခ်ိန္ မွာေတာ့ အကုန္လုံးက အခက္အခဲအက်ပ္အတည္း ျဖစ္ေနေတာ့ ရန္ပုံေငြက အခက္အခဲရွိမယ္ ထင္ပါ တယ္။ က်န္တဲ့ ဟာကေတာ့ အခက္အခဲ ဒီေလာက္ မရွိပါဘူး။

ဦးသိန္းထြန္းဦး - ေျပာေရးဆိုခြင့္ရွိသူ ( ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရးပါတီ -USDP)
ဒီေ႐ြးေကာက္ပြဲက လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္မယ္လို႔ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။ ေနာက္ၿပီးေတာ့ သူတို႔ျပ႒ာန္းခ်က္ေတြအရ ပါတီတစ္ခုတည္းအစား All inclusive ျဖစ္ေအာင္ ေဆာင္႐ြက္ထားတယ္လို႔ ျမင္ပါတယ္။ သူကေတာ့ ႏိုင္ငံရဲ႕လက္ရွိျဖစ္တည္ေနမႈအေပၚမွာ ႏိုင္ငံေရးပါတီအစုံ ပါဝင္ႏိုင္ေအာင္လို႔ ဒါကို မဲဆႏၵနယ္ေတြ သတ္မွတ္တယ္။ FPTP နဲ႔ PR ကို ေရာေႏွာ စနစ္ေပါ့ေနာ္ က်င့္သုံးထားတယ္။ ဒီလို က်င့္သုံးထားမႈအေပၚမွာ လက္ရွိႏိုင္ငံရဲ႕ အေျခအေန၊ ေနာက္ ဒီမိုကေရစီ နဲ႔ ဖက္ဒရယ္ အေျခခံတဲ့ ျပည္ ေထာင္စုကို သြားေနတဲ့စနစ္ပုံစံမ်ိဳးကို ဒီ မဲဆႏၵနယ္ေတြ ခြဲထားတယ္လို႔ ျမင္ပါတယ္။ ဒီလို အပိုင္းလိုက္ ခြဲတယ္ ဆိုတာကေတာ့ (၂၀ဝ၈) ခုႏွစ္ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲက်င္းပတာ ၾကားျဖတ္ သုံးခုနဲ႔ဆို ေျခာက္ႀကိမ္ေပါ့။ ဒီ (၆) ႀကိမ္မွာ ဒီလိုအပိုင္းလိုက္ခြဲျခားထားတာ မရွိဘူး။ တျခားေသာ ႏိုင္ငံေတြမွာလည္း ဒီလိုခြဲလုပ္တာ ရွိသလို ကြၽန္ေတာ္ တို႔ သမိုင္းမွာေပါ့ေနာ္ ရွိခဲ့တယ္ဆိုၿပီး ေတြ႕ရတယ္ဗ်။ ခြဲျခင္း၊ မခြဲျခင္းထက္ ေ႐ြးေကာက္ပြဲ ေအာင္ ေအာင္ျမင္ျမင္ျဖစ္သြားဖို႔က အေရးႀကီးတယ္လို႔ ျမင္ပါတယ္။ အပိုင္းအားျဖင့္ ကြၽန္ေတာ့္အျမင္ ေျပာရရင္ေတာ့ အနည္းဆုံး (၃) ပိုင္းေလာက္ ခြဲလုပ္မယ္လို႔ ျမင္ပါတယ္။ ဒါကြၽန္ေတာ့္အျမင္ သက္ သက္ ျဖစ္ပါတယ္။ အဓိကေတာ့ မဲဆြယ္စည္း႐ုံးတဲ့ ေနရာမွာ နယ္ေျမတိုင္းက ယခင္ကဲ့သို႔ အုန္းအုန္း ကြၽက္ကြၽက္လုပ္ႏိုင္ပါ့မလားဆိုတာ ဒါကြၽန္ေတာ္ စဥ္းစားမိ တဲ့ အပိုင္းေလး ျဖစ္ပါတယ္။ အဲဒီလို လုပ္မယ္ဆိုရင္ လည္း သတ္မွတ္ျပ႒ာန္းထားတဲ့ ဥပေဒေတြရွိပါတယ္။ ဥပေဒနဲ႔အညီ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြက လုံၿခဳံေရးအရ ေဆာင္႐ြက္ၾက လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ နဂိုတုန္းကလည္း ကိုယ္စားလွယ္ေတြ မဲဆြယ္စည္း႐ုံးရင္ လုံၿခဳံေရး ေပးရတာရွိပါတယ္။ သို႔ေသာ္လည္းပဲ အခုက ေ႐ြးေကာက္ပြဲကို ေႏွာင့္ယွက္ဖ်က္ဆီးသူေတြကို ဟန႔္တားတဲ့ဥပေဒ ေပၚေပါက္လာတဲ့အတြက္ ပိုမိုၿပီး တင္းၾကပ္တဲ့ လုံၿခဳံေရးေပးၿပီးေဆာင္႐ြက္ဖြယ္ ရွိတယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။ အခက္အခဲ အားျဖင့္ကေတာ့ ေနရာေဒသအလိုက္ မတူကြဲျပားမႈ ေတြျဖစ္ေပၚတဲ့ အခက္အခဲေတြ ျဖစ္လိမ့္မယ္လို႔ ဒီလိုျမင္ပါတယ္။

ဦးစိုင္းအိုက္ေပါင္း - ဥကၠ႒ (ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ )
ေ႐ြးေကာက္ပြဲကေတာ့ အခုက ျပည္သူ႔ လႊတ္ေတာ္က FPTP နဲ႔ လုပ္တာ အရင္ပုံစံပါပဲ။ အမ်ိဳးသားလႊတ္ေတာ္ကေတာ့ FPTP တစ္ဝက္၊ PR တစ္ဝက္ေပါ့ေနာ္။ အလားတူပဲ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ကလည္း FPTP တစ္ဝက္၊ PR တစ္ဝက္ အဲဒီလို ျဖစ္ေနတယ္ေနာ္။ PR နဲ႔ လုပ္ေတာ့ ႏိုင္ငံေရးပါတီေတြက ေတာ္ေတာ္ပါလာမယ္လို႔ အဲဒီလိုယုံၾကည္ရတာေပါ့ေနာ္။ (ဒီေ႐ြးေကာက္ပြဲက ျမန္မာ့ႏိုင္ငံေရးအတြက္ အေျဖလို႔) ေျပာလို႔ရတာေပါ့။ အဲဒီလိုေျပာလို႔ရတာေပါ့။ ကြၽန္ေတာ္တို႔ အဆင္သင့္ ေတာ့ ျပင္ထားတယ္။ ကြၽန္ေတာ္တို႔လူေတြကို ရပ္ေက်းစည္း႐ုံးေရးမႉးေတြလည္း အဆင္သင့္လုပ္ထားတယ္ဗ်။ ကြၽန္ေတာ္တို႔ ကေတာ့ ေ႐ြးေကာက္ပြဲ အပိုင္းလိုက္ လုပ္မယ္ဆိုေတာ့ အဆင္သင့္ ျဖစ္ေအာင္ေတာ့ လုပ္ ထားတယ္။ ေအာက္ေျခမွာလည္း အားရတယ္လို႔ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္တယ္ေလ။ အပိုင္းလိုက္လုပ္ မယ္ဆိုရင္ေတာ့ တစ္မ်ိဳးေျပာရင္ ေကာင္းတာေပါ့။ ကြၽန္ေတာ္တို႔ပါတီေတြက တစ္ႏိုင္ငံလုံးလုပ္မယ္ဆို ရင္ ကတိုက္က႐ိုက္လုပ္ရတာေပါ့။ အခုအပိုင္းလိုက္ ဆိုရင္ အတိအက် သိလာၿပီဆိုရင္ အင္အားျဖည့္ၿပီး ေတာ့ လုပ္လို႔ရတာေပါ့။ ဒါလည္း တစ္မ်ိဳးေကာင္းတယ္ လို႔ ေျပာလို႔ရတယ္။ ကြၽန္ေတာ္တို႔ အခက္အခဲက ေငြေရးေၾကးေရးပဲ ရွိတာပါ။ တျခားအခက္အခဲ မရွိပါ ဘူး။ ေငြေရးေၾကးေရး အခက္အခဲလည္း ကြၽန္ ေတာ္တို႔ ေက်ာ္ျဖတ္ေအာင္ လုပ္ရမွာေပါ့။ ရွိတဲ့ဟာ ေလးေတြ ေရာင္းခ်ၿပီး လုပ္ရမွာေပါ့ေနာ္။ ၿပိဳင္ၿပီပဲ ေလ ေနရာတစ္ခုရေအာင္ေတာ့လုပ္ရမွာေပါ့။ ျပည္သူ႔ အက်ိဳးကို လုပ္ရမွာကိုး။

ဦးတင္ေဆြ - ဒုတိယဥကၠ႒ ( ဒီမိုကရက္တစ္ပါတီ -ျမန္မာ)
တကယ္ေတာ့ ေ႐ြးေကာက္ပြဲက ထြက္ေပါက္ မဟုတ္ဘူး။ (၂၀ဝ၈) မရွိခင္ နအဖ၊ နဝတ လက္ ထက္က ဖြဲ႕စည္းပုံ အေျခခံဥပေဒ မရွိဘူး။ ျပည္ပ က ဖိအားေပးေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊက ေညာင္ ႏွစ္ပင္ ညီလာခံလုပ္ၿပီး ဖြဲ႕စည္းပုံဆြဲတယ္။ ယူနီ ေဖာင္း ဝတ္တဲ့စစ္အစိုးရကမွ ဖြဲ႕စည္းပုံ ဆြဲၿပီး ေ႐ြး ေကာက္ပြဲ လုပ္ေပးတာ။ ဒါကမွ ထြက္ေပါက္။ ဖြဲ႕စည္း ပုံအရ အာဏာထိန္းခ်ိန္မွာ သူအာဏာထိန္းတာက မနက္ (၄) နာရီေက်ာ္မွာ ထိန္းတာ။ (၁၀) နာရီ ထိုး ရင္ လႊတ္ေတာ္ေခၚၿပီး အစိုးရအဖြဲ႕ ေ႐ြးမယ္။ အုပ္ ခ်ဳပ္ေရးအခန္းက႑မွာ သမၼတဦးဝင္းျမင့္က အမတ္ ဝင္ ေ႐ြးေတာ့ သမၼတက ဒုတိယ သမၼတ ဦးျမင့္ေဆြ နဲ႔ ဦးဗန္ထီးယူပဲ ရွိတယ္ေလ။ ဆိုေတာ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံကလည္း ဝင္အေ႐ြးခံတယ္။ သူတို႔က ဝင္ေ႐ြးလိုက္တာေလ။ သူတို႔ ဝင္ယူၿပီး မနက္ (၁၀) နာရီေက်ာ္ၿပီးရင္ လႊတ္ေတာ္ေခၚၿပီး အစိုးရ ဖြဲ႕ေတာ့ မယ္။ မဖြဲ႕ခင္မွာ ကာလုံ က မွ အာဏာထိန္းၿပီး နစက ကို ေပးလိုက္တယ္။ အဲဒီအခ်ိန္မွာ အစိုးရ မရွိေသး ဘူး။ ေ႐ြးေကာက္ပြဲကို မလုပ္လို႔ မရဘူး။ (၂၀ဝ၈) က မပ်က္ေတာ့ အဲဒီအတိုင္း သြားေနတာေလ။ ဖြဲ႕ စည္းပုံ အေျခခံဥပေဒအတိုင္း သြားေနတာေလ။ လႊတ္ေတာ္သက္တမ္းကုန္တဲ့ အခ်ိန္မွာ လုပ္တယ္ ေနာက္အစိုးရ ေပၚဖို႔ ေ႐ြးေကာက္ပြဲက လုပ္ကို လုပ္ ရမယ္ ဒါပုံမွန္ပဲ။ ဒါေတာ့ ထြက္ေပါက္မဟုတ္ဘူး တပ္ မေတာ္က သူ႔တာဝန္သူ ထမ္းတာေလ။ သူ႔တာဝန္သူ ထမ္းတာက တစ္မ်ိဳးႀကီး ျဖစ္သြားတာေပါ့။ ကာလုံကမွ သူ႔ကို တာဝန္ေပးၿပီး ဖြဲ႕ေတာ့ လမ္းျပေျမပုံငါးခ်က္မွာ ေ႐ြးေကာက္ပြဲ လုပ္ေပးရမယ္ ေျပာတာေလ။ ဖြဲ႕စည္း ပုံ ေပးထားတဲ့အတိုင္းလုပ္တာေလ။ မဲဆႏၵနယ္ နယ္ ေျမကေတာ့ ထိုင္းမွာလည္း ေအာက္လႊတ္ေတာ္မွာ PR နဲ႔ FPTP ေပါ့။ PR ကေတာ့ ေကာင္းပါတယ္။ ေရာေထြးၿပီး လုပ္တာကေတာ့ အားနည္းတယ္လို႔ ျမင္ တယ္။ မဲေပးစက္ေတြနဲ႔ ပတ္သက္လို႔ကေတာ့ နဂို တည္းက သေဘာက်တယ္။ အိႏၵိယက ၾကည့္လာတာ ေလ။ မွားၿပီးထည့္ရင္ မွားထည့္တဲ့လိုဂို ရွိတဲ့သူက ရသြားမယ္။ အရင္ကဆို တံဆိပ္တုံး ႐ိုက္တာက ဟို ဘက္ ပါတယ္၊ ဒီဘက္ပါတယ္ အျငင္းပြားတယ္။ အခုကေတာ့ မရွိေတာ့ဘူး။ မဲေပးစက္ကို သေဘာက် ပါတယ္။ အပိုင္းကေတာ့ မသိေပမယ့္ သုံးပိုင္းေလာက္ ေတာ့ ေ႐ြးေကာက္ပြဲကို ခြဲလိမ့္မယ္။ ဖဆပလ လက္ ထက္ကလည္း လုပ္ခဲ့တာရွိတယ္။ ဒါေတြက ခက္ခဲ တာ မဟုတ္ဘူး။ (၂၀ဝ၈) ဖြဲ႕စည္းပုံကို ဆႏၵခံယူေတာ့ လည္း နာဂစ္ျဖစ္လို႔ ဧရာဝတီတိုင္းမွာ မလုပ္ဘူးေလ။ ကြမ္းၿခံကုန္း၊ ေကာ့မႉးကလည္း ေနာက္ေတာ့မွလုပ္ တယ္ ဒီလိုသြားတာ။ တစ္ခုပဲ စိုးရိမ္တယ္။ ဘာစိုးရိမ္ လဲဆိုေတာ့ NSPNC ေတြ႕ဆုံပြဲမွာ ေျပာဖူးတယ္။ တပ္မေတာ္က အခိုင္အမာ တပ္စြဲထားရင္ အေၾကာင္း မဟုတ္ဘူး။ မစြဲထားတဲ့ ေနရာမွာ (၂၀) ေ႐ြးေကာက္ပြဲ နဲ႔ မဲဆႏၵေတြက အမွန္ေတြ ျဖစ္ပါ့မလား စိုးရိမ္တယ္။ (၂၀၁၀) ေ႐ြးေကာက္ပြဲ၊ (၂၀၁၅) ေ႐ြးေကာက္ပြဲေပါ့။ ၿပီးရင္ (၂၀၂၀) ေ႐ြးေကာက္ပြဲတုန္းကေတာ့ ကိုဗစ္ ျဖစ္တဲ့ ကာလေပါ့။ (၂၀၂၅) ကေတာ့ အခက္အခဲ အခ်ိန္ဆုံးပဲလို႔ ေျပာတယ္။ ေျပာျပလို႔ မရေအာင္ အခက္အခဲေတြ ရွိပါတယ္။ ေငြေရးေၾကးေရးက အစ သို႔ေသာ္လည္း ေဘာလုံးကန္တာမွာလည္း ၿပိဳင္ဆိုင္မႈ၊ စိန္ေခၚမႈ ရွိတာပဲ။ ႏိုင္ငံေရးမွာလည္း ရွိတာပဲ။ ၿပိဳင္ ဆိုင္မႈေတြ၊ စိန္ေခၚမႈေတြ ေၾကာက္ရင္ ႏိုင္ငံေရးပါတီ မေထာင္နဲ႔။ စိန္ေခၚမႈေတြ ေလွ်ာက္ေျပာေနရင္ အပ်ိဳႀကီးလိုေပါ့ ဟိုသတို႔သားလည္း မတန္ဘူး၊ ဒီ သတို႔သားလည္း မတန္ဘူးဆို အပ်ိဳႀကီး ျဖစ္သြားမွာပဲ။ စိန္ေခၚမႈကေတာ့ ရွိမွာပဲ ဒါကို ရပ္တည္ႏိုင္တာ ႏိုင္ငံ ေရး ပါတီလို႔ ေခၚဆိုတယ္။ အခုလည္း စိန္ေခၚမႈ ရွိ ေပမယ့္ ဒါက သဘာဝပါပဲလို႔ ကြၽန္ေတာ္ ေျပာခ်င္ပါ တယ္။

Related news

© 2021. All rights reserved.