ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခနှင့် ဒီဂျစ်တယ်စစ်မြေပြင်

 348

သန်းထိုက်စိုး (NP News) - သြဂုတ် ၂၆

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများအပြင် ထိန်းချုပ်ရန်ခက်ခဲပြီး နယ်စပ်ဒေသကို ကျော်လွန် တိုက်ခိုက်နေသည့် ဒီဂျစ်တယ်စစ်မြေပြင်သစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ စစ်မြေပြင်တွင် hashtag များ၊ အတုအယောင်ဗီဒီယိုများသည် အမြောက် ကျည်ဆန်များကဲ့သို့ပင် အစွမ်းထက်လာခဲ့သည်။ သို့သော် နှစ်နိုင်ငံ၏ချဉ်းကပ်ပုံမှာ ကွဲပြားသည်။ ထိုင်းတော်ဝင်တပ်မတော်သည် လူမှုကွန်ရက် မဲဆွယ် စည်းရုံးမှုများမှတစ်ဆင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်နေချိန်တွင် ကမ္ဘောဒီးယားအစိုးရနှင့် ၎င်း၏ လက်အောက်ခံမီဒီယာများသည် အကြောင်းအရာ များကို ခြယ်လှယ်၍ ဝါဒဖြန့်ချိနေသည်။
ထိုင်းနိုင်ငံတွင် တပ်မတော်၏ ဒီဂျစ်တယ် မဟာဗျူဟာသည် (ထိုင်းတွေက ငြိမ်းချမ်းရေးကို ချစ်တယ်၊ ဒါပေမဲ့ စစ်ဖြစ်ရင်မကြောက်ဘူး)၊ (ကမ္ဘော ဒီးယားက အရင်ပစ်တယ်) နှင့် #Cambodia Openedfire ကဲ့သို့သော hashtag များဖြင့် ပြည်သူ လူထု၏ထောက်ခံမှုကို ရယူရန်ပေါ်တွင်မူတည်သည်။ hashtag များသည် ဇူလိုင် (၂၄) ရက်က ဖြစ် ပွားခဲ့သောတိုက်ခိုက်မှုများတွင် ကမ္ဘောဒီးယားက စတင်ကျူးကျော်သူဖြစ်ကြောင်း ပုံဖော်ရန်ဖြစ်ပြီး ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားနှင့်စစ်သည် အနည်းဆုံး (၂၀) သေဆုံးခဲ့ရပြီး နယ်စပ်ကျေးရွာများမှ အရပ်သား (၉၇ယဝဝဝ) ကို ပြည်နယ်လေးခုရှိ သတ် မှတ်ထားသော ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်း ခဲ့ရသည်။ hashtag များ အသုံးပြုရန် ပြည်သူများကို တိုက်တွန်းခြင်းသည် နက်ရှိုင်းစွာအမြစ်တွယ်နေ သော အမျိုးသားရေးဝါဒကိုအားကောင်းစေပြီး နိုင်ငံ တော်၏ရည်မှန်းချက်များအတွက် ဒစ်ဂျစ်တယ် ဆွေး နွေးမှုများတွင် ပြည်သူများ၏ပါဝင်မှုကို အင်အား ဖြည့်တင်းသည့် ]သတင်းအချက်အလက်စုစည်း ခြင်း} မဟာဗျူဟာကို ရောင်ပြန်ဟပ်နေသည်။ ကမ္ဘောဒီးယားဘက်တွင်မူ နိုင်ငံတော်နှင့် ဆက်စပ်နေ သော သရုပ်ဆောင်များသည် ၎င်းတို့နှင့်ပူးပေါင်း ထားသည့်မီဒီယာများနှင့် လူမှုကွန်ရက်များကို အသုံးပြု၍ ပြန်လှန်ပြောဆိုမှုများကို ဖြန့်ချိခဲ့သည်။ ဟွန်ဆန်သည် ၎င်း၏တရားဝင်စာမျက်နှာတွင် ထို ဖြစ်ရပ်ကို ထိုင်းနိုင်ငံ၏ ကျူးကျော်မှုအတွက် ပြန် လည်လက်စားချေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပဋိပက္ခ၏ ရှုပ်ထွေးသောသဘာဝအရ မည်သူက အရင်စပစ်သည်ကို အတိအကျသိရန်ခက်ခဲသော် လည်း ယင်းသို့တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားမီဒီယာ နှင့် အွန်လိုင်းဩဇာလွှမ်းမိုးနိုင်သူများက " ထိုင်း လေကြောင်းတိုက်ခိုက်မှု" ဟူသော ဗီဒီယိုအတုတစ်ခု ကို ဖြန့်ဝေခဲ့သည်။ ယင်းဗီဒီယိုကို အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ပြီး ထိုင်း၏ရန်လိုသော ကျူးကျော်မှုကို ကမ္ဘောဒီးယားစစ်တပ်က အောင်မြင် စွာတွန်းလှန်ခဲ့ပုံကို ပုံဖော်ခဲ့သည်။ ထပ်မံစစ်ဆေး ကြည့်သောအခါ ထိုင်းဂျက်လေယာဉ်တစ်စင်း ပစ်ချခံရသည်ဟုထင်ရသော ထိုဗီဒီယိုသည် အမှန် တကယ်တွင် ရုရှား-ယူကရိန်းစစ်ပွဲမှ ပြန်လည်အသုံး ပြုထားသည့်ဗီဒီယိုဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါဗီဒီယို၏ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယား ပြည်တွင်းထောက်ခံမှုကို စုစည်းရန်နှင့် အောင်မြင် စွာခုခံတွန်းလှန်နိုင်သည့် ပုံရိပ်ကိုဖော်ပြခြင်းဖြင့် ပြည်သူ့စိတ်ဓာတ်ကို မြှင့်တင်ရန် ဖြစ်သည်။ အဆိုပါ နည်းဖြင့် ကမ္ဘောဒီးယားစစ်တပ်သည် ထိုင်းလေ တပ် ကိုအနိုင်ယူနိုင်ကြောင်းအကြံပြုပြီး ကမ္ဘောဒီးယား သည် ကြံ့ကြံ့ခံနိုင်သော အင်အားနည်းသူဖြစ် ကြောင်း သရုပ်ဖော်သည့်အခြေအမြစ်ကို ခိုင်မာစေ သည်။ ၎င်းသည် ပြန်လည်အသုံးပြုထားသည့် နိုင်ငံခြားဗီဒီယိုများကို မကျေနပ်မှုဖြစ်စေရန်နှင့် ပြည်သူလူထု၏ အမြင်ကို ခြယ်လှယ်ရန် မဟာဗျူဟာ မြောက်စွာအသုံးပြုသည့် အခြားပဋိပက္ခများမှ နည်း ဗျူဟာများကိုလည်း ထင်ဟပ်နေသည်။
ယခုပဋိပက္ခတွင် လူမှုကွန်ရက်ကို မဟာ ဗျူဟာမြောက်အသုံးပြုနေသည်ကို တွေ့ရသည်။ ထိုင်းများသည် အဓိကအားဖြင့် သတင်းများပျံ့နှံ့စေရန် အသုံးပြုနေချိန်တွင် ကမ္ဘောဒီးယားတို့က ပိုမိုသိသာ ထင်ရှားသော လိမ်လည်လှည့်ဖြားသည့် နည်းဗျူဟာ များကို အသုံးပြုခဲ့သည်။ ထိုင်းစစ်တပ်သည် ခေတ် စားနေသော hashtag များ၊ ညှိနှိုင်းဆောင်ရွက်ထား သည့် သတင်းလှုပ်ရှားမှု များမှတစ်ဆင့် ပြည်သူ့ စိတ် ခံစားချက်ကို တိုးပွားစေသော " ပြည်သူများ၏ အမျိုးသားရေးဝါဒ" ကို အားကိုးသည်။ ကမ္ဘောဒီးယား ကမူ သတင်းအချက်အလက်ကို ရှုပ်ထွေးစေရန် ပြုပြင်ထားသော ဗီဒီယိုများ၊ ဓာတ်ပုံအတုများနှင့် အကြောင်းအရာများ ခြယ်လှယ်မှုများကို အသုံးချ နေသည်။ အဆိုပါ မဟာဗျူဟာနှစ်ရပ်စလုံးသည် ဆိုက်ဘာနယ်ပယ်ရှိ အရပ်သားနှင့် စစ်ဘက်နယ်ပယ် အကြားကွာဟမှု ကျဉ်းမြောင်းပြီး ပိုမိုကျယ်ပြန့်သော ခေတ်ရေစီးကြောင်းကို ရောင်ပြန်ဟပ်နေသည်။ သတင်းအချက်အလက်ကိရိယာများ ပိုမိုလွယ်ကူစွာ ရရှိလာခြင်းသည် စမတ်ဖုန်းတိုင်းသည် သတင်းစစ်ပွဲ တွင် စစ်သား၊ သတင်းထောက် သို့မဟုတ် သာမန် အရပ်သားတစ်ဦးဦးက ကိုင်စွဲအသုံးပြုနိုင်သည့် အလားအလာရှိသော လက်နက်တစ်ခု ဖြစ်လာစေပြီး ဒီဂျစ်တယ်ခေတ်တွင် " စစ်မြေပြင်အခြေအနေကို သဲကွဲမှုမရှိစေခြင်း" ကို ဖန်တီးပေးသည်။
လက်ရှိတိုက်ခိုက်မှုများမှာ နိုင်ငံအချင်း ချင်း စစ်ပွဲအဖြစ် မသတ်မှတ်သေးသော်လည်း ထိုင်း - ကမ္ဘောဒီးယား ဆိုက်ဘာတိုက်ခိုက်မှုသည် နိုင်ငံ တကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International humanitarian lawIHL)တွင် ကွာဟချက်တစ်ခုရှိနေကြောင်း ထင်ဟပ်နေခြင်း ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ရှင်း လင်းသောဥပဒေမူဘောင်များအောက်တွင် ထိန်း ချုပ်ထားသော်လည်း လိမ်လည်မှုနှင့် သတင်းအချက် အလက်ခြယ်လှယ်မှုများကိုမူ IHL အရ ယေဘုယျ အားဖြင့် တားမြစ်ထားခြင်းမရှိပေ။ နိုင်ငံတကာ လူ သားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးတွင် အထူးပြုသည့်ဘွဲ့လွန်ဗဟို ဌာနဖြစ်သော Geneva Academy က " IHL သည် စစ်ပွဲအတွင်း သတင်းအချက်အလက်လွှမ်းမိုးမှုဆိုင်ရာ လုပ်ဆောင်ချက်များကို ရှင်းလင်းစွာ တားမြစ်ထား ခြင်းမရှိ" ဟု မှတ်ချက်ပြုထားသည်။ ယင်းတွင် လိမ် လည်လှည့်ဖြားမှု၊ စစ်ရာဇဝတ်မှုများကို လှုံ့ဆော်မှု သို့မဟုတ် ကာကွယ်ထားသောပုဂ္ဂိုလ်များ သို့မဟုတ် အရာဝတ္ထုများကို တိုက်ရိုက်ပစ်မှတ်ထားမှုများမှလွဲ၍ ဖြစ်သည်။ ဥပဒေရေးရာ မရှင်းလင်းမှုသည် မီးခိုး ရောင်နယ်ပယ်တစ်ခုကို ဖန်တီးပေးပြီး နိုင်ငံများနှင့် နိုင်ငံမဟုတ်သော သရုပ်ဆောင်များသည် ဒီဂျစ် တယ်ပလက်ဖောင်းများကိုအသုံးချကာ အကြောင်း အရာများကို ပုံဖော်ရန်၊ အမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော်ရန်၊ အမှန်နှင့်အမှားကြား မျဉ်းကြောင်းကို မှုန်ဝါးစေရန် ပြုလုပ်နိုင်သည်။
သို့သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုများမှာကြီးမားသည်။ နိုင်ငံတကာ ကြက်ခြေနီကော်မတီက ပဋိပက္ခဇုန်များတွင် သတင်းအမှားများဖြန့်ဝေခြင်းသည် အရပ်သားများကို တိုက်ရိုက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း အလေးပေးဖော်ပြခဲ့သည်။ အထူးသဖြင့် အမှားအယွင်းရှိသော အကြောင်းအရာများက အမှန်တကယ်ချိုးဖောက်မှုများကို ဖုံးကွယ်ထားလျှင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီ ရယူခွင့်ကို အဟန့်အတားဖြစ်စေလျှင် သို့မဟုတ် လက်စားချေတိုက်ခိုက်မှုများကို လှုံ့ဆော်လျှင် ဖြစ်သည်။ ထို့ပြင် ဒီဂျစ်တယ် သတင်းအမှားများသည် နိုင်ငံများ၏ ခွဲခြားသိမြင်နိုင်မှုနှင့် မျှတမှုဆိုင်ရာ အခြေခံမူများကိုလိုက်နာရန် တာဝန်ဝတ္တရား များကို ရှုပ်ထွေးစေနိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ မှားယွင်း သောသတင်းအချက်အလက်များ သို့မဟုတ် ခြယ်လှယ် ထားသော ပြည်သူလူထု၏ဖိအားကြောင့် လွှမ်း မိုးခံရသော စစ်ဆင်ရေးဆိုင်ရာဆုံးဖြတ်ချက်များသည် အဆိုပါအခြေခံစံနှုန်းများကို ချိုးဖောက်နိုင် သောကြောင့်ဖြစ်သည်။ ထိုင်း-ကမ္ဘောဒီးယား အခြေအနေတွင် မှားယွင်း သောပြောဆိုချက်များ ဖြန့်ဝေ ခြင်းသည် ပြည်သူ့စိတ်ခံစားချက်ကိုလှုံ့ဆော်ပေးပြီး နိုင်ငံရေးနှင့်စစ်ရေးတင်းမာမှု များကို လျှော့ချရန်ပိုမို ခက်ခဲစေသည်။ ဤဆောင်းပါးရေးသားချိန်တွင် ထိုင်း ဩဇာလွှမ်းမိုးသူအချို့က ထိုင်းနိုင်ငံတွင်နေထိုင် သော ကမ္ဘောဒီးယားလူမျိုးများအပေါ် အကြမ်းဖက်မှု လှုံ့ဆော်သည့်အကြောင်းအရာများကို ဖန်တီးခဲ့သည် သို့မဟုတ် ဗီဒီယိုရိုက်ကူးနေစဉ် ၎င်းတို့ကို တိုက်ခိုက် ခဲ့သည့်ကိစ္စများပင် ရှိနေပြီဖြစ်သည်။
အန္တရာယ်များရှိနေသော်လည်း လက်ရှိ ဥပဒေဆိုင်ရာများသည် စစ်ပွဲများတွင် ရည်ရွယ် ချက်ရှိရှိ မှားယွင်းသော သို့မဟုတ် လမ်းမှားဖြစ်စေ သော သတင်းအချက်အလက်များဖြန့်ဝေခြင်းကို ထိန်းချုပ်ရန် မလုံလောက်သေးပေ။ ၎င်းတို့သည် တိုက်ရိုက်တရားမဝင်တိုက်ခိုက်မှုများကို ကူညီပေး ခြင်း သို့မဟုတ် တားမြစ်ထားသော အပြုအမူများ ဖြစ်မလာစေသရွေ့သာထိန်းချုပ်နိုင်ပါသည်။ ယင်း မှာ ဒီဂျစ်တယ်ခေတ်စစ်ပွဲများတွင် သတင်းအမှား များကြောင့် ဖြစ်ပေါ်လာသော ထူးခြားသည့် စိန်ခေါ်မှု များကိုကိုင်တွယ်ဖြေရှင်းမည့် ပိုမိုရှင်းလင်းသော ဥပဒေမူဘောင်များနှင့် လမ်းညွှန်ချက်များကို နိုင်ငံတကာအသိုင်းအဝိုင်းက အရေးတကြီးလိုအပ်နေ ကြောင်း ထင်ဟပ်ဖော်ပြနေခြင်းဖြစ်သည်။ အနည်း ဆုံးတော့ နိုင်ငံတကာအကူအညီပေးရေးဥပဒေ IHL ကို ပြန်လည်ပြင်ဆင်သင့်ပြီး အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခ အလယ်တွင်ပိတ်မိနေသော အရပ်သားများကိုထိခိုက်စေနိုင်သည့် သတင်းအမှားများပါဝင် သော လွှမ်းမိုးမှုဆိုင်ရာလုပ်ဆောင် ချက်များကို တားဆီးရန်ဖြစ်သည်။

Zawgyi Version:
ထိုင္း-ကေမာၻဒီးယားနယ္စပ္ပဋိပကၡႏွင့္ ဒီဂ်စ္တယ္စစ္ေျမျပင္
သန္းထိုက္စိုး (NP News) - ၾသဂုတ္ ၂၆
ကေမာၻဒီးယားႏွင့္ ထိုင္းႏိုင္ငံအၾကား ျဖစ္ပြားေနေသာ လက္နက္ကိုင္တိုက္ပြဲမ်ားအျပင္ ထိန္းခ်ဳပ္ရန္ခက္ခဲၿပီး နယ္စပ္ေဒသကို ေက်ာ္လြန္ တိုက္ခိုက္ေနသည့္ ဒီဂ်စ္တယ္စစ္ေျမျပင္သစ္တစ္ခု ေပၚေပါက္လာခဲ့သည္။ စစ္ေျမျပင္တြင္ hashtag မ်ား၊ အတုအေယာင္ဗီဒီယိုမ်ားသည္ အေျမာက္ က်ည္ဆန္မ်ားကဲ့သို႔ပင္ အစြမ္းထက္လာခဲ့သည္။ သို႔ေသာ္ ႏွစ္ႏိုင္ငံ၏ခ်ဥ္းကပ္ပုံမွာ ကြဲျပားသည္။ ထိုင္းေတာ္ဝင္တပ္မေတာ္သည္ လူမႈကြန္ရက္ မဲဆြယ္ စည္း႐ုံးမႈမ်ားမွတစ္ဆင့္ အမ်ိဳးသားေရးစိတ္ဓာတ္ကို ျမႇင့္တင္ေနခ်ိန္တြင္ ကေမာၻဒီးယားအစိုးရႏွင့္ ၎၏ လက္ေအာက္ခံမီဒီယာမ်ားသည္ အေၾကာင္းအရာ မ်ားကို ျခယ္လွယ္၍ ဝါဒျဖန႔္ခ်ိေနသည္။
ထိုင္းႏိုင္ငံတြင္ တပ္မေတာ္၏ ဒီဂ်စ္တယ္ မဟာဗ်ဴဟာသည္ (ထိုင္းေတြက ၿငိမ္းခ်မ္းေရးကို ခ်စ္တယ္၊ ဒါေပမဲ့ စစ္ျဖစ္ရင္မေၾကာက္ဘူး)၊ (ကေမာၻ ဒီးယားက အရင္ပစ္တယ္) ႏွင့္ #Cambodia Openedfire ကဲ့သို႔ေသာ hashtag မ်ားျဖင့္ ျပည္သူ လူထု၏ေထာက္ခံမႈကို ရယူရန္ေပၚတြင္မူတည္သည္။ hashtag မ်ားသည္ ဇူလိုင္ (၂၄) ရက္က ျဖစ္ ပြားခဲ့ေသာတိုက္ခိုက္မႈမ်ားတြင္ ကေမာၻဒီးယားက စတင္က်ဴးေက်ာ္သူျဖစ္ေၾကာင္း ပုံေဖာ္ရန္ျဖစ္ၿပီး ထိုတိုက္ခိုက္မႈမ်ားေၾကာင့္ အရပ္သားႏွင့္စစ္သည္ အနည္းဆုံး (၂၀) ေသဆုံးခဲ့ရၿပီး နယ္စပ္ေက်း႐ြာမ်ားမွ အရပ္သား (၉၇ယဝဝဝ) ကို ျပည္နယ္ေလးခုရွိ သတ္ မွတ္ထားေသာ ေဘးကင္းရာေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္း ခဲ့ရသည္။ hashtag မ်ား အသုံးျပဳရန္ ျပည္သူမ်ားကို တိုက္တြန္းျခင္းသည္ နက္ရႈိင္းစြာအျမစ္တြယ္ေန ေသာ အမ်ိဳးသားေရးဝါဒကိုအားေကာင္းေစၿပီး ႏိုင္ငံ ေတာ္၏ရည္မွန္းခ်က္မ်ားအတြက္ ဒစ္ဂ်စ္တယ္ ေဆြး ေႏြးမႈမ်ားတြင္ ျပည္သူမ်ား၏ပါဝင္မႈကို အင္အား ျဖည့္တင္းသည့္ ]သတင္းအခ်က္အလက္စုစည္း ျခင္း} မဟာဗ်ဴဟာကို ေရာင္ျပန္ဟပ္ေနသည္။ ကေမာၻဒီးယားဘက္တြင္မူ ႏိုင္ငံေတာ္ႏွင့္ ဆက္စပ္ေန ေသာ သ႐ုပ္ေဆာင္မ်ားသည္ ၎တို႔ႏွင့္ပူးေပါင္း ထားသည့္မီဒီယာမ်ားႏွင့္ လူမႈကြန္ရက္မ်ားကို အသုံးျပဳ၍ ျပန္လွန္ေျပာဆိုမႈမ်ားကို ျဖန႔္ခ်ိခဲ့သည္။ ဟြန္ဆန္သည္ ၎၏တရားဝင္စာမ်က္ႏွာတြင္ ထို ျဖစ္ရပ္ကို ထိုင္းႏိုင္ငံ၏ က်ဴးေက်ာ္မႈအတြက္ ျပန္ လည္လက္စားေခ်ျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။ ပဋိပကၡ၏ ရႈပ္ေထြးေသာသဘာဝအရ မည္သူက အရင္စပစ္သည္ကို အတိအက်သိရန္ခက္ခဲေသာ္ လည္း ယင္းသို႔တုံ႔ျပန္ခဲ့ျခင္းျဖစ္သည္။
တစ္ခ်ိန္တည္းမွာပင္ ကေမာၻဒီးယားမီဒီယာ ႏွင့္ အြန္လိုင္းဩဇာလႊမ္းမိုးႏိုင္သူမ်ားက " ထိုင္း ေလေၾကာင္းတိုက္ခိုက္မႈ" ဟူေသာ ဗီဒီယိုအတုတစ္ခု ကို ျဖန႔္ေဝခဲ့သည္။ ယင္းဗီဒီယိုကို အြန္လိုင္းတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ေဝခဲ့ၿပီး ထိုင္း၏ရန္လိုေသာ က်ဴးေက်ာ္မႈကို ကေမာၻဒီးယားစစ္တပ္က ေအာင္ျမင္ စြာတြန္းလွန္ခဲ့ပုံကို ပုံေဖာ္ခဲ့သည္။ ထပ္မံစစ္ေဆး ၾကည့္ေသာအခါ ထိုင္းဂ်က္ေလယာဥ္တစ္စင္း ပစ္ခ်ခံရသည္ဟုထင္ရေသာ ထိုဗီဒီယိုသည္ အမွန္ တကယ္တြင္ ႐ုရွား-ယူကရိန္းစစ္ပြဲမွ ျပန္လည္အသုံး ျပဳထားသည့္ဗီဒီယိုျဖစ္ေၾကာင္း ေတြ႕ရွိရသည္။ အဆိုပါဗီဒီယို၏ရည္႐ြယ္ခ်က္မွာ ကေမာၻဒီးယား ျပည္တြင္းေထာက္ခံမႈကို စုစည္းရန္ႏွင့္ ေအာင္ျမင္ စြာခုခံတြန္းလွန္ႏိုင္သည့္ ပုံရိပ္ကိုေဖာ္ျပျခင္းျဖင့္ ျပည္သူ႔စိတ္ဓာတ္ကို ျမႇင့္တင္ရန္ ျဖစ္သည္။ အဆိုပါ နည္းျဖင့္ ကေမာၻဒီးယားစစ္တပ္သည္ ထိုင္းေလ တပ္ ကိုအႏိုင္ယူႏိုင္ေၾကာင္းအႀကံျပဳၿပီး ကေမာၻဒီးယား သည္ ႀကံ့ႀကံ့ခံႏိုင္ေသာ အင္အားနည္းသူျဖစ္ ေၾကာင္း သ႐ုပ္ေဖာ္သည့္အေျခအျမစ္ကို ခိုင္မာေစ သည္။ ၎သည္ ျပန္လည္အသုံးျပဳထားသည့္ ႏိုင္ငံျခားဗီဒီယိုမ်ားကို မေက်နပ္မႈျဖစ္ေစရန္ႏွင့္ ျပည္သူလူထု၏ အျမင္ကို ျခယ္လွယ္ရန္ မဟာဗ်ဴဟာ ေျမာက္စြာအသုံးျပဳသည့္ အျခားပဋိပကၡမ်ားမွ နည္း ဗ်ဴဟာမ်ားကိုလည္း ထင္ဟပ္ေနသည္။
ယခုပဋိပကၡတြင္ လူမႈကြန္ရက္ကို မဟာ ဗ်ဴဟာေျမာက္အသုံးျပဳေနသည္ကို ေတြ႕ရသည္။ ထိုင္းမ်ားသည္ အဓိကအားျဖင့္ သတင္းမ်ားပ်ံ႕ႏွံ႔ေစရန္ အသုံးျပဳေနခ်ိန္တြင္ ကေမာၻဒီးယားတို႔က ပိုမိုသိသာ ထင္ရွားေသာ လိမ္လည္လွည့္ျဖားသည့္ နည္းဗ်ဴဟာ မ်ားကို အသုံးျပဳခဲ့သည္။ ထိုင္းစစ္တပ္သည္ ေခတ္ စားေနေသာ hashtag မ်ား၊ ညႇိႏႈိင္းေဆာင္႐ြက္ထား သည့္ သတင္းလႈပ္ရွားမႈ မ်ားမွတစ္ဆင့္ ျပည္သူ႔ စိတ္ ခံစားခ်က္ကို တိုးပြားေစေသာ " ျပည္သူမ်ား၏ အမ်ိဳးသားေရးဝါဒ" ကို အားကိုးသည္။ ကေမာၻဒီးယား ကမူ သတင္းအခ်က္အလက္ကို ရႈပ္ေထြးေစရန္ ျပဳျပင္ထားေသာ ဗီဒီယိုမ်ား၊ ဓာတ္ပုံအတုမ်ားႏွင့္ အေၾကာင္းအရာမ်ား ျခယ္လွယ္မႈမ်ားကို အသုံးခ် ေနသည္။ အဆိုပါ မဟာဗ်ဴဟာႏွစ္ရပ္စလုံးသည္ ဆိုက္ဘာနယ္ပယ္ရွိ အရပ္သားႏွင့္ စစ္ဘက္နယ္ပယ္ အၾကားကြာဟမႈ က်ဥ္းေျမာင္းၿပီး ပိုမိုက်ယ္ျပန႔္ေသာ ေခတ္ေရစီးေၾကာင္းကို ေရာင္ျပန္ဟပ္ေနသည္။ သတင္းအခ်က္အလက္ကိရိယာမ်ား ပိုမိုလြယ္ကူစြာ ရရွိလာျခင္းသည္ စမတ္ဖုန္းတိုင္းသည္ သတင္းစစ္ပြဲ တြင္ စစ္သား၊ သတင္းေထာက္ သို႔မဟုတ္ သာမန္ အရပ္သားတစ္ဦးဦးက ကိုင္စြဲအသုံးျပဳႏိုင္သည့္ အလားအလာရွိေသာ လက္နက္တစ္ခု ျဖစ္လာေစၿပီး ဒီဂ်စ္တယ္ေခတ္တြင္ " စစ္ေျမျပင္အေျခအေနကို သဲကြဲမႈမရွိေစျခင္း" ကို ဖန္တီးေပးသည္။
လက္ရွိတိုက္ခိုက္မႈမ်ားမွာ ႏိုင္ငံအခ်င္း ခ်င္း စစ္ပြဲအျဖစ္ မသတ္မွတ္ေသးေသာ္လည္း ထိုင္း - ကေမာၻဒီးယား ဆိုက္ဘာတိုက္ခိုက္မႈသည္ ႏိုင္ငံ တကာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ဥပေဒ (International humanitarian lawIHL)တြင္ ကြာဟခ်က္တစ္ခုရွိေနေၾကာင္း ထင္ဟပ္ေနျခင္း ျဖစ္သည္။ ႐ုပ္ပိုင္းဆိုင္ရာတိုက္ခိုက္မႈမ်ားကို ရွင္း လင္းေသာဥပေဒမူေဘာင္မ်ားေအာက္တြင္ ထိန္း ခ်ဳပ္ထားေသာ္လည္း လိမ္လည္မႈႏွင့္ သတင္းအခ်က္ အလက္ျခယ္လွယ္မႈမ်ားကိုမူ IHL အရ ေယဘုယ် အားျဖင့္ တားျမစ္ထားျခင္းမရွိေပ။ ႏိုင္ငံတကာ လူ သားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ဥပေဒႏွင့္ လူ႔အခြင့္အေရးတြင္ အထူးျပဳသည့္ဘြဲ႕လြန္ဗဟို ဌာနျဖစ္ေသာ Geneva Academy က " IHL သည္ စစ္ပြဲအတြင္း သတင္းအခ်က္အလက္လႊမ္းမိုးမႈဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားကို ရွင္းလင္းစြာ တားျမစ္ထား ျခင္းမရွိ" ဟု မွတ္ခ်က္ျပဳထားသည္။ ယင္းတြင္ လိမ္ လည္လွည့္ျဖားမႈ၊ စစ္ရာဇဝတ္မႈမ်ားကို လႈံ႕ေဆာ္မႈ သို႔မဟုတ္ ကာကြယ္ထားေသာပုဂၢိဳလ္မ်ား သို႔မဟုတ္ အရာဝတၳဳမ်ားကို တိုက္႐ိုက္ပစ္မွတ္ထားမႈမ်ားမွလြဲ၍ ျဖစ္သည္။ ဥပေဒေရးရာ မရွင္းလင္းမႈသည္ မီးခိုး ေရာင္နယ္ပယ္တစ္ခုကို ဖန္တီးေပးၿပီး ႏိုင္ငံမ်ားႏွင့္ ႏိုင္ငံမဟုတ္ေသာ သ႐ုပ္ေဆာင္မ်ားသည္ ဒီဂ်စ္ တယ္ပလက္ေဖာင္းမ်ားကိုအသုံးခ်ကာ အေၾကာင္း အရာမ်ားကို ပုံေဖာ္ရန္၊ အမ်ိဳးသားေရးစိတ္ဓာတ္ကို လႈံ႕ေဆာ္ရန္၊ အမွန္ႏွင့္အမွားၾကား မ်ဥ္းေၾကာင္းကို မႈန္ဝါးေစရန္ ျပဳလုပ္ႏိုင္သည္။
သို႔ေသာ္လည္း လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ သက္ေရာက္မႈမ်ားမွာႀကီးမားသည္။ ႏိုင္ငံတကာ ၾကက္ေျခနီေကာ္မတီက ပဋိပကၡဇုန္မ်ားတြင္ သတင္းအမွားမ်ားျဖန႔္ေဝျခင္းသည္ အရပ္သားမ်ားကို တိုက္႐ိုက္ အႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း အေလးေပးေဖာ္ျပခဲ့သည္။ အထူးသျဖင့္ အမွားအယြင္းရွိေသာ အေၾကာင္းအရာမ်ားက အမွန္တကယ္ခ်ိဳးေဖာက္မႈမ်ားကို ဖုံးကြယ္ထားလွ်င္ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာအကူအညီ ရယူခြင့္ကို အဟန႔္အတားျဖစ္ေစလွ်င္ သို႔မဟုတ္ လက္စားေခ်တိုက္ခိုက္မႈမ်ားကို လႈံ႕ေဆာ္လွ်င္ ျဖစ္သည္။ ထို႔ျပင္ ဒီဂ်စ္တယ္ သတင္းအမွားမ်ားသည္ ႏိုင္ငံမ်ား၏ ခြဲျခားသိျမင္ႏိုင္မႈႏွင့္ မွ်တမႈဆိုင္ရာ အေျခခံမူမ်ားကိုလိုက္နာရန္ တာဝန္ဝတၱရား မ်ားကို ရႈပ္ေထြးေစႏိုင္သည္။ ထိုသို႔ျဖစ္ရျခင္းမွာ မွားယြင္း ေသာသတင္းအခ်က္အလက္မ်ား သို႔မဟုတ္ ျခယ္လွယ္ ထားေသာ ျပည္သူလူထု၏ဖိအားေၾကာင့္ လႊမ္း မိုးခံရေသာ စစ္ဆင္ေရးဆိုင္ရာဆုံးျဖတ္ခ်က္မ်ားသည္ အဆိုပါအေျခခံစံႏႈန္းမ်ားကို ခ်ိဳးေဖာက္ႏိုင္ ေသာေၾကာင့္ျဖစ္သည္။ ထိုင္း-ကေမာၻဒီးယား အေျခအေနတြင္ မွားယြင္း ေသာေျပာဆိုခ်က္မ်ား ျဖန႔္ေဝ ျခင္းသည္ ျပည္သူ႔စိတ္ခံစားခ်က္ကိုလႈံ႕ေဆာ္ေပးၿပီး ႏိုင္ငံေရးႏွင့္စစ္ေရးတင္းမာမႈ မ်ားကို ေလွ်ာ့ခ်ရန္ပိုမို ခက္ခဲေစသည္။ ဤေဆာင္းပါးေရးသားခ်ိန္တြင္ ထိုင္း ဩဇာလႊမ္းမိုးသူအခ်ိဳ႕က ထိုင္းႏိုင္ငံတြင္ေနထိုင္ ေသာ ကေမာၻဒီးယားလူမ်ိဳးမ်ားအေပၚ အၾကမ္းဖက္မႈ လႈံ႕ေဆာ္သည့္အေၾကာင္းအရာမ်ားကို ဖန္တီးခဲ့သည္ သို႔မဟုတ္ ဗီဒီယို႐ိုက္ကူးေနစဥ္ ၎တို႔ကို တိုက္ခိုက္ ခဲ့သည့္ကိစၥမ်ားပင္ ရွိေနၿပီျဖစ္သည္။
အႏၲရာယ္မ်ားရွိေနေသာ္လည္း လက္ရွိ ဥပေဒဆိုင္ရာမ်ားသည္ စစ္ပြဲမ်ားတြင္ ရည္႐ြယ္ ခ်က္ရွိရွိ မွားယြင္းေသာ သို႔မဟုတ္ လမ္းမွားျဖစ္ေစ ေသာ သတင္းအခ်က္အလက္မ်ားျဖန႔္ေဝျခင္းကို ထိန္းခ်ဳပ္ရန္ မလုံေလာက္ေသးေပ။ ၎တို႔သည္ တိုက္႐ိုက္တရားမဝင္တိုက္ခိုက္မႈမ်ားကို ကူညီေပး ျခင္း သို႔မဟုတ္ တားျမစ္ထားေသာ အျပဳအမူမ်ား ျဖစ္မလာေစသေ႐ြ႕သာထိန္းခ်ဳပ္ႏိုင္ပါသည္။ ယင္း မွာ ဒီဂ်စ္တယ္ေခတ္စစ္ပြဲမ်ားတြင္ သတင္းအမွား မ်ားေၾကာင့္ ျဖစ္ေပၚလာေသာ ထူးျခားသည့္ စိန္ေခၚမႈ မ်ားကိုကိုင္တြယ္ေျဖရွင္းမည့္ ပိုမိုရွင္းလင္းေသာ ဥပေဒမူေဘာင္မ်ားႏွင့္ လမ္းၫႊန္ခ်က္မ်ားကို ႏိုင္ငံတကာအသိုင္းအဝိုင္းက အေရးတႀကီးလိုအပ္ေန ေၾကာင္း ထင္ဟပ္ေဖာ္ျပေနျခင္းျဖစ္သည္။ အနည္း ဆုံးေတာ့ ႏိုင္ငံတကာအကူအညီေပးေရးဥပေဒ IHL ကို ျပန္လည္ျပင္ဆင္သင့္ၿပီး အထူးသျဖင့္ လက္နက္ကိုင္ပဋိပကၡ အလယ္တြင္ပိတ္မိေနေသာ အရပ္သားမ်ားကိုထိခိုက္ေစႏိုင္သည့္ သတင္းအမွားမ်ားပါဝင္ ေသာ လႊမ္းမိုးမႈဆိုင္ရာလုပ္ေဆာင္ခ်က္မ်ားကို တားဆီးရန္ျဖစ္သည္။

Related news

© 2021. All rights reserved.