ရုရှားသမ္မတပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ယူကရိန်းသမ္မတ တောင်းဆို

 281

Pika (NP News) - သြဂုတ် ၂၆
ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမှုဟာ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ် တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ နျူကလီးယားဓါတ်အားပေးစက်ရုံကို ဒရုန်းနဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ဇီလန်စကီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ရုရှားသမ္မတပူတင်နဲ့ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေးနေချိန်မှာပဲ ဇီလန်စကီးက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဇီလန်စကီးက “ခေါင်းဆောင်တွေကြားတွေ့ဆုံမှုဟာ ရှေ့ဆက်မှုတွေလုပ်ဆောင်နိုင်ဖို့ အထိရောက်ဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ပူတင်၊ ဇီလန်စကီးတို့နဲ့ သီးခြားတွေ့ဆုံမှုတွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ပူတင်၊ ဇီလန်စကီးတို့နဲ့တွေ့ဆုံမှုတွေကို ကောင်းမွန်တဲ့ တွေ့ဆုံမှုတွေအဖြစ် ဒေါ်နယ်ထရမ့်က ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္နဲ႔ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ယူကရိန္းသမၼတ ေတာင္းဆို
Pika (NP News) - ၾသဂုတ္ ၂၆

႐ုရွားသမၼတပူတင္နဲ႔ေတြ႕ဆုံမႈဟာ ယူကရိန္းစစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ အထိေရာက္ဆုံးနည္းလမ္းတစ္ခုျဖစ္ တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းတပ္ဖြဲ႕ေတြက ႐ုရွားရဲ႕ န်ဴကလီးယားဓါတ္အားေပးစက္႐ုံကို ဒ႐ုန္းနဲ႔ပစ္မွတ္ထားတိုက္ခိုက္မႈေၾကာင့္ မီးေလာင္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

ဒါ့ျပင္ ႐ုရွားသမၼတပူတင္နဲ႔ယူကရိန္းသမၼတဇီလန္စကီးတို႔ၾကား တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဖိအားေပးေနခ်ိန္မွာပဲ ဇီလန္စကီးက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဇီလန္စကီးက “ေခါင္းေဆာင္ေတြၾကားေတြ႕ဆုံမႈဟာ ေရွ႕ဆက္မႈေတြလုပ္ေဆာင္ႏိုင္ဖို႔ အထိေရာက္ဆုံးနည္းလမ္း တစ္ခုျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။


အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ပူတင္၊ ဇီလန္စကီးတို႔နဲ႔ သီးျခားေတြ႕ဆုံမႈေတြကို ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ပူတင္၊ ဇီလန္စကီးတို႔နဲ႔ေတြ႕ဆုံမႈေတြကို ေကာင္းမြန္တဲ့ ေတြ႕ဆုံမႈေတြအျဖစ္ ေဒၚနယ္ထရမ့္က ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.