စာရေးဆရာချစ်စံဝင်း အသက်(၈၆) နှစ်အရွယ်တွင် ကွယ်လွန်

533

သန့်ဇင်(NP News)-ဩဂုတ် ၂၆
အမျိုးသားစာပေဆုကို (၂) ကြိမ်ရ စာရေးဆရာချစ်စံဝင်းသည် ယနေ့(ဩဂုတ်လ ၂၆ရက်) နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက်(၈၆) နှစ်ရှိပြီဖြစ်ပြီး လူကြီးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း သိရသည်။
စာရေးဆရာ ချစ်စံဝင်းကို လာမည့် ဩဂုတ်လ ၂၈ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် ထိန်ပင်သုဿန်တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
ဆရာချစ်စံဝင်းကို ၁၉၄၀ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရစ်ကံကြီးကျေးရွာတွင် မွေးဖွားခဲ့ကြောင်း သိရသည်။
စာရေးဆရာချစ်စံဝင်းသည် စာပေလောကဖြတ်သန်းချိန်အတွင်း ဆောင်းပါးပေါင်း (၉,၀၀၀) ခန့်၊ စာအုပ်ပေါင်း (၂၁၀)၊ စာတမ်း (၂၀) နှင့် ရုပ်ရှင်ဇာတ်ညွှန်း (၅) ပုဒ်ကို ရေးသားခဲ့ကြောင်း သိရသည်။
သမိုင်းမှတ်တမ်းဆိုင်ရာ စာအုပ်များကိုလည်းရေးသားခဲ့ပြီး ဗိဿနိုး သို့မဟုတ် ပျူတို့၏ပန်ထွာမြို့တော်၊ ပျူ၊ ဟန်လင်း(ခေါ်) ဟံသာနာဂရပျူမြို့တော်၊ မြန်မာမြို့ဟောင်း တကောင်းရုပ်ပုံလွှာ၊ မြန်မာအစ အထောက်အထား လေ့လာချက်စာတမ်းများနှင့် အမေနှင့်အမေ့အကြောင်း၊ အမေ့ရင်သွေး စသည့် စာအုပ်များကိုလည်းရေးသားခဲ့ကြောင်း သိရသည်။
ထို့နောက် (၁၉၈၆) ခုနှစ်တွင် ဤခရီးနီးသလားနှင့် (၁၉၉၀)တွင် ဆန်ဖွပ်သည့်အဖိုးအို စာအုပ်များဖြင့် အမျိုးသားစာပေဆုကို (၂) ကြိမ် ရရှိခဲ့ကြောင်း သိရသည်။
ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆုနှင့် နိုင်ငံတကာဆုများဖြစ်သော International Trophy for Quality (၁၉၉၈)ခုနှစ်နှင့် Golden America Award for Quality (၁၉၉၉)ခုနှစ်တို့တွင် ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
စာေရးဆရာခ်စ္စံဝင္း အသက္(၈၆) ႏွစ္အ႐ြယ္တြင္ ကြယ္လြန္
သန႔္ဇင္(NP News)-ဩဂုတ္ ၂၆
အမ်ိဳးသားစာေပဆုကို (၂) ႀကိမ္ရ စာေရးဆရာခ်စ္စံဝင္းသည္ ယေန႔(ဩဂုတ္လ ၂၆ရက္) နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ ေနအိမ္တြင္ ကြယ္လြန္ခဲ့ေၾကာင္း သိရသည္။
ကြယ္လြန္ခ်ိန္တြင္ အသက္(၈၆) ႏွစ္ရွိၿပီျဖစ္ၿပီး လူႀကီးေရာဂါျဖင့္ ကြယ္လြန္ျခင္းျဖစ္ေၾကာင္း သိရသည္။
စာေရးဆရာ ခ်စ္စံဝင္းကို လာမည့္ ဩဂုတ္လ ၂၈ရက္၊ မြန္းလြဲ ၁ နာရီခြဲတြင္ ထိန္ပင္သုႆန္တြင္ မီးသၿဂိဳလ္မည္ျဖစ္ေၾကာင္း သိရသည္။
ဆရာခ်စ္စံဝင္းကို ၁၉၄၀ ခုႏွစ္၊ ဇန္နဝါရီလ ၂၂ ရက္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ကဝၿမိဳ႕နယ္၊ ရစ္ကံႀကီးေက်း႐ြာတြင္ ေမြးဖြားခဲ့ေၾကာင္း သိရသည္။
စာေရးဆရာခ်စ္စံဝင္းသည္ စာေပေလာကျဖတ္သန္းခ်ိန္အတြင္း ေဆာင္းပါးေပါင္း (၉,၀၀၀) ခန႔္၊ စာအုပ္ေပါင္း (၂၁၀)၊ စာတမ္း (၂၀) ႏွင့္ ႐ုပ္ရွင္ဇာတ္ၫႊန္း (၅) ပုဒ္ကို ေရးသားခဲ့ေၾကာင္း သိရသည္။
သမိုင္းမွတ္တမ္းဆိုင္ရာ စာအုပ္မ်ားကိုလည္းေရးသားခဲ့ၿပီး ဗိႆႏိုး သို႔မဟုတ္ ပ်ဴတို႔၏ပန္ထြာၿမိဳ႕ေတာ္၊ ပ်ဴ၊ ဟန္လင္း(ေခၚ) ဟံသာနာဂရပ်ဴၿမိဳ႕ေတာ္၊ ျမန္မာၿမိဳ႕ေဟာင္း တေကာင္း႐ုပ္ပုံလႊာ၊ ျမန္မာအစ အေထာက္အထား ေလ့လာခ်က္စာတမ္းမ်ားႏွင့္ အေမႏွင့္အေမ့အေၾကာင္း၊ အေမ့ရင္ေသြး စသည့္ စာအုပ္မ်ားကိုလည္းေရးသားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ (၁၉၈၆) ခုႏွစ္တြင္ ဤခရီးနီးသလားႏွင့္ (၁၉၉၀)တြင္ ဆန္ဖြပ္သည့္အဖိုးအို စာအုပ္မ်ားျဖင့္ အမ်ိဳးသားစာေပဆုကို (၂) ႀကိမ္ ရရွိခဲ့ေၾကာင္း သိရသည္။
ပခုကၠဴဦးအုံးေဖစာေပဆု၊ သုတစြယ္စုံစာေပဆု၊ ထြန္းေဖာင္ေဒးရွင္းစာေပဆုႏွင့္ ႏိုင္ငံတကာဆုမ်ားျဖစ္ေသာ International Trophy for Quality (၁၉၉၈)ခုႏွစ္ႏွင့္ Golden America Award for Quality (၁၉၉၉)ခုႏွစ္တို႔တြင္ ရရွိခဲ့ေၾကာင္း သိရသည္။