ငါးဖမ်း သင်္ဘောပေါ်သို့ လိမ်လည် ပို့ဆောင်ခံရသူ လူသစ်သင်္ဘောသား (၄)ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

901

Pearl (NP News) - သြဂုတ် ၂၆
ငါးဖမ်းသင်္ဘောပေါ်သို့ လိမ်လည်ပို့ဆောင်ခံရသူ လူသစ်သင်္ဘောသား (၄)ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားအဖွဲ့ချုပ်( MSF ) ထံမှ သိရသည်။
စင်္ကာပူနိုင်ငံရှိ သင်္ဘောများတွင် လုပ်ကိုင်ရမည်ဟုဆိုကာ အိုမန်နိုင်ငံရှိ ငါးဖမ်းသင်္ဘောများသို့ မတရားပို့ခံခဲ့ရသည့် လူသစ်သင်္ဘောသား (၁၀)ဦးအနက် ကိုသော်ဇင် နှင့် ကိုနေစိုးအပါအဝင် (၄) ဦးမှာ မြန်မာနိုင်ငံသို့ ယနေ့ (သြဂုတ်လ ၂၆ ရက်) ၊ နံနက် (၁၀) နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
“ပို့တဲ့လူက သင်္ဘောလိုက်ရမယ်လို့ အပေါ်ယံလောက်ပဲ ပြောလိုက်ပြီးတော့ အကုန်လုံးကို လိမ်တဲ့လမ်းကြောင်းထဲမှာ အကုန်စီစဉ်ပြီးမှ လွှတ်လိုက်တဲ့သဘောပေါ့။ ကလေးတွေကို လွှတ်မယ်ဆိုတုန်းက သင်္ဘောက တစ်မျိုးပေါ့။ တကယ်တမ်းရောက်သွားတော့ တစ်မျိုးပေါ့။ အဲဒီမှာ ထိုးနှက်တာတွေပါ ပါလာတယ်ပြောတော့ စာရွက်စာတမ်းတောင်းပြီးတော့ သူတို့ ကျောက်ချထားတဲ့ဆိပ်ကမ်းက အာဏာပိုင်ကို အီးမေလ်နဲ့ဆက်သွယ်တယ်။ ဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြပြီး မြန်မာပြည်ပြန်ချင်နေတာကို ကူညီပေးပါဆိုတာကို စာပို့လိုက်တယ်။ အဲဒီတော့ သင်္ဘောသားတွေဆီကို ဆက်သွယ်ပြီး စာရွက်စာတမ်းတွေတောင်းတယ်ပြောတယ်။ ပြီးတော့ လိုအပ်တဲ့လုပ်ငန်းစဉ် တွေလုပ်တယ်။ထွက်မယ်ဆိုတဲ့နေ့ သင်္ဘောကို ဆိပ်ကမ်းကနေထွက်ခွာခွင့်မပေးဘူးထင်တယ်။ နောက်နေ့မှာ မိသားစုဝင်တွေကနေ ဆက်သွယ်လာတယ်။ ကလေးတွေကို ရန်ကုန်ကိုပြန်ပို့တော့မယ်ဆိုတာပြောတယ်။ ဒီနေ့မနက် (၁၀)ခွဲမှာ ရန်ကုန်ကို ပြန်ရောက်မယ်လို့ပြောတယ်။ လာတိုင်ပင်တာတော့ (၃)ယောက်ပဲ ။ နောက်ကလေး တစ်ယောက်ကိုပါ အပြန်ခေါ်လာနိုင်တော့ (၄)ယောက်တော့ ဖြစ်သွားတာပေါ့” ဟု MSF ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်က ပြောသည်။
အဆိုပါ လူသစ် သင်္ဘောသားများသည် ပြီးခဲ့သည့် သြဂုတ်လ ၁၂ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ထိုမှတဆင့် အိုမန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“(၁၀)ယောက် ထွက်သွားတဲ့အထဲမှာမှ (၈)ယောက်က အထွက်မပါဘူး။ (၂)ယောက်ပဲ အထွက်ပါတယ်။ သူတို့က Visit တွေနဲ့။ ရုံးကို ဆက်သွယ်တော့ ရုံးကလည်း ရတယ်ပြောတယ်။ ဗိုက်ဘာမှာ လင့်ပို့ပေးတယ်။ လင့်ကို ဖတ်တော့ အကုန် Visit တွေနဲ့ ထွက်တယ်ဖြစ်နေတယ်။ ပြန်မေးတော့ ရတယ်အာမခံပြီးတော့ ပို့တယ်။ ကျွန်တော်တို့ ဘန်ကောက်ကို ရောက်တော့ လေယာဉ်လက်မှတ် ကြည့်တော့ အိုမန်ဖြစ်နေတယ်။ ကျွန်တော်တို့ ဘက်လည်း လိုအပ်ချက်ရှိသွားတာ မှန်ပါတယ်။ ပြန်ဖို့အခွင့်အရေးမရှိတော့ ဆက်သွားကြည့်တယ်။ ရောက်တော့အဲဒီက မြန်မာတွေက လာပြောတယ်။ ဒီနားမှာ ဘာ Refer မှ မရှိဘူးဆိုတာ။ ရပ်ထားတာတွေက ပင်လယ်ဓားပြတိုက်ထားလို့ နားထားတာတွေပဲ ရှိတယ်။ ပြီးတော့ ဆိုမာလီမှာ သွားမြှားတဲ့ ငါးဖမ်း သင်္ဘောတွေပဲ ရှိတယ်။ အဲဒီမှာ တတ်သွားကြည့်တော့ လုံးဝ Fishing Boat ဖြစ်နေတာ။ အဲဒီမှာ မြန်မာတွေလည်း သို့လော သို့လောနဲ့ကွဲသွားတယ်။ အဲဒီမှာ CDC တောင်းတယ်။ ဒီဘက်က အေဂျင်စီနဲ့ဆက်သွယ်တော့လည်း ဘာမှအကြောင်းမပြန်ဘူး။ CDC မှာသာ တုံးထုလိုက်ရင် ကျွန်တော်တို့ ဘဝပျက်သွားတာနဲ့တူတူပဲ ။ အဲဒါနဲ့ ကျွန်တော်လည်း ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်းမရှိသလို လိမ်ပြီးပို့တာက တအားထင်ရှားနေပြီ။ ပြန်ဖို့ ဆုံးဖြတ်တဲ့အချိန် ကိုနေစိုးက CDC ကိစ္စနဲ့ပတ်သက်ပြီး ထိုးခံထားရပြီး ပြသနာတတ်နေတဲ့အချိန်။ ပြန်မယ့်လူစုတဲ့အချိန်မှာ ကျန်တဲ့ (၆)ယောက်လောက်က (၂)ယောက်လောက် လုပ်ချင်တယ်။ ကျွန်တော်အပါအဝင် (၄)ယောက်က ပြန်ချင်တယ်။ ကျန်တဲ့လူက အဆက်အသွယ် မရဘူး။ ရတဲ့လူက လစာရ မရ စောင့်ကြည့်ချင်တယ်လို့ ပြောတယ်။ ပြန်မယ့် လူစုပြီး နောက်ပိုင်းဟာတွေ စီစဉ်ကြတယ်ပေါ့”ဟု ကိုသော်ဇင် က ပြောသည်။
ထိုသို့ လိမ်လည်ပို့ဆောင်သူများအနေဖြင့် တာဝန်ယူဖြေရှင်းပေးခြင်းမရှိသည့်အတွက် ၎င်းတို့ကို ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ပြန်ဖို့အတွက်ကို အကူအညီပေါင်းစုံတောင်းခဲ့တယ်။ အိုမန်ရဲတွေရော၊ သံအမတ်တွေရော ၊ ကောင်စစ်ဝန်တွေရော တောင်းခဲ့တယ်။ စစ်ဆေးခံနေရတုန်းပဲ စာရွက်စာတမ်းတွေ တောင်းတယ်။ အဆင်မပြေဘူး။ မပြေတော့ သူငယ်ချင်းကို ပြောပြပြီး MSF ကို တိုင်လိုက်ဆိုလို့ သူ့ကို အကူအညီတောင်းပြီးတော့ ပြောပြခိုင်းတာ။ ပြောပြခိုင်းပြီး အကျိုးအကြောင်း ပြောပြပြီးတော့မှ ဒီလို ပြန်ရောက်လာတာပေါ့။ အခု တိုင်စရာရှိတာ တိုင်မှာ။ ပို့တဲ့လူဘက်က ဘာမှ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ ပြန်ဖို့အတွက်လည်း တရုတ်ကုမ္ပဏီဘက်က စီစဉ်ပေးတယ်လို့ထင်တယ်။ အလုပ်မလုပ်ဘူးဆိုတာ ဟိုမှာ လက်မှတ်ထိုးလိုက်တာကိုး။ ဒီဘက်ကတော့ အခုချိန်ထိ ဆက်သွယ်လာတာမျိုးမရှိဘူး” ဟု ကိုနေစိုးက ပြောသည်။

Zawgyi Version:
ငါးဖမ္း သေဘၤာေပၚသို႔ လိမ္လည္ ပို႔ေဆာင္ခံရသူ လူသစ္သေဘၤာသား (၄)ဦး ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိ
Pearl (NP News) - ၾသဂုတ္ ၂၆
ငါးဖမ္းသေဘၤာေပၚသို႔ လိမ္လည္ပို႔ေဆာင္ခံရသူ လူသစ္သေဘၤာသား (၄)ဦး ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမားအဖြဲ႕ခ်ဳပ္( MSF ) ထံမွ သိရသည္။
စကၤာပူႏိုင္ငံရွိ သေဘၤာမ်ားတြင္ လုပ္ကိုင္ရမည္ဟုဆိုကာ အိုမန္ႏိုင္ငံရွိ ငါးဖမ္းသေဘၤာမ်ားသို႔ မတရားပို႔ခံခဲ့ရသည့္ လူသစ္သေဘၤာသား (၁၀)ဦးအနက္ ကိုေသာ္ဇင္ ႏွင့္ ကိုေနစိုးအပါအဝင္ (၄) ဦးမွာ ျမန္မာႏိုင္ငံသို႔ ယေန႔ (ၾသဂုတ္လ ၂၆ ရက္) ၊ နံနက္ (၁၀) နာရီခန႔္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွတဆင့္ ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
“ပို႔တဲ့လူက သေဘၤာလိုက္ရမယ္လို႔ အေပၚယံေလာက္ပဲ ေျပာလိုက္ၿပီးေတာ့ အကုန္လုံးကို လိမ္တဲ့လမ္းေၾကာင္းထဲမွာ အကုန္စီစဥ္ၿပီးမွ လႊတ္လိုက္တဲ့သေဘာေပါ့။ ကေလးေတြကို လႊတ္မယ္ဆိုတုန္းက သေဘၤာက တစ္မ်ိဳးေပါ့။ တကယ္တမ္းေရာက္သြားေတာ့ တစ္မ်ိဳးေပါ့။ အဲဒီမွာ ထိုးႏွက္တာေတြပါ ပါလာတယ္ေျပာေတာ့ စာ႐ြက္စာတမ္းေတာင္းၿပီးေတာ့ သူတို႔ ေက်ာက္ခ်ထားတဲ့ဆိပ္ကမ္းက အာဏာပိုင္ကို အီးေမလ္နဲ႔ဆက္သြယ္တယ္။ ဆက္သြယ္ၿပီး အက်ိဳးအေၾကာင္းေျပာျပၿပီး ျမန္မာျပည္ျပန္ခ်င္ေနတာကို ကူညီေပးပါဆိုတာကို စာပို႔လိုက္တယ္။ အဲဒီေတာ့ သေဘၤာသားေတြဆီကို ဆက္သြယ္ၿပီး စာ႐ြက္စာတမ္းေတြေတာင္းတယ္ေျပာတယ္။ ၿပီးေတာ့ လိုအပ္တဲ့လုပ္ငန္းစဥ္ ေတြလုပ္တယ္။ထြက္မယ္ဆိုတဲ့ေန႔ သေဘၤာကို ဆိပ္ကမ္းကေနထြက္ခြာခြင့္မေပးဘူးထင္တယ္။ ေနာက္ေန႔မွာ မိသားစုဝင္ေတြကေန ဆက္သြယ္လာတယ္။ ကေလးေတြကို ရန္ကုန္ကိုျပန္ပို႔ေတာ့မယ္ဆိုတာေျပာတယ္။ ဒီေန႔မနက္ (၁၀)ခြဲမွာ ရန္ကုန္ကို ျပန္ေရာက္မယ္လို႔ေျပာတယ္။ လာတိုင္ပင္တာေတာ့ (၃)ေယာက္ပဲ ။ ေနာက္ကေလး တစ္ေယာက္ကိုပါ အျပန္ေခၚလာႏိုင္ေတာ့ (၄)ေယာက္ေတာ့ ျဖစ္သြားတာေပါ့” ဟု MSF ဥကၠ႒ ကပၸတိန္စိုးမင္းေအာင္က ေျပာသည္။
အဆိုပါ လူသစ္ သေဘၤာသားမ်ားသည္ ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၂ရက္ေန႔က ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွတဆင့္ ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ျခင္းျဖစ္ကာ ထိုမွတဆင့္ အိုမန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“(၁၀)ေယာက္ ထြက္သြားတဲ့အထဲမွာမွ (၈)ေယာက္က အထြက္မပါဘူး။ (၂)ေယာက္ပဲ အထြက္ပါတယ္။ သူတို႔က Visit ေတြနဲ႔။ ႐ုံးကို ဆက္သြယ္ေတာ့ ႐ုံးကလည္း ရတယ္ေျပာတယ္။ ဗိုက္ဘာမွာ လင့္ပို႔ေပးတယ္။ လင့္ကို ဖတ္ေတာ့ အကုန္ Visit ေတြနဲ႔ ထြက္တယ္ျဖစ္ေနတယ္။ ျပန္ေမးေတာ့ ရတယ္အာမခံၿပီးေတာ့ ပို႔တယ္။ ကြၽန္ေတာ္တို႔ ဘန္ေကာက္ကို ေရာက္ေတာ့ ေလယာဥ္လက္မွတ္ ၾကည့္ေတာ့ အိုမန္ျဖစ္ေနတယ္။ ကြၽန္ေတာ္တို႔ ဘက္လည္း လိုအပ္ခ်က္ရွိသြားတာ မွန္ပါတယ္။ ျပန္ဖို႔အခြင့္အေရးမရွိေတာ့ ဆက္သြားၾကည့္တယ္။ ေရာက္ေတာ့အဲဒီက ျမန္မာေတြက လာေျပာတယ္။ ဒီနားမွာ ဘာ Refer မွ မရွိဘူးဆိုတာ။ ရပ္ထားတာေတြက ပင္လယ္ဓားျပတိုက္ထားလို႔ နားထားတာေတြပဲ ရွိတယ္။ ၿပီးေတာ့ ဆိုမာလီမွာ သြားျမႇားတဲ့ ငါးဖမ္း သေဘၤာေတြပဲ ရွိတယ္။ အဲဒီမွာ တတ္သြားၾကည့္ေတာ့ လုံးဝ Fishing Boat ျဖစ္ေနတာ။ အဲဒီမွာ ျမန္မာေတြလည္း သို႔ေလာ သို႔ေလာနဲ႔ကြဲသြားတယ္။ အဲဒီမွာ CDC ေတာင္းတယ္။ ဒီဘက္က ေအဂ်င္စီနဲ႔ဆက္သြယ္ေတာ့လည္း ဘာမွအေၾကာင္းမျပန္ဘူး။ CDC မွာသာ တုံးထုလိုက္ရင္ ကြၽန္ေတာ္တို႔ ဘဝပ်က္သြားတာနဲ႔တူတူပဲ ။ အဲဒါနဲ႔ ကြၽန္ေတာ္လည္း ျပန္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ကြၽန္ေတာ္တို႔ကို ပြင့္ပြင့္လင္းလင္းမရွိသလို လိမ္ၿပီးပို႔တာက တအားထင္ရွားေနၿပီ။ ျပန္ဖို႔ ဆုံးျဖတ္တဲ့အခ်ိန္ ကိုေနစိုးက CDC ကိစၥနဲ႔ပတ္သက္ၿပီး ထိုးခံထားရၿပီး ျပသနာတတ္ေနတဲ့အခ်ိန္။ ျပန္မယ့္လူစုတဲ့အခ်ိန္မွာ က်န္တဲ့ (၆)ေယာက္ေလာက္က (၂)ေယာက္ေလာက္ လုပ္ခ်င္တယ္။ ကြၽန္ေတာ္အပါအဝင္ (၄)ေယာက္က ျပန္ခ်င္တယ္။ က်န္တဲ့လူက အဆက္အသြယ္ မရဘူး။ ရတဲ့လူက လစာရ မရ ေစာင့္ၾကည့္ခ်င္တယ္လို႔ ေျပာတယ္။ ျပန္မယ့္ လူစုၿပီး ေနာက္ပိုင္းဟာေတြ စီစဥ္ၾကတယ္ေပါ့”ဟု ကိုေသာ္ဇင္ က ေျပာသည္။
ထိုသို႔ လိမ္လည္ပို႔ေဆာင္သူမ်ားအေနျဖင့္ တာဝန္ယူေျဖရွင္းေပးျခင္းမရွိသည့္အတြက္ ၎တို႔ကို ဥပေဒအရ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
“ျပန္ဖို႔အတြက္ကို အကူအညီေပါင္းစုံေတာင္းခဲ့တယ္။ အိုမန္ရဲေတြေရာ၊ သံအမတ္ေတြေရာ ၊ ေကာင္စစ္ဝန္ေတြေရာ ေတာင္းခဲ့တယ္။ စစ္ေဆးခံေနရတုန္းပဲ စာ႐ြက္စာတမ္းေတြ ေတာင္းတယ္။ အဆင္မေျပဘူး။ မေျပေတာ့ သူငယ္ခ်င္းကို ေျပာျပၿပီး MSF ကို တိုင္လိုက္ဆိုလို႔ သူ႔ကို အကူအညီေတာင္းၿပီးေတာ့ ေျပာျပခိုင္းတာ။ ေျပာျပခိုင္းၿပီး အက်ိဳးအေၾကာင္း ေျပာျပၿပီးေတာ့မွ ဒီလို ျပန္ေရာက္လာတာေပါ့။ အခု တိုင္စရာရွိတာ တိုင္မွာ။ ပို႔တဲ့လူဘက္က ဘာမွ တာဝန္ယူမႈ တာဝန္ခံမႈ မရွိဘူး။ ျပန္ဖို႔အတြက္လည္း တ႐ုတ္ကုမၸဏီဘက္က စီစဥ္ေပးတယ္လို႔ထင္တယ္။ အလုပ္မလုပ္ဘူးဆိုတာ ဟိုမွာ လက္မွတ္ထိုးလိုက္တာကိုး။ ဒီဘက္ကေတာ့ အခုခ်ိန္ထိ ဆက္သြယ္လာတာမ်ိဳးမရွိဘူး” ဟု ကိုေနစိုးက ေျပာသည္။