ပြည်သူ့ဆေးရုံများတွင် နှစ်ပတ်ထက်ကျော်လွန်ပြီး ဆရာဝန်မရှိ မဖြစ်စေရန် ညွှန်ကြားထား

1289

သက်ပိုင် (NP News) - သြဂုတ် ၂၇
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ့ဆေးရုံများတွင် နှစ်ပတ်ထက်ကျော်လွန်ပြီး ဆရာဝန်မရှိခြင်းများ မဖြစ်ပွားစေရေးအတွက် ညွှန်ကြားထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက NP News သို့ ပြောသည်။
တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်တိုင်းမှ ပြည်သူ့ဆေးရုံတိုင်းတွင် ဆရာဝန်ရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးအရ ပြည်သူ့ဆေးရုံဖွင့်လှစ်နိုင်သည့်ဒေသများတွင် ဆရာ ဝန်များချထား ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ကတော့ ဆေးရုံတိုင်း ဆရာဝန်ရှိရမယ်ဆိုတဲ့မူကတော့ ရှိပြီးသားဖြစ်ပါတယ်။ ပြီး တော့ ဆေးရုံတွေမှာ ဆရာဝန်ရှိဖို့ နှစ်ပတ်ထက်ပိုပြီးတော့ ကြန့်ကြာနေရင် တိုင်းဒေသကြီး ဦးစီးမှူးတွေ ရဲ့အစီအစဉ်နဲ့ အမြန်ဆုံးဖြည့်စည်းဖို့ òန် ကြားချက် ထုတ်ထားတယ်။ နှစ်ပတ်ထက်ပိုပြီးတော့ ပျက်မယ် ဆိုရင် အမြန်ဆုံးဖြည့်ဆည်းပေးဖို့ လုပ်ထားတာရှိတယ်။ òန်ကြားချက်ထုတ်ထားတာရှိတယ်။ ဒါပေမဲ့ လည်း အကြောင်းရင်းကဘာလဲဆိုတာ ပြန်စုံစမ်းတာပေါ့နော်။ အထူးသဖြင့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတွေက လုံခြုံရေးအရ ဖွင့်လှစ်လို့ရ တယ်ဆိုတဲ့ဆေးရုံတွေမှာ အကုန်လုံး အတတ်နိုင်ဆုံး ဖြည့် ဆည်းပေးနေတယ်။ ဒီနှစ်ဆိုရင်လည်း ကျွန် တော်တို့ အများကြီးဖြည့်ဆည်းတာတွေ လုပ်ထားပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ရှင်းပြသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထိုသို့ဆောင်ရွက်ပေးနေ သော်လည်း လက်ရှိ ကျန်းမာရေးဌာနအချို့တွင် ဆရာဝန်လစ်လပ်ခြင်းမျိုးရှိနေကြောင်း သိရသည်။ အဆိုပါ ဆေးရုံများအနက် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးဝါး ကုသရာ၌ ဆရာဝန်မရှိသော အခြေအနေကို ကြုံတွေ့နေရကြောင်း သိရသည်။
“ဆရာဝန်က ရှိတယ်။ ဒါပေမဲ့ တစ်လမှာ လေးငါးရက်လောက်က ဖျာပုံကို သွားနေရတယ်လို့ ပြောတယ်။ ဥပမာ -ဆရာဝန်မရှိချိန်ဆို သူနာပြု (၃)ယောက်ကပဲ စမ်းသပ်တာ၊ ဆေးပေးတာတွေလုပ် ပေးတယ်။ အရမ်းအခြေအနေဆိုးလာရင် တခြားကို လွှဲပေးမယ်ဆိုပြီး ဆေးရုံမှာ ဆေးသွင်းပြီး စောင့် ကြည့်ထားတယ်။ သက်သာရင် ပြန်ဆင်းရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။
“(၂၀၂၀) ပြည့်နှစ်အထိ မြန်မာနိုင်ငံမှာ ဆရာဝန် ဆယ်ယောက်ရှိရမယ့်ဆေးရုံတွေမှာ (၆) ယောက်လောက်ပဲ ခန့်ထားနိုင်တာမျိုးတွေရှိခဲ့တယ်။ အကြမ်းဖျင်းပြောရရင် တစ်နိုင်ငံလုံးမှာ (၆၅)ရာခိုင် နှုန်းနဲ့ (၇၀)ရာခိုင်နှုန်းကြားပဲခန့်ထားနိုင်ခဲ့တယ်။ လစ်လပ်တာ (၃၀) ရာခိုင်နှုန်းလောက်ပဲရှိသေးတယ်။ အဲ့တာက (၂၀၁၉)ခုနှစ်တုန်းကပေါ့နော်။ CDM ဘာညာ လုပ်တာမပါသေးဘူး။ CDM လုပ်တာ ဘာညာနဲ့ ဆိုရင် တော်တော်လျော့သွားပြီးတော့ အခုပြန်ခန့်နိုင်တာနဲ့ဆိုရင် (၅၀)ရာခိုင်နှုန်းနဲ့ (၆၀)ရာခိုင်နှုန်းကြား လောက်ပဲ ပြန်ခန့်နိုင်အုန်းမယ်။ ပြောရရင် တစ်ဝက်နီးပါးလစ်လပ်နေမယ့် သဘောတော့ရှိတယ်။ နောက် ပြီး လက်ရှိအခြေအနေမှာ ဆရာဝန်မရှိလို့ ပိတ်ထားရတဲ့တိုက်နယ်ဆေးရုံတွေလည်း ရှိနေနိုင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါက်တာမျိုးဆက်သွေးက ပြောသည်။

Zawgyi Version:
ျပည္သူ႔ေဆး႐ုံမ်ားတြင္ ႏွစ္ပတ္ထက္ေက်ာ္လြန္ၿပီးဆရာဝန္မရွိ မျဖစ္ေစရန္ ၫႊန္ၾကားထား
သက္ပိုင္ (NP News) - ၾသဂုတ္ ၂၇
ျမန္မာႏိုင္ငံအတြင္းရွိ ျပည္သူ႔ေဆး႐ုံမ်ားတြင္ ႏွစ္ပတ္ထက္ေက်ာ္လြန္ၿပီး ဆရာဝန္မရွိျခင္းမ်ား မျဖစ္ပြားေစေရးအတြက္ ၫႊန္ၾကားထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ သန္းႏိုင္စိုးက NP News သို႔ ေျပာသည္။
တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ ၿမိဳ႕နယ္တိုင္းမွ ျပည္သူ႔ေဆး႐ုံတိုင္းတြင္ ဆရာဝန္ရွိေစေရးအတြက္ ေဆာင္႐ြက္လ်က္ရွိၿပီး လုံၿခဳံေရးအရ ျပည္သူ႔ေဆး႐ုံဖြင့္လွစ္ႏိုင္သည့္ေဒသမ်ားတြင္ ဆရာ ဝန္မ်ားခ်ထား ေပးလ်က္ရွိေၾကာင္း ၎ကဆိုသည္။
“ကြၽန္ေတာ္တို႔ကေတာ့ ေဆး႐ုံတိုင္း ဆရာဝန္ရွိရမယ္ဆိုတဲ့မူကေတာ့ ရွိၿပီးသားျဖစ္ပါတယ္။ ၿပီး ေတာ့ ေဆး႐ုံေတြမွာ ဆရာဝန္ရွိဖို႔ ႏွစ္ပတ္ထက္ပိုၿပီးေတာ့ ၾကန႔္ၾကာေနရင္ တိုင္းေဒသႀကီး ဦးစီးမႉးေတြ ရဲ႕အစီအစဥ္နဲ႔ အျမန္ဆုံးျဖည့္စည္းဖို႔ òန္ ၾကားခ်က္ ထုတ္ထားတယ္။ ႏွစ္ပတ္ထက္ပိုၿပီးေတာ့ ပ်က္မယ္ ဆိုရင္ အျမန္ဆုံးျဖည့္ဆည္းေပးဖို႔ လုပ္ထားတာရွိတယ္။ òန္ၾကားခ်က္ထုတ္ထားတာရွိတယ္။ ဒါေပမဲ့ လည္း အေၾကာင္းရင္းကဘာလဲဆိုတာ ျပန္စုံစမ္းတာေပါ့ေနာ္။ အထူးသျဖင့္ ျပည္နယ္၊ တိုင္းေဒသႀကီး အစိုးရေတြက လုံၿခဳံေရးအရ ဖြင့္လွစ္လို႔ရ တယ္ဆိုတဲ့ေဆး႐ုံေတြမွာ အကုန္လုံး အတတ္ႏိုင္ဆုံး ျဖည့္ ဆည္းေပးေနတယ္။ ဒီႏွစ္ဆိုရင္လည္း ကြၽန္ ေတာ္တို႔ အမ်ားႀကီးျဖည့္ဆည္းတာေတြ လုပ္ထားပါတယ္” ဟု ေဒါက္တာ သန္းႏိုင္စိုးက ရွင္းျပသည္။ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ထိုသို႔ေဆာင္႐ြက္ေပးေန ေသာ္လည္း လက္ရွိ က်န္းမာေရးဌာနအခ်ိဳ႕တြင္ ဆရာဝန္လစ္လပ္ျခင္းမ်ိဳးရွိေနေၾကာင္း သိရသည္။ အဆိုပါ ေဆး႐ုံမ်ားအနက္ ဧရာဝတီတိုင္း ေဒသႀကီး၊ ဖ်ာပုံခ႐ိုင္၊ အမာၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံတြင္ ေဆးဝါး ကုသရာ၌ ဆရာဝန္မရွိေသာ အေျခအေနကို ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
“ဆရာဝန္က ရွိတယ္။ ဒါေပမဲ့ တစ္လမွာ ေလးငါးရက္ေလာက္က ဖ်ာပုံကို သြားေနရတယ္လို႔ ေျပာတယ္။ ဥပမာ -ဆရာဝန္မရွိခ်ိန္ဆို သူနာျပဳ (၃)ေယာက္ကပဲ စမ္းသပ္တာ၊ ေဆးေပးတာေတြလုပ္ ေပးတယ္။ အရမ္းအေျခအေနဆိုးလာရင္ တျခားကို လႊဲေပးမယ္ဆိုၿပီး ေဆး႐ုံမွာ ေဆးသြင္းၿပီး ေစာင့္ ၾကည့္ထားတယ္။ သက္သာရင္ ျပန္ဆင္းရတယ္” ဟု အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးကဆိုသည္။
“(၂၀၂၀) ျပည့္ႏွစ္အထိ ျမန္မာႏိုင္ငံမွာ ဆရာဝန္ ဆယ္ေယာက္ရွိရမယ့္ေဆး႐ုံေတြမွာ (၆) ေယာက္ေလာက္ပဲ ခန႔္ထားႏိုင္တာမ်ိဳးေတြရွိခဲ့တယ္။ အၾကမ္းဖ်င္းေျပာရရင္ တစ္ႏိုင္ငံလုံးမွာ (၆၅)ရာခိုင္ ႏႈန္းနဲ႔ (၇၀)ရာခိုင္ႏႈန္းၾကားပဲခန႔္ထားႏိုင္ခဲ့တယ္။ လစ္လပ္တာ (၃၀) ရာခိုင္ႏႈန္းေလာက္ပဲရွိေသးတယ္။ အဲ့တာက (၂၀၁၉)ခုႏွစ္တုန္းကေပါ့ေနာ္။ CDM ဘာညာ လုပ္တာမပါေသးဘူး။ CDM လုပ္တာ ဘာညာနဲ႔ ဆိုရင္ ေတာ္ေတာ္ေလ်ာ့သြားၿပီးေတာ့ အခုျပန္ခန႔္ႏိုင္တာနဲ႔ဆိုရင္ (၅၀)ရာခိုင္ႏႈန္းနဲ႔ (၆၀)ရာခိုင္ႏႈန္းၾကား ေလာက္ပဲ ျပန္ခန႔္ႏိုင္အုန္းမယ္။ ေျပာရရင္ တစ္ဝက္နီးပါးလစ္လပ္ေနမယ့္ သေဘာေတာ့ရွိတယ္။ ေနာက္ ၿပီး လက္ရွိအေျခအေနမွာ ဆရာဝန္မရွိလို႔ ပိတ္ထားရတဲ့တိုက္နယ္ေဆး႐ုံေတြလည္း ရွိေနႏိုင္ပါတယ္” ဟု အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီမွ ေဒါက္တာမ်ိဳးဆက္ေသြးက ေျပာသည္။