စင်ကာပူအဆိုတော် JJ Lin နဲ့ ပူးပေါင်းပြီး သီချင်းသစ်ထွက်လာတဲ့ ဂျက်ကီချန်း

132
ရောင်နီ (NP News) - သြဂုတ် ၂၈
အကျော်အမော် ဟောင်ကောင်သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချန်းဟာ စင်ကာပူ အဆိုတော် JJ Lin နဲ့ ပူးပေါင်းပြီး Skibidi ဆိုတဲ့ သီချင်းသစ် ထွက်ရှိလာခဲ့ပါတယ်။
ဒီသတင်းကို ထိုင်ဝမ် Hit FM ဝက်ဘ်ဆိုဒ်နဲ့ Lin ရဲ့ အေဂျင်စီ JFJ Productions တို့က ဆိုရှယ်မီဒီယာမှာ သြဂုတ် ၂၆ ရက်က ကြေညာခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၇ ရက် နံနက် ၁ဝ နာရီမှာတော့ သီချင်းသစ် ထွက်ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီလက တရုတ်နိုင်ငံ၊ ဝူဟန်မြို့ ရှိ ရှိုးတစ်ခုမှာ Lin နဲ့ ဂျက်ကီတို့တွေ့ဆုံပြီး ဂန္တဝင်သီချင်း Sincere Hero (1993) ကို အတူဖျော်ဖြေပြီးနောက် လေးလအကြာမှာ ထွက်ရှိလာခြင်းပဲဖြစ်ပါတယ်။
ဒီသီချင်းဟာ ဂျက်ကီချန်းရဲ့ ပထမဆုံး အီလက်ထရွန်းနစ်တေးဂီတလည်း ဖြစ်ပါတယ်။
ဂျက်ကီချန်းဟာ ယခင်ကတော့ သူ့ရဲ့ ရုပ်ရှင်တွေ ဖြစ်တဲ့ Drunken Master II (1994)၊ Rumble In The Bronx (1995) နဲ့ The Myth (2005) စတဲ့ ရုပ်ရှင်တွေမှာ ဇာတ်ဝင်တေးတွေကို ကိုယ်တိုင်သီဆိုခဲ့ဖူးပါတယ်။
Zawgyi Version:
စင္ကာပူအဆိုေတာ္ JJ Lin နဲ႔ ပူးေပါင္းၿပီး သီခ်င္းသစ္ထြက္လာတဲ့ ဂ်က္ကီခ်န္း
ေရာင္နီ (NP News) - ၾသဂုတ္ ၂၈
အေက်ာ္အေမာ္ ေဟာင္ေကာင္သ႐ုပ္ေဆာင္မင္းသားႀကီး ဂ်က္ကီခ်န္းဟာ စင္ကာပူ အဆိုေတာ္ JJ Lin နဲ႔ ပူးေပါင္းၿပီး Skibidi ဆိုတဲ့ သီခ်င္းသစ္ ထြက္ရွိလာခဲ့ပါတယ္။
ဒီသတင္းကို ထိုင္ဝမ္ Hit FM ဝက္ဘ္ဆိုဒ္နဲ႔ Lin ရဲ႕ ေအဂ်င္စီ JFJ Productions တို႔က ဆိုရွယ္မီဒီယာမွာ ၾသဂုတ္ ၂၆ ရက္က ေၾကညာခဲ့တာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔၊ ၾသဂုတ္လ ၂၇ ရက္ နံနက္ ၁ဝ နာရီမွာေတာ့ သီခ်င္းသစ္ ထြက္ရွိခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ဧၿပီလက တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ ရွိ ရႈိးတစ္ခုမွာ Lin နဲ႔ ဂ်က္ကီတို႔ေတြ႕ဆုံၿပီး ဂႏၲဝင္သီခ်င္း Sincere Hero (1993) ကို အတူေဖ်ာ္ေျဖၿပီးေနာက္ ေလးလအၾကာမွာ ထြက္ရွိလာျခင္းပဲျဖစ္ပါတယ္။
ဒီသီခ်င္းဟာ ဂ်က္ကီခ်န္းရဲ႕ ပထမဆုံး အီလက္ထ႐ြန္းနစ္ေတးဂီတလည္း ျဖစ္ပါတယ္။
ဂ်က္ကီခ်န္းဟာ ယခင္ကေတာ့ သူ႔ရဲ႕ ႐ုပ္ရွင္ေတြ ျဖစ္တဲ့ Drunken Master II (1994)၊ Rumble In The Bronx (1995) နဲ႔ The Myth (2005) စတဲ့ ႐ုပ္ရွင္ေတြမွာ ဇာတ္ဝင္ေတးေတြကို ကိုယ္တိုင္သီဆိုခဲ့ဖူးပါတယ္။