" အသက်ငွေ့ငွေ့အဆင့်တော့မဟုတ်သေးပေမယ့် ခက်ခက်ခဲခဲတော့ဖြစ်နေတယ် " စက်မှုထုတ်ကုန်နဲ့ (CMP) ကဏ္ဍ အဓိကပြဿနာသုံးခု (ကိုကျော်နုနှင့် ဆွေးနွေးခန်း)

304

Peral ၊ ချယ်ရီ (NP News) - သြဂုတ် ၂၈
မြန်မာနိုင်ငံရှိ ကုန်ထုတ်စက်မှုလုပ်ငန်းကဏ္ဍ၌ အဓိကကဏ္ဍကြီး (၃)ခုရှိရာ အထည်ချုပ်လုပ်ငန်းအပါဝင် (CMP) လုပ်ငန်းများနှင့် ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လုပ်ငန်းသဘောသဘာဝ များအား ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးနှင့် ကိုကျော်နုတို့ တွေ့ဆုံဆွေးနွေးထားသည်ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
(ယခင်တစ်ပတ်မှအဆက်)
မေး - ဒါဆိုရင် ဝန်ကြီးဌာနကဘက်ကအကြောင်းပြ ချက်ကတော့ စက်မှုဇုန်တွေဘက်ကမညီညွတ်လို့ ပေးရခက်တယ်လို့ပြောတယ်ဆိုရင် စက်မှုဇုန်တွေက ငါတို့ပေးနိုင်တယ် မင်းတို့ကမပေးတာဆိုရင် ကြားမှာ တစ်ခုခု ကွာဟမှုတွေရှိနေတာလား။
ဖြေ- အမှန်တော့ ဒါက ကျွန်တော်တို့တာဝန်မဟုတ် ဘူး။ Investor က မင်းဘာသာမင်း မြောင်းတူး၊ မင်း ဘာသာမင်း မီးသွယ်၊ မင်းဘာသာမင်းရေတူးဆိုတာ ကမဖြစ်ရဘူး။ တကယ်တမ်းက မီးအဆင်သင့်၊ လမ်း အဆင်သင့်ရှိပါတယ်။ ကြိုက်သလောက်သုံး။ ကျသ လောက်ရှင်းဆိုတာဖြစ်ရမယ်။ ဒါမှလာမှာပေါ့။ နောက်တစ်ခုက ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရဘူး လေ။Transformer ထိုင်တာတောင် ကိုယ့်ဘာသာ လုပ်လို့မရဘူး။ လျှပ်စစ်ကပဲလုပ်ရမှာ။ တွက်ချက် မယ်။ အဆင်ပြေပြီဆိုမှတပ်မယ်လေ။ အဲဒီလိုဖြစ်တဲ့ အတွက် ကျွန်တော်တို့က ကြုံတဲ့အခါမှသာ တင်ပြရုံ သာရှိတယ်။ တကယ့်တကယ် သေချာပြန်တွက်ကြည့် ရင် တစ်ဦးချင်း Generator နဲ့လုပ်နေတဲ့ကုန်ကျစရိတ် ကပိုများတာပေါ့။ ဒါပေမဲ့လည်း မူဝါဒတွေကလည်း ရှိတာပေါ့လေ။ ပထမ ကျွန်တော်တို့ကြားတာတော့လေ သင်္ဘောကြီးလာကပ်ပြီးတော့ ဟိုတစ်ခါပေးတုန်းက လို အဲဒီလိုဆိုရင် ဖြစ်နိုင်တယ်ဆိုပေမယ့် ဘယ်လိုအ တားအဆီးတွေရှိနေလဲတော့ မသိဘူး။
မေး - စက်မှုလုပ်ငန်းရှင်တွေက တိုးတက်ချင်သော် ငြားလည်း လျှပ်စစ်ကြောင့်ခေါင်းကိုက်နေကြတာ တော့ သေချာတာပေါ့နော်။
ဖြေ- သေချာတာပေါ့။ အလုပ်ပိုလုပ်နေရတယ်။ Maintenance လုပ်ရ မီးရေးထင်းရေးပေါ့။
မေး - လျှပ်စစ်သာ မှန်အောင်ပေးနိုင်မယ်ဆိုရင် တချို့ကိစ္စတွေက တော်တော်လေးရှေ့တိုးလို့ရမယ့် သဘော။
ဖြေ - မှန်တယ်။ အကြီးဆုံးပြဿနာက လျှပ်စစ်ရော၊ အလုပ်သမားရော။
မေး - Labor Shortage က ဒုတိယအပိုင်းပေါ့။ ကျွန်တော်က လျှပ်စစ်ကိစ္စကို အာရုံပိုစိုက်တယ်ဆိုတာ က ကျွန်တော်တို့က ရှေ့ကိုသွားချင်တယ်၊ တိုးတက် ချင်တယ်၊ အောင်မြင်ချင်တယ်။ လုပ်ငန်းတွေ Develop ဖြစ်ချင်တယ်လို့ပြောတယ်။ ခလုတ်ပိတ်ထားရင် ဘာမှလုပ်လို့မရဘူး။
ဖြေ - ကျွန်တော်ပြောခဲ့တဲ့ Labor Demand ဆိုတာ Labor မရှိရင် အော်ဒါလက်ခံလို့မရဘူး။
မေး - လျှပ်စစ်ရှိရင်တော့ နည်းပညာများများထည့်ပြီး လူကိုပြန်လျှော့လိုက်တာမျိုးလည်း လုပ်လို့ရနိုင်တယ် ပေါ့နော်။
ဖြေ - တချို့နေရာက မရနိုင်ဘူး။ ဥပမာ အထည်ချုပ် တို့။ အဲဒါကို ဥပမာ (၃၀ဝဝ)ရှိတယ်၊ (၃၀ဝ)နဲ့ပဲလုပ် မယ်။ မရဘူးမဟုတ်ဘူး ရတယ်။ နောက်ထပ် အဆ (၂၀ဝ)လောက် Inverstment လုပ်ရမယ်။ ဖြစ်တာ တော့ဖြစ်တယ်။ တရုတ်ကတော့ ထွင်သလားမမေးနဲ့။ ကြမ်း တိုက်ဘာညာ လူနဲ့မလုပ်တော့ဘူးလေ။ ဟိုမှာ အဝိုင်းလေးလျှောက်သွားနေတာ။ တစ်ခုနဲ့တစ်ခုရွှေ့ တယ် ဆိုရင် Robot လေးနဲ့သွားတာ။ နောက်တခါ နေရာ ရွှေ့ရင်က ကြာပါပြီ Auto Machine နဲ့သွား တာတို့။ တစ်ခါတစ်ရံ အပ်တဲ့လူကတောင် ဒီစက်ရှိမှ အပ်မယ် တို့လုပ်တာ။ အဲဒီစက်ကိုမရရအောင် ဝယ် ထည့်။ အဲဒါမျိုးတွေလုပ်ရတယ်။
မေး- နောက်တစ်ခါ လျှပ်စစ်ဝန်ကြီးဌာနကနေ စက် မှုဇုန်က စက်ရုံတွေကို မီတာခိုးတာဆိုပြီးတော့ လျှပ် စစ်ခိုးသွယ်တယ်ဆိုပြီး လာစစ်ဆေးတာတွေရှိခဲ့ဖူး တယ်ဆိုတော့။ အဲဒါတကယ်ဖြစ်ခဲ့တာလား။ အကြောင်းပြချက်လား။ ဘာကြောင့်လဲ။
ဖြေ- အဲဒါတော့ ကျွန်တော်မသိဘူး။ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ထင်ထင်ရှားရှားသိနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ သို့သော် ဝန်ထမ်းတွေတော်တော်များ များဟာ နေရာတိုင်းမှာ ယိုပေါက်တွေရှိနိုင်တော့ ဖြစ် နိုင်တယ်။ ဒါပေမဲ့ ဒါက အလွန့်အလွန် အနည်းစုပါ။ နည်းပညာပိုင်းက သိပ်ခက်တာမှမဟုတ်တာ။
မေး - ဒါတွေက စက်မှုဇုန်က ပိုင်ရှင်ကတော့ ကိုယ့် ဘာသာသွယ်လို့မရဘူးလေ။
ဖြေ - ဟုတ်တယ်။ အနည်းဆုံး Line Man နဲ့ ပေါင်းပြီးတော့လုပ်နေကြတာပေါ့။ ဒါပေမဲ့ ဇုန် Level မှာတော့မရှိနိုင်ဘူး။ Cottage Industry မှာတော့ ဖြစ်နိုင်တယ်။ ဇုန် Level တွေမှာကျတော့ စက်မှုဇုန် စီမံခန့်ခွဲရေးအဖွဲ့တွေဆိုတာရှိတဲ့အတွက် အမြဲတမ်း Monitor လုပ်ရတာတွေ ရှိတယ်။ ဇုန်စီမံခန့်ခွဲရေး ကော်မတီဆိုတာ ရှင်းရှင်းပြောရရင် ဌာနဆိုင်ရာကနေ ပြီးတော့ အမြဲစောင့်ကြည့်ဖို့ ဖွဲ့ပေးထားသလိုဖြစ်တဲ့ အတွက် ဇုန်ထဲမှာ အဲဒီလိုမရိုးသားတဲ့ပုံစံမျိုးရှိခဲ့ရင် ဒီစီမံခန့်ခွဲမှုကော်မတီကပါ ပူးပေါင်းပါဝင်လို့ဖြစ်ရ မယ်။
မေး - ဒါဆိုရင် စက်မှုဇုန်မဟုတ်ဘဲနဲ့ ရပ်ကွက်မှာ သုံးတဲ့ အိမ်မှုလုပ်ငန်းလေးတွေပေါ့။ ဒါတွေက အများ ဆုံးပေါ့။
ဖြေ - ဖြစ်နိုင်တယ်။ ဒါတွေက အများဆုံးပေါ့။ အဲဒါ ကလည်း တကယ့်တကယ်တော့ ပြောရရင် သက်ဆိုင် ရာက လျှပ်စစ်ဝန်ထမ်းနဲ့ပေါင်းပြီးတော့ပဲ လုပ်ကြတာ များတာပေါ့နော်။ ကျွန်တော်တို့ကတော့ ဒါကို ဒီလိုခိုး တယ်ဆိုတာကတော့ပြစ်မှုပဲ။ ကျွန်တော်တို့အသင်း အနေနဲ့ကျတော့ ဒီဟာတင်မဟုတ်ဘဲ တခြားသော အသိပညာပေးတွေလုပ်ပေးနေတာက အသင်းရဲ့ တာဝန်ပဲ။
မေး- နောက်တစ်ခုက Exchange rate ကိစ္စပေါ့။ အဲဒီ မှာစဉ်းစားတာက ကျွန်တော်တို့ အထည်ချုပ်၊ ဖိနပ်ချုပ်၊ ဘာချုပ်ညာချုပ်ဆိုပြီးတော့ နိုင်ငံတော်ကို နှစ်စဉ်နိုင်ငံခြားငွေရှာပးနေတာက ဘယ်လောက်ရှိပြီ လဲ။ တစ်နှစ်ကို ဒေါ်လာ သန်း ဘယ်လောက်ရှိလဲ။
ဖြေ- ဒေါ်လာ သန်း (၈၀ဝ)နီးပါး နှစ်စဉ်ရရှိထား တယ်။
မေး- ဆိုတော့ နိုင်ငံခြားငွေ ရှာပေးနိုင်တဲ့လုပ်ငန်းဖြစ် တယ်။ (၁) နိုင်ငံခြားငွေရှာပေးတဲ့ အဲဒီလုပ်ငန်းတွေ အပေါ်မှာ နိုင်ငံတော်က တစ်ခုခုပြန်ပြီးတော့ချီးမြှောက် တာ၊ လုပ်ပေးတာ ဘာရှိလဲ။
ဖြေ- အစောကလိုမျိုး ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှုမှာ (၃)နှစ်၊ (၅)နှစ်မှာ အခွန်မကောက်တာတို့ အဲဒီနည်းနဲ့ ပေးထားပါတယ်။ အဲဒါကျော်ရင် မြတ်တဲ့အပေါ်မှာ အခွန်ကောက်မယ်။ အဲဒီနည်းနဲ့ပဲပေးထားတယ်။ ဒါ ပေမဲ့ CMP မှန်သမျှကတော့ ဝင်လာတဲ့ကုန်စည် ပေါ်မှာမကောက်ဘူး။ ပြန်ထွက်ဖို့ပဲလိုတယ်။ ဒါ ကျွန် တော်တို့တိုင်းပြည်မို့လို့ မကောက်တာမဟုတ်ဘူး။ တခြားနိုင်ငံတွေလည်း မကောက်ဘူး။
မေး- အဲဒီမှာ (၃) နှစ်ကတော့ အခွန်ကင်းလွတ်သွားပြီ။ သုံးနှစ်ပြည့်ပြီးတဲ့နောက် စက်ရုံတစ်ခုက နောက်ထပ် နာမည်ပြောင်းပြီး နောက်ထပ်ကုမ္ပဏီတစ်ခုနဲ့ လုပ် တာမျိုးကော လုပ်လို့ရနိုင်လား။
ဖြေ- သူတို့ပိရိရင် ရနိုင်တာပေါ့။ ဒါပေမဲ့ အဲဒီလောက် ကျတော့ တကယ်တမ်း သိပ်တော့မလွယ်ဘူးဗျ။ ဘာ လို့လဲဆိုတော့ သူတို့ရင်းတဲ့အရင်းအနှီးက နည်းတာမှ မဟုတ်တာ။ အဲဒီအပေါ်မှာ ဆက်လုပ်နိုင်မှ အဓိပ္ပာယ် ရှိမှာ။ မဟုတ်ရင် တစ်ကနေပြန်စရမှာ။ လူတစ် ယောက်တည်းမဟုတ်ဘူး။ စာရင်းပိုင်းပဲ မဟုတ်ဘူး။ ပစ္စည်းတွေနဲ့ ပုံအောပြီးတင်ပြရတာဆိုတော့ ကျွန် တော်တို့လည်း စက်ရုံတစ်ရုံလုပ်တယ်။ မရှိတဲ့ပစ္စည်း တွေ ပြန်ဝယ်ထည့် အဲဒီမှာ နောက်ထပ် မော်ဒယ်ထွက် လာပြီဆို ဒိတ်အောက်သွားပြီ။ ရင်းထားတာက ဒေါ် လာ သုံးလေးထောင်ဖြစ်နိုင်တယ်။ အဲဒါမျိုးတွေရှိတဲ့ အတွက် ဖြစ်နိုင်တယ်။ ဒါမျိုးကရှားတယ်။ ဘာကြောင့် ရှားလဲဆိုရင် အသစ်ပြန်ထည့်ဖို့ နောက်ထပ် သူမရ တော့ဘူးလေ။ သူလည်း ရှေ့ထွက်မလာနိုင်တော့ ဘူး။
မေး- နိုင်ငံခြားငွေရှာပေးနေတဲ့လုပ်ငန်းတွေက ရှာ ပေးနေတယ်။ စက်မှုကုန်ကြမ်းတင်သွင်းတာနဲ့ပတ် သက်ရင်ကော အစိုးရဘက်က တင်းကြပ်ထားတဲ့မူဝါဒ တွေရှိလား။ စက်ပစ္စည်း Spare Parts တွေပေါ့။ မျိုးစုံပေါ့။
ဖြေ- အရင်တုန်းကဆိုရင်တော့ လွယ်တာပေါ့နော်။ ဥပမာ - ကျွန်တော် ဒါတွေရင်းနှီးမြှုပ်နှံမှာပါဆိုပြီး တော့ MIC မှာ ခွင့်ပြုချက်တောင်းတယ်။ အဲဒီ စာရင်းထဲကဟာတွေဆိုရင်တော့ ခွင့်ပြုတယ်။ အခု တော့ လောလောဆယ်က နိုင်ငံခြားငွေကို ထိန်းနေတဲ့ အခြေအနေဖြစ်တော့ စက်ကဟောင်းနေတော့ အသစ်သွင်းချင်တယ်ဆိုရင် အထူး One Stop Service နဲ့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ကိုတက်ပြီးရင် FESC တက်ပြီးရင်ယူ။ ဒါပေမဲ့ နည်း နည်းကြာတယ်။ ဘာတွေတွေ့ရလဲဆိုတော့ ကျွန် တော်နဲ့စကားပြောတယ်။ ဥပမာ - ဒါလေးအပ်ချင်လို့။ ကျွန်တော်တို့လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီစက်လို တယ်။ အဲဒါတော့သွင်းရမယ်ဆိုတော့ ဟုတ်ပြီ။ ကျွန် တော်သွင်းတော့မယ်ဆိုပြီးလျှောက်တော့ လိုင်စင်က ဆိုပါစို့ သုံးလနေမှရတယ်။ သူက တစ်လအတွင်းပဲ အပ်ချင်တာလေ။ မစောင့်နိုင်ဘူး။ အဲဒီအခါ လိုင်စင် ကျပြီဆိုရော Sorry ဗျာ။ ခင်ဗျားတို့က ကြာလို့ ကျွန်တော်ဘယ်သူ့ကိုအပ်လိုက်ပြီ တခြား တစ်လိုင်း ပြောင်းလိုက်တယ်။ ဒါကလောလောဆယ်ပေါ့။ ဒါပေမဲ့ တစ်ချိန်ကျရင်လည်း ချောသွားမယ်လို့ထင် တယ်။ လောလောဆယ် တခြားဘက်မှာတော့ Chemical သွင်းရတာရှိတယ်။ အဲဒါမှာဆိုရင်လည်း အန္တရာယ်ကင်းကြောင်းအထောက်အထားတွေ ယူရ တာရှိတယ်။ တကယ် စက်မှုလုပ်ငန်းသုံးဖြစ်ပါတယ်ဆိုပြီးတော့ သက်ဆိုင်ရာကိုလျှောက်ပြီးသွားပါပြီဆို ပြီး တင်ပြရတာတွေကလွဲလို့ပေါ့နော်။ သူကြေညာတဲ့ လျှောက်လွှာအတိုင်း သွင်းကုန်လိုင်စင်လျှောက်လိုက်။ လျှောက်လွှာအတိုင်းသာဝင်လာရင် ရှောရှောရှူရှူပဲ။
မေး- နိုင်ငံခြားကို CMP က ချုပ်ပြီးပို့လိုက်တဲ့အ ပေါ် ရတဲ့ပိုက်ဆံက ဘဏ်ထဲဝင်လာမယ်။ ဘဏ်က (၃၆၀ဝ)နဲ့ဖြတ်တယ်ဆိုတာ (၇၅) ရာခိုင်နှုန်းဖြတ်တာ လား။ ရာနှုန်းပြည့်လား။
ဖြေ - ရာနှုန်းပြည့်။
မေး - အစောက ပြောတော့ (၇၅/ ၂၅) ဆို။
ဖြေ - မရှိဘူး။ CMP မှာမရှိဘူး။ Normal သမား တွေပဲ ။ ဥပမာပဲပို့တယ်။ ဆန်ပို့တယ်။ သကြားပို့တယ်။ အဲဒါတွေ။ CMP ကတော့မရဘူး။
မေး - ဘယ်လိုဖြစ်သွားတာလဲ။ တခြားဟာတွေကျ တော့ (၇၅/၂၅)ရပြီးတော့။ CMP က ဘာလို့သုံးခွင့် မရှိတာလဲ။
ဖြေ - အဲဒါက နိုင်ငံတော်ရဲ့မူဝါဒပဲ။
မေး-အကြောင်းပြချက်ကော ပေးလား။
ဖြေ- ပေးဖူးလို့လား ဆရာရယ်။
မေး - ကြမ်းတစ်ပြေးညီတည်း ရှိရမှာလေ။
ဖြေ - တစ်ပြေးညီတည်းဖြစ်ဖို့တောင်းဆိုခဲ့တာ ကြာ ပြီ။ ဖြစ်ဖူးတယ်။ CMP မှာဆိုရင် အစလေးမှာ နိုင်ငံ ခြားသားရုံးဆိုရင် လျှော့ပေးတယ်။ ဆိုပါစို့ ကျွန်တော် တို့ ရာနှုန်းပြည့် (၃၆၀ဝ)လဲလိုက်တဲ့အချိန်မှာ ရာနှုန်း ပြည့် နိုင်ငံခြားသားဘဏ်ဆိုရင် ရာနှုန်းပြည့်ကို ကာ လပေါက်ဈေးနဲ့ပေးတယ်။ (၇၅)ရာခိုင်းနှုန်းကိုလဲရ တယ်။ သိပ်တော့မမှတ်မိတော့ဘူးလေ။ ခဏခဏ ပြောင်းနေတော့လေ။ ကျွန်တော်တို့ကပြောတယ်။ အတူတူမဖြစ်သင့်ဘူးလားလို့။ သူတို့ပါ မရတော့ဘူး။ကျွန်တော်တို့က သူတို့လို ရာခိုင်နှုန်းတစ်ခုသုံးချင်လို့ တင်ပြလိုက်တာ။ သူတို့ပါမရတော့ဘူး။ အေး ရတယ်။ တူစေရမယ်ဆိုပြီး။
မေး- ဒါကတော့ Currency Exchange ကထား ဦးပေါ့။ ပေါ်လစီပေါ့။ Labor Shortage ကကျ တော့ လုပ်သားကရှာမရတာလား။ ဒါမှမဟုတ် လာမ လုပ်ကြတာလား။
ဖြေ- နှစ်ခုစလုံးပါ။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ အလုပ်က လိုအပ်ပါတယ်ဆိုပြီး စက်ရုံအဝမှာကြေညာ ထားဖို့ပဲလေ။ ပုံမှန်အားဖြင့်ဆို လာလျှောက်ကြတယ်။ မလာကြဘူးဆိုရင် လုပ်သားတွေထဲကနေ မေးမြန်းရတာပေါ့။ အခုဟာက အဲဒီလိုလည်းမရှိကြတော့ဘူး။
မေး - ဘယ်လိုတွေ ဘယ်လို ပျောက်သွားလဲ။ အဲဒါ နားမလည်ဘူး။ တကယ်ရင်ဆိုင်ရတာက ဘာတွေ တုံး။
ဖြေ - အဲဒါကတော့ ကျွန်တော်ထင်တာကတော့ အိမ် နီးချင်းနိုင်ငံတွေထွက်သွားတာလို့တော့ထင်တာပဲ။ ထိုင်း၊ မလေးရှားဖြစ်နိုင်တယ်။ အဲဒါတွေလည်း တကယ်တော့ Save မဖြစ်ဘူး။ နောက် သိတဲ့အတိုင်း ဒီမှာတော့ ပိတ်တယ်လေ။ လေဆိပ်မှာတော့ ဂရုစိုက် တယ်လေ။ ဒါပေမဲ့ အောက်မှာ ဟောင်းလောင်းကြီး ဆိုတော့ လေယာဉ်ပျံမစီးတော့ဘူး။ အဲဒီလိုဖြစ်နေ တယ်ဗျ။ ကျွန်တော်ထင်တယ်။ မိသားစုတွေရော လူ ငယ်တွေကြားထဲမှာ ရှော့ခ်အကြီးကြီးရှိနေမှာစိုးရိမ် တယ်။ နံပါတ်တစ် စစ်မှုထမ်းကြောင့်ပဲ။ အဲဒီတစ်နည်း နဲ့ရှောင်ကြတာ။ ပိုက်ဆံတွေလည်းကုန်ပါစေ။ ကုန်တဲ့ ပြဿနာက တစ်နည်းနည်းနဲ့ပြန်ရောက်လာမှာဆိုပြီး လယ်ရောင်း၊ အိမ်ရောင်းပြီးတော့လွှတ်တာမျိုးတွေ ရှိမှာပေါ့နော်။ တကယ်လည်းထွက်နေတယ်။ ဟိုဘက် မှာက Save ဖြစ်တယ်မဖြစ်ဘူး။ ပြောလို့မရဘူး။ ဆို တော့ အဲဒါတွေလို့ထင်တာပဲ။
မေး - အဓိကကတော့ စစ်မှုထမ်းပြဿနာရှိမယ်။ နိုင်ငံရေးအရောင်ပြောင်းသွားလို့ တောခိုသွားတာရှိ မယ်။ ဒီနှစ်ချက်တော့ရှိတယ်။ အဲဒါကို ပြည်ပကိုမသွား ချင်သွားချင်နဲ့တကယ်ကိုပဲ မထူးပါဘူး ပြည်တွင်းမှာ လုပ်လည်း မထူးဘူး ပြည်ပသွားလုပ်မယ်လို့ ဆုံးဖြတ် ပြီးထွက်သွားတာ ဒီလိုအချက်ပေါင်းများစွာကြောင့် လို့ ပြောရင်ရလား။ ကောက်ချက်ချရင်ရလား။
ဖြေ - ရနိုင်တယ်။ နောက်တစ်ခါ ကျွန်တော်တို့ ညံ့ တယ်ပဲပြောပြော။ ဥပမာ ကျွန်တော့်မှာ လုပ်သား (၃၀ဝ)ရှိတယ်ဆိုပါစို့။ (၃၀ဝ)ရှိရင် လုပ်သားခချည်း ပဲရှာရမှာ အနည်းဆုံးသိန်း(၁၀ဝဝ)ကျော်။ ကျန်တာ ဒီဇယ်ကိစ္စ၊ ဖယ်ရီ၊ လျှပ်စစ်ကိစ္စ၊ ဟိုကြေး၊ ဒီကြေး။ ဆိုတော့ Margin က ပါးပါးလေး။ တစ်ခါတလေ ရှုံး တယ်။ အဲဒီမှာလည်း တစ်ခါတလေ လူကြီးတွေ နား မလည်တာလည်းရှိတယ်။ ဥပမာဆိုပါစို့ ကျွန်တော်က ဝန်ထမ်း (၅၀ဝ)ရှိတယ်။ ဆရာက ဝန်ထမ်း (၁၀ဝဝ) ရှိတယ်။ ဆရာ့ ရင်းနှီးမြှုပ်နှံမှုကအကြီးကြီးပဲ။ အော် ဒါတစ်ခုလာမယ်။ ဆရာနဲ့စကားပြောတယ်။ သူက (၁)ဒေါ်လာမှအဆင်ပြေမယ်ဆို ပြန်ဆုတ်သွားတယ် သူက။ နောက် ကျွန်တော့်ကိုလာညှိတယ်။ ကျွန်တော် လည်း (၁)ဒေါ်လာမှအဆင်ပြေမယ်ဆို အဲဒီမှာ ကျွန် တော်က ချုပ်စရာမရှိဘူး။ ဆရာကရှိတယ်။ နောက် ကျွန်တော့်ဆီရောက်လာတဲ့အချိန်မှာ ကျွန်တော်က လိုနေတယ်။ အဲဒီအချိန်မှာ သူက ပြား (၇၀)ပဲပေးမှာ။ ကျွန်တော်က (၁)ကျပ်မှ ကျွန်တော့်အရင်းရမှာသိ တယ်။ ဒါပေမဲ့ မယူရင် (၁)ကျပ်ရှုံးမယ်။ အဲဒီပြား (၇၀)နဲ့ယူလိုက်ရင် ပြား(၃၀)ပဲရှုံးမယ်။ ဒီ Work Force ကို ထမ်းထားရတာလေ။ သူတို့ကို အလုပ်မပေးနိုင်ရင် တစ်နေ့ကို သိန်း ဘယ်လောက်ဆိုတာ ပုံ မှန်ကုန်နေတာ။ အဲဒီအတွက် ကျွန်တော်တို့ကလုပ်ရ တာ။ နောက်တစ်ခါ Season ဆိုတာရှိသေးတယ်။ အရမ်းအော်ဒါပြန်ကျတဲ့ Season ။ နောက် နည်း နည်းလျော့သွားတဲ့အချိန်ကျ ကျွန်တော်တို့က low season ရောက်သွားပြီဆို ရူးနေအောင်ရှာရတာ။ ဒါလည်း Issue တွေပေါ့။ အဲဒီတော့ ပြောချင်တာက ထိုင်းကို ဘယ်လိုမှမီအောင်ပေးလို့မရဘူး။
မေး - ထိုင်းမှာပေးတဲ့လစာမျိုး မပေးနိုင်ဘူးပေါ့။
ဖြေ - မပေးနိုင်ဘူး။ မသိတဲ့ Other Costs တွေက အဲဒီလိုတွေ။ မီးလာဖို့ ကိုယ့်ဘာသာလုပ်ရတယ်။ ဒီ လုပ်ငန်းရှင်တွေပဲလုပ်ရတာ။ ဟုတ်ပြီ ဒါဆိုရင် နိုင်ငံ ခြားသားတွေ ဘာလို့ဒီလောက်လာနေတာလဲဆိုရင် နိုင်ငံခြားသားက တကယ့်တကယ် ကျွန်တော်တို့ဆီ က CMP တွေထဲလာတာဟာ သူတို့ပစ္စည်းကို သူတို့ ထုတ်တာလေ။ နဂိုတည်းက သူတို့စက်ရုံ တရုတ်မှာရှိ တယ်။ ဟောင်ကောင်မှာရှိတယ်။ သူတို့နိုင်ငံနဲ့ ဈေး နှုန်းနဲ့ဆိုရင်အရမ်းကုန်တယ်။ ကျွန်တော်တို့နိုင်ငံမှာ လာရင်းနှီးမြှုပ်နှံတဲ့အတွက် သူတို့အတွက်က တွက် ချေကိုက်မယ်။ ကျွန်တော်တို့ CMP စစ်စစ်ကျတော့ အော်ဒါအပ်တဲ့သူရှိမှ ဝင်ငွေရှိတာ။ အပ်တဲ့သူမရှိဘူး ဆိုရင် ဒီဝန်ထမ်းလစာတွေကို ပေးထားပေတော့။ အဲဒီကိစ္စကလည်း တဖြည်းဖြည်းနဲ့ ထိုင်းကလည်းတိုး မယ်လို့ကြားတယ်။ ဒါပေမဲ့ စဉ်းစားရမှာတစ်ခုက အဲဒီ မှာတိုးမယ့်ဟာသည် တရားဝင်လုပ်သားတွေဖြစ်ဖို့ လိုတယ်။ တရားမဝင်တဲ့သူတွေက ပိုက်ဆံတော့ ရပါ လိမ့်မယ်။ မလုံခြုံဘူးဆိုရင်တော့မကောင်းဘူးပေါ့။
မေး-အဲဒီတော့ စက်ရုံတစ်ရုံနဲ့တစ်ရုံ လုပ်သားလုတဲ့ ပြဿနာ လုပ်သားတွေကလည်း စည်းမျဉ်းစည်း ကမ်းမလိုက်နာတဲ့ပြဿနာ ဒီပြဿနာတွေကကော ဘယ်လိုရင်ဆိုင်နေရလဲ။
ဖြေ- အဲဒါကတော့ မတတ်နိုင်ဘူးဆရာ။ လုပ်သား တွေကို ကိုယ့်ဘာသာစည်းရုံးထား။ တကယ်တမ်းဆို ရင် Employee Contract ထဲမှာပါတယ်။ အပြန်အ လှန်တရားစွဲပိုင်ခွင့်ရှိတယ်။ ကြိုပြီးတော့ Inform မလုပ်ရင် တရားစွဲမယ်ဆိုရင်စွဲခွင့်ရှိတယ်။ မလုပ်ကြ ဘူး။ အဲဒီဟာလည်း အလုပ်ရှင်တွေ အသည်းမာပေး ဖို့တော့လိုမယ်။ မလုပ်ရက်ဘူးပေါ့ဆရာရယ်။ ကျွန်တော်က အကြောင်းတစ်ခုခုကြောင့် အလုပ်ထုတ် လိုက်လို့ သူကအလုပ်သမားရုံးကိုသွားတိုင်ရင် ဟို ကခေါ်ရင် ကျွန်တော်တို့တွေက ဒီလိုဒီလိုပြစ်မှုတွေ လုပ်လို့ဆိုပြီး သွားဖြေရှင်းရင် အဲဒီအခါ ဘယ်လိုရှင်း လဲဆိုတော့ ခင်ဗျားဗျာ ကိုယ့်တပည့်ပဲ။ ဒီလောက်လေး ကပေးလိုက်စမ်းပါ။
မေး - ကိုယ်ပြုစုပျိုးထောင်ပေးထားတဲ့ကာလတွေ ပေးထားတဲ့အချိန်တွေ ဒါတွေအပေါ်မှာ စာနာထောက် ထားမှု သူတို့ဘက်ကမရှိပေမယ့် ကိုယ့်ဘက်ကတော့ ဆုံးရှုံးသွားတာပေါ့။
ဖြေ - နောက်တစ်ချက် သူတို့မသိတာက ဥပမာ လူသစ်တစ်ယောက်ကို (၂၇၀,ဝဝဝ)လောက် စပေး ပြီးတော့ Train ရတာ။ အဲဒီအချိန်မှာ သူတို့ရဲ့ ထုတ် လုပ်နိုင်မှုက သုည။ ဒါတွေ ကျွန်တော်တို့ဆီမှာ ဆုံးရှုံး မှုတွေဖြစ်တယ်။ Train နေတဲ့ကာလမှာ သူတို့ မှားပြီးလုပ်တဲ့ဟာလည်းရှိမယ်။ အဲဒီအတွက် ဆုံးရှုံးမှု တွေကအများကြီး။ သဘောအရ တောက်လျှောက်လုပ်မှ Skill ကတက်လာပြီးတော့ သူတို့ရဲ့ တစ်နာရီ ထုတ်နိုင်အားက (၃၀)ကပုံမှန်လို့ယူဆရင် ကျွန်တော် တို့က (၅၀၊ ၆၀)လောက်နဲ့ကိုမျှောပြီးသွားရတာ။ အဲဒီ(၃၀)လောက်ကို (၂၊ ၃)လစောင့်သင့်ရင်စောင့်ရ တာ။
မေး - ပြီးရင် သူများက မသွားရော။
ဖြေ - ဒါလေးတွေကတော့ စောနက နည်းလေးတွေနဲ့ ထိန်းနိုင်ရင်တော့ကောင်းမယ်။ တကယ့်တကယ်တော့ ရှိတယ်။ ဘဏ်တွေမှာဆိုရင်လေ ဥပမာကျွန်တော်က ဘဏ်မန်နေဂျာ အလုပ်ထွက်မယ်ဆိုရင် နောက် (၆)လလောက် (၁) နှစ်လောက်အတွင်းမှာ နောက်ဘဏ် ကို ပြန်မဝင်ရဘူး။ အဲဒီနောက်ဘဏ်ကလည်း မခေါ် ရဘူး။ အလုပ်ရှင်အချင်းချင်းမှာလည်း အဲဒီလိုနည်း ဥပဒေတော့ရှိရမယ်။ နောက်တစ်ခုဆိုးတာက သူတို့ မှာအဖွဲ့ရှိတယ်။ Supervisor တို့ဘာတို့ရှိတယ်။ ကျွန်တော်တို့ ဟိုဘက်ကိုသွားလို့ရှိချင် သွားလုပ်လို့ ရတယ်။ ကျွန်တော့်နောက်မှာ ဘယ်နှယောက်ပါလာ မှာတို့။ သေရော။ ကျွန်တော်တို့အထည်ချုပ်မှာ ဒီအ ဖွဲ့ကြီးတစ်ခု (၃၀၊ ၄၀)လောက်မွေးထားရတာ။ အဲဒီ အဖွဲ့ကြီးက ဗြုန်းခနဲပြုတ်သွားတဲ့အခါမှာ ကျွန်တော် တို့စက်ရုံ Sorry ပဲ ရပ်သွားပြီ။ ကျွန်တော်ပြောသလိုပဲ အဖွဲ့က အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီးသွားနေတာ။ ကြားထဲက (C)လောက် (D)လောက်က တစ်ဖွဲ့ကြီးပျောက်သွား မယ်ဆိုရင် ထုတ်လုပ်မှုကရပ်ပြီ။ အေ၊ ဘီ၊ စီ ထုတ် လုပ်မှုက ဟိုဘက်မရောက်တော့ဘူး။ အဲဒီဟာတွေပါ ဖြစ်တယ်။ အရမ်းကြောက်ဖို့ကောင်းတယ်။ သက်ဆိုင် ရာက ကြပ်သင့်တယ်။ ဒီလိုတော့ လုပ်ပါတယ် အရေး ယူပေးပါဆိုတာကို။
မေး- အလုပ်သမားကိုသွားပြီးအရေးယူရင်လည်း စက်ရုံတွေက အလုပ်သမားကိုဖိနှိပ်တယ်။ ဘာဖြစ် တယ်၊ ညာဖြစ်တယ်ဆိုတဲ့စကားလုံးတွေက မီဒီယာမှာ ပွထဦးမယ်။ အဲဒီတော့ နည်းလမ်းတစ်ခုနဲ့ဖြေရှင်းမယ် ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။
ဖြေ- အဲဒီပြဿနာက နားလည်အောင်ပဲဖြေရှင်းရ မှာ။ ပြောင်းဖို့ရှိတယ်။ ဒါပေမဲ့ အကြောင်းကြားပေး။ အဲဒါကိုပဲ နားလည်အောင်ဆွေးနွေးပြီး တကယ်ကျင့် သုံးဖို့ပဲလိုတယ်။ အဲဒါတွေက Contract ထဲမှာ ပါပြီး သား။ ခက်နေတာက သိတဲ့အတိုင်းပဲ မီဒီယာဆိုတာ မျိုးက တစ်ခါတစ်ရံကျရင် အပြစ်လုပ်ပြီး ထွက်သွားတဲ့ သူက ပေါက်ကရတွေလျှောက်ရေးရင် ကျွန်တော်တို့ ကိုထိုးနှက်ဖို့ ပြန်ရေးမယ့်သူကအဆင်သင့်ပဲ။ အဲဒီအ နောက်မှာလည်း ဘာတွေမှန်းလဲမသိဘူး။ ဘယ်လိုက် လို့လိုက်ရမှန်းလည်းမသိတော့ဘူး။ Myanmar Labor News တို့ ဘာတို့ဆို တော်တော်ဒုက္ခပေးတာ။ သူတို့ညှောင့်ရင် ဟိုဘက်ကလည်း နားထောင်နေတာ။ အဲဒီတော့ ဟိုဘက်ကလည်း ဖုန်းလှမ်းဆက်ပြီး ဒီအတိုင်း ဆိုရင် မင်းဆီမှာအပ်ဖို့ပြန်စဉ်းစားမယ်တို့။ ကျွန်တော် တို့အနေနဲ့ကတော့ အသင်းဝင်စက်ရုံတွေအကုန်လုံးကို လိုက်နာမှုတွေ လုပ်ကိုလုပ်ရမယ်။ တကယ်တော့ ပြော မယ့်သာပြောနေတာ အလုပ်သမား Market က တ ချို့က လျှောက်ပြောတာ နည်းလို့ဘာလို့။ သူတို့ရသင့် ရထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေဖြည့်မပေးရင် မနေဘူးလေ။ ဆိုတော့ ဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်း Stable ဖြစ်ချင်လား။ Negotiate လုပ်ပါ၊ တောင်းတာ ပေးပါ။ ချော့ခိုင်းပါ။ ရအောင်လုပ်။ အဲဒီလိုရှိတယ်။
မေး- ကျွန်တော်တို့ စဉ်းစားမိတာတစ်ခုရှိတယ်။ စက်ရုံလုပ်ငန်းရှင်အချင်းချင်းကInternal Agreement တစ်ခုခုလုပ်ပြီးတော့ အကုန်လုံး အသင်းဝင် လုပ်ထား သင့်တာပေါ့။ ကျွန်တော့်စက်ရုံကလူက အစ်ကို့စက်ရုံကိုလာမယ်ဆိုရင် မင်းဟိုမှာ Refer လုပ်ထားလား မလုပ်ထားရင်ပြန်လုပ်လိုက်။ လုပ်ပြီး ရင် ငါမင်းကိုခန့်မယ်။ မင်းတောင်းတဲ့လစာလည်း ငါပေးမယ် ဆိုတဲ့ကျင့်ဝတ်လေး လုပ်သင့်တာပေါ့။ အချင်းချင်း Internal လုပ်ထားဖို့မသင့်ဘူးလား။
ဖြေ- ဒါက သိပ်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားသားတွေလည်းပါတယ်။ နိုင်ငံခြားသားတွေ ကတော့ Law ကလွဲပြီး ကျန်တာတွေကို ငါမသိဘူး လို့ပြောမှာပဲ။ အဲဒီအခါကျရင် အစောကဟာက ပြန် ဝင်လာရော။ ဘယ်ကိုတိုင်မှာတို့၊ ဘာတို့ပေါ့။ ကျွန်တော်တို့ဆီမှာက သိတဲ့အတိုင်းပဲ။ အမှုအခင်း တွေက မဖြစ်ချင်တဲ့အခါကျတော့ ဘယ်တတ်နိုင်မလဲ ကွာ။ ကယ်ကြပါဦးဟ၊ လုပ်ကြပါဦးဟတို့ပေါ့။ ပြောရ ရင်Happy Environment , Happy Surrounding တော့မဖြစ်သေးဘူးပေါ့။ ဒီကြားထဲမှာမှ အမှောင့်ပ ရောဂနဲ့တိုက်ခိုက်တာရှိတဲ့အခါကျတော့ အမှန်တိုင်း ဆိုရင် ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ်လုပ်ရင်းနဲ့ လုပ်သားတွေကိုထိန်းထားရတာဗျ။ ဒါပေမဲ့ ကျွန်တော် တို့ကအစ လက်ရှိအစိုးရအောက်မှာ အလုပ်လုပ်နေ လို့ဆိုပြီးလည်း ပြဿနာရှာတဲ့သူတွေရှိသေးတယ်။ ကျွန်တော့်ရဲ့ငယ်သူငယ်ချင်းတွေကအစပေါ့။ ဒါက လည်း သူတို့ရဲ့အတွေးအခေါ်နဲ့လည်းဆိုင်သေးတယ်။
မေး - အလုပ်သမားသမဂ္ဂတွေက လက်ရှိစက်မှု အလုပ်ရှင်တွေအတွက် အထောက်အကူဖြစ်စေလား။ အကျပ်အတည်းဖြစ်စေလား။ ဘေးကျပ်နံကျပ်ဖြစ်စေ သလား။
ဖြေ- လက်ရှိမှာ လောက်လောက်လားလားလည်း ရှိမှမရှိတာ။ အသိမှတ်ပြုထားတဲ့အလုပ်သမားသမဂ္ဂက အကြီးအကျယ်မရှိတော့ဘူးလေ။ သေးသေးလေး တွေပဲ ရှိတော့ရှိမယ်။ တကယ်ဆိုရင် အလုပ်သမား သမဂ္ဂဆိုတာရှိသင့်တာပေါ့။ ဘာလို့လဲဆိုတော့ တစ်ခု ခုကိုညှိနှိုင်းမယ်ဆိုရင် အလုပ်သမားတစ်ဦးချင်းစီ ထက် သူတို့ကိုကိုယ်စားပြုတဲ့အလုပ်သမားသမဂ္ဂနဲ့ အလုပ်ရှင်အသင်းတွေနဲ့ ညှိနှိုင်းမှုတွေရှိသင့်တာပေါ့။ ဒါပေမဲ့ အားလုံးက တစုတစည်းနဲ့ ငါတို့တိုင်းပြည် ကောင်းဖို့ဆိုတဲ့ စိတ်ဓာတ်ပဲဖြစ်ရမယ်။ ငါတို့ကို လာမ ထိနဲ့ ငါတို့ကအမှန်ပဲဆိုရင်တော့ မရဘူး။ ဒီလိုပဲ ငါတို့ ကအလုပ်ရှင်ပဲ အသာပဲဆိုရင်လည်း Sorry ပဲ မရ သေးဘူး။ သူများနိုင်ငံမှာ အလုပ်ရှင် အလုပ်သမား ဆိုတာ လုံးထွေးနေရမယ်။ အလုပ်သမားက အလုပ် ရှင်ရဲ့ A to Z ဘယ်လိုလုပ်ရမလဲဆိုတာသိတယ်။ အလုပ်ရှင်ကိုယ်တိုင်ကလည်း အလုပ်သမားတွေကို သူတို့ကိုယ်တိုင် အလုပ်သမားဘဝကနေတက်လာတဲ့ သူတွေရှိတယ်။ တချို့သူဌေးတွေဆိုလည်း အလုပ်သ မားတွေရဲ့ဘဝတွေကို နားလည်တယ်။ အဲဒီတော့ အလုပ်သမားသမဂ္ဂမှာတာဝန်ယူနေတဲ့သူတွေ၊ အလုပ် ရှင်ကိုယ်စားလှယ်တွေရဲ့လှုံ့ဆော်မှုအားက မိုက် တာပေါ့။ သူတို့မှာ ကောင်းအောင် ဝိုင်းပြင်ချင်တယ်ဆိုတဲ့စိတ်ပဲရှိတယ်။ အပြုတ်ဖြုတ်ရမယ်တို့၊ ဒုက္ခ ရောက်အောင်လုပ်ရမယ်တို့က ကျွန်တော်တို့ဆီ မှာရှိနေတာ အဲဒါလေးတစ်ခုတော့ ဝမ်းနည်းစရာ ကောင်းတယ်။ ဥပမာ ကျွန်တော်ဆိုရင် အလုပ်ရှင် အဖွဲ့အစည်းထဲမှာပါတယ်။ ကိုယ်ပိုင်အလုပ်ရှိတယ် လေ။ ဘယ်စက်ရုံမှာဘာတာဝန်ယူတယ်။ အမှန်တော့ အလုပ်သမားတွေက အဲဒီလိုဖြစ်ရမှာလေ။ သူ့မှာဘာ တာဝန်၊ သူဘာလုပ် တယ်။ အလုပ်သမားသမဂ္ဂအတွက် သူ့ရဲ့အချိန်မှာ ဘာလုပ်တယ်။ အခု အဲဒီလိုမဟုတ်ဘူး။ သမဂ္ဂထဲမှာဖြစ်သွားပြီဆိုရင် အဲဒီစက်ရုံက ငါ့ကိုလခ ပေးထားတာ။ ဘာတာဝန်မှမယူတော့ဘူး။ အလုပ်သ မားသမဂ္ဂမှာ လုပ်သားတွေအတွက်လုပ်နေတာမို့ လုပ်အားခကို အလုပ်ရှင်ကပေးဆိုပြီး ဒါကမှားတယ်။ ဒါပေမဲ့ အလုပ်ရှင်က အဲဒါကိုလက်ခံခဲ့တယ်။ ဘယ် လိုနည်းနဲ့လက်ခံလဲသိလား။ အေး နင်ငါ့ကိုတော့ က လန်ကဆန်မလုပ်နဲ့၊ ငါ့ကိုတော့ဒုက္ခမပေးနဲ့ ရော့ ပိုက် ဆံယူသွား။ အဲဒါတွေလည်းပါတယ်။ သူ့အလုပ်သူလုပ် ပြီး အလုပ်ကပေးတဲ့လစာကိုယူပြီး ကိုယ်ပိုင်အချိန် ထဲက အများအကျိုးအတွက် သမဂ္ဂမှာလုပ်တာလေ။ အဲဒီလိုဖြစ်သင့်တယ်။ ကျွန်တော်တွေ့ဖူးသမျှ သမဂ္ဂ ကလူတွေထဲမှာ သူကိုယ်တိုင်အလုပ်မရှိတော့ဘူး။ ပြဿနာရှိလို့ထုတ်ထားတဲ့သူတွေ။ တကယ်တော့ အ လုပ်သမားဟောင်းတွေသာဖြစ်တယ်။ တကယ်တော့ လက်ရှိ အလုပ်ရှိတဲ့သူတွေဖြစ်ရမှာ။
မေး - အလုပ်သမားသမဂ္ဂတွေဟာ နောက်ကွယ်မှာ နိုင်ငံရေးပါတဲ့အခင်းကျင်းမျိုးတွေရှိခဲ့ဖူးတယ်။ ဦးသိန်းစိန်လက်ထက် ဒေါ်အောင်ဆန်းစုကြည်လက် ထက် အကုန်ရှိခဲ့ဖူးတယ်။ အဲဒါတွေကကော အလုပ် ရှင်တွေအတွက် တော်တော်ခေါင်းကိုက်စေခဲ့တဲ့ကာ လဖြစ်ခဲ့သလား။ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရတာမျိုး ရှိခဲ့လဲ။ ဥပမာ တစ်ခု နှစ်ခုပေါ့။ ဘယ်လောက်ဆိုး ဆိုးရွားရွားတွေ ရင်ဆိုင်ခဲ့ရလဲ။
ဖြေ- တချို့စက်ရုံတွေတော့ ဆိုးတယ်။ ဒါပေမဲ့ အား လုံးမဟုတ်ပါဘူး။ ကံကောင်းတဲ့စက်ရုံတွေတော့ လွတ်တယ်ပေါ့။
မေး - နိုင်ငံရေးပါတာပေါ့နော်။ အနောက်အုပ်စုရဲ့ ခြယ်လှယ်မှုတွေပါလိမ့်မယ်၊ နောက်မှာ Fund တွေနဲ့ ကစားတာမျိုးလို့ ယူဆတယ်ပေါ့။
ဖြေ - ပါတာပေါ့။ နိုင်ငံရေးပါတယ်လို့ယူဆတယ်။ တစ်ခါတလေသွားကြည့်ရင် လုပ်သားတွေကို ကျွန် တော်တို့တွေတောင်မထားနိုင်တဲ့ပုံစံမျိုးတွေနဲ့ထားတာ။ လုံးဝမိုက်တယ်။ သူတို့မှာ ကော်ဖီအလကား။ နေ့လယ်စာ အလကား။ အပူချိန်ကအစ သူတို့စက်ရုံ ဆိုရင်အေးနေတာပဲ။ အဲဒီလိုဟာမျိုးတွေမှာ လုပ်ရ တာ။ ကျွန်တော်နားမလည်တာက အလုပ်ပြတယ်လို့ ထင်တာပေါ့နော်။ လက်ရှိအစိုးရလည်း အလုပ်သမား ဖြစ်တဲ့အတွက် အလုပ်ရှင်ကိုပြသနာရှာမယ်။နောက် တစ်ခါ တချို့ဆို သူနဲ့ညှိရတဲ့အဆင့်ဖြစ်သွားရော။ ဘာ လို့ဆို သူကပြဿနာကိုဖန်တီးပြီးတော့ သူပြော လိုက်ရင်ပြီးပါပြီ။ သူတို့က ထောင်ဂဏန်းရချင်ရ၊ သိန်းဂဏန်းရချင်ရတာ။ အဲဒီလိုရှိခဲ့ဖူးတယ်။ အခု တော့မရှိပါဘူး။
မေး- နိုင်ငံတကာကနေ အလုပ်သမားတွေနဲ့ပတ် သက်ပြီး ပြဿနာရှာတာတွေရှိတယ်လေ။ILO တို့ မှာငြိစွန်းနေတဲ့ ပြဿနာအကြီးကြီးတွေရှိတယ်လေ။ အဲဒါတွေက ပြည်တွင်းစက်မှုလုပ်တဲ့သူတွေအတွက် နိုင်ငံ/ လုပ်ငန်းရှင်အဆင့် ဘာတွေရင်ဆိုင်နေရလဲ။
ဖြေ- Article 33 လားမသိဘူး။ သူတို့တွေအနေနဲ့ ILO ကနေပြီးတော့ ဒီတိုင်းပြည်ကတော့ ဒီလိုတွေ ကြားတယ်။ အလုပ်အပ်တဲ့သူကဆုံးဖြတ်ရတာ။ အပ် တဲ့လူကလည်း ဒီအင်္ကျီဘယ်နေရာမှာချုပ်တာလဲ။ လုပ်သားဘယ်လောက်ရှိတာလဲအဆင့်ထိ ဆင်းကြည့် တာနော်။ သက်ရောက်မှုကတော့ရှိနိုင်တာပေါ့။ ဒါပေ မဲ့ ကျွန်တော်တို့လုပ်နိုင်တာက နဂိုကတည်းက မြန်မာ မှာ အလုပ်ရှင်နဲ့အလုပ်သမားတို့က အလုပ်ရှင်က အ လုပ်လုပ်မယ်ဟေးဆိုရင် အလုပ်သမားတွေက ဝိုင်း ပြီးချက်ပြုတ်ကြတာလေ။ အဲဒါတွေကို ဟို့စ်တွေမှာ လုပ်လို့မရကြဘူးလေ။ ယဉ်ကျေးမှုချင်းမတူဘူး။ ပြောချင်တာ ကျွန်တော်တို့ အလုပ်ရှင်နဲ့ အလုပ်သမား ဆိုတာ အာဝါသဖြစ်ပြီးသား။ အလုပ်ရှင်က ငွေတွေ ပုံအောပြီးလုပ်မယ်။ အလုပ်သမားတွေက အင်တိုက် အားတိုက်လုပ်မယ်။ အဲဒီလိုဟာတွေရှိပြီးသား။ အဲဒီ မှာ သူတို့က တံဆိပ်ကြီးတွေနဲ့လာကပ်တယ်။ အဲဒီမှာ ရှုပ်ကုန်ရော။ ကျွန်တော်တို့လုပ်ထားတဲ့စံတွေ ရှေးအ လုပ်ရှင်တွေက လုပ်သားတွေကို မိသားစုတွေလိုမျိုး မမှားဘူး ဆက်လုပ်။ ဒါပေမဲ့ နိုင်ငံတကာအရတော့ ဒါတွေကို မှတ်တမ်းလေးတွေနဲ့လုပ်။ ကျွန်တော်တို့ မှာက လှူတယ်ဟေ့ဆိုလှူလိုက်တာပဲ။ ကျွေးတယ် ဟေ့ဆိုကျွေးလိုက်တာပဲ။ မှတ်တမ်းမထားဘူးလေ။ အခုကျတော့မဟုတ်ဘူး မှတ်တမ်းနဲ့လုပ်။ အရင်က တည်းက Traditional CSR ဆိုတာရှိပြီးသား။ Gender Issue လည်းတက်ဖူးတယ်။ Gender Equality။ သူတို့က မိန်းကလေးတွေရဲ့အခန်းကဏ္ဍပါဖို့ပေါ့။ ဘာတွေပြောလဲဆိုတော့ ဦးသိန်းစိန်အစိုးရ လက်ထက်ကထင်တယ် မင်းတို့မှာ ဝန်ကြီး ဘယ်နှပါး ပါလဲ။ အမျိုးသမီးဘယ်နှယောက်ပါလဲတဲ့။ လူကြီးမင်း လို့ အဲဒီဝန်ကြီးကိုမေးလိုက်ပါလို့။ သူတို့အိမ်ကိုရောက် ရင် Decision Maker က ဘယ်သူလဲလို့။ ဝန်ကြီး လား ဝန်ကြီးကတော်လားလို့။ Gender က ငါတို့ တိုင်းပြည်ကိုလာမပြောပါနဲ့လို့။ ကျွန်တော်တို့တိုင်း ပြည်က အမျိုးသမီးတွေကိုဦးစားပေးတာ။ ဖိနှိပ်တာ မရှိဘူးနော် ဦးစားပေးတာ။ ပြောချင်တာက သူတို့တွေ ကခေါင်းစဉ်တပ်တာ။ အခုတော့ အဲဒါတွေက သိပ် တော့မရှိသေးဘူးပေါ့နော်။ ILO က ထိတွေ့ပါတယ် လက်ရှိအစိုးရနဲ့လည်း။
မေး- အခုစက်မှုလုပ်ငန်းတွေက အောင်မြင်စွာလည် ပတ်နေတာလား။ ခက်ခက်ခဲခဲလည်ပတ်နေလား။ အသက်ငွေ့ငွေ့လေးပဲကျန်တာလား။ အခု လက်ရှိ အခြေအနေက။
ဖြေ- အသက်ငွေ့ငွေ့အဆင့်တော့လည်းမဟုတ်။ ဒါပေမဲ့ ခက်ခက်ခဲခဲတော့ဖြစ်နေတာပေါ့။ ဒါကလည်း တကယ်တမ်းပြောကြေးဆို ကံလို့ပဲပြောရမယ်။ ကျွန် တော်တို့တွေက ကပ်ဘေး၊ သဘာဝဘေးတွေ ထိုး နှက်ခံရတယ်။ ပြီးရင် ကျွန်တော်တို့ယဉ်ကျေးမှုအရ ငလျင်ဖြစ်လို့၊ ရေဘေးဖြစ်လို့ဆိုရင် ဝိုင်းအုံထည့်ရတာ ပဲလေ။ ဟိုမှာ ပျက်စီးသွားတာထက် ကုစားဖို့ ပိုက်ဆံ တွေကဘယ်ကထွက်တာလဲ။ တစ်ဦးချင်းဆီကနေ ပြန်ထွက်တာ။ ဒါက စေတနာအလျောက်ထည့်တာ မှန်သော်လည်းပဲ ကျွန်တော်တို့ရဲ့စည်းစိမ်တွေ လျော့ သွားမှာသေချာပေါက်ပဲ။ ဒီလို သဘာဝဘေးအန္တရာယ် သာမဖြစ်ရင် ထည့်စရာအကြောင်းမရှိဘူးလေ။ ပျက်စီးသွားတဲ့အတွက် ပြန်ပြင်ဖို့ အကုန်လုံး ဝိုင်းလှူ ကြတယ်။ တစ်ဦးချင်းစီရဲ့ပိုင်ဆိုင်မှုကျတော့ တိုင်း ပြည်ရဲ့ပိုင်ဆိုင်မှုကျနေတာပဲ။
မေး-စက်မှုလုပ်ငန်းရှင်တွေရဲ့ အရေးကြီးပြန်လည်ကုစားရမယ့်လိုမယ့်အပိုင်းက ဘယ်ကလဲ။ ပြန်ပြီး Develop ပြန်ဖြစ်လာဖို့။
ဖြေ- Political Stability ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအပေါ်မှာပဲ တချို့အတွက်က Big Challenge ။ တချို့က အရမ်းတွေစိတ်ပူတယ်။ ပူရတဲ့နေရာပဲ ပူမှာ ပဲလေ။ တချို့နေရာဆို ထားပစ်ခဲ့ရတာလေ။ ကိုယ် တွေက ဒီဘက်မှာရှိနေလို့ကံကောင်းသွားတာ။ သယ် ယူပို့ဆောင်ရေးမှာ နယ်စပ်ဖြတ်ကျော်ပြီးသယ်ရတဲ့ ပစ္စည်းတွေ ဈေးတက်မယ်။ ဒါလည်း Risk တွေလေ။ ငါ့ဥစ္စာ Save ဖြစ်မှပို့မယ်ဆိုရင် သူအလုပ်မဖြစ်တော့ ဘူး။ ကွန်တိန်နာတစ်လုံးကိုဘယ်လောက်ဆိုရင် တော့ရောက်တယ်။ စရိတ်တွေတော့အများကြီးကျ တယ်။ သို့သော် ငါအသက်ရှူလို့ရနေသေးတယ် ချ ကွာဆိုပြီး ဖြစ်ကုန်တာ။ အဲဒီတော့ လမ်းပန်းဆက် သွယ်ရေးရော၊ ကုန်စည်စီးဆင်းတာရော၊ ငွေကြေး ရော အားလုံးကချိတ်ဆက်နေကြတော့ နိုင်ငံရေးတည် ငြိမ်သွားပြီဆိုရင် အားလုံးကအများကြီး ကောင်းသွား မှာပေါ့ဗျာ။ နောက်တစ်ခါ ကျွန်တော်တို့က တည်ငြိမ် ဖို့ပြောနေတော့ Improvement လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအကုန်လုံး ဖြစ်သင့်ဖြစ် ထိုက်တဲ့အထောက်အပံ့တွေတော့ပေးရမယ်လို့ ကျွန် တော်ထင်တယ်။ ငှက်ပျောရည်နဲ့ စမ်းချောင်းရေ သောက်ခဲ့တာတွေက ထားခဲ့လိုက်တော့။ တစ်ခုခုဆို တာနဲ့ အသက်မသေစေရဘူး။ ဘယ်လို ဆေးရုံတင် ကုသမယ်။ ရိက္ခာဆိုလည်း ဘယ်လိုဖြစ်မယ်။ သူရဲ့ အလုပ်ကို Proud နေမှရမှာလေ။ ကိုယ်က ရှေ့မှာ တရှူးရှူးနဲ့ ယူနီဖောင်းလေးနဲ့လုပ်နေတယ်။ သူ့ အိမ်မှာက စားဖို့သောက်ဖို့အတွက်ကို ဟိုဟာဒီဟာ ပေါင်ဆိုရင် မဟုတ်သေးဘူးလေ။ Basic တော့ သူ ဖြည့်ပေးထားရမယ်။ မင်းတို့က တိုင်းပြည်အတွက် အသက်ပေးဖို့ဝင်လာကြတာပဲ ခံကြဆိုတာကဘာ လဲ။ အသက်ပေးတာက မှန်တယ်။ ဂုဏ်ရှိလောက်တဲ့ အနေအထားမျိုးပံ့ပိုးရမယ်။ နောက်လှည့်ကြည့်လို့ ရှိရင် မပူရတဲ့အနေအထားမျိုးဖြစ်ရမယ်။ ဒါပေမဲ့ ကျွန်တော်ကွက်ပြောသလိုဖြစ်နေတယ်။ တကယ် တော့ ကျန်တဲ့အခြားဝန်ထမ်းတွေလည်း အတူတူပဲ။ ဒါပေမဲ့ အဲဒါကိုကုစားဖို့ကလည်း တိုင်းပြည်က ပိုက် ဆံထုတ်ရမယ်။ အဲဒီတိုင်းပြည်ကထုတ်ဖို့အတွက် ကျွန်တော်တို့ဆီက အခွန်အခယူရမယ်။ ကျွန်တော်တို့ တွေက အခွန်ပေးနိုင်ဖို့ အလုပ်လည်ပတ်နေမှရမယ်။ အဲဒီအခြေနေပြန်ရောက်မှရမယ်။ တချို့ အလယ် အလတ်မိသားစုက ထိုင်းနိုင်င် ချင်းမိုင်ဘက်ကိုရောက် ကုန်တာ။ အဲဒါတွေကလည်း Save ဖြစ်ဦးမှ။ ဟိုနေ့ က မြန်မာပလာဇာမှာဖြစ်သွားတယ်။ ဝင်သတ်သွား ပြီတို့။ နောက် တက္ကသမားက စီးတဲ့လူကိုကြောက်။ စီးတဲ့လူက ကားသမားကိုကြောက်ရဆိုတာတွေ ပွနေ တယ်။ အဲဒီတော့ ချိတ်တော့ချိတ်ဆက်နေတယ်။ အရင်တုန်းက Very Save ။
မေး - အဲဒါတွေအားလုံးက ရွေးကောက်ပွဲ အလွန် ကျရင်တော့ တစ်ခုပြီးတစ်ခုပြေလည်လာမယ်လို့ ယူ ဆတယ်။ မျှော်လင့်လို့ရလားပေါ့။
ဖြေ - မျှော်လင့်တယ်။ ဒါပေမဲ့ ရိုးရိုးလေးစဉ်းစားတာ ပေါ့။ ရွေးကောက်တင်မြှောက်လိုက်တဲ့ကိုယ်စားလှယ် တွေရဲ့စကားကို စောစောကမှိုင်းမိနေတဲ့လူတွေ နား ထောင်မှာလား။ ဒါကအရေးကြီးတယ်။ အခုပြဿနာ က လူတွေရဲ့အမြင်တွေဝေဝါးပြီးဖြစ်နေတာ။ တစ် ဖက်ကလည်း လက်နက်ကိုင်ပြီး ထကြွနေတဲ့လူတွေကို နှိမ့်ကွပ်ရမှာ တည်ဆဲအစိုးရကလုပ်ပေါ့။ ကျွန်တော် တို့တွေ အစောတည်းကသိတာပဲ။ ကျွန်တော်တို့ တောင်သိပြီဆို သူတို့လည်းသိရမှာလေ။ ဒီလောက် ထိကြီးမလာဖို့ မျှော်လင့်ခဲ့တာ။
မေး - အဲဒီတော့ စီးပွားရေးကိစ္စတော့ တော်တော် လေးစုံသွားပါပြီ။
ကျေးဇူးတင်ပါတယ်။

Zawgyi Version:
" အသက္ေငြ႕ေငြ႕အဆင့္ေတာ့မဟုတ္ေသးေပမယ့္ ခက္ခက္ခဲခဲေတာ့ျဖစ္ေနတယ္ " စက္မႈထုတ္ကုန္နဲ႔ (CMP) က႑ အဓိကျပႆနာသုံးခု
(ကိုေက်ာ္ႏုႏွင့္ ေဆြးေႏြးခန္း)
Peral ၊ ခ်ယ္ရီ (NP News) - ၾသဂုတ္ ၂၈
ျမန္မာႏိုင္ငံရွိ ကုန္ထုတ္စက္မႈလုပ္ငန္းက႑၌ အဓိကက႑ႀကီး (၃)ခုရွိရာ အထည္ခ်ဳပ္လုပ္ငန္းအပါဝင္ (CMP) လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားႏွင့္ လုပ္ငန္းသေဘာသဘာဝ မ်ားအား ျပည္တြင္းလုပ္ငန္းရွင္တစ္ဦးႏွင့္ ကိုေက်ာ္ႏုတို႔ ေတြ႕ဆုံေဆြးေႏြးထားသည္ကို ေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။
(ယခင္တစ္ပတ္မွအဆက္)
ေမး - ဒါဆိုရင္ ဝန္ႀကီးဌာနကဘက္ကအေၾကာင္းျပ ခ်က္ကေတာ့ စက္မႈဇုန္ေတြဘက္ကမညီၫြတ္လို႔ ေပးရခက္တယ္လို႔ေျပာတယ္ဆိုရင္ စက္မႈဇုန္ေတြက ငါတို႔ေပးႏိုင္တယ္ မင္းတို႔ကမေပးတာဆိုရင္ ၾကားမွာ တစ္ခုခု ကြာဟမႈေတြရွိေနတာလား။
ေျဖ- အမွန္ေတာ့ ဒါက ကြၽန္ေတာ္တို႔တာဝန္မဟုတ္ ဘူး။ Investor က မင္းဘာသာမင္း ေျမာင္းတူး၊ မင္း ဘာသာမင္း မီးသြယ္၊ မင္းဘာသာမင္းေရတူးဆိုတာ ကမျဖစ္ရဘူး။ တကယ္တမ္းက မီးအဆင္သင့္၊ လမ္း အဆင္သင့္ရွိပါတယ္။ ႀကိဳက္သေလာက္သုံး။ က်သ ေလာက္ရွင္းဆိုတာျဖစ္ရမယ္။ ဒါမွလာမွာေပါ့။ ေနာက္တစ္ခုက ကိုယ့္သေဘာနဲ႔ကိုယ္ လုပ္လို႔မရဘူး ေလ။Transformer ထိုင္တာေတာင္ ကိုယ့္ဘာသာ လုပ္လို႔မရဘူး။ လွ်ပ္စစ္ကပဲလုပ္ရမွာ။ တြက္ခ်က္ မယ္။ အဆင္ေျပၿပီဆိုမွတပ္မယ္ေလ။ အဲဒီလိုျဖစ္တဲ့ အတြက္ ကြၽန္ေတာ္တို႔က ႀကဳံတဲ့အခါမွသာ တင္ျပ႐ုံ သာရွိတယ္။ တကယ့္တကယ္ ေသခ်ာျပန္တြက္ၾကည့္ ရင္ တစ္ဦးခ်င္း Generator နဲ႔လုပ္ေနတဲ့ကုန္က်စရိတ္ ကပိုမ်ားတာေပါ့။ ဒါေပမဲ့လည္း မူဝါဒေတြကလည္း ရွိတာေပါ့ေလ။ ပထမ ကြၽန္ေတာ္တို႔ၾကားတာေတာ့ေလ သေဘၤာႀကီးလာကပ္ၿပီးေတာ့ ဟိုတစ္ခါေပးတုန္းက လို အဲဒီလိုဆိုရင္ ျဖစ္ႏိုင္တယ္ဆိုေပမယ့္ ဘယ္လိုအ တားအဆီးေတြရွိေနလဲေတာ့ မသိဘူး။
ေမး - စက္မႈလုပ္ငန္းရွင္ေတြက တိုးတက္ခ်င္ေသာ္ ျငားလည္း လွ်ပ္စစ္ေၾကာင့္ေခါင္းကိုက္ေနၾကတာ ေတာ့ ေသခ်ာတာေပါ့ေနာ္။
ေျဖ- ေသခ်ာတာေပါ့။ အလုပ္ပိုလုပ္ေနရတယ္။ Maintenance လုပ္ရ မီးေရးထင္းေရးေပါ့။
ေမး - လွ်ပ္စစ္သာ မွန္ေအာင္ေပးႏိုင္မယ္ဆိုရင္ တခ်ိဳ႕ကိစၥေတြက ေတာ္ေတာ္ေလးေရွ႕တိုးလို႔ရမယ့္ သေဘာ။
ေျဖ - မွန္တယ္။ အႀကီးဆုံးျပႆနာက လွ်ပ္စစ္ေရာ၊ အလုပ္သမားေရာ။
ေမး - Labor Shortage က ဒုတိယအပိုင္းေပါ့။ ကြၽန္ေတာ္က လွ်ပ္စစ္ကိစၥကို အာ႐ုံပိုစိုက္တယ္ဆိုတာ က ကြၽန္ေတာ္တို႔က ေရွ႕ကိုသြားခ်င္တယ္၊ တိုးတက္ ခ်င္တယ္၊ ေအာင္ျမင္ခ်င္တယ္။ လုပ္ငန္းေတြ Develop ျဖစ္ခ်င္တယ္လို႔ေျပာတယ္။ ခလုတ္ပိတ္ထားရင္ ဘာမွလုပ္လို႔မရဘူး။
ေျဖ - ကြၽန္ေတာ္ေျပာခဲ့တဲ့ Labor Demand ဆိုတာ Labor မရွိရင္ ေအာ္ဒါလက္ခံလို႔မရဘူး။
ေမး - လွ်ပ္စစ္ရွိရင္ေတာ့ နည္းပညာမ်ားမ်ားထည့္ၿပီး လူကိုျပန္ေလွ်ာ့လိုက္တာမ်ိဳးလည္း လုပ္လို႔ရႏိုင္တယ္ ေပါ့ေနာ္။
ေျဖ - တခ်ိဳ႕ေနရာက မရႏိုင္ဘူး။ ဥပမာ အထည္ခ်ဳပ္ တို႔။ အဲဒါကို ဥပမာ (၃၀ဝဝ)ရွိတယ္၊ (၃၀ဝ)နဲ႔ပဲလုပ္ မယ္။ မရဘူးမဟုတ္ဘူး ရတယ္။ ေနာက္ထပ္ အဆ (၂၀ဝ)ေလာက္ Inverstment လုပ္ရမယ္။ ျဖစ္တာ ေတာ့ျဖစ္တယ္။ တ႐ုတ္ကေတာ့ ထြင္သလားမေမးနဲ႔။ ၾကမ္း တိုက္ဘာညာ လူနဲ႔မလုပ္ေတာ့ဘူးေလ။ ဟိုမွာ အဝိုင္းေလးေလွ်ာက္သြားေနတာ။ တစ္ခုနဲ႔တစ္ခုေ႐ႊ႕ တယ္ ဆိုရင္ Robot ေလးနဲ႔သြားတာ။ ေနာက္တခါ ေနရာ ေ႐ႊ႕ရင္က ၾကာပါၿပီ Auto Machine နဲ႔သြား တာတို႔။ တစ္ခါတစ္ရံ အပ္တဲ့လူကေတာင္ ဒီစက္ရွိမွ အပ္မယ္ တို႔လုပ္တာ။ အဲဒီစက္ကိုမရရေအာင္ ဝယ္ ထည့္။ အဲဒါမ်ိဳးေတြလုပ္ရတယ္။
ေမး- ေနာက္တစ္ခါ လွ်ပ္စစ္ဝန္ႀကီးဌာနကေန စက္ မႈဇုန္က စက္႐ုံေတြကို မီတာခိုးတာဆိုၿပီးေတာ့ လွ်ပ္ စစ္ခိုးသြယ္တယ္ဆိုၿပီး လာစစ္ေဆးတာေတြရွိခဲ့ဖူး တယ္ဆိုေတာ့။ အဲဒါတကယ္ျဖစ္ခဲ့တာလား။ အေၾကာင္းျပခ်က္လား။ ဘာေၾကာင့္လဲ။
ေျဖ- အဲဒါေတာ့ ကြၽန္ေတာ္မသိဘူး။ ျဖစ္ႏိုင္တာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ထင္ထင္ရွားရွားသိႏိုင္တဲ့ကိစၥ မဟုတ္ဘူး။ သို႔ေသာ္ ဝန္ထမ္းေတြေတာ္ေတာ္မ်ား မ်ားဟာ ေနရာတိုင္းမွာ ယိုေပါက္ေတြရွိႏိုင္ေတာ့ ျဖစ္ ႏိုင္တယ္။ ဒါေပမဲ့ ဒါက အလြန႔္အလြန္ အနည္းစုပါ။ နည္းပညာပိုင္းက သိပ္ခက္တာမွမဟုတ္တာ။
ေမး - ဒါေတြက စက္မႈဇုန္က ပိုင္ရွင္ကေတာ့ ကိုယ့္ ဘာသာသြယ္လို႔မရဘူးေလ။
ေျဖ - ဟုတ္တယ္။ အနည္းဆုံး Line Man နဲ႔ ေပါင္းၿပီးေတာ့လုပ္ေနၾကတာေပါ့။ ဒါေပမဲ့ ဇုန္ Level မွာေတာ့မရွိႏိုင္ဘူး။ Cottage Industry မွာေတာ့ ျဖစ္ႏိုင္တယ္။ ဇုန္ Level ေတြမွာက်ေတာ့ စက္မႈဇုန္ စီမံခန႔္ခြဲေရးအဖြဲ႕ေတြဆိုတာရွိတဲ့အတြက္ အၿမဲတမ္း Monitor လုပ္ရတာေတြ ရွိတယ္။ ဇုန္စီမံခန႔္ခြဲေရး ေကာ္မတီဆိုတာ ရွင္းရွင္းေျပာရရင္ ဌာနဆိုင္ရာကေန ၿပီးေတာ့ အၿမဲေစာင့္ၾကည့္ဖို႔ ဖြဲ႕ေပးထားသလိုျဖစ္တဲ့ အတြက္ ဇုန္ထဲမွာ အဲဒီလိုမ႐ိုးသားတဲ့ပုံစံမ်ိဳးရွိခဲ့ရင္ ဒီစီမံခန႔္ခြဲမႈေကာ္မတီကပါ ပူးေပါင္းပါဝင္လို႔ျဖစ္ရ မယ္။
ေမး - ဒါဆိုရင္ စက္မႈဇုန္မဟုတ္ဘဲနဲ႔ ရပ္ကြက္မွာ သုံးတဲ့ အိမ္မႈလုပ္ငန္းေလးေတြေပါ့။ ဒါေတြက အမ်ား ဆုံးေပါ့။
ေျဖ - ျဖစ္ႏိုင္တယ္။ ဒါေတြက အမ်ားဆုံးေပါ့။ အဲဒါ ကလည္း တကယ့္တကယ္ေတာ့ ေျပာရရင္ သက္ဆိုင္ ရာက လွ်ပ္စစ္ဝန္ထမ္းနဲ႔ေပါင္းၿပီးေတာ့ပဲ လုပ္ၾကတာ မ်ားတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ကေတာ့ ဒါကို ဒီလိုခိုး တယ္ဆိုတာကေတာ့ျပစ္မႈပဲ။ ကြၽန္ေတာ္တို႔အသင္း အေနနဲ႔က်ေတာ့ ဒီဟာတင္မဟုတ္ဘဲ တျခားေသာ အသိပညာေပးေတြလုပ္ေပးေနတာက အသင္းရဲ႕ တာဝန္ပဲ။
ေမး- ေနာက္တစ္ခုက Exchange rate ကိစၥေပါ့။ အဲဒီ မွာစဥ္းစားတာက ကြၽန္ေတာ္တို႔ အထည္ခ်ဳပ္၊ ဖိနပ္ခ်ဳပ္၊ ဘာခ်ဳပ္ညာခ်ဳပ္ဆိုၿပီးေတာ့ ႏိုင္ငံေတာ္ကို ႏွစ္စဥ္ႏိုင္ငံျခားေငြရွာပးေနတာက ဘယ္ေလာက္ရွိၿပီ လဲ။ တစ္ႏွစ္ကို ေဒၚလာ သန္း ဘယ္ေလာက္ရွိလဲ။
ေျဖ- ေဒၚလာ သန္း (၈၀ဝ)နီးပါး ႏွစ္စဥ္ရရွိထား တယ္။
ေမး- ဆိုေတာ့ ႏိုင္ငံျခားေငြ ရွာေပးႏိုင္တဲ့လုပ္ငန္းျဖစ္ တယ္။ (၁) ႏိုင္ငံျခားေငြရွာေပးတဲ့ အဲဒီလုပ္ငန္းေတြ အေပၚမွာ ႏိုင္ငံေတာ္က တစ္ခုခုျပန္ၿပီးေတာ့ခ်ီးေျမႇာက္ တာ၊ လုပ္ေပးတာ ဘာရွိလဲ။
ေျဖ- အေစာကလိုမ်ိဳး ပထမဦးဆုံး ရင္းႏွီးျမႇဳပ္ႏွံမႈမွာ (၃)ႏွစ္၊ (၅)ႏွစ္မွာ အခြန္မေကာက္တာတို႔ အဲဒီနည္းနဲ႔ ေပးထားပါတယ္။ အဲဒါေက်ာ္ရင္ ျမတ္တဲ့အေပၚမွာ အခြန္ေကာက္မယ္။ အဲဒီနည္းနဲ႔ပဲေပးထားတယ္။ ဒါ ေပမဲ့ CMP မွန္သမွ်ကေတာ့ ဝင္လာတဲ့ကုန္စည္ ေပၚမွာမေကာက္ဘူး။ ျပန္ထြက္ဖို႔ပဲလိုတယ္။ ဒါ ကြၽန္ ေတာ္တို႔တိုင္းျပည္မို႔လို႔ မေကာက္တာမဟုတ္ဘူး။ တျခားႏိုင္ငံေတြလည္း မေကာက္ဘူး။
ေမး- အဲဒီမွာ (၃) ႏွစ္ကေတာ့ အခြန္ကင္းလြတ္သြားၿပီ။ သုံးႏွစ္ျပည့္ၿပီးတဲ့ေနာက္ စက္႐ုံတစ္ခုက ေနာက္ထပ္ နာမည္ေျပာင္းၿပီး ေနာက္ထပ္ကုမၸဏီတစ္ခုနဲ႔ လုပ္ တာမ်ိဳးေကာ လုပ္လို႔ရႏိုင္လား။
ေျဖ- သူတို႔ပိရိရင္ ရႏိုင္တာေပါ့။ ဒါေပမဲ့ အဲဒီေလာက္ က်ေတာ့ တကယ္တမ္း သိပ္ေတာ့မလြယ္ဘူးဗ်။ ဘာ လို႔လဲဆိုေတာ့ သူတို႔ရင္းတဲ့အရင္းအႏွီးက နည္းတာမွ မဟုတ္တာ။ အဲဒီအေပၚမွာ ဆက္လုပ္ႏိုင္မွ အဓိပၸာယ္ ရွိမွာ။ မဟုတ္ရင္ တစ္ကေနျပန္စရမွာ။ လူတစ္ ေယာက္တည္းမဟုတ္ဘူး။ စာရင္းပိုင္းပဲ မဟုတ္ဘူး။ ပစၥည္းေတြနဲ႔ ပုံေအာၿပီးတင္ျပရတာဆိုေတာ့ ကြၽန္ ေတာ္တို႔လည္း စက္႐ုံတစ္႐ုံလုပ္တယ္။ မရွိတဲ့ပစၥည္း ေတြ ျပန္ဝယ္ထည့္ အဲဒီမွာ ေနာက္ထပ္ ေမာ္ဒယ္ထြက္ လာၿပီဆို ဒိတ္ေအာက္သြားၿပီ။ ရင္းထားတာက ေဒၚ လာ သုံးေလးေထာင္ျဖစ္ႏိုင္တယ္။ အဲဒါမ်ိဳးေတြရွိတဲ့ အတြက္ ျဖစ္ႏိုင္တယ္။ ဒါမ်ိဳးကရွားတယ္။ ဘာေၾကာင့္ ရွားလဲဆိုရင္ အသစ္ျပန္ထည့္ဖို႔ ေနာက္ထပ္ သူမရ ေတာ့ဘူးေလ။ သူလည္း ေရွ႕ထြက္မလာႏိုင္ေတာ့ ဘူး။
ေမး- ႏိုင္ငံျခားေငြရွာေပးေနတဲ့လုပ္ငန္းေတြက ရွာ ေပးေနတယ္။ စက္မႈကုန္ၾကမ္းတင္သြင္းတာနဲ႔ပတ္ သက္ရင္ေကာ အစိုးရဘက္က တင္းၾကပ္ထားတဲ့မူဝါဒ ေတြရွိလား။ စက္ပစၥည္း Spare Parts ေတြေပါ့။ မ်ိဳးစုံေပါ့။
ေျဖ- အရင္တုန္းကဆိုရင္ေတာ့ လြယ္တာေပါ့ေနာ္။ ဥပမာ - ကြၽန္ေတာ္ ဒါေတြရင္းႏွီးျမႇဳပ္ႏွံမွာပါဆိုၿပီး ေတာ့ MIC မွာ ခြင့္ျပဳခ်က္ေတာင္းတယ္။ အဲဒီ စာရင္းထဲကဟာေတြဆိုရင္ေတာ့ ခြင့္ျပဳတယ္။ အခု ေတာ့ ေလာေလာဆယ္က ႏိုင္ငံျခားေငြကို ထိန္းေနတဲ့ အေျခအေနျဖစ္ေတာ့ စက္ကေဟာင္းေနေတာ့ အသစ္သြင္းခ်င္တယ္ဆိုရင္ အထူး One Stop Service နဲ႔ ကုန္စည္စီးဆင္းမႈ မွန္ကန္ျမန္ဆန္ေရး ကိုတက္ၿပီးရင္ FESC တက္ၿပီးရင္ယူ။ ဒါေပမဲ့ နည္း နည္းၾကာတယ္။ ဘာေတြေတြ႕ရလဲဆိုေတာ့ ကြၽန္ ေတာ္နဲ႔စကားေျပာတယ္။ ဥပမာ - ဒါေလးအပ္ခ်င္လို႔။ ကြၽန္ေတာ္တို႔လုပ္ေပးႏိုင္တယ္။ ဒါေပမဲ့ ဒီစက္လို တယ္။ အဲဒါေတာ့သြင္းရမယ္ဆိုေတာ့ ဟုတ္ၿပီ။ ကြၽန္ ေတာ္သြင္းေတာ့မယ္ဆိုၿပီးေလွ်ာက္ေတာ့ လိုင္စင္က ဆိုပါစို႔ သုံးလေနမွရတယ္။ သူက တစ္လအတြင္းပဲ အပ္ခ်င္တာေလ။ မေစာင့္ႏိုင္ဘူး။ အဲဒီအခါ လိုင္စင္ က်ၿပီဆိုေရာ Sorry ဗ်ာ။ ခင္ဗ်ားတို႔က ၾကာလို႔ ကြၽန္ေတာ္ဘယ္သူ႔ကိုအပ္လိုက္ၿပီ တျခား တစ္လိုင္း ေျပာင္းလိုက္တယ္။ ဒါကေလာေလာဆယ္ေပါ့။ ဒါေပမဲ့ တစ္ခ်ိန္က်ရင္လည္း ေခ်ာသြားမယ္လို႔ထင္ တယ္။ ေလာေလာဆယ္ တျခားဘက္မွာေတာ့ Chemical သြင္းရတာရွိတယ္။ အဲဒါမွာဆိုရင္လည္း အႏၲရာယ္ကင္းေၾကာင္းအေထာက္အထားေတြ ယူရ တာရွိတယ္။ တကယ္ စက္မႈလုပ္ငန္းသုံးျဖစ္ပါတယ္ဆိုၿပီးေတာ့ သက္ဆိုင္ရာကိုေလွ်ာက္ၿပီးသြားပါၿပီဆို ၿပီး တင္ျပရတာေတြကလြဲလို႔ေပါ့ေနာ္။ သူေၾကညာတဲ့ ေလွ်ာက္လႊာအတိုင္း သြင္းကုန္လိုင္စင္ေလွ်ာက္လိုက္။ ေလွ်ာက္လႊာအတိုင္းသာဝင္လာရင္ ေရွာေရွာရႉရႉပဲ။
ေမး- ႏိုင္ငံျခားကို CMP က ခ်ဳပ္ၿပီးပို႔လိုက္တဲ့အ ေပၚ ရတဲ့ပိုက္ဆံက ဘဏ္ထဲဝင္လာမယ္။ ဘဏ္က (၃၆၀ဝ)နဲ႔ျဖတ္တယ္ဆိုတာ (၇၅) ရာခိုင္ႏႈန္းျဖတ္တာ လား။ ရာႏႈန္းျပည့္လား။
ေျဖ - ရာႏႈန္းျပည့္။
ေမး - အေစာက ေျပာေတာ့ (၇၅/ ၂၅) ဆို။
ေျဖ - မရွိဘူး။ CMP မွာမရွိဘူး။ Normal သမား ေတြပဲ ။ ဥပမာပဲပို႔တယ္။ ဆန္ပို႔တယ္။ သၾကားပို႔တယ္။ အဲဒါေတြ။ CMP ကေတာ့မရဘူး။
ေမး - ဘယ္လိုျဖစ္သြားတာလဲ။ တျခားဟာေတြက် ေတာ့ (၇၅/၂၅)ရၿပီးေတာ့။ CMP က ဘာလို႔သုံးခြင့္ မရွိတာလဲ။
ေျဖ - အဲဒါက ႏိုင္ငံေတာ္ရဲ႕မူဝါဒပဲ။
ေမး-အေၾကာင္းျပခ်က္ေကာ ေပးလား။
ေျဖ- ေပးဖူးလို႔လား ဆရာရယ္။
ေမး - ၾကမ္းတစ္ေျပးညီတည္း ရွိရမွာေလ။
ေျဖ - တစ္ေျပးညီတည္းျဖစ္ဖို႔ေတာင္းဆိုခဲ့တာ ၾကာ ၿပီ။ ျဖစ္ဖူးတယ္။ CMP မွာဆိုရင္ အစေလးမွာ ႏိုင္ငံ ျခားသား႐ုံးဆိုရင္ ေလွ်ာ့ေပးတယ္။ ဆိုပါစို႔ ကြၽန္ေတာ္ တို႔ ရာႏႈန္းျပည့္ (၃၆၀ဝ)လဲလိုက္တဲ့အခ်ိန္မွာ ရာႏႈန္း ျပည့္ ႏိုင္ငံျခားသားဘဏ္ဆိုရင္ ရာႏႈန္းျပည့္ကို ကာ လေပါက္ေဈးနဲ႔ေပးတယ္။ (၇၅)ရာခိုင္းႏႈန္းကိုလဲရ တယ္။ သိပ္ေတာ့မမွတ္မိေတာ့ဘူးေလ။ ခဏခဏ ေျပာင္းေနေတာ့ေလ။ ကြၽန္ေတာ္တို႔ကေျပာတယ္။ အတူတူမျဖစ္သင့္ဘူးလားလို႔။ သူတို႔ပါ မရေတာ့ဘူး။ကြၽန္ေတာ္တို႔က သူတို႔လို ရာခိုင္ႏႈန္းတစ္ခုသုံးခ်င္လို႔ တင္ျပလိုက္တာ။ သူတို႔ပါမရေတာ့ဘူး။ ေအး ရတယ္။ တူေစရမယ္ဆိုၿပီး။
ေမး- ဒါကေတာ့ Currency Exchange ကထား ဦးေပါ့။ ေပၚလစီေပါ့။ Labor Shortage ကက် ေတာ့ လုပ္သားကရွာမရတာလား။ ဒါမွမဟုတ္ လာမ လုပ္ၾကတာလား။
ေျဖ- ႏွစ္ခုစလုံးပါ။ ပုံမွန္အားျဖင့္ေတာ့ ကြၽန္ေတာ္တို႔ အလုပ္က လိုအပ္ပါတယ္ဆိုၿပီး စက္႐ုံအဝမွာေၾကညာ ထားဖို႔ပဲေလ။ ပုံမွန္အားျဖင့္ဆို လာေလွ်ာက္ၾကတယ္။ မလာၾကဘူးဆိုရင္ လုပ္သားေတြထဲကေန ေမးျမန္းရတာေပါ့။ အခုဟာက အဲဒီလိုလည္းမရွိၾကေတာ့ဘူး။
ေမး - ဘယ္လိုေတြ ဘယ္လို ေပ်ာက္သြားလဲ။ အဲဒါ နားမလည္ဘူး။ တကယ္ရင္ဆိုင္ရတာက ဘာေတြ တုံး။
ေျဖ - အဲဒါကေတာ့ ကြၽန္ေတာ္ထင္တာကေတာ့ အိမ္ နီးခ်င္းႏိုင္ငံေတြထြက္သြားတာလို႔ေတာ့ထင္တာပဲ။ ထိုင္း၊ မေလးရွားျဖစ္ႏိုင္တယ္။ အဲဒါေတြလည္း တကယ္ေတာ့ Save မျဖစ္ဘူး။ ေနာက္ သိတဲ့အတိုင္း ဒီမွာေတာ့ ပိတ္တယ္ေလ။ ေလဆိပ္မွာေတာ့ ဂ႐ုစိုက္ တယ္ေလ။ ဒါေပမဲ့ ေအာက္မွာ ေဟာင္းေလာင္းႀကီး ဆိုေတာ့ ေလယာဥ္ပ်ံမစီးေတာ့ဘူး။ အဲဒီလိုျဖစ္ေန တယ္ဗ်။ ကြၽန္ေတာ္ထင္တယ္။ မိသားစုေတြေရာ လူ ငယ္ေတြၾကားထဲမွာ ေရွာ့ခ္အႀကီးႀကီးရွိေနမွာစိုးရိမ္ တယ္။ နံပါတ္တစ္ စစ္မႈထမ္းေၾကာင့္ပဲ။ အဲဒီတစ္နည္း နဲ႔ေရွာင္ၾကတာ။ ပိုက္ဆံေတြလည္းကုန္ပါေစ။ ကုန္တဲ့ ျပႆနာက တစ္နည္းနည္းနဲ႔ျပန္ေရာက္လာမွာဆိုၿပီး လယ္ေရာင္း၊ အိမ္ေရာင္းၿပီးေတာ့လႊတ္တာမ်ိဳးေတြ ရွိမွာေပါ့ေနာ္။ တကယ္လည္းထြက္ေနတယ္။ ဟိုဘက္ မွာက Save ျဖစ္တယ္မျဖစ္ဘူး။ ေျပာလို႔မရဘူး။ ဆို ေတာ့ အဲဒါေတြလို႔ထင္တာပဲ။
ေမး - အဓိကကေတာ့ စစ္မႈထမ္းျပႆနာရွိမယ္။ ႏိုင္ငံေရးအေရာင္ေျပာင္းသြားလို႔ ေတာခိုသြားတာရွိ မယ္။ ဒီႏွစ္ခ်က္ေတာ့ရွိတယ္။ အဲဒါကို ျပည္ပကိုမသြား ခ်င္သြားခ်င္နဲ႔တကယ္ကိုပဲ မထူးပါဘူး ျပည္တြင္းမွာ လုပ္လည္း မထူးဘူး ျပည္ပသြားလုပ္မယ္လို႔ ဆုံးျဖတ္ ၿပီးထြက္သြားတာ ဒီလိုအခ်က္ေပါင္းမ်ားစြာေၾကာင့္ လို႔ ေျပာရင္ရလား။ ေကာက္ခ်က္ခ်ရင္ရလား။
ေျဖ - ရႏိုင္တယ္။ ေနာက္တစ္ခါ ကြၽန္ေတာ္တို႔ ညံ့ တယ္ပဲေျပာေျပာ။ ဥပမာ ကြၽန္ေတာ့္မွာ လုပ္သား (၃၀ဝ)ရွိတယ္ဆိုပါစို႔။ (၃၀ဝ)ရွိရင္ လုပ္သားခခ်ည္း ပဲရွာရမွာ အနည္းဆုံးသိန္း(၁၀ဝဝ)ေက်ာ္။ က်န္တာ ဒီဇယ္ကိစၥ၊ ဖယ္ရီ၊ လွ်ပ္စစ္ကိစၥ၊ ဟိုေၾကး၊ ဒီေၾကး။ ဆိုေတာ့ Margin က ပါးပါးေလး။ တစ္ခါတေလ ရႈံး တယ္။ အဲဒီမွာလည္း တစ္ခါတေလ လူႀကီးေတြ နား မလည္တာလည္းရွိတယ္။ ဥပမာဆိုပါစို႔ ကြၽန္ေတာ္က ဝန္ထမ္း (၅၀ဝ)ရွိတယ္။ ဆရာက ဝန္ထမ္း (၁၀ဝဝ) ရွိတယ္။ ဆရာ့ ရင္းႏွီးျမႇဳပ္ႏွံမႈကအႀကီးႀကီးပဲ။ ေအာ္ ဒါတစ္ခုလာမယ္။ ဆရာနဲ႔စကားေျပာတယ္။ သူက (၁)ေဒၚလာမွအဆင္ေျပမယ္ဆို ျပန္ဆုတ္သြားတယ္ သူက။ ေနာက္ ကြၽန္ေတာ့္ကိုလာညႇိတယ္။ ကြၽန္ေတာ္ လည္း (၁)ေဒၚလာမွအဆင္ေျပမယ္ဆို အဲဒီမွာ ကြၽန္ ေတာ္က ခ်ဳပ္စရာမရွိဘူး။ ဆရာကရွိတယ္။ ေနာက္ ကြၽန္ေတာ့္ဆီေရာက္လာတဲ့အခ်ိန္မွာ ကြၽန္ေတာ္က လိုေနတယ္။ အဲဒီအခ်ိန္မွာ သူက ျပား (၇၀)ပဲေပးမွာ။ ကြၽန္ေတာ္က (၁)က်ပ္မွ ကြၽန္ေတာ့္အရင္းရမွာသိ တယ္။ ဒါေပမဲ့ မယူရင္ (၁)က်ပ္ရႈံးမယ္။ အဲဒီျပား (၇၀)နဲ႔ယူလိုက္ရင္ ျပား(၃၀)ပဲရႈံးမယ္။ ဒီ Work Force ကို ထမ္းထားရတာေလ။ သူတို႔ကို အလုပ္မေပးႏိုင္ရင္ တစ္ေန႔ကို သိန္း ဘယ္ေလာက္ဆိုတာ ပုံ မွန္ကုန္ေနတာ။ အဲဒီအတြက္ ကြၽန္ေတာ္တို႔ကလုပ္ရ တာ။ ေနာက္တစ္ခါ Season ဆိုတာရွိေသးတယ္။ အရမ္းေအာ္ဒါျပန္က်တဲ့ Season ။ ေနာက္ နည္း နည္းေလ်ာ့သြားတဲ့အခ်ိန္က် ကြၽန္ေတာ္တို႔က low season ေရာက္သြားၿပီဆို ႐ူးေနေအာင္ရွာရတာ။ ဒါလည္း Issue ေတြေပါ့။ အဲဒီေတာ့ ေျပာခ်င္တာက ထိုင္းကို ဘယ္လိုမွမီေအာင္ေပးလို႔မရဘူး။
ေမး - ထိုင္းမွာေပးတဲ့လစာမ်ိဳး မေပးႏိုင္ဘူးေပါ့။
ေျဖ - မေပးႏိုင္ဘူး။ မသိတဲ့ Other Costs ေတြက အဲဒီလိုေတြ။ မီးလာဖို႔ ကိုယ့္ဘာသာလုပ္ရတယ္။ ဒီ လုပ္ငန္းရွင္ေတြပဲလုပ္ရတာ။ ဟုတ္ၿပီ ဒါဆိုရင္ ႏိုင္ငံ ျခားသားေတြ ဘာလို႔ဒီေလာက္လာေနတာလဲဆိုရင္ ႏိုင္ငံျခားသားက တကယ့္တကယ္ ကြၽန္ေတာ္တို႔ဆီ က CMP ေတြထဲလာတာဟာ သူတို႔ပစၥည္းကို သူတို႔ ထုတ္တာေလ။ နဂိုတည္းက သူတို႔စက္႐ုံ တ႐ုတ္မွာရွိ တယ္။ ေဟာင္ေကာင္မွာရွိတယ္။ သူတို႔ႏိုင္ငံနဲ႔ ေဈး ႏႈန္းနဲ႔ဆိုရင္အရမ္းကုန္တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လာရင္းႏွီးျမႇဳပ္ႏွံတဲ့အတြက္ သူတို႔အတြက္က တြက္ ေခ်ကိုက္မယ္။ ကြၽန္ေတာ္တို႔ CMP စစ္စစ္က်ေတာ့ ေအာ္ဒါအပ္တဲ့သူရွိမွ ဝင္ေငြရွိတာ။ အပ္တဲ့သူမရွိဘူး ဆိုရင္ ဒီဝန္ထမ္းလစာေတြကို ေပးထားေပေတာ့။ အဲဒီကိစၥကလည္း တျဖည္းျဖည္းနဲ႔ ထိုင္းကလည္းတိုး မယ္လို႔ၾကားတယ္။ ဒါေပမဲ့ စဥ္းစားရမွာတစ္ခုက အဲဒီ မွာတိုးမယ့္ဟာသည္ တရားဝင္လုပ္သားေတြျဖစ္ဖို႔ လိုတယ္။ တရားမဝင္တဲ့သူေတြက ပိုက္ဆံေတာ့ ရပါ လိမ့္မယ္။ မလုံၿခဳံဘူးဆိုရင္ေတာ့မေကာင္းဘူးေပါ့။
ေမး-အဲဒီေတာ့ စက္႐ုံတစ္႐ုံနဲ႔တစ္႐ုံ လုပ္သားလုတဲ့ ျပႆနာ လုပ္သားေတြကလည္း စည္းမ်ဥ္းစည္း ကမ္းမလိုက္နာတဲ့ျပႆနာ ဒီျပႆနာေတြကေကာ ဘယ္လိုရင္ဆိုင္ေနရလဲ။
ေျဖ- အဲဒါကေတာ့ မတတ္ႏိုင္ဘူးဆရာ။ လုပ္သား ေတြကို ကိုယ့္ဘာသာစည္း႐ုံးထား။ တကယ္တမ္းဆို ရင္ Employee Contract ထဲမွာပါတယ္။ အျပန္အ လွန္တရားစြဲပိုင္ခြင့္ရွိတယ္။ ႀကိဳၿပီးေတာ့ Inform မလုပ္ရင္ တရားစြဲမယ္ဆိုရင္စြဲခြင့္ရွိတယ္။ မလုပ္ၾက ဘူး။ အဲဒီဟာလည္း အလုပ္ရွင္ေတြ အသည္းမာေပး ဖို႔ေတာ့လိုမယ္။ မလုပ္ရက္ဘူးေပါ့ဆရာရယ္။ ကြၽန္ေတာ္က အေၾကာင္းတစ္ခုခုေၾကာင့္ အလုပ္ထုတ္ လိုက္လို႔ သူကအလုပ္သမား႐ုံးကိုသြားတိုင္ရင္ ဟို ကေခၚရင္ ကြၽန္ေတာ္တို႔ေတြက ဒီလိုဒီလိုျပစ္မႈေတြ လုပ္လို႔ဆိုၿပီး သြားေျဖရွင္းရင္ အဲဒီအခါ ဘယ္လိုရွင္း လဲဆိုေတာ့ ခင္ဗ်ားဗ်ာ ကိုယ့္တပည့္ပဲ။ ဒီေလာက္ေလး ကေပးလိုက္စမ္းပါ။
ေမး - ကိုယ္ျပဳစုပ်ိဳးေထာင္ေပးထားတဲ့ကာလေတြ ေပးထားတဲ့အခ်ိန္ေတြ ဒါေတြအေပၚမွာ စာနာေထာက္ ထားမႈ သူတို႔ဘက္ကမရွိေပမယ့္ ကိုယ့္ဘက္ကေတာ့ ဆုံးရႈံးသြားတာေပါ့။
ေျဖ - ေနာက္တစ္ခ်က္ သူတို႔မသိတာက ဥပမာ လူသစ္တစ္ေယာက္ကို (၂၇၀,ဝဝဝ)ေလာက္ စေပး ၿပီးေတာ့ Train ရတာ။ အဲဒီအခ်ိန္မွာ သူတို႔ရဲ႕ ထုတ္ လုပ္ႏိုင္မႈက သုည။ ဒါေတြ ကြၽန္ေတာ္တို႔ဆီမွာ ဆုံးရႈံး မႈေတြျဖစ္တယ္။ Train ေနတဲ့ကာလမွာ သူတို႔ မွားၿပီးလုပ္တဲ့ဟာလည္းရွိမယ္။ အဲဒီအတြက္ ဆုံးရႈံးမႈ ေတြကအမ်ားႀကီး။ သေဘာအရ ေတာက္ေလွ်ာက္လုပ္မွ Skill ကတက္လာၿပီးေတာ့ သူတို႔ရဲ႕ တစ္နာရီ ထုတ္ႏိုင္အားက (၃၀)ကပုံမွန္လို႔ယူဆရင္ ကြၽန္ေတာ္ တို႔က (၅၀၊ ၆၀)ေလာက္နဲ႔ကိုေမွ်ာၿပီးသြားရတာ။ အဲဒီ(၃၀)ေလာက္ကို (၂၊ ၃)လေစာင့္သင့္ရင္ေစာင့္ရ တာ။
ေမး - ၿပီးရင္ သူမ်ားက မသြားေရာ။
ေျဖ - ဒါေလးေတြကေတာ့ ေစာနက နည္းေလးေတြနဲ႔ ထိန္းႏိုင္ရင္ေတာ့ေကာင္းမယ္။ တကယ့္တကယ္ေတာ့ ရွိတယ္။ ဘဏ္ေတြမွာဆိုရင္ေလ ဥပမာကြၽန္ေတာ္က ဘဏ္မန္ေနဂ်ာ အလုပ္ထြက္မယ္ဆိုရင္ ေနာက္ (၆)လေလာက္ (၁) ႏွစ္ေလာက္အတြင္းမွာ ေနာက္ဘဏ္ ကို ျပန္မဝင္ရဘူး။ အဲဒီေနာက္ဘဏ္ကလည္း မေခၚ ရဘူး။ အလုပ္ရွင္အခ်င္းခ်င္းမွာလည္း အဲဒီလိုနည္း ဥပေဒေတာ့ရွိရမယ္။ ေနာက္တစ္ခုဆိုးတာက သူတို႔ မွာအဖြဲ႕ရွိတယ္။ Supervisor တို႔ဘာတို႔ရွိတယ္။ ကြၽန္ေတာ္တို႔ ဟိုဘက္ကိုသြားလို႔ရွိခ်င္ သြားလုပ္လို႔ ရတယ္။ ကြၽန္ေတာ့္ေနာက္မွာ ဘယ္ႏွေယာက္ပါလာ မွာတို႔။ ေသေရာ။ ကြၽန္ေတာ္တို႔အထည္ခ်ဳပ္မွာ ဒီအ ဖြဲ႕ႀကီးတစ္ခု (၃၀၊ ၄၀)ေလာက္ေမြးထားရတာ။ အဲဒီ အဖြဲ႕ႀကီးက ျဗဳန္းခနဲျပဳတ္သြားတဲ့အခါမွာ ကြၽန္ေတာ္ တို႔စက္႐ုံ Sorry ပဲ ရပ္သြားၿပီ။ ကြၽန္ေတာ္ေျပာသလိုပဲ အဖြဲ႕က ေအ၊ ဘီ၊ စီ၊ ဒီ ဆိုၿပီးသြားေနတာ။ ၾကားထဲက (C)ေလာက္ (D)ေလာက္က တစ္ဖြဲ႕ႀကီးေပ်ာက္သြား မယ္ဆိုရင္ ထုတ္လုပ္မႈကရပ္ၿပီ။ ေအ၊ ဘီ၊ စီ ထုတ္ လုပ္မႈက ဟိုဘက္မေရာက္ေတာ့ဘူး။ အဲဒီဟာေတြပါ ျဖစ္တယ္။ အရမ္းေၾကာက္ဖို႔ေကာင္းတယ္။ သက္ဆိုင္ ရာက ၾကပ္သင့္တယ္။ ဒီလိုေတာ့ လုပ္ပါတယ္ အေရး ယူေပးပါဆိုတာကို။
ေမး- အလုပ္သမားကိုသြားၿပီးအေရးယူရင္လည္း စက္႐ုံေတြက အလုပ္သမားကိုဖိႏွိပ္တယ္။ ဘာျဖစ္ တယ္၊ ညာျဖစ္တယ္ဆိုတဲ့စကားလုံးေတြက မီဒီယာမွာ ပြထဦးမယ္။ အဲဒီေတာ့ နည္းလမ္းတစ္ခုနဲ႔ေျဖရွင္းမယ္ ဆိုရင္ ဘယ္လိုေျဖရွင္းမလဲ။
ေျဖ- အဲဒီျပႆနာက နားလည္ေအာင္ပဲေျဖရွင္းရ မွာ။ ေျပာင္းဖို႔ရွိတယ္။ ဒါေပမဲ့ အေၾကာင္းၾကားေပး။ အဲဒါကိုပဲ နားလည္ေအာင္ေဆြးေႏြးၿပီး တကယ္က်င့္ သုံးဖို႔ပဲလိုတယ္။ အဲဒါေတြက Contract ထဲမွာ ပါၿပီး သား။ ခက္ေနတာက သိတဲ့အတိုင္းပဲ မီဒီယာဆိုတာ မ်ိဳးက တစ္ခါတစ္ရံက်ရင္ အျပစ္လုပ္ၿပီး ထြက္သြားတဲ့ သူက ေပါက္ကရေတြေလွ်ာက္ေရးရင္ ကြၽန္ေတာ္တို႔ ကိုထိုးႏွက္ဖို႔ ျပန္ေရးမယ့္သူကအဆင္သင့္ပဲ။ အဲဒီအ ေနာက္မွာလည္း ဘာေတြမွန္းလဲမသိဘူး။ ဘယ္လိုက္ လို႔လိုက္ရမွန္းလည္းမသိေတာ့ဘူး။ Myanmar Labor News တို႔ ဘာတို႔ဆို ေတာ္ေတာ္ဒုကၡေပးတာ။ သူတို႔ေညႇာင့္ရင္ ဟိုဘက္ကလည္း နားေထာင္ေနတာ။ အဲဒီေတာ့ ဟိုဘက္ကလည္း ဖုန္းလွမ္းဆက္ၿပီး ဒီအတိုင္း ဆိုရင္ မင္းဆီမွာအပ္ဖို႔ျပန္စဥ္းစားမယ္တို႔။ ကြၽန္ေတာ္ တို႔အေနနဲ႔ကေတာ့ အသင္းဝင္စက္႐ုံေတြအကုန္လုံးကို လိုက္နာမႈေတြ လုပ္ကိုလုပ္ရမယ္။ တကယ္ေတာ့ ေျပာ မယ့္သာေျပာေနတာ အလုပ္သမား Market က တ ခ်ိဳ႕က ေလွ်ာက္ေျပာတာ နည္းလို႔ဘာလို႔။ သူတို႔ရသင့္ ရထိုက္၊ ျဖစ္သင့္ျဖစ္ထိုက္တာေတြျဖည့္မေပးရင္ မေနဘူးေလ။ ဆိုေတာ့ ျဖစ္တဲ့အတြက္ ကိုယ့္လုပ္ငန္း Stable ျဖစ္ခ်င္လား။ Negotiate လုပ္ပါ၊ ေတာင္းတာ ေပးပါ။ ေခ်ာ့ခိုင္းပါ။ ရေအာင္လုပ္။ အဲဒီလိုရွိတယ္။
ေမး- ကြၽန္ေတာ္တို႔ စဥ္းစားမိတာတစ္ခုရွိတယ္။ စက္႐ုံလုပ္ငန္းရွင္အခ်င္းခ်င္းကInternal Agreement တစ္ခုခုလုပ္ၿပီးေတာ့ အကုန္လုံး အသင္းဝင္ လုပ္ထား သင့္တာေပါ့။ ကြၽန္ေတာ့္စက္႐ုံကလူက အစ္ကို႔စက္႐ုံကိုလာမယ္ဆိုရင္ မင္းဟိုမွာ Refer လုပ္ထားလား မလုပ္ထားရင္ျပန္လုပ္လိုက္။ လုပ္ၿပီး ရင္ ငါမင္းကိုခန႔္မယ္။ မင္းေတာင္းတဲ့လစာလည္း ငါေပးမယ္ ဆိုတဲ့က်င့္ဝတ္ေလး လုပ္သင့္တာေပါ့။ အခ်င္းခ်င္း Internal လုပ္ထားဖို႔မသင့္ဘူးလား။
ေျဖ- ဒါက သိပ္ခက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံျခားသားေတြလည္းပါတယ္။ ႏိုင္ငံျခားသားေတြ ကေတာ့ Law ကလြဲၿပီး က်န္တာေတြကို ငါမသိဘူး လို႔ေျပာမွာပဲ။ အဲဒီအခါက်ရင္ အေစာကဟာက ျပန္ ဝင္လာေရာ။ ဘယ္ကိုတိုင္မွာတို႔၊ ဘာတို႔ေပါ့။ ကြၽန္ေတာ္တို႔ဆီမွာက သိတဲ့အတိုင္းပဲ။ အမႈအခင္း ေတြက မျဖစ္ခ်င္တဲ့အခါက်ေတာ့ ဘယ္တတ္ႏိုင္မလဲ ကြာ။ ကယ္ၾကပါဦးဟ၊ လုပ္ၾကပါဦးဟတို႔ေပါ့။ ေျပာရ ရင္Happy Environment , Happy Surrounding ေတာ့မျဖစ္ေသးဘူးေပါ့။ ဒီၾကားထဲမွာမွ အေမွာင့္ပ ေရာဂနဲ႔တိုက္ခိုက္တာရွိတဲ့အခါက်ေတာ့ အမွန္တိုင္း ဆိုရင္ ကြၽန္ေတာ္တို႔က ကိုယ့္အလုပ္ကိုယ္လုပ္ရင္းနဲ႔ လုပ္သားေတြကိုထိန္းထားရတာဗ်။ ဒါေပမဲ့ ကြၽန္ေတာ္ တို႔ကအစ လက္ရွိအစိုးရေအာက္မွာ အလုပ္လုပ္ေန လို႔ဆိုၿပီးလည္း ျပႆနာရွာတဲ့သူေတြရွိေသးတယ္။ ကြၽန္ေတာ့္ရဲ႕ငယ္သူငယ္ခ်င္းေတြကအစေပါ့။ ဒါက လည္း သူတို႔ရဲ႕အေတြးအေခၚနဲ႔လည္းဆိုင္ေသးတယ္။
ေမး - အလုပ္သမားသမဂၢေတြက လက္ရွိစက္မႈ အလုပ္ရွင္ေတြအတြက္ အေထာက္အကူျဖစ္ေစလား။ အက်ပ္အတည္းျဖစ္ေစလား။ ေဘးက်ပ္နံက်ပ္ျဖစ္ေစ သလား။
ေျဖ- လက္ရွိမွာ ေလာက္ေလာက္လားလားလည္း ရွိမွမရွိတာ။ အသိမွတ္ျပဳထားတဲ့အလုပ္သမားသမဂၢက အႀကီးအက်ယ္မရွိေတာ့ဘူးေလ။ ေသးေသးေလး ေတြပဲ ရွိေတာ့ရွိမယ္။ တကယ္ဆိုရင္ အလုပ္သမား သမဂၢဆိုတာရွိသင့္တာေပါ့။ ဘာလို႔လဲဆိုေတာ့ တစ္ခု ခုကိုညႇိႏႈိင္းမယ္ဆိုရင္ အလုပ္သမားတစ္ဦးခ်င္းစီ ထက္ သူတို႔ကိုကိုယ္စားျပဳတဲ့အလုပ္သမားသမဂၢနဲ႔ အလုပ္ရွင္အသင္းေတြနဲ႔ ညႇိႏႈိင္းမႈေတြရွိသင့္တာေပါ့။ ဒါေပမဲ့ အားလုံးက တစုတစည္းနဲ႔ ငါတို႔တိုင္းျပည္ ေကာင္းဖို႔ဆိုတဲ့ စိတ္ဓာတ္ပဲျဖစ္ရမယ္။ ငါတို႔ကို လာမ ထိနဲ႔ ငါတို႔ကအမွန္ပဲဆိုရင္ေတာ့ မရဘူး။ ဒီလိုပဲ ငါတို႔ ကအလုပ္ရွင္ပဲ အသာပဲဆိုရင္လည္း Sorry ပဲ မရ ေသးဘူး။ သူမ်ားႏိုင္ငံမွာ အလုပ္ရွင္ အလုပ္သမား ဆိုတာ လုံးေထြးေနရမယ္။ အလုပ္သမားက အလုပ္ ရွင္ရဲ႕ A to Z ဘယ္လိုလုပ္ရမလဲဆိုတာသိတယ္။ အလုပ္ရွင္ကိုယ္တိုင္ကလည္း အလုပ္သမားေတြကို သူတို႔ကိုယ္တိုင္ အလုပ္သမားဘဝကေနတက္လာတဲ့ သူေတြရွိတယ္။ တခ်ိဳ႕သူေဌးေတြဆိုလည္း အလုပ္သ မားေတြရဲ႕ဘဝေတြကို နားလည္တယ္။ အဲဒီေတာ့ အလုပ္သမားသမဂၢမွာတာဝန္ယူေနတဲ့သူေတြ၊ အလုပ္ ရွင္ကိုယ္စားလွယ္ေတြရဲ႕လႈံ႕ေဆာ္မႈအားက မိုက္ တာေပါ့။ သူတို႔မွာ ေကာင္းေအာင္ ဝိုင္းျပင္ခ်င္တယ္ဆိုတဲ့စိတ္ပဲရွိတယ္။ အျပဳတ္ျဖဳတ္ရမယ္တို႔၊ ဒုကၡ ေရာက္ေအာင္လုပ္ရမယ္တို႔က ကြၽန္ေတာ္တို႔ဆီ မွာရွိေနတာ အဲဒါေလးတစ္ခုေတာ့ ဝမ္းနည္းစရာ ေကာင္းတယ္။ ဥပမာ ကြၽန္ေတာ္ဆိုရင္ အလုပ္ရွင္ အဖြဲ႕အစည္းထဲမွာပါတယ္။ ကိုယ္ပိုင္အလုပ္ရွိတယ္ ေလ။ ဘယ္စက္႐ုံမွာဘာတာဝန္ယူတယ္။ အမွန္ေတာ့ အလုပ္သမားေတြက အဲဒီလိုျဖစ္ရမွာေလ။ သူ႔မွာဘာ တာဝန္၊ သူဘာလုပ္ တယ္။ အလုပ္သမားသမဂၢအတြက္ သူ႔ရဲ႕အခ်ိန္မွာ ဘာလုပ္တယ္။ အခု အဲဒီလိုမဟုတ္ဘူး။ သမဂၢထဲမွာျဖစ္သြားၿပီဆိုရင္ အဲဒီစက္႐ုံက ငါ့ကိုလခ ေပးထားတာ။ ဘာတာဝန္မွမယူေတာ့ဘူး။ အလုပ္သ မားသမဂၢမွာ လုပ္သားေတြအတြက္လုပ္ေနတာမို႔ လုပ္အားခကို အလုပ္ရွင္ကေပးဆိုၿပီး ဒါကမွားတယ္။ ဒါေပမဲ့ အလုပ္ရွင္က အဲဒါကိုလက္ခံခဲ့တယ္။ ဘယ္ လိုနည္းနဲ႔လက္ခံလဲသိလား။ ေအး နင္ငါ့ကိုေတာ့ က လန္ကဆန္မလုပ္နဲ႔၊ ငါ့ကိုေတာ့ဒုကၡမေပးနဲ႔ ေရာ့ ပိုက္ ဆံယူသြား။ အဲဒါေတြလည္းပါတယ္။ သူ႔အလုပ္သူလုပ္ ၿပီး အလုပ္ကေပးတဲ့လစာကိုယူၿပီး ကိုယ္ပိုင္အခ်ိန္ ထဲက အမ်ားအက်ိဳးအတြက္ သမဂၢမွာလုပ္တာေလ။ အဲဒီလိုျဖစ္သင့္တယ္။ ကြၽန္ေတာ္ေတြ႕ဖူးသမွ် သမဂၢ ကလူေတြထဲမွာ သူကိုယ္တိုင္အလုပ္မရွိေတာ့ဘူး။ ျပႆနာရွိလို႔ထုတ္ထားတဲ့သူေတြ။ တကယ္ေတာ့ အ လုပ္သမားေဟာင္းေတြသာျဖစ္တယ္။ တကယ္ေတာ့ လက္ရွိ အလုပ္ရွိတဲ့သူေတြျဖစ္ရမွာ။
ေမး - အလုပ္သမားသမဂၢေတြဟာ ေနာက္ကြယ္မွာ ႏိုင္ငံေရးပါတဲ့အခင္းက်င္းမ်ိဳးေတြရွိခဲ့ဖူးတယ္။ ဦးသိန္းစိန္လက္ထက္ ေဒၚေအာင္ဆန္းစုၾကည္လက္ ထက္ အကုန္ရွိခဲ့ဖူးတယ္။ အဲဒါေတြကေကာ အလုပ္ ရွင္ေတြအတြက္ ေတာ္ေတာ္ေခါင္းကိုက္ေစခဲ့တဲ့ကာ လျဖစ္ခဲ့သလား။ ဘယ္လိုမ်ိဳးေတြ ရင္ဆိုင္ရတာမ်ိဳး ရွိခဲ့လဲ။ ဥပမာ တစ္ခု ႏွစ္ခုေပါ့။ ဘယ္ေလာက္ဆိုး ဆိုး႐ြား႐ြားေတြ ရင္ဆိုင္ခဲ့ရလဲ။
ေျဖ- တခ်ိဳ႕စက္႐ုံေတြေတာ့ ဆိုးတယ္။ ဒါေပမဲ့ အား လုံးမဟုတ္ပါဘူး။ ကံေကာင္းတဲ့စက္႐ုံေတြေတာ့ လြတ္တယ္ေပါ့။
ေမး - ႏိုင္ငံေရးပါတာေပါ့ေနာ္။ အေနာက္အုပ္စုရဲ႕ ျခယ္လွယ္မႈေတြပါလိမ့္မယ္၊ ေနာက္မွာ Fund ေတြနဲ႔ ကစားတာမ်ိဳးလို႔ ယူဆတယ္ေပါ့။
ေျဖ - ပါတာေပါ့။ ႏိုင္ငံေရးပါတယ္လို႔ယူဆတယ္။ တစ္ခါတေလသြားၾကည့္ရင္ လုပ္သားေတြကို ကြၽန္ ေတာ္တို႔ေတြေတာင္မထားႏိုင္တဲ့ပုံစံမ်ိဳးေတြနဲ႔ထားတာ။ လုံးဝမိုက္တယ္။ သူတို႔မွာ ေကာ္ဖီအလကား။ ေန႔လယ္စာ အလကား။ အပူခ်ိန္ကအစ သူတို႔စက္႐ုံ ဆိုရင္ေအးေနတာပဲ။ အဲဒီလိုဟာမ်ိဳးေတြမွာ လုပ္ရ တာ။ ကြၽန္ေတာ္နားမလည္တာက အလုပ္ျပတယ္လို႔ ထင္တာေပါ့ေနာ္။ လက္ရွိအစိုးရလည္း အလုပ္သမား ျဖစ္တဲ့အတြက္ အလုပ္ရွင္ကိုျပသနာရွာမယ္။ေနာက္ တစ္ခါ တခ်ိဳ႕ဆို သူနဲ႔ညႇိရတဲ့အဆင့္ျဖစ္သြားေရာ။ ဘာ လို႔ဆို သူကျပႆနာကိုဖန္တီးၿပီးေတာ့ သူေျပာ လိုက္ရင္ၿပီးပါၿပီ။ သူတို႔က ေထာင္ဂဏန္းရခ်င္ရ၊ သိန္းဂဏန္းရခ်င္ရတာ။ အဲဒီလိုရွိခဲ့ဖူးတယ္။ အခု ေတာ့မရွိပါဘူး။
ေမး- ႏိုင္ငံတကာကေန အလုပ္သမားေတြနဲ႔ပတ္ သက္ၿပီး ျပႆနာရွာတာေတြရွိတယ္ေလ။ILO တို႔ မွာၿငိစြန္းေနတဲ့ ျပႆနာအႀကီးႀကီးေတြရွိတယ္ေလ။ အဲဒါေတြက ျပည္တြင္းစက္မႈလုပ္တဲ့သူေတြအတြက္ ႏိုင္ငံ/ လုပ္ငန္းရွင္အဆင့္ ဘာေတြရင္ဆိုင္ေနရလဲ။
ေျဖ- Article 33 လားမသိဘူး။ သူတို႔ေတြအေနနဲ႔ ILO ကေနၿပီးေတာ့ ဒီတိုင္းျပည္ကေတာ့ ဒီလိုေတြ ၾကားတယ္။ အလုပ္အပ္တဲ့သူကဆုံးျဖတ္ရတာ။ အပ္ တဲ့လူကလည္း ဒီအက်ႌဘယ္ေနရာမွာခ်ဳပ္တာလဲ။ လုပ္သားဘယ္ေလာက္ရွိတာလဲအဆင့္ထိ ဆင္းၾကည့္ တာေနာ္။ သက္ေရာက္မႈကေတာ့ရွိႏိုင္တာေပါ့။ ဒါေပ မဲ့ ကြၽန္ေတာ္တို႔လုပ္ႏိုင္တာက နဂိုကတည္းက ျမန္မာ မွာ အလုပ္ရွင္နဲ႔အလုပ္သမားတို႔က အလုပ္ရွင္က အ လုပ္လုပ္မယ္ေဟးဆိုရင္ အလုပ္သမားေတြက ဝိုင္း ၿပီးခ်က္ျပဳတ္ၾကတာေလ။ အဲဒါေတြကို ဟို႔စ္ေတြမွာ လုပ္လို႔မရၾကဘူးေလ။ ယဥ္ေက်းမႈခ်င္းမတူဘူး။ ေျပာခ်င္တာ ကြၽန္ေတာ္တို႔ အလုပ္ရွင္နဲ႔ အလုပ္သမား ဆိုတာ အာဝါသျဖစ္ၿပီးသား။ အလုပ္ရွင္က ေငြေတြ ပုံေအာၿပီးလုပ္မယ္။ အလုပ္သမားေတြက အင္တိုက္ အားတိုက္လုပ္မယ္။ အဲဒီလိုဟာေတြရွိၿပီးသား။ အဲဒီ မွာ သူတို႔က တံဆိပ္ႀကီးေတြနဲ႔လာကပ္တယ္။ အဲဒီမွာ ရႈပ္ကုန္ေရာ။ ကြၽန္ေတာ္တို႔လုပ္ထားတဲ့စံေတြ ေရွးအ လုပ္ရွင္ေတြက လုပ္သားေတြကို မိသားစုေတြလိုမ်ိဳး မမွားဘူး ဆက္လုပ္။ ဒါေပမဲ့ ႏိုင္ငံတကာအရေတာ့ ဒါေတြကို မွတ္တမ္းေလးေတြနဲ႔လုပ္။ ကြၽန္ေတာ္တို႔ မွာက လႉတယ္ေဟ့ဆိုလႉလိုက္တာပဲ။ ေကြၽးတယ္ ေဟ့ဆိုေကြၽးလိုက္တာပဲ။ မွတ္တမ္းမထားဘူးေလ။ အခုက်ေတာ့မဟုတ္ဘူး မွတ္တမ္းနဲ႔လုပ္။ အရင္က တည္းက Traditional CSR ဆိုတာရွိၿပီးသား။ Gender Issue လည္းတက္ဖူးတယ္။ Gender Equality။ သူတို႔က မိန္းကေလးေတြရဲ႕အခန္းက႑ပါဖို႔ေပါ့။ ဘာေတြေျပာလဲဆိုေတာ့ ဦးသိန္းစိန္အစိုးရ လက္ထက္ကထင္တယ္ မင္းတို႔မွာ ဝန္ႀကီး ဘယ္ႏွပါး ပါလဲ။ အမ်ိဳးသမီးဘယ္ႏွေယာက္ပါလဲတဲ့။ လူႀကီးမင္း လို႔ အဲဒီဝန္ႀကီးကိုေမးလိုက္ပါလို႔။ သူတို႔အိမ္ကိုေရာက္ ရင္ Decision Maker က ဘယ္သူလဲလို႔။ ဝန္ႀကီး လား ဝန္ႀကီးကေတာ္လားလို႔။ Gender က ငါတို႔ တိုင္းျပည္ကိုလာမေျပာပါနဲ႔လို႔။ ကြၽန္ေတာ္တို႔တိုင္း ျပည္က အမ်ိဳးသမီးေတြကိုဦးစားေပးတာ။ ဖိႏွိပ္တာ မရွိဘူးေနာ္ ဦးစားေပးတာ။ ေျပာခ်င္တာက သူတို႔ေတြ ကေခါင္းစဥ္တပ္တာ။ အခုေတာ့ အဲဒါေတြက သိပ္ ေတာ့မရွိေသးဘူးေပါ့ေနာ္။ ILO က ထိေတြ႕ပါတယ္ လက္ရွိအစိုးရနဲ႔လည္း။
ေမး- အခုစက္မႈလုပ္ငန္းေတြက ေအာင္ျမင္စြာလည္ ပတ္ေနတာလား။ ခက္ခက္ခဲခဲလည္ပတ္ေနလား။ အသက္ေငြ႕ေငြ႕ေလးပဲက်န္တာလား။ အခု လက္ရွိ အေျခအေနက။
ေျဖ- အသက္ေငြ႕ေငြ႕အဆင့္ေတာ့လည္းမဟုတ္။ ဒါေပမဲ့ ခက္ခက္ခဲခဲေတာ့ျဖစ္ေနတာေပါ့။ ဒါကလည္း တကယ္တမ္းေျပာေၾကးဆို ကံလို႔ပဲေျပာရမယ္။ ကြၽန္ ေတာ္တို႔ေတြက ကပ္ေဘး၊ သဘာဝေဘးေတြ ထိုး ႏွက္ခံရတယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ယဥ္ေက်းမႈအရ ငလ်င္ျဖစ္လို႔၊ ေရေဘးျဖစ္လို႔ဆိုရင္ ဝိုင္းအုံထည့္ရတာ ပဲေလ။ ဟိုမွာ ပ်က္စီးသြားတာထက္ ကုစားဖို႔ ပိုက္ဆံ ေတြကဘယ္ကထြက္တာလဲ။ တစ္ဦးခ်င္းဆီကေန ျပန္ထြက္တာ။ ဒါက ေစတနာအေလ်ာက္ထည့္တာ မွန္ေသာ္လည္းပဲ ကြၽန္ေတာ္တို႔ရဲ႕စည္းစိမ္ေတြ ေလ်ာ့ သြားမွာေသခ်ာေပါက္ပဲ။ ဒီလို သဘာဝေဘးအႏၲရာယ္ သာမျဖစ္ရင္ ထည့္စရာအေၾကာင္းမရွိဘူးေလ။ ပ်က္စီးသြားတဲ့အတြက္ ျပန္ျပင္ဖို႔ အကုန္လုံး ဝိုင္းလႉ ၾကတယ္။ တစ္ဦးခ်င္းစီရဲ႕ပိုင္ဆိုင္မႈက်ေတာ့ တိုင္း ျပည္ရဲ႕ပိုင္ဆိုင္မႈက်ေနတာပဲ။
ေမး-စက္မႈလုပ္ငန္းရွင္ေတြရဲ႕ အေရးႀကီးျပန္လည္ကုစားရမယ့္လိုမယ့္အပိုင္းက ဘယ္ကလဲ။ ျပန္ၿပီး Develop ျပန္ျဖစ္လာဖို႔။
ေျဖ- Political Stability ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီအေပၚမွာပဲ တခ်ိဳ႕အတြက္က Big Challenge ။ တခ်ိဳ႕က အရမ္းေတြစိတ္ပူတယ္။ ပူရတဲ့ေနရာပဲ ပူမွာ ပဲေလ။ တခ်ိဳ႕ေနရာဆို ထားပစ္ခဲ့ရတာေလ။ ကိုယ္ ေတြက ဒီဘက္မွာရွိေနလို႔ကံေကာင္းသြားတာ။ သယ္ ယူပို႔ေဆာင္ေရးမွာ နယ္စပ္ျဖတ္ေက်ာ္ၿပီးသယ္ရတဲ့ ပစၥည္းေတြ ေဈးတက္မယ္။ ဒါလည္း Risk ေတြေလ။ ငါ့ဥစၥာ Save ျဖစ္မွပို႔မယ္ဆိုရင္ သူအလုပ္မျဖစ္ေတာ့ ဘူး။ ကြန္တိန္နာတစ္လုံးကိုဘယ္ေလာက္ဆိုရင္ ေတာ့ေရာက္တယ္။ စရိတ္ေတြေတာ့အမ်ားႀကီးက် တယ္။ သို႔ေသာ္ ငါအသက္ရႉလို႔ရေနေသးတယ္ ခ် ကြာဆိုၿပီး ျဖစ္ကုန္တာ။ အဲဒီေတာ့ လမ္းပန္းဆက္ သြယ္ေရးေရာ၊ ကုန္စည္စီးဆင္းတာေရာ၊ ေငြေၾကး ေရာ အားလုံးကခ်ိတ္ဆက္ေနၾကေတာ့ ႏိုင္ငံေရးတည္ ၿငိမ္သြားၿပီဆိုရင္ အားလုံးကအမ်ားႀကီး ေကာင္းသြား မွာေပါ့ဗ်ာ။ ေနာက္တစ္ခါ ကြၽန္ေတာ္တို႔က တည္ၿငိမ္ ဖို႔ေျပာေနေတာ့ Improvement လုပ္ေနတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြအကုန္လုံး ျဖစ္သင့္ျဖစ္ ထိုက္တဲ့အေထာက္အပံ့ေတြေတာ့ေပးရမယ္လို႔ ကြၽန္ ေတာ္ထင္တယ္။ ငွက္ေပ်ာရည္နဲ႔ စမ္းေခ်ာင္းေရ ေသာက္ခဲ့တာေတြက ထားခဲ့လိုက္ေတာ့။ တစ္ခုခုဆို တာနဲ႔ အသက္မေသေစရဘူး။ ဘယ္လို ေဆး႐ုံတင္ ကုသမယ္။ ရိကၡာဆိုလည္း ဘယ္လိုျဖစ္မယ္။ သူရဲ႕ အလုပ္ကို Proud ေနမွရမွာေလ။ ကိုယ္က ေရွ႕မွာ တရႉးရႉးနဲ႔ ယူနီေဖာင္းေလးနဲ႔လုပ္ေနတယ္။ သူ႔ အိမ္မွာက စားဖို႔ေသာက္ဖို႔အတြက္ကို ဟိုဟာဒီဟာ ေပါင္ဆိုရင္ မဟုတ္ေသးဘူးေလ။ Basic ေတာ့ သူ ျဖည့္ေပးထားရမယ္။ မင္းတို႔က တိုင္းျပည္အတြက္ အသက္ေပးဖို႔ဝင္လာၾကတာပဲ ခံၾကဆိုတာကဘာ လဲ။ အသက္ေပးတာက မွန္တယ္။ ဂုဏ္ရွိေလာက္တဲ့ အေနအထားမ်ိဳးပံ့ပိုးရမယ္။ ေနာက္လွည့္ၾကည့္လို႔ ရွိရင္ မပူရတဲ့အေနအထားမ်ိဳးျဖစ္ရမယ္။ ဒါေပမဲ့ ကြၽန္ေတာ္ကြက္ေျပာသလိုျဖစ္ေနတယ္။ တကယ္ ေတာ့ က်န္တဲ့အျခားဝန္ထမ္းေတြလည္း အတူတူပဲ။ ဒါေပမဲ့ အဲဒါကိုကုစားဖို႔ကလည္း တိုင္းျပည္က ပိုက္ ဆံထုတ္ရမယ္။ အဲဒီတိုင္းျပည္ကထုတ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ဆီက အခြန္အခယူရမယ္။ ကြၽန္ေတာ္တို႔ ေတြက အခြန္ေပးႏိုင္ဖို႔ အလုပ္လည္ပတ္ေနမွရမယ္။ အဲဒီအေျခေနျပန္ေရာက္မွရမယ္။ တခ်ိဳ႕ အလယ္ အလတ္မိသားစုက ထိုင္းႏိုင္င္ ခ်င္းမိုင္ဘက္ကိုေရာက္ ကုန္တာ။ အဲဒါေတြကလည္း Save ျဖစ္ဦးမွ။ ဟိုေန႔ က ျမန္မာပလာဇာမွာျဖစ္သြားတယ္။ ဝင္သတ္သြား ၿပီတို႔။ ေနာက္ တကၠသမားက စီးတဲ့လူကိုေၾကာက္။ စီးတဲ့လူက ကားသမားကိုေၾကာက္ရဆိုတာေတြ ပြေန တယ္။ အဲဒီေတာ့ ခ်ိတ္ေတာ့ခ်ိတ္ဆက္ေနတယ္။ အရင္တုန္းက Very Save ။
ေမး - အဲဒါေတြအားလုံးက ေ႐ြးေကာက္ပြဲ အလြန္ က်ရင္ေတာ့ တစ္ခုၿပီးတစ္ခုေျပလည္လာမယ္လို႔ ယူ ဆတယ္။ ေမွ်ာ္လင့္လို႔ရလားေပါ့။
ေျဖ - ေမွ်ာ္လင့္တယ္။ ဒါေပမဲ့ ႐ိုး႐ိုးေလးစဥ္းစားတာ ေပါ့။ ေ႐ြးေကာက္တင္ေျမႇာက္လိုက္တဲ့ကိုယ္စားလွယ္ ေတြရဲ႕စကားကို ေစာေစာကမႈိင္းမိေနတဲ့လူေတြ နား ေထာင္မွာလား။ ဒါကအေရးႀကီးတယ္။ အခုျပႆနာ က လူေတြရဲ႕အျမင္ေတြေဝဝါးၿပီးျဖစ္ေနတာ။ တစ္ ဖက္ကလည္း လက္နက္ကိုင္ၿပီး ထႂကြေနတဲ့လူေတြကို ႏွိမ့္ကြပ္ရမွာ တည္ဆဲအစိုးရကလုပ္ေပါ့။ ကြၽန္ေတာ္ တို႔ေတြ အေစာတည္းကသိတာပဲ။ ကြၽန္ေတာ္တို႔ ေတာင္သိၿပီဆို သူတို႔လည္းသိရမွာေလ။ ဒီေလာက္ ထိႀကီးမလာဖို႔ ေမွ်ာ္လင့္ခဲ့တာ။
ေမး - အဲဒီေတာ့ စီးပြားေရးကိစၥေတာ့ ေတာ္ေတာ္ ေလးစုံသြားပါၿပီ။
ေက်းဇူးတင္ပါတယ္။