USDP ပါတီ နှင့် ကမ္ဘောဒီးယား အာဏာရပါတီတို့အကြား ပါတီချင်း ပူးပေါင်းဆောင်ရွက်ရန် MOU လက်မှတ်ရေးထိုး

 236

Pearl (NP News) - သြဂုတ် ၂၈

USDP ပါတီ နှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP)အကြား နှစ်နိုင်ငံပါတီချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် (MOU)လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

USDP ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယာနိုင်ငံ Cambodia People's Party ၏ ဖိတ်ကြားချက်အရ ယမန်နေ့ (သြဂုတ်လ ၂၇ရက်) ၊ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယာနိုင်ငံသို့ ထွက်ခွာသွားရောက်ခဲ့ကြောင်း သိရသည် ။

ထိုသို့သွားရောက်ခဲ့ပြီး ယနေ့ ( သြဂုတ် ၂၈ရက်) ၊ မနက်ပိုင်းတွင် USDP ဥက္ကဋ္ဌ ဦးခင်ရီ နှင့် CPP ပါတီမှ တာဝန်ရှိသူ တို့ကြား နှစ်ပါတီပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် MOU ရေးထိုးခဲ့ကြောင်း သိရသည်။

“ဒီလက်မှတ်ထိုးဖို့ ကိစ္စက ၂၀၂၄ ခုနှစ်တည်းက လုပ်လာကြတာ။ နှစ်နိုင်ငံ ပဏာမ သဘောတူညီချက်တွေ ယူကြတယ်။ အခု ဒီရက်ပိုင်းမှာတော့ အဲဒီဘက်က ဖိတ်ကြားချက်အရ သွားရောက်ပြီးတော့ လက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။ ရေးထိုးရတဲ့ အကြောင်းအရင်းတွေကတော့ နှစ်နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာပြီးတော့ နှစ်နိုင်ငံရဲ့ ပါတီတွေက နေပြီးတော့ အမျိုးသမီး ကဏ္ဍ ၊ လူငယ် ကဏ္ဍ၊ မီဒီယာ ကဏ္ဍတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ကိစ္စတွေ ။ နောက်တစ်ခုကတော့ ပါတီအဆင့်အဆင့်က ပုဂ္ဂိုလ်တွေပေါ့နော်။ တိုင်းဒေသကြီးပြည်နယ်အဆင့်ဆင့်က ပုဂ္ဂိုလ်တွေ ပါတီကိုယ်စားလှယ်တွေ အပြန်အလှန် အမြင်ချင်းဖလှယ်ကြမယ်ဆိုတဲ့ကိစ္စတွေ ကို လက်မှတ်ထိုးခြင်းဖြစ်ပါတယ်” ဟု USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက NP News သို့ ပြောသည်။

Zawgyi Version:
USDP ပါတီ ႏွင့္ ကေမာၻဒီးယား အာဏာရပါတီတို႔အၾကား ပါတီခ်င္း ပူးေပါင္းေဆာင္႐ြက္ရန္ MOU လက္မွတ္ေရးထိုး
Pearl (NP News) - ၾသဂုတ္ ၂၈

USDP ပါတီ ႏွင့္ ကေမာၻဒီးယားျပည္သူ႔ပါတီ (CPP)အၾကား ႏွစ္ႏိုင္ငံပါတီခ်င္း ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (MOU)လက္မွတ္ေရးထိုးခဲ့ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

USDP ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕သည္ ကေမာၻဒီးယာႏိုင္ငံ Cambodia People's Party ၏ ဖိတ္ၾကားခ်က္အရ ယမန္ေန႔ (ၾသဂုတ္လ ၂၇ရက္) ၊ ညေနပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ကေမာၻဒီးယာႏိုင္ငံသို႔ ထြက္ခြာသြားေရာက္ခဲ့ေၾကာင္း သိရသည္ ။

ထိုသို႔သြားေရာက္ခဲ့ၿပီး ယေန႔ ( ၾသဂုတ္ ၂၈ရက္) ၊ မနက္ပိုင္းတြင္ USDP ဥကၠ႒ ဦးခင္ရီ ႏွင့္ CPP ပါတီမွ တာဝန္ရွိသူ တို႔ၾကား ႏွစ္ပါတီပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ ကိစၥရပ္မ်ားအတြက္ MOU ေရးထိုးခဲ့ေၾကာင္း သိရသည္။

“ဒီလက္မွတ္ထိုးဖို႔ ကိစၥက ၂၀၂၄ ခုႏွစ္တည္းက လုပ္လာၾကတာ။ ႏွစ္ႏိုင္ငံ ပဏာမ သေဘာတူညီခ်က္ေတြ ယူၾကတယ္။ အခု ဒီရက္ပိုင္းမွာေတာ့ အဲဒီဘက္က ဖိတ္ၾကားခ်က္အရ သြားေရာက္ၿပီးေတာ့ လက္မွတ္ေရးထိုးျခင္းျဖစ္ပါတယ္။ ေရးထိုးရတဲ့ အေၾကာင္းအရင္းေတြကေတာ့ ႏွစ္ႏိုင္ငံရဲ႕ ဥပေဒကို ေလးစားလိုက္နာၿပီးေတာ့ ႏွစ္ႏိုင္ငံရဲ႕ ပါတီေတြက ေနၿပီးေတာ့ အမ်ိဳးသမီး က႑ ၊ လူငယ္ က႑၊ မီဒီယာ က႑ေတြကို ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ကိစၥေတြ ။ ေနာက္တစ္ခုကေတာ့ ပါတီအဆင့္အဆင့္က ပုဂၢိဳလ္ေတြေပါ့ေနာ္။ တိုင္းေဒသႀကီးျပည္နယ္အဆင့္ဆင့္က ပုဂၢိဳလ္ေတြ ပါတီကိုယ္စားလွယ္ေတြ အျပန္အလွန္ အျမင္ခ်င္းဖလွယ္ၾကမယ္ဆိုတဲ့ကိစၥေတြ ကို လက္မွတ္ထိုးျခင္းျဖစ္ပါတယ္” ဟု USDP ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက NP News သို႔ ေျပာသည္။

Related news

© 2021. All rights reserved.