ကန့်ဘလူမြို့နယ်အတွင်း လမ်းပိတ်ထားသော PDFအဖွဲ့ကို ကားသမားနှင့်ခရီးသည်အများအပြား ဆန္ဒထုတ်ဖော်ခဲ့

 906

သန့်ဇင်(NP News)-ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြစ်ကြီနား-ရွှေဘို-မန္တလေးဗျူဟာလမ်းပိတ်ထားသော PDFအဖွဲ့ကို ကားသမားနှင့်ခရီးသည် အများအပြားက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆန္ဒထုတ်ဖော်ခြင်းကို ယမန်နေ့(ဩဂုတ်လ ၂၇ရက်)၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ လွှဲဆိပ်ကျေးရွာအနီး၊ မြစ်ကြီနား-ရွှေဘို-မန္တလေး ဗျူဟာလမ်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကန့်ဘလူမြို့နယ်ထဲက လွှဲဆိပ်ကျေးရွာနားမှာပြတာ။ ဒီနေ့တော့ အတက်ကားကော အဆင်းကာသွားလို့ရပြီ”ဟု ဒေသခံအမျိုသား တစ်ဦးက NP Newsကိုပြောသည်။

အဆိုပါလမ်းပေါ်တွင် မြစ်ကြီးနားမှ မန္တလေးသို့ သွားသော ကုန်ကားများနှင့် ခရီးသည်ကားများကို PDF အဖွဲ့က အတက်ကားများသာ ခွင့်ပြုပေးပြီး အဆင်းကားများအား မိုင်းထောင်ထာသည်ဆိုကာ အသွားလာခွင့်တားမြစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် (၉) နာရီမတိုင်မီ ပြန်လည်ဖွင့်ပေးမည်ဆိုတာ မဖွင့်ပေးခဲ့သဖြင့် မွန်းတည့် (၁၂) နာရီတွင် လမ်းပြန်မဖွင့်ပေးပါကာ ကားများဆက်လက်ထွက်ခွာရန် ကားသမားနှင့် ခရီးသွား (၄၀၀၀)ခန့်က ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်းတည့် ၁၂ နာရီတွင် လမ်းပိတ်ထားသော PDF အဖွဲ့ဝင်များမတွေ့ခဲ့ရသဖြင့် ကားသမားများအနေဖြင့် မိမိသဘောဆန္ဒအလျှောက် ဆက်လက်ထွက်ခွာလာခဲ့ရာ ဘေးအန္တရာယ်ကင်းရှင်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
ကန႔္ဘလူၿမိဳ႕နယ္အတြင္း လမ္းပိတ္ထားေသာ PDFအဖြဲ႕ကို ကားသမားႏွင့္ခရီးသည္အမ်ားအျပား ဆႏၵထုတ္ေဖာ္ခဲ့
သန႔္ဇင္(NP News)-ဩဂုတ္ ၂၈
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန႔္ဘလူၿမိဳ႕နယ္၊ ျမစ္ႀကီနား-ေ႐ႊဘို-မႏၲေလးဗ်ဴဟာလမ္းပိတ္ထားေသာ PDFအဖြဲ႕ကို ကားသမားႏွင့္ခရီးသည္ အမ်ားအျပားက ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဆႏၵထုတ္ေဖာ္ျခင္းကို ယမန္ေန႔(ဩဂုတ္လ ၂၇ရက္)၊ နံနက္ပိုင္းက စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန႔္ဘလူၿမိဳ႕နယ္၊ လႊဲဆိပ္ေက်း႐ြာအနီး၊ ျမစ္ႀကီနား-ေ႐ႊဘို-မႏၲေလး ဗ်ဴဟာလမ္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကန႔္ဘလူၿမိဳ႕နယ္ထဲက လႊဲဆိပ္ေက်း႐ြာနားမွာျပတာ။ ဒီေန႔ေတာ့ အတက္ကားေကာ အဆင္းကာသြားလို႔ရၿပီ”ဟု ေဒသခံအမ်ိဳသား တစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါလမ္းေပၚတြင္ ျမစ္ႀကီးနားမွ မႏၲေလးသို႔ သြားေသာ ကုန္ကားမ်ားႏွင့္ ခရီးသည္ကားမ်ားကို PDF အဖြဲ႕က အတက္ကားမ်ားသာ ခြင့္ျပဳေပးၿပီး အဆင္းကားမ်ားအား မိုင္းေထာင္ထာသည္ဆိုကာ အသြားလာခြင့္တားျမစ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ နံနက္ (၉) နာရီမတိုင္မီ ျပန္လည္ဖြင့္ေပးမည္ဆိုတာ မဖြင့္ေပးခဲ့သျဖင့္ မြန္းတည့္ (၁၂) နာရီတြင္ လမ္းျပန္မဖြင့္ေပးပါကာ ကားမ်ားဆက္လက္ထြက္ခြာရန္ ကားသမားႏွင့္ ခရီးသြား (၄၀၀၀)ခန႔္က ဆႏၵထုတ္ ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မြန္းတည့္ ၁၂ နာရီတြင္ လမ္းပိတ္ထားေသာ PDF အဖြဲ႕ဝင္မ်ားမေတြ႕ခဲ့ရသျဖင့္ ကားသမားမ်ားအေနျဖင့္ မိမိသေဘာဆႏၵအေလွ်ာက္ ဆက္လက္ထြက္ခြာလာခဲ့ရာ ေဘးအႏၲရာယ္ကင္းရွင္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.