ရက်(၂၀)ကျော်အတွင်း ချင်းမိုင်ရှိ CI စခန်းသို့လာရောက်၍ CI သက်တမ်းတိုးသူ (၁၂၀၀၀)ကျော်ရှိ
                        
                            
                             
 375
 
                             
                            
                            
                         
                        
Pearl (NP News) - သြဂုတ် ၃၁
ရက်(၂၀)ကျော်အတွင်း ချင်းမိုင်ရှိCI စခန်းသို့လာရောက်၍ CI သက်တမ်းတိုးသူ (၁၂၀၀၀)ကျော်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ 
ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ လန်ပန်း၊ လန်ဖွန်း၊ နန်၊ ဖရဲ့၊ ဥဿရာဒစ်၊ ဆူခိုထိုင်း ခရိုင်များနှင့် မဲဆောက်မြို့တို့တွင် ရောက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား အလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ CI စခန်းတွင် တစ်နေ့လျှင် အများဆုံး မြန်မာနိုင်ငံသား (၈၀၀) ဦးကျော်ကို CI သက်တမ်းတိုး ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။ 
ထိုသို့ စတင်ဝန်ဆောင်မှုပေးသည့် သြဂုတ်လ (၆) ရက်နေ့မှ စတင်၍ သြဂုတ်လ (၂၉)ရက်နေ့အထိ လာရောက်၍ ဝန်ဆောင်မှုရယူခဲ့သူ မြန်မာနိုင်ငံသားပေါင်း (၁၂,၀၉၁) ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ 
ထို့ပြင် အဆိုပါ CI စခန်းသို့ ပြီးခဲ့သည့် သြဂုတ်လ (၂၉)ရက်က  ချင်းမိုင်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။ 
သွားရောက်စဉ် ကောင်စစ်ဝန်ချုပ်က  CI စာအုပ် ရယူကြသည့် မြန်မာနိုင်ငံသားများ၏ အချက်အလက်များ မှန်ကန်မှုရှိရေးနှင့် CI ထုတ်ပေးရေး လုပ်ငန်းစဉ်များ လွယ်ကူ ချောမွေ့မြန်ဆန်မှုရှိစေရေးတို့ကို သေချာစွာဆောင်ရွက်ရန် အလေးပေး မှာကြားခဲ့ကြောင်းလည်း သိရသည်။
                     
                        
                                                                    
Zawgyi Version: 
ရက္(၂၀)ေက်ာ္အတြင္း ခ်င္းမိုင္ရွိ CI စခန္းသို႔လာေရာက္၍ CI သက္တမ္းတိုးသူ (၁၂၀၀၀)ေက်ာ္ရွိ
Pearl (NP News) - ၾသဂုတ္ ၃၁
ရက္(၂၀)ေက်ာ္အတြင္း ခ်င္းမိုင္ရွိCI စခန္းသို႔လာေရာက္၍ CI သက္တမ္းတိုးသူ (၁၂၀၀၀)ေက်ာ္ရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။ 
ထိုင္းႏိုင္ငံရွိ ခ်င္းမိုင္၊ ခ်င္း႐ိုင္၊ မယ္ေဟာင္ေဆာင္၊ လန္ပန္း၊ လန္ဖြန္း၊ နန္၊ ဖရဲ႕၊ ဥႆရာဒစ္၊ ဆူခိုထိုင္း ခ႐ိုင္မ်ားႏွင့္ မဲေဆာက္ၿမိဳ႕တို႔တြင္ ေရာက္ရွိ အလုပ္လုပ္ကိုင္လ်က္ရွိသည့္ ျမန္မာႏိုင္ငံသား အလုပ္သမားမ်ားအား မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity- CI) ထုတ္ေပးႏိုင္ရန္အတြက္ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕၌ CI စခန္းတြင္ တစ္ေန႔လွ်င္ အမ်ားဆုံး ျမန္မာႏိုင္ငံသား (၈၀၀) ဦးေက်ာ္ကို CI သက္တမ္းတိုး ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္းသိရသည္။ 
ထိုသို႔ စတင္ဝန္ေဆာင္မႈေပးသည့္ ၾသဂုတ္လ (၆) ရက္ေန႔မွ စတင္၍ ၾသဂုတ္လ (၂၉)ရက္ေန႔အထိ လာေရာက္၍ ဝန္ေဆာင္မႈရယူခဲ့သူ ျမန္မာႏိုင္ငံသားေပါင္း (၁၂,၀၉၁) ေက်ာ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။ 
ထို႔ျပင္ အဆိုပါ CI စခန္းသို႔ ၿပီးခဲ့သည့္ ၾသဂုတ္လ (၂၉)ရက္က  ခ်င္းမိုင္ၿမိဳ႕မွ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ဦးမင္းေက်ာ္လင္း က သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္းလည္း သိရသည္။ 
သြားေရာက္စဥ္ ေကာင္စစ္ဝန္ခ်ဳပ္က  CI စာအုပ္ ရယူၾကသည့္ ျမန္မာႏိုင္ငံသားမ်ား၏ အခ်က္အလက္မ်ား မွန္ကန္မႈရွိေရးႏွင့္ CI ထုတ္ေပးေရး လုပ္ငန္းစဥ္မ်ား လြယ္ကူ ေခ်ာေမြ႕ျမန္ဆန္မႈရွိေစေရးတို႔ကို ေသခ်ာစြာေဆာင္႐ြက္ရန္ အေလးေပး မွာၾကားခဲ့ေၾကာင္းလည္း သိရသည္။