အပူပိုင်းမုန်တိုင်းငယ်ကြောင့် လာမည့် စက်တင်ဘာ (၃)ရက်နေ့အထိ မိုးကြီးနိုင်

 329

စော(NP News)-ဩဂုတ်၃၁
အပူပိုင်းမုန်တိုင်းငယ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၅)ခုတွင် လာမည့် စက်တင်ဘာ (၃)ရက်နေ့အထိ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ် ၃၁ရက်)တွင် အသိ‌ပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ လာအိုနိုင်ငံကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“နောင်ဖ”သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် အပူပိုင်းမုန်တိုင်းငယ် အဖြစ် အားလျော့သွားခဲ့ကြောင်း သိရသည်။
အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး လာမည့် (၆) နာရီအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများတွင် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့ သွားနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
ထို့ကြောင့် ယနေ့ (ဩဂုတ် ၃၁ရက်)မှ (စက်တင်ဘာ ၃ရက်)နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး‌၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
အပူပိုင္းမုန္တိုင္းငယ္ေၾကာင့္ လာမည့္ စက္တင္ဘာ (၃)ရက္ေန႔အထိ မိုးႀကီးႏိုင္
ေစာ(NP News)-ဩဂုတ္၃၁
အပူပိုင္းမုန္တိုင္းငယ္ေၾကာင့္ ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ (၁၅)ခုတြင္ လာမည့္ စက္တင္ဘာ (၃)ရက္ေန႔အထိ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဩဂုတ္ ၃၁ရက္)တြင္ အသိ‌ေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
မိုးဇလ၏ ထုတ္ျပန္ခ်က္အရ လာအိုႏိုင္ငံကို ျဖတ္ေက်ာ္ခဲ့ေသာ အပူပိုင္းမုန္တိုင္း“ေနာင္ဖ”သည္ အေနာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး လာအိုႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံနယ္စပ္ေဒသမ်ားတြင္ အပူပိုင္းမုန္တိုင္းငယ္ အျဖစ္ အားေလ်ာ့သြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ အပူပိုင္းမုန္တိုင္းငယ္သည္ အေနာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားႏိုင္ၿပီး လာမည့္ (၆) နာရီအတြင္း ထိုင္းႏိုင္ငံေျမာက္ပိုင္းေဒသမ်ားတြင္ ေလဖိအားနည္းဆဲလ္အျဖစ္ အားေလ်ာ့ သြားႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။
ထို႔ေၾကာင့္ ယေန႔ (ဩဂုတ္ ၃၁ရက္)မွ (စက္တင္ဘာ ၃ရက္)ေန႔အတြင္း ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး‌၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီး‌၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အပူပိုင္းမုန္တိုင္းငယ္၏ အရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္း တိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္း၊ လွ်ပ္တစ္ျပက္ ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ အဆိုပါေဒသမ်ားရွိ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ား အနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ပါရန္ႏွင့္ ျပည္တြင္းေရေၾကာင္းသြားလာေရး၊ ေလေၾကာင္းပ်ံသန္းေရးႏွင့္ ဆည္ေျမာင္းတာတမံမ်ားအေနျဖင့္ လိုအပ္သည္မ်ား ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထားႏိုင္ရန္ မိုးဇလမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.