မန္တလေးတွင် စားသောက်ဆိုင်ကို ဆီဘောက်ဆာယာဉ်အရှိန်လွန်ဝင်တိုက်မီးလောင်မှုကြောင့် လူ(၃)ဦးသေဆုံး

 784

သန့်ဇင်(NP News)-စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စားသောက်ဆိုင်ကို ဆီဘောက်ဆာယာဉ်အရှိန်လွန်ဝင်တိုက်မီးလောင်မှုကြောင့် လူ(၃)ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြေပြင်သတင်းအရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့( စက်တင်ဘာ ၁ရက်) နံနက် ၆နာရီ ၄၄မိနစ်ဝန်းကျင်အချိန်ခန့်က အမရပူရမြို့နယ်၊ ဥယာဉ်တော်ကျေးရွာ၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်း၊ ကျောက်စိမ်းဘုရားအနီး ကောင်းကောင်းနန်းတော်စားဥယျဉ်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တယ်ဆိုတဲ့ သတင်းကြားလို့ ရုံးကနေကားထွက်တာပါ။ ဆီဘောက်ဆာက ဆိုင်ထဲကို ဝင်တိုက်မိတာ။ မီးလောင်တော့ တစ်ဆိုင် လုံးလောင်သွားတာ။ ကျောက်စိမ်းဘုရားနားက ဆိုင်ပါ”ဟု မဏိစလလူမှုကူညီရေးအသင်းမှာ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြော သည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် လူ(၃)ဦး မီးလောင်သေဆုံးသွားခဲ့ပြီး မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ကနဦးရရှိထားသည့် အချက်အလက်များအရ သိရသည်။

“DB က (၃) ဦးထွက်တာ။ မီးကတော့ ငြိမ်းသွားပြီဆိုတော့ အခုတော့ ဆက်လက်ရှာဖွေနေတုန်းပါ။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ဘယ်နဦးထွက်မလဲစစ်ဆေး နေတုန်းပါပဲ။ မီးကလောင်တော့ တော်တော်လောင်သွားတဲ့အတွက် သေဆုံသူတွေက ဘယ်သူတွေဆိုတာ ခွဲခြားလို့ မသိရခဲ့ပါဘူး။ ရင်ခွဲရုံပို့ပြီးမှ သိရမှာပါ”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် မီးလောင်မှုဖြစ်စဉ်အား မိနစ်(၄၀)ခန့်မီးငြှိမ်းသတ်ခဲ့ပြီး ထိခိုက်သေဆုံးသူစာရင်းအတိအကျအား ဆက်လက်စုံစမ်းစစ်ဆေး နေလျက်ရှိကာ သေဆုံး၊ ထိခိုက်ဒဏ် ရာရရှိသူများအား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတြင္ စားေသာက္ဆိုင္ကို ဆီေဘာက္ဆာယာဥ္အရွိန္လြန္ဝင္တိုက္မီးေလာင္မႈေၾကာင့္ လူ(၃)ဦးေသဆုံး
သန႔္ဇင္(NP News)-စက္တင္ဘာ ၁
မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ စားေသာက္ဆိုင္ကို ဆီေဘာက္ဆာယာဥ္အရွိန္လြန္ဝင္တိုက္မီးေလာင္မႈေၾကာင့္ လူ(၃)ဦး ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း ေျမျပင္သတင္းအရင္းျမစ္မ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔( စက္တင္ဘာ ၁ရက္) နံနက္ ၆နာရီ ၄၄မိနစ္ဝန္းက်င္အခ်ိန္ခန႔္က အမရပူရၿမိဳ႕နယ္၊ ဥယာဥ္ေတာ္ေက်း႐ြာ၊ စစ္ကိုင္း-ျမစ္ငယ္ကားလမ္း၊ ေက်ာက္စိမ္းဘုရားအနီး ေကာင္းေကာင္းနန္းေတာ္စားဥယ်ဥ္ဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တယ္ဆိုတဲ့ သတင္းၾကားလို႔ ႐ုံးကေနကားထြက္တာပါ။ ဆီေဘာက္ဆာက ဆိုင္ထဲကို ဝင္တိုက္မိတာ။ မီးေလာင္ေတာ့ တစ္ဆိုင္ လုံးေလာင္သြားတာ။ ေက်ာက္စိမ္းဘုရားနားက ဆိုင္ပါ”ဟု မဏိစလလူမႈကူညီေရးအသင္းမွာ တာဝန္ရွိသူတစ္ဦးက NP Newsကို ေျပာ သည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ လူ(၃)ဦး မီးေလာင္ေသဆုံးသြားခဲ့ၿပီး မည္သူမည္ဝါျဖစ္ေၾကာင္း ဆက္လက္စစ္ေဆးေနဆဲျဖစ္ေၾကာင္း ကနဦးရရွိထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

“DB က (၃) ဦးထြက္တာ။ မီးကေတာ့ ၿငိမ္းသြားၿပီဆိုေတာ့ အခုေတာ့ ဆက္လက္ရွာေဖြေနတုန္းပါ။ ထိခိုက္ဒဏ္ရာရရွိသူေတြလည္း ဘယ္နဦးထြက္မလဲစစ္ေဆး ေနတုန္းပါပဲ။ မီးကေလာင္ေတာ့ ေတာ္ေတာ္ေလာင္သြားတဲ့အတြက္ ေသဆုံသူေတြက ဘယ္သူေတြဆိုတာ ခြဲျခားလို႔ မသိရခဲ့ပါဘူး။ ရင္ခြဲ႐ုံပို႔ၿပီးမွ သိရမွာပါ”ဟု ၎ကဆက္ေျပာသည္။

လက္ရွိတြင္ မီးေလာင္မႈျဖစ္စဥ္အား မိနစ္(၄၀)ခန႔္မီးျငႇိမ္းသတ္ခဲ့ၿပီး ထိခိုက္ေသဆုံးသူစာရင္းအတိအက်အား ဆက္လက္စုံစမ္းစစ္ေဆး ေနလ်က္ရွိကာ ေသဆုံး၊ ထိခိုက္ဒဏ္ ရာရရွိသူမ်ားအား မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.