“နိုင်ငံရေးကို ခိုးပြီးလုပ်ရတာထက် ပါတီတည်ထောင်ခွင့်ရတယ်ဆိုတဲ့အချိန်ကာလမှာ တရားဝင် နိုင်ငံရေးပါတီထောင်ပြီးတော့ ရွေးကောက်ပွဲကိုဖြတ်သန်းမယ်”

 202

သက်ပိုင် (NP News)
ပြီးခဲ့သည့် ဩဂုတ်လ (၄) ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရခဲ့သော ရခိုင်ပြည်နယ်မှ နိုင်ငံရေးပါတီသစ်တစ်ခုဖြစ်သည့် ရခိုင်းတိုင်းရင်းသားများပါတီသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန် ပြင်ဆင်လျက်ရှိနေသည်။ ထိုသို့ပြင်ဆင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပါတီ မူဝါဒများ အား ပါတီတည်ထောင်သူ ဦးဘရှိန်နှင့် ဆက်သွယ်မေးမြန်းချက်များကိုကောက်နုတ်ဖော်ပြအပ်ပါသည်။


မေး - လာမယ့်ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ - ရွေးကောက်ပွဲကို ဘယ်လိုမြင်သလဲဆိုတော့ ရွေးကောက်ပွဲပြီးတဲ့အခါ ပြည်သူ့ကိုယ်စားလှယ်တွေ ပေါ်လာမယ်။ ပြည်သူ့ကိုယ်စားလှယ်တွေပေါ်လာတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့အသံတွေလည်း ကြားရမယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေပေါ်လာတဲ့အခါ လွှတ် တော်တွေဖြစ်လာမယ်။ လွှတ်တော်တွေဖြစ်လာတဲ့အခါ လွှတ်တော်က ရွေးကောက်တင်မြှောက်တဲ့ အစိုး ရပေါ်လာမယ်။ ရွေးကောက်တင်မြှောက်တဲ့လွှတ်တော်တို့ အစိုးရတို့ပေါ်လာမယ်။ အဲဒီလို ပေါ်လာတဲ့ အခါ Check and Balance ဆိုတာလည်းရှိလာမယ်။ ပြည်သူတွေက ရွေးချယ်တင် မြှောက်တဲ့ အစိုးရ တစ်ရပ် ပေါ်လာတဲ့အတွက်ကြောင့် နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါမှာလည်း ပိုပြီးတော့ အဆင်ပြေလာ မယ်။ အဲဒါကြောင့် ဒီလိုအကျပ်အတည်းတွေဖြစ်နေတဲ့ကာလကို အကုန်လုံးမဟုတ်ရင်တောင်မှ တဖြည်း ဖြည်းနဲ့ အကျပ်အတည်းတွေကို ကျော်လွှားပြီးတော့ ပြည် သူတွေရဲ့သက်သောင့်သက်သာ ဘဝကို တစ်စ တစ်စနဲ့ တဖြည်းဖြည်းအကောင်အထည်ဖော်လာနိုင်မယ်လို့ မျှော်လင့်ချက်ရှိပါတယ်။ အဲဒီလိုလည်း ယုံ ကြည်ပါတယ်။
မေး - ပါတီရဲ့ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေက ဘာတွေများဖြစ်မလဲခင်ဗျ။
ဖြေ - ပါတီမှာ Objective ကတော့ လေးခုရှိပါတယ်။ (D.E.D.F) ဆိုပြီးတော့ပေါ့။ D ဆိုတာ Develop- ment ။ E ဆိုတာ Equality ၊ D ကကျတော့ Democracy ၊ F ကကျတော့ Federalism ပေါ့လေ။ ဒါက တော့ Main Objective ပေါ့လေ။ အခုရွေးကောက်ပွဲကာလအတွက် ပြည်သူတွေကိုပေးဖို့ စိတ်ကူး ထား တဲ့ Message က ရခိုင်ဒေသမှာ ပဋိပက္ခဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ဘဝဟာ ဒုက္ခရောက်နေ ကြရတယ်။ တည်ငြိမ်မှုမရှိဘူး။ အေးချမ်းမှုမရှိဘူး။ အဲဒီတော့ ပြည်သူ့ကိုယ်စားလှယ်တွေပေါ်လာလို့၊ လွှတ်တော်တွေပေါ်လာလို့ အခင်းအကျင်းတွေပေါ်လာတဲ့ အခါ ဒီမတည်မငြိမ်ဖြစ်နေတဲ့ ပဋိပက္ခတွေ ကိုလည်း အတိုင်းအတာတစ်ခုအနေနဲ့ ပြည်သူ့ကိုယ်စား တာဝန်ရှိတဲ့သူတွေနဲ့ ပြောခွင့်ဆိုခွင့်တွေ၊ အဲဒီလို အခွင့်အလမ်းတွေကိုမျှော်လင့်ပါတယ်။ နောက်တစ်ခါ ဒီလို ရွေးကောက်ပွဲလုပ်လိုက်တဲ့အတွက်ကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေပေါ်လာပြီး ပြည်သူ့ကိုယ်စားလှယ်တွေကိုအခြေခံတဲ့ အစိုးရအဖွဲ့တွေဖွဲ့လာ ပြီးတဲ့အခါ Development လို့ခေါ်တဲ့ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တွေ၊ နောက်ပြီးတော့ နိုင်ငံသား အခွင့် အရေး ကန့်သတ်ချက်တွေကို ကန့်သတ်မခံရတော့ဘူး။ အဲဒီလိုနိုင်ငံသားအခွင့်အရေးကို ကန့်သတ်မခံရ တော့တဲ့အတွက်ကြောင့်လည်း ပြည်သူတွေမှာသော်လည်းကောင်း၊ ပြည်သူတွေနဲ့ဆက်စပ်တဲ့ တခြား အဖွဲ့အစည်းတွေအားလုံးက သက်သောင့်သက်သာရှိလာကြမယ်။ အခု အန်ကယ်တို့ရခိုင်ပြည်နယ်မှာ အစိုးရထိန်းချုပ်မှုအောက်မှာရှိ တဲ့ မြို့သုံးမြို့ရှိတယ်။ အဲဒီမြို့တွေမှာ လျှပ်စစ်မီးမရပါဘူး။ နောက်ပြီး တော့ ဆက်သွယ်ရေး အဆင် မပြေပါဘူး။ တယ်လီဖုန်းဆက်သွယ်ရေးကတော့ ကျောက်ဖြူမှာရတယ်၊ စစ်တွေမှာရတယ်။ ရွေးကောက်ပွဲလုပ်မယ့် မာန်အောင်မြို့မှာ တယ်လီဖုန်းတောင် ဆက်လို့မရဘူး။ အင်တာနက်ကတော့ (ဩဂုတ်လ ၂၅ ရက်အထိ) စစ်တွေလည်းမရှိဘူး။ ကျောက်ဖြူလည်းမရှိဘူး။ မာန်အောင်ကတော့ ဘာမှ မရှိဘူးပေါ့။ ပြည်သူ့ကိုယ်စားလှယ်တွေရွေးမယ်ဆိုရင်တော့ အနည်းဆုံး တော့ မာန်အောင်မှာ တယ်လီဖုန်းလိုင်းတစ်လိုင်း မြန်မြန်ဆန်ဆန်ကိုလုပ်ဆောင် ပေးဖို့လိုတယ် ရွေး ကောက်ပွဲကာလမတိုင်ခင်။ ရွေး ကောက်ပွဲကာလမတိုင်ခင် မဟုတ်ဘူး။ ပါတီတွေ ထောင်ဖို့တောင်မှ အခုမာန်အောင်မြို့နယ်ကို ဘယ်လိုမှဆက်သွယ်လို့မရဘူး။ အဲဒီနေရာကလူတွေကို ဆက်သွယ်ရတဲ့ အခက်အခဲတွေ အကျပ်အတည်း တွေကို နိုင်ငံတော်အစိုးရဝန်ကြီးချုပ်ဆီကို စာရေးတင်ပြထားတယ်။ ထို့အတူပဲ ဝန်ကြီးချုပ်နဲ့အတူ ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီးကိုလည်း အဲဒီစာတင်ပြ ထားတာ ရှိပါ တယ်။
မေး - လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် ဘာတွေလုပ်သွားမလဲ။
ဖြေ-ပါတီက အနိုင်ရတယ်ဆိုတာကလည်း ဒေသကို အခြေပြုတဲ့ပါတီဖြစ်တဲ့အတွက်ကြောင့် အတွေ့ အကြုံအရ အဓိက လွှတ်တော်လောက်ပဲ ဩဇာသက်ရောက်မှုရှိနိုင်တယ်။ အစိုးရကိုတော့ နေပြည်တော် က ပြည်ထောင်စုအစိုးရက ဝန်ကြီးချုပ်ကိုခန့်တဲ့အတွက် ကြောင့် ပြည်ထောင်စုအစိုးရဖွဲ့နိုင်တဲ့ ပြည်မ ပါတီ ကြီးတွေရဲ့အောက်မှာပဲဖြတ်သန်းရမှာ အဲဒီလိုအနေ အထားကတော့ ရှိပါတယ်။ အဓိက ရွေး ကောက်ပွဲပြီးတဲ့နောက်ပိုင်းကာလမှာဆိုရင် ရခိုင်ပြည်နယ်မှာ ပဋိပက္ခကိုအကြောင်းပြုပြီးတော့ ဒုက္ခ ပေါင်းစုံကြုံတွေ့ နေရတယ်။ ဒေသစွန့်ခွာမှုကလည်း ကြောက်ခမန်းလိလိဖြစ်နေတယ်။ အဲဒီဟာလေး တွေကို တစ်စုံတစ်ရာ ကူညီဖြေရှင်းဖို့အတွက် အခွင့်အရေးလေးရလာမယ်။ နောက်ဒေသဖွံ့ဖြိုးရေး အတွက်လည်း လက်လှမ်းမီ သလောက်လုပ်ကိုင်ခွင့်ရလာမယ်လို့တော့ မျှော်လင့် ပါတယ်။ လုပ်ကိုင်ခွင့် ရအောင်လည်း ကြိုးစားရမှာ ဖြစ်ပါတယ်။ ဥပမာ မာန်အောင်ကျွန်းဆိုရင် လေယာဉ်ကွင်းသေးသေး လေးတစ်ခုရှိတယ်။ ဒါပေမဲ့ လေတိုက် ရင်တောင် လေယာဉ်သေးသေးလေးတွေက မဆင်းနိုင်ဘူး။ အဲဒီ လေယာဉ်ကွင်းကို လေယာဉ်ကြီးတွေ ဆင်းသက်နိုင်အောင် ကွင်းကြီးတစ်ကွင်းဖြစ်ဖို့အတွက် လွှတ် တော်ကိုယ်စားလှယ်တွေဖြစ်လာခဲ့ရင် ဒါတွေကိုတာဝန်ရှိတဲ့ပြည်ထောင်စုအစိုးရကို အခိုင်အမာ တောင်း ဆိုတင်ပြမှုတွေ လုပ်လာရမှာပဲ။
မေး - လက်ရှိမှာ ဘယ်လိုအခက်အခဲရှိနေပါသလဲ။
ဖြေ - ရခိုင်ပြည်နယ်မှာ စစ်တွေမြို့၊ ကျောက်ဖြူမြို့နဲ့ မာန်အောင်မြို့နယ်ပဲ နိုင်ငံတော်အစိုးရရဲ့ ယန္တရား အောက်မှာရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် ကထုတ်ပြန်ထားတဲ့၊ နိုင်ငံတော်အစိုးရကထုတ်ပြန် ထားတဲ့ဥပဒေတွေထဲမှာ အနည်းဆုံး ဒေသကိုအခြေခံပြီးတော့ ယှဉ်ပြိုင်ဖို့ဖွဲ့စည်းထားတဲ့ပါတီဟာ မြို့ နယ် ငါးမြို့နယ်ကိုကိုယ်စားပြုပြီးတော့ ပါတီရုံးတွေ ဖွင့်ပေးရမယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ ကျွန်တော် တို့မှာ ငါးမြို့နယ်ကို ဆက်သွယ်ဖို့မပြောနဲ့ အခုအစိုးရရဲ့ ယန္တရားအောက်မှာရှိတဲ့ မာန်အောင်မြို့နယ်ကို ဆက်သွယ်ဖို့တောင် လေကြောင်းလည်းမရှိ၊ ရေကြောင်းလည်းမရှိဘူး။ တယ်လီဖုန်းလိုင်းလည်းမရှိဘူးဆိုတော့ ဒီအခက်အခဲတွေကို အံကြိတ်ပြီးတော့ ပြည်သူ့ကိုယ် စားလှယ် တွေပေါ်လာတဲ့ခေတ်ကို မာန်အောင်လည်း မကျန်ရစ်အောင်၊ မာန်အောင်ဒေသကပြည်သူတွေလည်း ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးလို့ရနိုင် အောင်၊ ပြည်သူ့အသံ၊ မာန်အောင်ဒေသကလူတွေရဲ့ အသံ တွေလည်း ထွက်ပါစေဆိုပြီးတော့ ကြိုးစားပြီး တော့ အပင်ပန်းခံပြီးတော့ လုပ်နေတယ်။ အခုထိ မာန် အောင်မြို့နယ်၊ မြို့နယ်ပါတီကော်မတီတွေကို စနစ်တကျဖွဲ့ဖို့အတွက် တော်တော်ကို အခက်အခဲရှိ နေ သေးတယ်။ အခက်အခဲတွေကတော့ ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတစ်ဝန်းမှာ အခက်အခဲဆိုတာပေါင်းစုံပဲ။ ပြည်သူတွေရဲ့စားဝတ်နေရေးကို ကြည့်မလား။ ရန်ကုန်မှာ ကြက်ဥတစ်လုံးကို ငါးရာဆိုရင် ကျောက်ဖြူ မှာ တစ်ထောင့်ငါးရာ။ ရန်ကုန်မှာ ဆီတစ်လီတာကို နှစ်ထောင့်ငါးရာ၊ သုံးထောင်ဆိုရင် ကျောက်ဖြူမှာ တစ်သောင်းသုံးထောင်၊ တစ်သောင်းခွဲ စသည်ဖြင့် လောက်ကို ဈေးကွာတယ်။ ဈေးကွာပြီးတော့ လုပ်စား စရာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်းမရှိဘူး။နောက်ပြီး အန်ကယ် လွှတ်တော်မှာ ဆယ်နှစ်ဆယ်မိုး ကြိုးစားခဲ့တဲ့အတွက်ကြောင့် ကျောက်ဖြူမှာ ခုတင် (၂၀ဝ) ဆေးရုံရှိတယ်။ ဒါပေမဲ့ အဲဒီဆေးရုံမှာ အထူး ကု ဆရာဝန်ကြီးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် မရှိနိုင်ကြတော့ဘူး စသည်ဖြင့် အခက်အခဲ ကတော့ အများကြီးပဲ။ ဒီအခက်အခဲတွေကို ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲအပြီး ပြည်သူ့ပါတီ တွေပေါ်လာတဲ့အခါမှာ ဒါတွေကို အစိုးရနဲ့ပြောပြီးတော့ ဒီဒေ သခံတွေမှာလိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းရမလဲဆိုတာ ကြိုးစားရမှာပေါ့။ အခုလောလောဆယ်ကတော့ ကျွန်တော်ကျောက်ဖြူမှာ ပါတီရဲ့ ဗဟိုဌာနချုပ်ရုံးဖွင့်ဖို့ ကြိုးစားနေတယ်။
မေး - လာမယ့်ရွေးကောက်ပွဲ အပိုင်း(၁)မှာ UEC ထုတ်ပြန်ထားတဲ့ရခိုင်က မြို့အားလုံးမှာ ပြိုင်မှာလား။
ဖြေ- အန်ကယ်တို့ရခိုင်မှာက လာမယ့် ရွေးကောက်ပွဲ မှာ မြို့သုံးမြို့ပဲ ရွေးကောက်ပွဲရှိတယ်။ သုံးမြို့စလုံး မှာ ပြိုင်ရမှာပေါ့။ လေးမြို့ရှိရင် လေးမြို့စလုံးမှာ ပြိုင်ရမှာပေါ့။ ဒီဒေသတစ်ခုလုံးမှာလွှမ်းခြုံပြီး အလုပ် လုပ် ဖို့ဖွဲ့စည်းထားတဲ့ပါတီဖြစ်တဲ့အတွက် သုံးမြို့စလုံးမှာ ရွေးကောက်ပွဲဝင်ပြိုင်သွားမှာပါ။ အခု မာန် အောင်မှာဆိုရင် တော်တော်လေးကိုအခက်အခဲရှိတယ်။ ဒါပေမဲ့ USDP ပါတီကတော့ အရင်ကတည်းက ရှိခဲ့တဲ့ပါတီဆိုတော့ သူတို့မှာ အကုန်လုံးအဆင်သင့်ရှိတယ်။ ကျွန်တော်တို့မှာက အဆင်သင့်ရှိအောင် ကြိုးစားဖို့ကို အခက်အခဲရှိနေတာ။ အစိုးရကတော့ တမင်လုပ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်နေတဲ့အခါ အဲဒီလိုဖြစ်နေတယ်။ ပြိုင်ရမှာလည်း USDP နဲ့ပြိုင်ရမှာပဲ။ ကျွန်တော်တို့က ဘယ်ပါတီကပဲအနိုင်ရရ လွှတ်တော်ပေါ်လာရင် ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်သွားတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့အကျိုးကို ရှေးရှုပြီးတော့ ပြောကြမယ့်သူတွေချည်းပဲ။ ဒါပေမဲ့ အခုလိုအခြေအနေမျိုးမှာတော့ ကြက်တစ်ကောင် ကလွတ်နေပြီးတော့ ကျန်တဲ့တစ်ကောင်က အချည်နှောင်ခံနေရသလိုဖြစ်နေတော့ ရင်ထဲမှာ မချိမဆံ့ ခံစားရတာပေါ့။
မေး - တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကိုကော ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ - အရင်တုန်းကတော့ ရန်ကုန်တိုင်း ရခိုင်တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီးဌာနဆိုပြီးလွှတ်တော် အမတ်တွေပြိုင်ခဲ့ပေမယ့် ဒီတစ်ခါ အဲဒီလို ပြိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရခိုင်တိုင်းရင်းသား များပါတီက ရခိုင်ဒေသကိုပဲအခြေခံပြီးတော့ ဖွဲ့စည်းထား တဲ့ပါတီဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ကျွန်တော်တို့ရခိုင်မှာ လူမျိုးစု တွေရှိတယ်။ မြိုတို့၊ ဒိုင်းနက်တို့၊ ခူမီးတို့ပေါ့ လေ။ သူတို့တွေက မျိုးနွယ်စုသေးသေးလေးတွေဆိုပေမယ့် သူတို့ဆီက လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ်နဲ့ ပါဝင်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဘယ်လောက်ရှိလဲ၊ ဘယ်နှယောက်ရှိနေလဲ။ ရှိရင်ရှိသလောက်ကို သူတို့တွေပါ ဝင်နိုင်အောင် အခွင့်အလမ်းတွေဖန်တီးထားပါတယ်။ ဒီဘက်က မျိုးနွယ်စုတွေကလည်း မြောက်ပိုင်းမှာများတာကြောင့် စစ်တွေဘက်အခြမ်းမှာ မျိုးနွယ်စုကလူတွေ၊ ဘယ်နှဦးလောက် ပါဝင်နိုင် မလဲဆိုတာလည်း တော်တော်လေးကို အလေးထားပြီးကြိုးစားနေပါတယ်။
မေး-လာမယ့်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် အစိုးရဖွဲ့နိုင်လောက်လား။
ဖြေ- ရခိုင်ပြည်နယ်အစိုးရဖွဲ့တယ်ဆိုတာက နေပြည်တော်မှာ အာဏာဘယ်သူရလဲ။ ပြည်ထောင်စုမှာ ဘယ်သူအာဏာရလဲဆိုတာက အရေးကြီးပါ တယ်။ ပြည်ထောင်စုအဆင့်ပါတီတစ်ခုခု အစိုးရဖွဲ့ နိုင်တဲ့ ပါတီကပဲ ဝန်ကြီးချုပ်ကိုရွေးပြီးတော့ အစိုးရဖွဲ့ မှာဖြစ်တယ်။ ဥပဒေအရကိုက ပြည်ထောင်စုအစိုးရ ကို အဲဒီလိုအခွင့်အရေးပေးထားတာမျိုးရှိတာ။ ဒီတော့ အန်ကယ်တို့အစိုးရဖွဲ့ဖို့ဆိုတာ အခွင့်အလမ်းမရှိတော့ ဘူး။ သို့သော် ဝန်ကြီးတစ်ယောက်စ နှစ်ယောက်စကတော့ စီမံခန့်ခွဲရေးလမ်းကြောင်းမှာ ရကောင်းရနိုင် တာပေါ့။ လွှတ်တော်ကိုတော့ အများဆုံးအနိုင်ရရင် တော့ လွှတ်တော်ဥက္ကဋ္ဌတို့လို တာဝန်တွေတော့ ရနိုင်တာပေါ့လေ။ ဒါဆိုရင်တော့ လွှတ်တော်ကို လွှမ်းမိုး နိုင်ပြီး Check and Balance လုပ်လို့ရသလို ရခိုင်ဒေသအတွက်လိုအပ်တဲ့ ဥပဒေတွေကို လုပ်ပိုင်ခွင့်ဥပဒေဘောင်အတွင်းကနေ လုပ်လို့ရနိုင်တာပေါ့။ ဒါက ကျွမ်းကျင်ဖို့လည်းလိုတယ်၊ တတ်ဖို့လည်းလို တယ်။ မတတ်မကျွမ်းကျင်ရင်တော့ ဘာဥပဒေမှ လည်း ရေးလို့ရမှာမဟုတ်ဘူး။
မေး - လက်ရှိမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းကတော့ အခက်အခဲရှိနေတယ်။ လာမယ့်ရွေးကောက်ပွဲကာ လမှာဆိုရင်ကော ဘယ်လိုအခက်အခဲတွေရှိလာနိုင်ပါသလဲ။
ဖြေ - ပဋိပက္ခဖြစ်တဲ့နယ်မြေအထဲမှာ ရွေးကောက်ပွဲလုပ်တာတော့မရှိဘဲ ပဋိပက္ခမဖြစ်တဲ့နယ်မြေထဲမှာ ရွေးကောက်ပွဲလုပ်တာဆိုတော့ ပဋိပက္ခနဲ့ဆက်စပ်တဲ့ အနှောင့်အယှက်အခက်အခဲတွေ ဖြစ်လာနိုင်တယ် လို့ ပြောရလောက်အောင် အချက်အလက်တွေမတွေ့ရ သေးပါဘူး။
မေး - FPTP နဲ့ PRရောထားတဲ့စနစ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ - ဒီစနစ်ကတော့ လွှတ်တော်ကလုပ်လိုက်တဲ့ စနစ်မဟုတ်ဘူး။ လွှတ်တော်ကလုပ်လိုက်တဲ့ ဥပဒေ မဟုတ်ဘူး။ လွှတ်တော်ကလုပ်လိုက်တဲ့ ဥပဒေ မဟုတ်တဲ့အတွက်ကြောင့် ဒီဟာကို ဥပဒေမလုပ်ခင် လည်း တရားဝင်မဲပေးခဲ့ရတာမဟုတ်တော့ ကြိုက်တာမကြိုက်တာကိုအသာထားပြီးတော့ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ဒီစနစ်နဲ့လိုက်လျောညီထွေဖြစ် အောင် ရွေးကောက်ပွဲကို ဖြတ်သန်းရမှာပဲ။ ဒါပေမဲ့ အမျိုးသားလွှတ်တော်တို့လို၊ ပြည်နယ်လွှတ်တော် တို့လိုမျိုးမှာ FPTP တစ်ပိုင်း PR တစ်ပိုင်းလုပ်တဲ့ အခါကျတော့ အသေးစိတ်ကို လူတွေက နားမလည်နိုင်ကြသေးဘူး။ ဥပမာ - ပြည်သူ့လွှတ်တော်ကတော့ ရှင်းတယ်။ နှစ်ယောက်ချင်းစီးချင်းထိုးတာပဲ ။ တစ်မဲ သာရင်လည်း နိုင်တဲ့လူက နိုင်မှာပဲ။ ပြည်နယ်လွှတ် တော်မှာ ရွေးကောက်ပွဲမြို့နယ်တစ်ခုကိုဝင်တယ်။ မဲပေးလိုက်ပြီ။ ပါတီတစ်ခုကနိုင်သွားပြီ။ တစ်မဲသာ တာပဲဖြစ်ဖြစ် နှစ်မဲသာတာပဲဖြစ်ဖြစ် နိုင်သွားပြီ။ ဟုတ်ပြီရပြီ။ ရှင်းရှင်းလေးပဲ။ အဲဒီမြို့နယ်မှာဝင်ပြိုင်တဲ့ သူဟာ တစ်မဲအသာမရတဲ့အတွက်ကြောင့် မနိုင်လိုက်ဘူးဆိုရင် PR ထဲမှာ ဘယ်လိုထိခိုက်သွားနိုင်လဲဆို တာကို တချို့တွေက ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ကိုမေးကြတယ်။ အဲ ဒါကတော့ ရွေးကောက်ပွဲကော်မရှင်လူကြီးတွေရောက်တဲ့အခါမှ သူတို့ဖြေတဲ့အဖြေပေါ်မှာပဲ ပြောလို့ရ မယ်။ ကိုယ်နားလည်သလောက်ပြောလိုက်ရင် အငြင်းပွားစရာဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဒါတွေကို ဖြေလို့မရသေးဘူးလို့ ပြန်ပြောရတယ်။
မေး-လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေပြောချင်ပါသလဲ။
ဖြေ - ရခိုင်ပြည်နယ်မှာတော့ သူ့အပိုင်းနဲ့ ကိုယ့်အပိုင်းရှိနေကြတဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်ပြီးတော့ မှတ်ချက်ပေးစရာမတွေ့ပါဘူး။
မေး-လက်ရှိ ဆိုရှယ်မီဒီယာနဲ့ တခြားသောနည်းလမ်းတွေနဲ့ အန်ကယ်တို့ရဲ့ပါတီကိုသော်လည်းကောင်း၊ လူပုဂ္ဂိုလ်ကိုလည်းကောင်း ဦးတည်ပြီး ဝေဖန်တိုက်ခိုက်မှုတွေကို ဘာပြောချင်သလဲ။
ဖြေ - ဝေဖန်တယ်ဆိုတာကတော့ ပုဂ္ဂိုလ်ရေးအရ မကြိုက်လို့၊ မနာလိုလို့ ဒါမှမဟုတ်ရင် ဘာကြောင့် ရယ်လို့တော့မသိဘူးပေါ့လေ။ ဒီမိုကရေစီကိုလက်မခံလို့ ဝေဖန်တာလား။ ဒီမိုကရေစီစနစ် ပေါ်မလာစေ ချင်လို့ ဝေဖန်တာလားလို့ သူတို့ကိုမေးမှရမယ်။ ဝေဖန်ကြတာတော့ရှိတယ်။ ကျွန်တော့်ကို ဘောမ၊ ဘာတွေ ညာတွေပြောတာမျိုးတွေ ရင်ဆိုင်ရတာပေါ့။ ဒါပေမဲ့ သူ့မှာ ပြောဖို့အခွင့်အရေးရှိတဲ့ အတွက် ကြောင့် ပြောပေါ့။ ဒါပေမဲ့ သူ့မှာ နိုင်ငံအတွက်တာဝန်ရှိတယ်ဆိုတာကိုတော့သိဖို့လိုတယ်။ ဒီနိုင်ငံဟာ ဒီလို စစ်ဖြစ်နေ ဖို့ကိုပဲ သူ့မှာ စိတ်ဆန္ဒရှိသလား။ ရန်ဖြစ်နေရဖို့ကိုပဲ ဆန္ဒရှိသလား။ နိုင်ငံအေးချမ်းဖို့ အတွက် သူမလိုချင် ဘူးလား။ နိုင်ငံတော်လုံခြုံမှုအတွက် မလိုချင်ဘူးလားဆိုတာကို သူ့ကိုပြန်မေးရ မယ်။ ကျွန်တော်တို့က ဒီနိုင်ငံကို အေးချမ်းတဲ့နိုင်ငံ၊ တည်ငြိမ်တဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ ပြည်သူတွေကို လုံလုံခြုံခြုံနဲ့ ဖြတ် သန်းစေချင်တယ်။ သွားစေချင်တယ်။ စစ်အစိုးရလို့ ပြောတဲ့အတွက် ကြောင့် ပြည်သူတွေက စစ်တပ်အုပ် ချုပ်တာ သက်တမ်းရှည်တဲ့အတွက်ကြောင့် ငြိုငြင် နေကြတာတော့ အားလုံးသိတာပဲ။ ဒါပေမဲ့ ဘယ်စနစ် ပဲဖြစ်ဖြစ် လူတွေရဲ့ဘဝမှာ လုံခြုံမှုရှိတယ်ဆိုတာကို အကုန်လုံးက သဘောကျကြတယ်။ ဘာလို့လဲဆိုတော့ လုံခြုံမှုမရှိဘဲနဲ့ မိုးမလင်းခင်၊ မိုးလင်းပြီးတဲ့အခါ၊ မိုးမချုပ်ခင်၊ မိုးချုပ်ပြီးတဲ့အခါ ဘာဖြစ်လာမယ်ဆိုတာကို မသိရဘဲဖြတ်သန်းနေရတဲ့ဘဝနဲ့ လုံခြုံမှုရှိတဲ့ဘဝထဲ က ဘယ်ဘဝကိုကြိုက်နှစ်သက်ကြသလဲ မောင်ရင်တို့ လိုပဲ သူတို့တွေကို ဗဟုသုတအားဖြင့် ပြန်ပြီးတော့ မေးရမလိုဖြစ်နေတယ်။ ဒါပေမဲ့ သူတို့ကို အဲဒီလို လည်းမပြောလိုပါဘူး။ သူတို့အမြင်နဲ့သူတို့ ပြောကြ ပါစေ။
မေး-ရွေးကောက်ပွဲပြီးခဲ့လို့ လွှတ်တော်ထဲကိုစပြီး ရောက်ခဲ့ရင် ပထမဦးဆုံးအနေနဲ့ဆောင်ရွက်မယ့်အ ရာက ဘာများဖြစ်နိုင်မလဲ။
ဖြေ-ဘယ်ကိစ္စကို စပြီးဆောင်ရွက်ဖို့ တွေးဖို့ဆိုတာက အခုအခင်းအကျင်းက ကြိုပြီးတွေးထားရင် လွဲချော် သွားနိုင်တယ်။ လွှတ်တော်ထဲကိုရောက်မှ ဘယ်ကနေ စကြမလဲ၊ ဘယ်သူကစမလဲ။ အစိုးရက ဘယ်သူဖွဲ့ မလဲ စသည်ဖြင့်လုပ်ရမှာပေါ့လေ။ အရင်တုန်းကတော့ အင်အားကြီးတဲ့ပါတီ ပြည်ခိုင်ဖြိုးခေတ်မှာ ပြည် ခိုင်ဖြိုးသေချာတယ်။ NLD ခေတ်မှာ NLD သေချာတယ်။ အခုကတော့ ပြည်ခိုင်ဖြိုးကလည်း (၂၅)ရာခိုင် နှုန်း ရမလားမရဘူးလားမပြောတတ်သေးဘူး။ ရရင်တော့ သူတို့မှာ မိတ်ဖက်အင်အားတွေ ရှိတော့ အစိုးရဖွဲ့နိုင်မယ်လေ။ (၂၅)ရာခိုင်နှုန်း ကျော် ကျော်မရရင်တော့ တခြားပါတီတွေနဲ့လက်တွဲပြီးတော့ အစိုးရဖွဲ့ရမှာပေါ့။ တစ်နိုင်ငံလုံးမှာလည်း NLD မရှိ တော့တဲ့ကာလမှာ USDP က အင်အားအကြီးဆုံးပဲ။ ပိုက်ဆံလည်းရှိတယ်။ လူလည်းရှိတယ်။ အကုန်လုံးရှိ တယ်။ အဲဒီလိုရှိတဲ့ပါတီကို ကျွန်တော်တို့က သဘောမကျ၊ မနာလိုဖြစ်နေလို့လည်း မရဘူးလေ။ အဲဒါက သူ့အကြောင်းနဲ့သူရှိနေကြတာပဲ။ ကျွန်တော်တို့က အဲဒီပါတီနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ပညာအရည်အချင်း ပြည့်ဝတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ ဘယ်လိုလုပ်ပြီးရနိုင်ကြမှာလဲ။
မေး- လက်ရှိရွေးကောက်ပွဲကို ရခိုင်ပြည်သူတွေကကော ဘယ်လိုမြင်တာတွေ့ရလဲ။ စိတ်ဝင်စားကြရဲ့ လား။ ဘာတွေတွေ့ရလဲ။
ဖြေ - စိတ်ဝင်စားလား၊ စိတ်မဝင်စားဘူးလားဆိုတဲ့ မေးခွန်းကိုတော့ တိုက်ရိုက်မဖြေချင်ပါဘူး။ ကျွန် တော်ပါတီထောင်ဖို့အတွက် ပထမတုန်းက ANP ပါတီကနေရပ်တည်ဖို့ကြိုးစားတဲ့အခါ အဆင်မပြေဘူး။ နောက်ပြီး ANP ပါတီမှာ ကိုယ်နဲ့အတူ နိုင်ငံရေးဖြတ်သန်းခဲ့တဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်ခေါင်းဆောင် ပိုင်းကလူတွေနဲ့ကြိုးစားခဲ့ကြတယ်။ မဖြတ်သန်းနိုင်ဘူး။ နောက်ဆုံးကျတော့လည်း ကျွန်တော်က နိုင်ငံ ရေးကို ခိုးပြီးလုပ်ရတာထက် ပါတီတည်ထောင်ခွင့်ရတယ်ဆိုတဲ့အချိန်ကာလမှာ တရားဝင် နိုင်ငံရေးပါတီ ထောင်ပြီးတော့ ရွေးကောက်ပွဲကိုဖြတ်သန်းမယ်ဆို ပြီးတော့ ပါတီတည်ထောင်မယ့်သူတွေကို လိုက်ရှာ တာ။ ရှာမတွေ့ဘူး။ မရဘူး။ နောက်တဖြည်းဖြည်း ရန်ကုန်မြို့မှာ သံသရာလည်နေပြီးတော့ ကျောက်ဖြူ ကိုပြန်လာပြီး တခြားတိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ထပ်ပြီး ချိတ်ဆက်ကြိုးစားတဲ့အခါ ပါတီထူထောင်ဖို့ အဆင်ပြေလာတယ်။ နောက်ပြီး ကိုယ့်အင်အား သူ့ အင်အားတွေကို ပြန်ပြီးတော့ အဆက်အသွယ်လုပ် တဲ့အခါမှာ ပါတီထူထောင်နိုင်တဲ့အခြေအနေ၊ ရပ်တည်နိုင်တဲ့အခြေအနေတွေရှိသလားဆိုတာကို (၄၊ ၅၊ ၆)လ၊ (၇)လလောက်ကြိုးစားလိုက်တဲ့အခါမှာမှ နိုင်ငံရေးပါတီတွေလိုအပ်ပါတယ်ဆိုတဲ့ အသိုင်းအဝိုင်း တွေကိုရတဲ့အတွက်ကြောင့် နိုင်ငံရေးပါတီတည်ထောင် ခွင့်လျှောက်တယ်။ ပါတီမှတ်ပုံတင်ခွင့်ရတယ်။ အခု ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နိုင်တဲ့ အခင်းအကျင်း အထိဖြစ်ပေါ်လာတယ်။ ပြည်သူတွေကလည်း မဲပေး ကြမှာပါ။ မပေးတဲ့သူတွေလည်း ရှိကောင်းရှိနိုင်မှာပေါ့။
မေး - လက်ရှိမှာ ရွေးကောက်ပွဲကျင်းပဖို့အချိန် ကပ်လာနေပြီဖြစ်တာကြောင့် ဆက်သွယ်ရေးခက်ခဲနေတဲ့ ရခိုင်ဒေသကပြည်သူတွေအနေနဲ့ မြန်မာအီလက်ထ ရွန်နစ်မဲပေးစက်တွေနဲ့မဲပေးဖို့ဆိုရင် စိန်ခေါ်မှုဖြစ် လာနိုင်မလား။
ဖြေ - စိန်ခေါ်မှုဖြစ်လားမဖြစ်လားဆိုတာကို မှတ်ချက် တောင်ပေးနေစရာမလိုပါဘူး။ ကျွန်တော်တောင် အပြင်မှာ အဲဒီစက်ကိုမမြင်ဖူးသေးပါဘူး။ ကျွန်တော် တို့ပြည်သူတွေမဲပေးမယ့် စက်တွေနဲ့ပတ်သက်တဲ့ အသိပညာပေးတာနဲ့ပတ်သက်ပြီး စကားတစ်ခွန်းတောင်မပြောနိုင်သေးဘူး။ ဒါပေမဲ့ အဲဒီလိုအခက်အခဲ တွေဘယ်လောက်ပဲရှိရှိ။ ဒီအခက်အခဲတွေရှိလို့ဆိုပြီး ဟိုလူ့ကို အတင်းပြော၊ ဒီလူ့ကို အတင်းပြောတာမျိုး တွေမလုပ်ဘဲနဲ့ ကျွန်တော်တို့ဖြတ်သန်းရမှာပဲ။ ကျွန်တော်တို့ကိုမဲပေးမယ့်လူတွေကိုလည်း “မင်းတို့ ကြိုး စားပြီးမဲပေးကြ၊ ကိုယ်ပေးချင်တဲ့ သင်္ကေတအမှတ် အသားကို ပေးနိုင်အောင်ကြိုးစားကြ။ ငါတို့ကိုယ် တိုင်လည်း မသိသေးဘူး။ Voter Education လုပ်ဖို့ ငါတို့မှာ ဘယ်လိုပုံစံနဲ့ပြောရမယ်ဆိုတာထက် ငါ လည်း စက်ကိုတောင်မမြင်ဖူးသေးဘူး။ ဓာတ်ပုံတွေလောက်မှာပဲ မြင်ဖူးသေးတယ်”လို့ပြောထားရတယ်။ စည်းရုံးရေးကာလကတော့ အခုစည်းရုံးခွင့်ပေးထားတယ်လို့တော့ ပြည်မကသတင်းတွေအရတော့သိရ တယ်။ ကျွန်တော်က ကျောက်ဖြူကိုရောက်နေတော့ အင်တာနက်မရတော့ ကျန်တာတော့မသိရသေး ဘူး။ ကျွန်တော်တို့ဆိုရင် ပြီးခဲ့တဲ့ (၆)လလောက်ကတည်း က ပါတီထောင်ဖို့အတွက်ကို တဖြည်းဖြည်း ချင်းလုပ်လာခဲ့ရတာ။ ပြီးခဲ့တဲ့လေးလလောက်ကတည်းက မာန်အောင်မြို့ကို အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတာ။ အခုအချိန်အထိကို အဆင်မပြေလှသေးဘူးဖြစ် နေတယ်ဆိုတော့ ဒီလိုအခြေအနေမှာ ကျွန်တော်တို့ မှာ စိန်ခေါ်မှုတွေကတော့ ဘက်စုံထောင့်စုံပဲ။ ရာနှုန်း ပြည့်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ဖြတ်သန်းမယ်။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲကိုဖြတ်သန်းမှ ဒီမိုကရေစီလမ်း ကြောင်းဘက်ကိုရောက်နိုင်မှာလို့ ခိုင်ခိုင်မာမာယုံ ကြည်ထားလို့ပါပဲ။
မေး - တခြားဖြည့်စွက်ပြောချင်တာများရှိမလား။
ဖြေ - တခြားဖြည့်စွက်ပြောစရာတော့မရှိပါဘူး။ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပါပဲ။ တာဝန်ရှိတဲ့သူ တွေက ပြည်သူတွေကို ဘယ်လို Message တွေပေးမလဲဆိုတဲ့ဟာတွေကို ကျွန်တော်ကစောင့်နေတာပါ။ အဲဒီ Message တွေကိုပေးစေချင်တာပါပဲ။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
“ႏိုင္ငံေရးကို ခိုးၿပီးလုပ္ရတာထက္ ပါတီတည္ေထာင္ခြင့္ရတယ္ဆိုတဲ့အခ်ိန္ကာလမွာ တရားဝင္ ႏိုင္ငံေရးပါတီေထာင္ၿပီးေတာ့ ေ႐ြးေကာက္ပြဲကိုျဖတ္သန္းမယ္”
သက္ပိုင္ (NP News)
ၿပီးခဲ့သည့္ ဩဂုတ္လ (၄) ရက္တြင္ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ခြင့္ရခဲ့ေသာ ရခိုင္ျပည္နယ္မွ ႏိုင္ငံေရးပါတီသစ္တစ္ခုျဖစ္သည့္ ရခိုင္းတိုင္းရင္းသားမ်ားပါတီသည္ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ ရန္ ျပင္ဆင္လ်က္ရွိေနသည္။ ထိုသို႔ျပင္ဆင္ရာတြင္ ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ားႏွင့္ ပါတီ မူဝါဒမ်ား အား ပါတီတည္ေထာင္သူ ဦးဘရွိန္ႏွင့္ ဆက္သြယ္ေမးျမန္းခ်က္မ်ားကိုေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။


ေမး - လာမယ့္ေ႐ြးေကာက္ပြဲအေပၚ ဘယ္လိုျမင္ပါသလဲ။
ေျဖ - ေ႐ြးေကာက္ပြဲကို ဘယ္လိုျမင္သလဲဆိုေတာ့ ေ႐ြးေကာက္ပြဲၿပီးတဲ့အခါ ျပည္သူ႔ကိုယ္စားလွယ္ေတြ ေပၚလာမယ္။ ျပည္သူ႔ကိုယ္စားလွယ္ေတြေပၚလာတဲ့အတြက္ေၾကာင့္ ျပည္သူေတြရဲ႕အသံေတြလည္း ၾကားရမယ္။ ေနာက္ၿပီးေတာ့ ေ႐ြးေကာက္ပြဲေၾကာင့္ ျပည္သူ႔ကိုယ္စားလွယ္ေတြေပၚလာတဲ့အခါ လႊတ္ ေတာ္ေတြျဖစ္လာမယ္။ လႊတ္ေတာ္ေတြျဖစ္လာတဲ့အခါ လႊတ္ေတာ္က ေ႐ြးေကာက္တင္ေျမႇာက္တဲ့ အစိုး ရေပၚလာမယ္။ ေ႐ြးေကာက္တင္ေျမႇာက္တဲ့လႊတ္ေတာ္တို႔ အစိုးရတို႔ေပၚလာမယ္။ အဲဒီလို ေပၚလာတဲ့ အခါ Check and Balance ဆိုတာလည္းရွိလာမယ္။ ျပည္သူေတြက ေ႐ြးခ်ယ္တင္ ေျမႇာက္တဲ့ အစိုးရ တစ္ရပ္ ေပၚလာတဲ့အတြက္ေၾကာင့္ ႏိုင္ငံတကာနဲ႔ဆက္ဆံတဲ့အခါမွာလည္း ပိုၿပီးေတာ့ အဆင္ေျပလာ မယ္။ အဲဒါေၾကာင့္ ဒီလိုအက်ပ္အတည္းေတြျဖစ္ေနတဲ့ကာလကို အကုန္လုံးမဟုတ္ရင္ေတာင္မွ တျဖည္း ျဖည္းနဲ႔ အက်ပ္အတည္းေတြကို ေက်ာ္လႊားၿပီးေတာ့ ျပည္ သူေတြရဲ႕သက္ေသာင့္သက္သာ ဘဝကို တစ္စ တစ္စနဲ႔ တျဖည္းျဖည္းအေကာင္အထည္ေဖာ္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ခ်က္ရွိပါတယ္။ အဲဒီလိုလည္း ယုံ ၾကည္ပါတယ္။
ေမး - ပါတီရဲ႕ရည္႐ြယ္ခ်က္နဲ႔ ဦးတည္ခ်က္ေတြက ဘာေတြမ်ားျဖစ္မလဲခင္ဗ်။
ေျဖ - ပါတီမွာ Objective ကေတာ့ ေလးခုရွိပါတယ္။ (D.E.D.F) ဆိုၿပီးေတာ့ေပါ့။ D ဆိုတာ Develop- ment ။ E ဆိုတာ Equality ၊ D ကက်ေတာ့ Democracy ၊ F ကက်ေတာ့ Federalism ေပါ့ေလ။ ဒါက ေတာ့ Main Objective ေပါ့ေလ။ အခုေ႐ြးေကာက္ပြဲကာလအတြက္ ျပည္သူေတြကိုေပးဖို႔ စိတ္ကူး ထား တဲ့ Message က ရခိုင္ေဒသမွာ ပဋိပကၡျဖစ္တဲ့အတြက္ေၾကာင့္ ျပည္သူေတြရဲ႕ဘဝဟာ ဒုကၡေရာက္ေန ၾကရတယ္။ တည္ၿငိမ္မႈမရွိဘူး။ ေအးခ်မ္းမႈမရွိဘူး။ အဲဒီေတာ့ ျပည္သူ႔ကိုယ္စားလွယ္ေတြေပၚလာလို႔၊ လႊတ္ေတာ္ေတြေပၚလာလို႔ အခင္းအက်င္းေတြေပၚလာတဲ့ အခါ ဒီမတည္မၿငိမ္ျဖစ္ေနတဲ့ ပဋိပကၡေတြ ကိုလည္း အတိုင္းအတာတစ္ခုအေနနဲ႔ ျပည္သူ႔ကိုယ္စား တာဝန္ရွိတဲ့သူေတြနဲ႔ ေျပာခြင့္ဆိုခြင့္ေတြ၊ အဲဒီလို အခြင့္အလမ္းေတြကိုေမွ်ာ္လင့္ပါတယ္။ ေနာက္တစ္ခါ ဒီလို ေ႐ြးေကာက္ပြဲလုပ္လိုက္တဲ့အတြက္ေၾကာင့္ ျပည္သူ႔ကိုယ္စားလွယ္ေတြေပၚလာၿပီး ျပည္သူ႔ကိုယ္စားလွယ္ေတြကိုအေျခခံတဲ့ အစိုးရအဖြဲ႕ေတြဖြဲ႕လာ ၿပီးတဲ့အခါ Development လို႔ေခၚတဲ့ ေဒသဖြံ႕ၿဖိဳးေရး လိုအပ္ခ်က္ေတြ၊ ေနာက္ၿပီးေတာ့ ႏိုင္ငံသား အခြင့္ အေရး ကန႔္သတ္ခ်က္ေတြကို ကန႔္သတ္မခံရေတာ့ဘူး။ အဲဒီလိုႏိုင္ငံသားအခြင့္အေရးကို ကန႔္သတ္မခံရ ေတာ့တဲ့အတြက္ေၾကာင့္လည္း ျပည္သူေတြမွာေသာ္လည္းေကာင္း၊ ျပည္သူေတြနဲ႔ဆက္စပ္တဲ့ တျခား အဖြဲ႕အစည္းေတြအားလုံးက သက္ေသာင့္သက္သာရွိလာၾကမယ္။ အခု အန္ကယ္တို႔ရခိုင္ျပည္နယ္မွာ အစိုးရထိန္းခ်ဳပ္မႈေအာက္မွာရွိ တဲ့ ၿမိဳ႕သုံးၿမိဳ႕ရွိတယ္။ အဲဒီၿမိဳ႕ေတြမွာ လွ်ပ္စစ္မီးမရပါဘူး။ ေနာက္ၿပီး ေတာ့ ဆက္သြယ္ေရး အဆင္ မေျပပါဘူး။ တယ္လီဖုန္းဆက္သြယ္ေရးကေတာ့ ေက်ာက္ျဖဴမွာရတယ္၊ စစ္ေတြမွာရတယ္။ ေ႐ြးေကာက္ပြဲလုပ္မယ့္ မာန္ေအာင္ၿမိဳ႕မွာ တယ္လီဖုန္းေတာင္ ဆက္လို႔မရဘူး။ အင္တာနက္ကေတာ့ (ဩဂုတ္လ ၂၅ ရက္အထိ) စစ္ေတြလည္းမရွိဘူး။ ေက်ာက္ျဖဴလည္းမရွိဘူး။ မာန္ေအာင္ကေတာ့ ဘာမွ မရွိဘူးေပါ့။ ျပည္သူ႔ကိုယ္စားလွယ္ေတြေ႐ြးမယ္ဆိုရင္ေတာ့ အနည္းဆုံး ေတာ့ မာန္ေအာင္မွာ တယ္လီဖုန္းလိုင္းတစ္လိုင္း ျမန္ျမန္ဆန္ဆန္ကိုလုပ္ေဆာင္ ေပးဖို႔လိုတယ္ ေ႐ြး ေကာက္ပြဲကာလမတိုင္ခင္။ ေ႐ြး ေကာက္ပြဲကာလမတိုင္ခင္ မဟုတ္ဘူး။ ပါတီေတြ ေထာင္ဖို႔ေတာင္မွ အခုမာန္ေအာင္ၿမိဳ႕နယ္ကို ဘယ္လိုမွဆက္သြယ္လို႔မရဘူး။ အဲဒီေနရာကလူေတြကို ဆက္သြယ္ရတဲ့ အခက္အခဲေတြ အက်ပ္အတည္း ေတြကို ႏိုင္ငံေတာ္အစိုးရဝန္ႀကီးခ်ဳပ္ဆီကို စာေရးတင္ျပထားတယ္။ ထို႔အတူပဲ ဝန္ႀကီးခ်ဳပ္နဲ႔အတူ ပို႔ ေဆာင္ဆက္သြယ္ေရးဝန္ႀကီးကိုလည္း အဲဒီစာတင္ျပ ထားတာ ရွိပါ တယ္။
ေမး - လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့ရင္ ဘာေတြလုပ္သြားမလဲ။
ေျဖ-ပါတီက အႏိုင္ရတယ္ဆိုတာကလည္း ေဒသကို အေျချပဳတဲ့ပါတီျဖစ္တဲ့အတြက္ေၾကာင့္ အေတြ႕ အႀကဳံအရ အဓိက လႊတ္ေတာ္ေလာက္ပဲ ဩဇာသက္ေရာက္မႈရွိႏိုင္တယ္။ အစိုးရကိုေတာ့ ေနျပည္ေတာ္ က ျပည္ေထာင္စုအစိုးရက ဝန္ႀကီးခ်ဳပ္ကိုခန႔္တဲ့အတြက္ ေၾကာင့္ ျပည္ေထာင္စုအစိုးရဖြဲ႕ႏိုင္တဲ့ ျပည္မ ပါတီ ႀကီးေတြရဲ႕ေအာက္မွာပဲျဖတ္သန္းရမွာ အဲဒီလိုအေန အထားကေတာ့ ရွိပါတယ္။ အဓိက ေ႐ြး ေကာက္ပြဲၿပီးတဲ့ေနာက္ပိုင္းကာလမွာဆိုရင္ ရခိုင္ျပည္နယ္မွာ ပဋိပကၡကိုအေၾကာင္းျပဳၿပီးေတာ့ ဒုကၡ ေပါင္းစုံႀကဳံေတြ႕ ေနရတယ္။ ေဒသစြန႔္ခြာမႈကလည္း ေၾကာက္ခမန္းလိလိျဖစ္ေနတယ္။ အဲဒီဟာေလး ေတြကို တစ္စုံတစ္ရာ ကူညီေျဖရွင္းဖို႔အတြက္ အခြင့္အေရးေလးရလာမယ္။ ေနာက္ေဒသဖြံ႕ၿဖိဳးေရး အတြက္လည္း လက္လွမ္းမီ သေလာက္လုပ္ကိုင္ခြင့္ရလာမယ္လို႔ေတာ့ ေမွ်ာ္လင့္ ပါတယ္။ လုပ္ကိုင္ခြင့္ ရေအာင္လည္း ႀကိဳးစားရမွာ ျဖစ္ပါတယ္။ ဥပမာ မာန္ေအာင္ကြၽန္းဆိုရင္ ေလယာဥ္ကြင္းေသးေသး ေလးတစ္ခုရွိတယ္။ ဒါေပမဲ့ ေလတိုက္ ရင္ေတာင္ ေလယာဥ္ေသးေသးေလးေတြက မဆင္းႏိုင္ဘူး။ အဲဒီ ေလယာဥ္ကြင္းကို ေလယာဥ္ႀကီးေတြ ဆင္းသက္ႏိုင္ေအာင္ ကြင္းႀကီးတစ္ကြင္းျဖစ္ဖို႔အတြက္ လႊတ္ ေတာ္ကိုယ္စားလွယ္ေတြျဖစ္လာခဲ့ရင္ ဒါေတြကိုတာဝန္ရွိတဲ့ျပည္ေထာင္စုအစိုးရကို အခိုင္အမာ ေတာင္း ဆိုတင္ျပမႈေတြ လုပ္လာရမွာပဲ။
ေမး - လက္ရွိမွာ ဘယ္လိုအခက္အခဲရွိေနပါသလဲ။
ေျဖ - ရခိုင္ျပည္နယ္မွာ စစ္ေတြၿမိဳ႕၊ ေက်ာက္ျဖဴၿမိဳ႕နဲ႔ မာန္ေအာင္ၿမိဳ႕နယ္ပဲ ႏိုင္ငံေတာ္အစိုးရရဲ႕ ယႏၲရား ေအာက္မွာရွိတယ္။ ဒါေပမဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ ကထုတ္ျပန္ထားတဲ့၊ ႏိုင္ငံေတာ္အစိုးရကထုတ္ျပန္ ထားတဲ့ဥပေဒေတြထဲမွာ အနည္းဆုံး ေဒသကိုအေျခခံၿပီးေတာ့ ယွဥ္ၿပိဳင္ဖို႔ဖြဲ႕စည္းထားတဲ့ပါတီဟာ ၿမိဳ႕ နယ္ ငါးၿမိဳ႕နယ္ကိုကိုယ္စားျပဳၿပီးေတာ့ ပါတီ႐ုံးေတြ ဖြင့္ေပးရမယ္လို႔ ဆိုထားတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ တို႔မွာ ငါးၿမိဳ႕နယ္ကို ဆက္သြယ္ဖို႔မေျပာနဲ႔ အခုအစိုးရရဲ႕ ယႏၲရားေအာက္မွာရွိတဲ့ မာန္ေအာင္ၿမိဳ႕နယ္ကို ဆက္သြယ္ဖို႔ေတာင္ ေလေၾကာင္းလည္းမရွိ၊ ေရေၾကာင္းလည္းမရွိဘူး။ တယ္လီဖုန္းလိုင္းလည္းမရွိဘူးဆိုေတာ့ ဒီအခက္အခဲေတြကို အံႀကိတ္ၿပီးေတာ့ ျပည္သူ႔ကိုယ္ စားလွယ္ ေတြေပၚလာတဲ့ေခတ္ကို မာန္ေအာင္လည္း မက်န္ရစ္ေအာင္၊ မာန္ေအာင္ေဒသကျပည္သူေတြလည္း ျပည္သူ႔ကိုယ္စားလွယ္ေတြကို ေ႐ြးလို႔ရႏိုင္ ေအာင္၊ ျပည္သူ႔အသံ၊ မာန္ေအာင္ေဒသကလူေတြရဲ႕ အသံ ေတြလည္း ထြက္ပါေစဆိုၿပီးေတာ့ ႀကိဳးစားၿပီး ေတာ့ အပင္ပန္းခံၿပီးေတာ့ လုပ္ေနတယ္။ အခုထိ မာန္ ေအာင္ၿမိဳ႕နယ္၊ ၿမိဳ႕နယ္ပါတီေကာ္မတီေတြကို စနစ္တက်ဖြဲ႕ဖို႔အတြက္ ေတာ္ေတာ္ကို အခက္အခဲရွိ ေန ေသးတယ္။ အခက္အခဲေတြကေတာ့ ပဋိပကၡျဖစ္ေနတဲ့ ႏိုင္ငံတစ္ဝန္းမွာ အခက္အခဲဆိုတာေပါင္းစုံပဲ။ ျပည္သူေတြရဲ႕စားဝတ္ေနေရးကို ၾကည့္မလား။ ရန္ကုန္မွာ ၾကက္ဥတစ္လုံးကို ငါးရာဆိုရင္ ေက်ာက္ျဖဴ မွာ တစ္ေထာင့္ငါးရာ။ ရန္ကုန္မွာ ဆီတစ္လီတာကို ႏွစ္ေထာင့္ငါးရာ၊ သုံးေထာင္ဆိုရင္ ေက်ာက္ျဖဴမွာ တစ္ေသာင္းသုံးေထာင္၊ တစ္ေသာင္းခြဲ စသည္ျဖင့္ ေလာက္ကို ေဈးကြာတယ္။ ေဈးကြာၿပီးေတာ့ လုပ္စား စရာ အလုပ္အကိုင္အခြင့္အလမ္းေတြလည္းမရွိဘူး။ေနာက္ၿပီး အန္ကယ္ လႊတ္ေတာ္မွာ ဆယ္ႏွစ္ဆယ္မိုး ႀကိဳးစားခဲ့တဲ့အတြက္ေၾကာင့္ ေက်ာက္ျဖဴမွာ ခုတင္ (၂၀ဝ) ေဆး႐ုံရွိတယ္။ ဒါေပမဲ့ အဲဒီေဆး႐ုံမွာ အထူး ကု ဆရာဝန္ႀကီးေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မရွိႏိုင္ၾကေတာ့ဘူး စသည္ျဖင့္ အခက္အခဲ ကေတာ့ အမ်ားႀကီးပဲ။ ဒီအခက္အခဲေတြကို ကြၽန္ေတာ္တို႔ကေတာ့ ေ႐ြးေကာက္ပြဲအၿပီး ျပည္သူ႔ပါတီ ေတြေပၚလာတဲ့အခါမွာ ဒါေတြကို အစိုးရနဲ႔ေျပာၿပီးေတာ့ ဒီေဒ သခံေတြမွာလိုအပ္ခ်က္ေတြကို ဘယ္လို ျဖည့္ဆည္းရမလဲဆိုတာ ႀကိဳးစားရမွာေပါ့။ အခုေလာေလာဆယ္ကေတာ့ ကြၽန္ေတာ္ေက်ာက္ျဖဴမွာ ပါတီရဲ႕ ဗဟိုဌာနခ်ဳပ္႐ုံးဖြင့္ဖို႔ ႀကိဳးစားေနတယ္။
ေမး - လာမယ့္ေ႐ြးေကာက္ပြဲ အပိုင္း(၁)မွာ UEC ထုတ္ျပန္ထားတဲ့ရခိုင္က ၿမိဳ႕အားလုံးမွာ ၿပိဳင္မွာလား။
ေျဖ- အန္ကယ္တို႔ရခိုင္မွာက လာမယ့္ ေ႐ြးေကာက္ပြဲ မွာ ၿမိဳ႕သုံးၿမိဳ႕ပဲ ေ႐ြးေကာက္ပြဲရွိတယ္။ သုံးၿမိဳ႕စလုံး မွာ ၿပိဳင္ရမွာေပါ့။ ေလးၿမိဳ႕ရွိရင္ ေလးၿမိဳ႕စလုံးမွာ ၿပိဳင္ရမွာေပါ့။ ဒီေဒသတစ္ခုလုံးမွာလႊမ္းၿခဳံၿပီး အလုပ္ လုပ္ ဖို႔ဖြဲ႕စည္းထားတဲ့ပါတီျဖစ္တဲ့အတြက္ သုံးၿမိဳ႕စလုံးမွာ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္သြားမွာပါ။ အခု မာန္ ေအာင္မွာဆိုရင္ ေတာ္ေတာ္ေလးကိုအခက္အခဲရွိတယ္။ ဒါေပမဲ့ USDP ပါတီကေတာ့ အရင္ကတည္းက ရွိခဲ့တဲ့ပါတီဆိုေတာ့ သူတို႔မွာ အကုန္လုံးအဆင္သင့္ရွိတယ္။ ကြၽန္ေတာ္တို႔မွာက အဆင္သင့္ရွိေအာင္ ႀကိဳးစားဖို႔ကို အခက္အခဲရွိေနတာ။ အစိုးရကေတာ့ တမင္လုပ္တာ မဟုတ္ပါဘူး။ ဒါေပမဲ့ ျဖစ္ေနတဲ့အခါ အဲဒီလိုျဖစ္ေနတယ္။ ၿပိဳင္ရမွာလည္း USDP နဲ႔ၿပိဳင္ရမွာပဲ။ ကြၽန္ေတာ္တို႔က ဘယ္ပါတီကပဲအႏိုင္ရရ လႊတ္ေတာ္ေပၚလာရင္ ျပည္သူ႔ကိုယ္စားလွယ္ေတြျဖစ္သြားတဲ့အတြက္ေၾကာင့္ ျပည္သူေတြရဲ႕အက်ိဳးကို ေရွးရႈၿပီးေတာ့ ေျပာၾကမယ့္သူေတြခ်ည္းပဲ။ ဒါေပမဲ့ အခုလိုအေျခအေနမ်ိဳးမွာေတာ့ ၾကက္တစ္ေကာင္ ကလြတ္ေနၿပီးေတာ့ က်န္တဲ့တစ္ေကာင္က အခ်ည္ေႏွာင္ခံေနရသလိုျဖစ္ေနေတာ့ ရင္ထဲမွာ မခ်ိမဆံ့ ခံစားရတာေပါ့။
ေမး - တိုင္းရင္းသားေရးရာဝန္ႀကီးေနရာေတြကိုေကာ ဘယ္လိုစီစဥ္ထားပါသလဲ။
ေျဖ - အရင္တုန္းကေတာ့ ရန္ကုန္တိုင္း ရခိုင္တိုင္း ရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာနဆိုၿပီးလႊတ္ေတာ္ အမတ္ေတြၿပိဳင္ခဲ့ေပမယ့္ ဒီတစ္ခါ အဲဒီလို ၿပိဳင္ခြင့္မရွိပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ရခိုင္တိုင္းရင္းသား မ်ားပါတီက ရခိုင္ေဒသကိုပဲအေျခခံၿပီးေတာ့ ဖြဲ႕စည္းထား တဲ့ပါတီျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ ပါတီရဲ႕ ဖြဲ႕စည္းပုံစည္းမ်ဥ္းအရ ကြၽန္ေတာ္တို႔ရခိုင္မွာ လူမ်ိဳးစု ေတြရွိတယ္။ ၿမိဳတို႔၊ ဒိုင္းနက္တို႔၊ ခူမီးတို႔ေပါ့ ေလ။ သူတို႔ေတြက မ်ိဳးႏြယ္စုေသးေသးေလးေတြဆိုေပမယ့္ သူတို႔ဆီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အျဖစ္နဲ႔ ပါဝင္ႏိုင္တဲ့ပုဂၢိဳလ္ေတြ ဘယ္ေလာက္ရွိလဲ၊ ဘယ္ႏွေယာက္ရွိေနလဲ။ ရွိရင္ရွိသေလာက္ကို သူတို႔ေတြပါ ဝင္ႏိုင္ေအာင္ အခြင့္အလမ္းေတြဖန္တီးထားပါတယ္။ ဒီဘက္က မ်ိဳးႏြယ္စုေတြကလည္း ေျမာက္ပိုင္းမွာမ်ားတာေၾကာင့္ စစ္ေတြဘက္အျခမ္းမွာ မ်ိဳးႏြယ္စုကလူေတြ၊ ဘယ္ႏွဦးေလာက္ ပါဝင္ႏိုင္ မလဲဆိုတာလည္း ေတာ္ေတာ္ေလးကို အေလးထားၿပီးႀကိဳးစားေနပါတယ္။
ေမး-လာမယ့္ေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့ရင္ အစိုးရဖြဲ႕ႏိုင္ေလာက္လား။
ေျဖ- ရခိုင္ျပည္နယ္အစိုးရဖြဲ႕တယ္ဆိုတာက ေနျပည္ေတာ္မွာ အာဏာဘယ္သူရလဲ။ ျပည္ေထာင္စုမွာ ဘယ္သူအာဏာရလဲဆိုတာက အေရးႀကီးပါ တယ္။ ျပည္ေထာင္စုအဆင့္ပါတီတစ္ခုခု အစိုးရဖြဲ႕ ႏိုင္တဲ့ ပါတီကပဲ ဝန္ႀကီးခ်ဳပ္ကိုေ႐ြးၿပီးေတာ့ အစိုးရဖြဲ႕ မွာျဖစ္တယ္။ ဥပေဒအရကိုက ျပည္ေထာင္စုအစိုးရ ကို အဲဒီလိုအခြင့္အေရးေပးထားတာမ်ိဳးရွိတာ။ ဒီေတာ့ အန္ကယ္တို႔အစိုးရဖြဲ႕ဖို႔ဆိုတာ အခြင့္အလမ္းမရွိေတာ့ ဘူး။ သို႔ေသာ္ ဝန္ႀကီးတစ္ေယာက္စ ႏွစ္ေယာက္စကေတာ့ စီမံခန႔္ခြဲေရးလမ္းေၾကာင္းမွာ ရေကာင္းရႏိုင္ တာေပါ့။ လႊတ္ေတာ္ကိုေတာ့ အမ်ားဆုံးအႏိုင္ရရင္ ေတာ့ လႊတ္ေတာ္ဥကၠ႒တို႔လို တာဝန္ေတြေတာ့ ရႏိုင္တာေပါ့ေလ။ ဒါဆိုရင္ေတာ့ လႊတ္ေတာ္ကို လႊမ္းမိုး ႏိုင္ၿပီး Check and Balance လုပ္လို႔ရသလို ရခိုင္ေဒသအတြက္လိုအပ္တဲ့ ဥပေဒေတြကို လုပ္ပိုင္ခြင့္ဥပေဒေဘာင္အတြင္းကေန လုပ္လို႔ရႏိုင္တာေပါ့။ ဒါက ကြၽမ္းက်င္ဖို႔လည္းလိုတယ္၊ တတ္ဖို႔လည္းလို တယ္။ မတတ္မကြၽမ္းက်င္ရင္ေတာ့ ဘာဥပေဒမွ လည္း ေရးလို႔ရမွာမဟုတ္ဘူး။
ေမး - လက္ရွိမွာ ဖုန္းလိုင္း၊ အင္တာနက္လိုင္းကေတာ့ အခက္အခဲရွိေနတယ္။ လာမယ့္ေ႐ြးေကာက္ပြဲကာ လမွာဆိုရင္ေကာ ဘယ္လိုအခက္အခဲေတြရွိလာႏိုင္ပါသလဲ။
ေျဖ - ပဋိပကၡျဖစ္တဲ့နယ္ေျမအထဲမွာ ေ႐ြးေကာက္ပြဲလုပ္တာေတာ့မရွိဘဲ ပဋိပကၡမျဖစ္တဲ့နယ္ေျမထဲမွာ ေ႐ြးေကာက္ပြဲလုပ္တာဆိုေတာ့ ပဋိပကၡနဲ႔ဆက္စပ္တဲ့ အေႏွာင့္အယွက္အခက္အခဲေတြ ျဖစ္လာႏိုင္တယ္ လို႔ ေျပာရေလာက္ေအာင္ အခ်က္အလက္ေတြမေတြ႕ရ ေသးပါဘူး။
ေမး - FPTP နဲ႔ PRေရာထားတဲ့စနစ္ကို ဘယ္လိုျမင္ပါသလဲ။
ေျဖ - ဒီစနစ္ကေတာ့ လႊတ္ေတာ္ကလုပ္လိုက္တဲ့ စနစ္မဟုတ္ဘူး။ လႊတ္ေတာ္ကလုပ္လိုက္တဲ့ ဥပေဒ မဟုတ္ဘူး။ လႊတ္ေတာ္ကလုပ္လိုက္တဲ့ ဥပေဒ မဟုတ္တဲ့အတြက္ေၾကာင့္ ဒီဟာကို ဥပေဒမလုပ္ခင္ လည္း တရားဝင္မဲေပးခဲ့ရတာမဟုတ္ေတာ့ ႀကိဳက္တာမႀကိဳက္တာကိုအသာထားၿပီးေတာ့ ဒီစနစ္ကို က်င့္သုံးမယ္ဆိုရင္ ဒီစနစ္နဲ႔လိုက္ေလ်ာညီေထြျဖစ္ ေအာင္ ေ႐ြးေကာက္ပြဲကို ျဖတ္သန္းရမွာပဲ။ ဒါေပမဲ့ အမ်ိဳးသားလႊတ္ေတာ္တို႔လို၊ ျပည္နယ္လႊတ္ေတာ္ တို႔လိုမ်ိဳးမွာ FPTP တစ္ပိုင္း PR တစ္ပိုင္းလုပ္တဲ့ အခါက်ေတာ့ အေသးစိတ္ကို လူေတြက နားမလည္ႏိုင္ၾကေသးဘူး။ ဥပမာ - ျပည္သူ႔လႊတ္ေတာ္ကေတာ့ ရွင္းတယ္။ ႏွစ္ေယာက္ခ်င္းစီးခ်င္းထိုးတာပဲ ။ တစ္မဲ သာရင္လည္း ႏိုင္တဲ့လူက ႏိုင္မွာပဲ။ ျပည္နယ္လႊတ္ ေတာ္မွာ ေ႐ြးေကာက္ပြဲၿမိဳ႕နယ္တစ္ခုကိုဝင္တယ္။ မဲေပးလိုက္ၿပီ။ ပါတီတစ္ခုကႏိုင္သြားၿပီ။ တစ္မဲသာ တာပဲျဖစ္ျဖစ္ ႏွစ္မဲသာတာပဲျဖစ္ျဖစ္ ႏိုင္သြားၿပီ။ ဟုတ္ၿပီရၿပီ။ ရွင္းရွင္းေလးပဲ။ အဲဒီၿမိဳ႕နယ္မွာဝင္ၿပိဳင္တဲ့ သူဟာ တစ္မဲအသာမရတဲ့အတြက္ေၾကာင့္ မႏိုင္လိုက္ဘူးဆိုရင္ PR ထဲမွာ ဘယ္လိုထိခိုက္သြားႏိုင္လဲဆို တာကို တခ်ိဳ႕ေတြက ရွင္းရွင္းလင္းလင္းမသိရေသးတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ကိုေမးၾကတယ္။ အဲ ဒါကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္လူႀကီးေတြေရာက္တဲ့အခါမွ သူတို႔ေျဖတဲ့အေျဖေပၚမွာပဲ ေျပာလို႔ရ မယ္။ ကိုယ္နားလည္သေလာက္ေျပာလိုက္ရင္ အျငင္းပြားစရာျဖစ္သြားလိမ့္မယ္။ ဒါေၾကာင့္ ဒါေတြကို ေျဖလို႔မရေသးဘူးလို႔ ျပန္ေျပာရတယ္။
ေမး-လာမယ့္ေ႐ြးေကာက္ပြဲမွာ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီးေတာ့ ဘာေတြေျပာခ်င္ပါသလဲ။
ေျဖ - ရခိုင္ျပည္နယ္မွာေတာ့ သူ႔အပိုင္းနဲ႔ ကိုယ့္အပိုင္းရွိေနၾကတဲ့အတြက္ေၾကာင့္ ဒါနဲ႔ပတ္သက္ၿပီးေတာ့ မွတ္ခ်က္ေပးစရာမေတြ႕ပါဘူး။
ေမး-လက္ရွိ ဆိုရွယ္မီဒီယာနဲ႔ တျခားေသာနည္းလမ္းေတြနဲ႔ အန္ကယ္တို႔ရဲ႕ပါတီကိုေသာ္လည္းေကာင္း၊ လူပုဂၢိဳလ္ကိုလည္းေကာင္း ဦးတည္ၿပီး ေဝဖန္တိုက္ခိုက္မႈေတြကို ဘာေျပာခ်င္သလဲ။
ေျဖ - ေဝဖန္တယ္ဆိုတာကေတာ့ ပုဂၢိဳလ္ေရးအရ မႀကိဳက္လို႔၊ မနာလိုလို႔ ဒါမွမဟုတ္ရင္ ဘာေၾကာင့္ ရယ္လို႔ေတာ့မသိဘူးေပါ့ေလ။ ဒီမိုကေရစီကိုလက္မခံလို႔ ေဝဖန္တာလား။ ဒီမိုကေရစီစနစ္ ေပၚမလာေစ ခ်င္လို႔ ေဝဖန္တာလားလို႔ သူတို႔ကိုေမးမွရမယ္။ ေဝဖန္ၾကတာေတာ့ရွိတယ္။ ကြၽန္ေတာ့္ကို ေဘာမ၊ ဘာေတြ ညာေတြေျပာတာမ်ိဳးေတြ ရင္ဆိုင္ရတာေပါ့။ ဒါေပမဲ့ သူ႔မွာ ေျပာဖို႔အခြင့္အေရးရွိတဲ့ အတြက္ ေၾကာင့္ ေျပာေပါ့။ ဒါေပမဲ့ သူ႔မွာ ႏိုင္ငံအတြက္တာဝန္ရွိတယ္ဆိုတာကိုေတာ့သိဖို႔လိုတယ္။ ဒီႏိုင္ငံဟာ ဒီလို စစ္ျဖစ္ေန ဖို႔ကိုပဲ သူ႔မွာ စိတ္ဆႏၵရွိသလား။ ရန္ျဖစ္ေနရဖို႔ကိုပဲ ဆႏၵရွိသလား။ ႏိုင္ငံေအးခ်မ္းဖို႔ အတြက္ သူမလိုခ်င္ ဘူးလား။ ႏိုင္ငံေတာ္လုံၿခဳံမႈအတြက္ မလိုခ်င္ဘူးလားဆိုတာကို သူ႔ကိုျပန္ေမးရ မယ္။ ကြၽန္ေတာ္တို႔က ဒီႏိုင္ငံကို ေအးခ်မ္းတဲ့ႏိုင္ငံ၊ တည္ၿငိမ္တဲ့ အုပ္ခ်ဳပ္ေရး ယႏၲရားေအာက္မွာ ျပည္သူေတြကို လုံလုံၿခဳံၿခဳံနဲ႔ ျဖတ္ သန္းေစခ်င္တယ္။ သြားေစခ်င္တယ္။ စစ္အစိုးရလို႔ ေျပာတဲ့အတြက္ ေၾကာင့္ ျပည္သူေတြက စစ္တပ္အုပ္ ခ်ဳပ္တာ သက္တမ္းရွည္တဲ့အတြက္ေၾကာင့္ ၿငိဳျငင္ ေနၾကတာေတာ့ အားလုံးသိတာပဲ။ ဒါေပမဲ့ ဘယ္စနစ္ ပဲျဖစ္ျဖစ္ လူေတြရဲ႕ဘဝမွာ လုံၿခဳံမႈရွိတယ္ဆိုတာကို အကုန္လုံးက သေဘာက်ၾကတယ္။ ဘာလို႔လဲဆိုေတာ့ လုံၿခဳံမႈမရွိဘဲနဲ႔ မိုးမလင္းခင္၊ မိုးလင္းၿပီးတဲ့အခါ၊ မိုးမခ်ဳပ္ခင္၊ မိုးခ်ဳပ္ၿပီးတဲ့အခါ ဘာျဖစ္လာမယ္ဆိုတာကို မသိရဘဲျဖတ္သန္းေနရတဲ့ဘဝနဲ႔ လုံၿခဳံမႈရွိတဲ့ဘဝထဲ က ဘယ္ဘဝကိုႀကိဳက္ႏွစ္သက္ၾကသလဲ ေမာင္ရင္တို႔ လိုပဲ သူတို႔ေတြကို ဗဟုသုတအားျဖင့္ ျပန္ၿပီးေတာ့ ေမးရမလိုျဖစ္ေနတယ္။ ဒါေပမဲ့ သူတို႔ကို အဲဒီလို လည္းမေျပာလိုပါဘူး။ သူတို႔အျမင္နဲ႔သူတို႔ ေျပာၾက ပါေစ။
ေမး-ေ႐ြးေကာက္ပြဲၿပီးခဲ့လို႔ လႊတ္ေတာ္ထဲကိုစၿပီး ေရာက္ခဲ့ရင္ ပထမဦးဆုံးအေနနဲ႔ေဆာင္႐ြက္မယ့္အ ရာက ဘာမ်ားျဖစ္ႏိုင္မလဲ။
ေျဖ-ဘယ္ကိစၥကို စၿပီးေဆာင္႐ြက္ဖို႔ ေတြးဖို႔ဆိုတာက အခုအခင္းအက်င္းက ႀကိဳၿပီးေတြးထားရင္ လြဲေခ်ာ္ သြားႏိုင္တယ္။ လႊတ္ေတာ္ထဲကိုေရာက္မွ ဘယ္ကေန စၾကမလဲ၊ ဘယ္သူကစမလဲ။ အစိုးရက ဘယ္သူဖြဲ႕ မလဲ စသည္ျဖင့္လုပ္ရမွာေပါ့ေလ။ အရင္တုန္းကေတာ့ အင္အားႀကီးတဲ့ပါတီ ျပည္ခိုင္ၿဖိဳးေခတ္မွာ ျပည္ ခိုင္ၿဖိဳးေသခ်ာတယ္။ NLD ေခတ္မွာ NLD ေသခ်ာတယ္။ အခုကေတာ့ ျပည္ခိုင္ၿဖိဳးကလည္း (၂၅)ရာခိုင္ ႏႈန္း ရမလားမရဘူးလားမေျပာတတ္ေသးဘူး။ ရရင္ေတာ့ သူတို႔မွာ မိတ္ဖက္အင္အားေတြ ရွိေတာ့ အစိုးရဖြဲ႕ႏိုင္မယ္ေလ။ (၂၅)ရာခိုင္ႏႈန္း ေက်ာ္ ေက်ာ္မရရင္ေတာ့ တျခားပါတီေတြနဲ႔လက္တြဲၿပီးေတာ့ အစိုးရဖြဲ႕ရမွာေပါ့။ တစ္ႏိုင္ငံလုံးမွာလည္း NLD မရွိ ေတာ့တဲ့ကာလမွာ USDP က အင္အားအႀကီးဆုံးပဲ။ ပိုက္ဆံလည္းရွိတယ္။ လူလည္းရွိတယ္။ အကုန္လုံးရွိ တယ္။ အဲဒီလိုရွိတဲ့ပါတီကို ကြၽန္ေတာ္တို႔က သေဘာမက်၊ မနာလိုျဖစ္ေနလို႔လည္း မရဘူးေလ။ အဲဒါက သူ႔အေၾကာင္းနဲ႔သူရွိေနၾကတာပဲ။ ကြၽန္ေတာ္တို႔က အဲဒီပါတီနဲ႔ ရင္ေပါင္တန္းႏိုင္တဲ့ ပညာအရည္အခ်င္း ျပည့္ဝတဲ့ လႊတ္ေတာ္ကိုယ္စား လွယ္ေတြ ဘယ္လိုလုပ္ၿပီးရႏိုင္ၾကမွာလဲ။
ေမး- လက္ရွိေ႐ြးေကာက္ပြဲကို ရခိုင္ျပည္သူေတြကေကာ ဘယ္လိုျမင္တာေတြ႕ရလဲ။ စိတ္ဝင္စားၾကရဲ႕ လား။ ဘာေတြေတြ႕ရလဲ။
ေျဖ - စိတ္ဝင္စားလား၊ စိတ္မဝင္စားဘူးလားဆိုတဲ့ ေမးခြန္းကိုေတာ့ တိုက္႐ိုက္မေျဖခ်င္ပါဘူး။ ကြၽန္ ေတာ္ပါတီေထာင္ဖို႔အတြက္ ပထမတုန္းက ANP ပါတီကေနရပ္တည္ဖို႔ႀကိဳးစားတဲ့အခါ အဆင္မေျပဘူး။ ေနာက္ၿပီး ANP ပါတီမွာ ကိုယ္နဲ႔အတူ ႏိုင္ငံေရးျဖတ္သန္းခဲ့တဲ့ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ေခါင္းေဆာင္ ပိုင္းကလူေတြနဲ႔ႀကိဳးစားခဲ့ၾကတယ္။ မျဖတ္သန္းႏိုင္ဘူး။ ေနာက္ဆုံးက်ေတာ့လည္း ကြၽန္ေတာ္က ႏိုင္ငံ ေရးကို ခိုးၿပီးလုပ္ရတာထက္ ပါတီတည္ေထာင္ခြင့္ရတယ္ဆိုတဲ့အခ်ိန္ကာလမွာ တရားဝင္ ႏိုင္ငံေရးပါတီ ေထာင္ၿပီးေတာ့ ေ႐ြးေကာက္ပြဲကိုျဖတ္သန္းမယ္ဆို ၿပီးေတာ့ ပါတီတည္ေထာင္မယ့္သူေတြကို လိုက္ရွာ တာ။ ရွာမေတြ႕ဘူး။ မရဘူး။ ေနာက္တျဖည္းျဖည္း ရန္ကုန္ၿမိဳ႕မွာ သံသရာလည္ေနၿပီးေတာ့ ေက်ာက္ျဖဴ ကိုျပန္လာၿပီး တျခားတိုင္းရင္းသားမ်ိဳးႏြယ္စုေတြနဲ႔ ထပ္ၿပီး ခ်ိတ္ဆက္ႀကိဳးစားတဲ့အခါ ပါတီထူေထာင္ဖို႔ အဆင္ေျပလာတယ္။ ေနာက္ၿပီး ကိုယ့္အင္အား သူ႔ အင္အားေတြကို ျပန္ၿပီးေတာ့ အဆက္အသြယ္လုပ္ တဲ့အခါမွာ ပါတီထူေထာင္ႏိုင္တဲ့အေျခအေန၊ ရပ္တည္ႏိုင္တဲ့အေျခအေနေတြရွိသလားဆိုတာကို (၄၊ ၅၊ ၆)လ၊ (၇)လေလာက္ႀကိဳးစားလိုက္တဲ့အခါမွာမွ ႏိုင္ငံေရးပါတီေတြလိုအပ္ပါတယ္ဆိုတဲ့ အသိုင္းအဝိုင္း ေတြကိုရတဲ့အတြက္ေၾကာင့္ ႏိုင္ငံေရးပါတီတည္ေထာင္ ခြင့္ေလွ်ာက္တယ္။ ပါတီမွတ္ပုံတင္ခြင့္ရတယ္။ အခု ေ႐ြးေကာက္ပြဲဝင္ဖို႔ျပင္ဆင္ႏိုင္တဲ့ အခင္းအက်င္း အထိျဖစ္ေပၚလာတယ္။ ျပည္သူေတြကလည္း မဲေပး ၾကမွာပါ။ မေပးတဲ့သူေတြလည္း ရွိေကာင္းရွိႏိုင္မွာေပါ့။
ေမး - လက္ရွိမွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔အခ်ိန္ ကပ္လာေနၿပီျဖစ္တာေၾကာင့္ ဆက္သြယ္ေရးခက္ခဲေနတဲ့ ရခိုင္ေဒသကျပည္သူေတြအေနနဲ႔ ျမန္မာအီလက္ထ ႐ြန္နစ္မဲေပးစက္ေတြနဲ႔မဲေပးဖို႔ဆိုရင္ စိန္ေခၚမႈျဖစ္ လာႏိုင္မလား။
ေျဖ - စိန္ေခၚမႈျဖစ္လားမျဖစ္လားဆိုတာကို မွတ္ခ်က္ ေတာင္ေပးေနစရာမလိုပါဘူး။ ကြၽန္ေတာ္ေတာင္ အျပင္မွာ အဲဒီစက္ကိုမျမင္ဖူးေသးပါဘူး။ ကြၽန္ေတာ္ တို႔ျပည္သူေတြမဲေပးမယ့္ စက္ေတြနဲ႔ပတ္သက္တဲ့ အသိပညာေပးတာနဲ႔ပတ္သက္ၿပီး စကားတစ္ခြန္းေတာင္မေျပာႏိုင္ေသးဘူး။ ဒါေပမဲ့ အဲဒီလိုအခက္အခဲ ေတြဘယ္ေလာက္ပဲရွိရွိ။ ဒီအခက္အခဲေတြရွိလို႔ဆိုၿပီး ဟိုလူ႔ကို အတင္းေျပာ၊ ဒီလူ႔ကို အတင္းေျပာတာမ်ိဳး ေတြမလုပ္ဘဲနဲ႔ ကြၽန္ေတာ္တို႔ျဖတ္သန္းရမွာပဲ။ ကြၽန္ေတာ္တို႔ကိုမဲေပးမယ့္လူေတြကိုလည္း “မင္းတို႔ ႀကိဳး စားၿပီးမဲေပးၾက၊ ကိုယ္ေပးခ်င္တဲ့ သေကၤတအမွတ္ အသားကို ေပးႏိုင္ေအာင္ႀကိဳးစားၾက။ ငါတို႔ကိုယ္ တိုင္လည္း မသိေသးဘူး။ Voter Education လုပ္ဖို႔ ငါတို႔မွာ ဘယ္လိုပုံစံနဲ႔ေျပာရမယ္ဆိုတာထက္ ငါ လည္း စက္ကိုေတာင္မျမင္ဖူးေသးဘူး။ ဓာတ္ပုံေတြေလာက္မွာပဲ ျမင္ဖူးေသးတယ္”လို႔ေျပာထားရတယ္။ စည္း႐ုံးေရးကာလကေတာ့ အခုစည္း႐ုံးခြင့္ေပးထားတယ္လို႔ေတာ့ ျပည္မကသတင္းေတြအရေတာ့သိရ တယ္။ ကြၽန္ေတာ္က ေက်ာက္ျဖဴကိုေရာက္ေနေတာ့ အင္တာနက္မရေတာ့ က်န္တာေတာ့မသိရေသး ဘူး။ ကြၽန္ေတာ္တို႔ဆိုရင္ ၿပီးခဲ့တဲ့ (၆)လေလာက္ကတည္း က ပါတီေထာင္ဖို႔အတြက္ကို တျဖည္းျဖည္း ခ်င္းလုပ္လာခဲ့ရတာ။ ၿပီးခဲ့တဲ့ေလးလေလာက္ကတည္းက မာန္ေအာင္ၿမိဳ႕ကို အဆက္အသြယ္လုပ္ဖို႔ ႀကိဳးစားေနတာ။ အခုအခ်ိန္အထိကို အဆင္မေျပလွေသးဘူးျဖစ္ ေနတယ္ဆိုေတာ့ ဒီလိုအေျခအေနမွာ ကြၽန္ေတာ္တို႔ မွာ စိန္ေခၚမႈေတြကေတာ့ ဘက္စုံေထာင့္စုံပဲ။ ရာႏႈန္း ျပည့္ပဲ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဒီေ႐ြးေကာက္ပြဲကို ျဖစ္တဲ့နည္းနဲ႔ျဖတ္သန္းမယ္။ ဘာလို႔လဲဆိုေတာ့ ဒီေ႐ြးေကာက္ပြဲကိုျဖတ္သန္းမွ ဒီမိုကေရစီလမ္း ေၾကာင္းဘက္ကိုေရာက္ႏိုင္မွာလို႔ ခိုင္ခိုင္မာမာယုံ ၾကည္ထားလို႔ပါပဲ။
ေမး - တျခားျဖည့္စြက္ေျပာခ်င္တာမ်ားရွိမလား။
ေျဖ - တျခားျဖည့္စြက္ေျပာစရာေတာ့မရွိပါဘူး။ကြၽန္ေတာ္ အၿမဲတမ္းေျပာခဲ့သလိုပါပဲ။ တာဝန္ရွိတဲ့သူ ေတြက ျပည္သူေတြကို ဘယ္လို Message ေတြေပးမလဲဆိုတဲ့ဟာေတြကို ကြၽန္ေတာ္ကေစာင့္ေနတာပါ။ အဲဒီ Message ေတြကိုေပးေစခ်င္တာပါပဲ။
အခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.