စည်းကမ်းမဲ့ Wi-fi ကြိုးတပ်ဆင်နေမှုများကို အမြန်ဆုံး စနစ်တကျ ကြပ်မတ်ရန်လို

520

သက်ပိုင် (NP News)
ရန်ကုန်မြို့တွင် Wi-fi ကြိုးနှင့် ပုံးများစည်းကမ်းမဲ့ သွယ်တန်းတပ်ဆင်နေမှုများကိုအမြန်ဆုံး စနစ် တကျ ကြပ်မတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြို့နယ်လျှပ်စစ်ရုံးမှတာဝန်ရှိသူနှင့် ဒေသခံ ပြည်သူများက NP News ဂျာနယ်သို့ ပြောသည်။
Wi-fi ကြိုးများနှင့်ပုံးကို စည်းကမ်းမဲ့ တပ်ဆင်ခြင်းများကြောင့် မီးတိုင်များထိခိုက်ခြင်း၊ အဆိုပါ ကြိုးများကြောင့် မီးကြိုးများမီးလောင်မှုဖြစ် ခြင်းအပြင် အဆိုပါစည်းကမ်းမဲ့တပ်ဆင်ထားသည့် Wi-fi ကြိုးများကြောင့် ထရန်စဖော်မာများ မလိုအပ်ဘဲ ပျက်စီးရခြင်းများလည်းရှိကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
“ ဒီ Wi-fi ပုံးတွေကြောင့် ဝါယာရှော့တွေဖြစ်ပြီး ဓာတ်အားပေးတဲ့ကြိုးတွေ မီးလောင်တာတွေ ဖြစ်တယ်။ လျှပ်စစ်အတွက်တော့ အန္တရာယ် အရမ်းများတယ်။ တချို့ဖြစ်စဉ်တွေမှာဆိုရင် လျှပ်စစ်တိုင် တွေကိုပါ ပြန်ပြီးလဲလိုက်ရတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ တချို့ Wi-fi ပုံးတွေပြုတ်ကျလို့ မလို အပ်ဘဲနဲ့ ထရမ်စဖော်မာတွေ ပျက်စီးတာမျိုး တွေလည်းဖြစ်ရပါတယ်။ Wi-fi ကမ္ပဏီတွေက တရကြမ်း စီးပွားရှာနေသလိုဖြစ်နေတယ်။ ဒါကြောင့် ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေပူးပေါင်းပြီး ထိန်းချုပ် သင့်တယ်လို့ မြင်ပါတယ်”ဟု ၎င်းက ထောက်ပြပြောဆိုသည်။
ရန်ကုန်မြို့ရှိအချို့နယ်များတွင် ၎င်းကြိုးများကို ပေ (၂၀)ခန့်အမြင့်တွင်ထားရှိသော်လည်း မြို့ နယ်အများစုတွင် ကြိုးများကိုဆယ်ပေခန့်တွင်သာ သွယ်တန်းထားခြင်းနှင့် အမြင်မတင့်တယ်သည့် ပုံစံ များကိုတွေ့မြင်ရလေ့ရှိကြောင်း ရန်ကုန်မြို့ဒေသခံ တစ်ဦးကဆိုသည်။
“လှိုင်မြို့နယ်မှာဆိုရင် ကြိုးတွေနိမ့်လို့ မီးသတ်ကားဝင်လို့မရတဲ့နေရာတွေတောင် ရှိနေတယ်။ လမ်းကကျဉ်းပြီး ကြိုးတွေနဲ့မလွတ်လို့။ နောက် ပြီးတော့ ကြိုးတွေက ရှုပ်ယှက်ခတ်ပြီး တွဲကျနေတာမျိုး တွေလည်းရှိပေမယ့် ဘာမှမလုပ်ကြဘူး ဒီအတိုင်းပဲ ဖြစ်နေတယ်။ ပြီးတော့ တစ်ခါတလေ လမ်းသွားရင် ကြိုးလျော့နေတဲ့ Wi-fi ကြိုးတွေကို ရှောင်နေရတာကလည်း အလုပ်တစ်လုပ်လိုဖြစ်နေပြီ” ဟု ရန်ကုန် မြို့ ဒေသခံတစ်ဦးကဆိုသည်။
လက်ရှိတွင် တရားဝင်စာချုပ်ချုပ်ကာ လုပ်ကိုင်နေသော Wi-fi ကုမ္ပဏီများမှာ (၆) ခုခန့် သာရှိပြီး ကျန်ကုမ္ပဏီအများစုမှာ ယင်းစာချုပ်ချုပ် ဆိုထားသော ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ လုပ်ကိုင်နေကြ ကြောင်းနှင့် တရားဝင်စာချုပ် ချုပ်ဆိုထားခြင်း မရှိသော Wi-fi ပုံးများကို ဖြုတ်သိမ်းခြင်းများ လုပ်ဆောင် နေသော်လည်း ထပ်မံစိစစ်ရန် လိုအပ်ချက်များရှိနေကြောင်း မြို့နယ်လျှပ်စစ်တာဝန်ရှိသူထံမှ သိရ သည်။

Zawgyi Version:
စည္းကမ္းမဲ့ Wi-fi ႀကိဳးတပ္ဆင္ေနမႈမ်ားကို အျမန္ဆုံး စနစ္တက် ၾကပ္မတ္ရန္လို
သက္ပိုင္ (NP News)
ရန္ကုန္ၿမိဳ႕တြင္ Wi-fi ႀကိဳးႏွင့္ ပုံးမ်ားစည္းကမ္းမဲ့ သြယ္တန္းတပ္ဆင္ေနမႈမ်ားကိုအျမန္ဆုံး စနစ္ တက် ၾကပ္မတ္ရန္ လိုအပ္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးမွတာဝန္ရွိသူႏွင့္ ေဒသခံ ျပည္သူမ်ားက NP News ဂ်ာနယ္သို႔ ေျပာသည္။
Wi-fi ႀကိဳးမ်ားႏွင့္ပုံးကို စည္းကမ္းမဲ့ တပ္ဆင္ျခင္းမ်ားေၾကာင့္ မီးတိုင္မ်ားထိခိုက္ျခင္း၊ အဆိုပါ ႀကိဳးမ်ားေၾကာင့္ မီးႀကိဳးမ်ားမီးေလာင္မႈျဖစ္ ျခင္းအျပင္ အဆိုပါစည္းကမ္းမဲ့တပ္ဆင္ထားသည့္ Wi-fi ႀကိဳးမ်ားေၾကာင့္ ထရန္စေဖာ္မာမ်ား မလိုအပ္ဘဲ ပ်က္စီးရျခင္းမ်ားလည္းရွိေၾကာင္း ရန္ကုန္ၿမိဳ႕မွ အမည္မေဖာ္လိုသည့္ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးမွ တာဝန္ရွိ သူတစ္ဦးက ဆိုသည္။
“ ဒီ Wi-fi ပုံးေတြေၾကာင့္ ဝါယာေရွာ့ေတြျဖစ္ၿပီး ဓာတ္အားေပးတဲ့ႀကိဳးေတြ မီးေလာင္တာေတြ ျဖစ္တယ္။ လွ်ပ္စစ္အတြက္ေတာ့ အႏၲရာယ္ အရမ္းမ်ားတယ္။ တခ်ိဳ႕ျဖစ္စဥ္ေတြမွာဆိုရင္ လွ်ပ္စစ္တိုင္ ေတြကိုပါ ျပန္ၿပီးလဲလိုက္ရတာမ်ိဳးေတြ ရွိတယ္။ ေနာက္ၿပီးေတာ့ တခ်ိဳ႕ Wi-fi ပုံးေတြျပဳတ္က်လို႔ မလို အပ္ဘဲနဲ႔ ထရမ္စေဖာ္မာေတြ ပ်က္စီးတာမ်ိဳး ေတြလည္းျဖစ္ရပါတယ္။ Wi-fi ကမၸဏီေတြက တရၾကမ္း စီးပြားရွာေနသလိုျဖစ္ေနတယ္။ ဒါေၾကာင့္ ဒါေတြကို သက္ဆိုင္ရာတာဝန္ရွိသူေတြပူးေပါင္းၿပီး ထိန္းခ်ဳပ္ သင့္တယ္လို႔ ျမင္ပါတယ္”ဟု ၎က ေထာက္ျပေျပာဆိုသည္။
ရန္ကုန္ၿမိဳ႕ရွိအခ်ိဳ႕နယ္မ်ားတြင္ ၎ႀကိဳးမ်ားကို ေပ (၂၀)ခန႔္အျမင့္တြင္ထားရွိေသာ္လည္း ၿမိဳ႕ နယ္အမ်ားစုတြင္ ႀကိဳးမ်ားကိုဆယ္ေပခန႔္တြင္သာ သြယ္တန္းထားျခင္းႏွင့္ အျမင္မတင့္တယ္သည့္ ပုံစံ မ်ားကိုေတြ႕ျမင္ရေလ့ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေဒသခံ တစ္ဦးကဆိုသည္။
“လႈိင္ၿမိဳ႕နယ္မွာဆိုရင္ ႀကိဳးေတြနိမ့္လို႔ မီးသတ္ကားဝင္လို႔မရတဲ့ေနရာေတြေတာင္ ရွိေနတယ္။ လမ္းကက်ဥ္းၿပီး ႀကိဳးေတြနဲ႔မလြတ္လို႔။ ေနာက္ ၿပီးေတာ့ ႀကိဳးေတြက ရႈပ္ယွက္ခတ္ၿပီး တြဲက်ေနတာမ်ိဳး ေတြလည္းရွိေပမယ့္ ဘာမွမလုပ္ၾကဘူး ဒီအတိုင္းပဲ ျဖစ္ေနတယ္။ ၿပီးေတာ့ တစ္ခါတေလ လမ္းသြားရင္ ႀကိဳးေလ်ာ့ေနတဲ့ Wi-fi ႀကိဳးေတြကို ေရွာင္ေနရတာကလည္း အလုပ္တစ္လုပ္လိုျဖစ္ေနၿပီ” ဟု ရန္ကုန္ ၿမိဳ႕ ေဒသခံတစ္ဦးကဆိုသည္။
လက္ရွိတြင္ တရားဝင္စာခ်ဳပ္ခ်ဳပ္ကာ လုပ္ကိုင္ေနေသာ Wi-fi ကုမၸဏီမ်ားမွာ (၆) ခုခန႔္ သာရွိၿပီး က်န္ကုမၸဏီအမ်ားစုမွာ ယင္းစာခ်ဳပ္ခ်ဳပ္ ဆိုထားေသာ ကုမၸဏီမ်ားႏွင့္ ခ်ိတ္ဆက္ကာ လုပ္ကိုင္ေနၾက ေၾကာင္းႏွင့္ တရားဝင္စာခ်ဳပ္ ခ်ဳပ္ဆိုထားျခင္း မရွိေသာ Wi-fi ပုံးမ်ားကို ျဖဳတ္သိမ္းျခင္းမ်ား လုပ္ေဆာင္ ေနေသာ္လည္း ထပ္မံစိစစ္ရန္ လိုအပ္ခ်က္မ်ားရွိေနေၾကာင္း ၿမိဳ႕နယ္လွ်ပ္စစ္တာဝန္ရွိသူထံမွ သိရ သည္။