ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ ရှားပါးမျိုးစိတ်စာရင်းဝင်ပန်ဒါနီ (၄)ကောင်ထပ်မံရောက်ရှိ

495

သက်ပိုင်( NP News) - စက်တင်ဘာ ၁
ရန်ကုန်မြို့၊ တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရှားပါးမျိုးစိတ်စာရင်းဝင် ပန်ဒါနီ (၄) ကောင်ထပ်မံရောက်ရှိ နေကြောင်း တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ ထုတ်ပြန်ချက်အရ သိရသည်။
ကချင်ပြည်နယ် ၊ ကံပိုင်တည်မြို့ မှ တဆင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့သော ပန်ဒါနီ(၄)ကောင်ကို အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) ခရီးစဉ်အမှတ် (8M-627)၏ ကူညီပံ့ပိုးမှူဖြင့် မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ တိရစ္ဆာန်ဆေးကုဆရာဝန် နှင့် ကြီးကြပ်သူများအဆင့်ဆင့်ပါဝင်၍ ဂရုတစိုက်သယ်ဆောင်လာခဲ့ခြင်းဖြစ်ကာ ဩဂုတ်လ (၃၀) ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
ယခုထပ်မံရောက်ရှိလာသည့် ပန်ဒါနီလေးများတွင် အထီး (၁)ကောင် ၊ အမ (၃) ကောင်ဖြစ်ပြီး အသက် (၂) နှစ် ဝန်းကျင်ခန့် အသီးအသီးရှိကြကြောင်း နှင့် အများပြည်သူတို့၏ အသည်းကျော် အချစ်တော်လေးများ ဖြစ်လာရန်အတွက် တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) သို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပန်ဒါနီများသည် သဘာဝတောအတွင်း၌ အကောင်ရေ (၁၀,၀၀၀) အောက်ကို ရောက်ရှိနေပြီး မကြာမှီမျိုးတုန်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်ထဲဝင် ပါဝင်နေကြကြောင်း နှင့် Conservation ဆိုသည့် ထိန်းသိမ်းရေးလုပ်ငန်း၌ တစ်ခုအပါအဝင်ဖြစ်သော Captive Breeding ( သားပေါက် မျိုးပွားခြင်း ) ကို အောင်မြင်စွာ လုပ်ဆောင်ရန်အတွက် ပန်ဒါနီ (၄) ကောင် တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)သို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရှားပါးပြီး အလွန်ချစ်စဖွယ်ကောင်းသော ပန်ဒါနီ ( Red Panda ) လေးများကို တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)သို့ ရောက်ရှိရေးအတွက် ကူညီပံ့ပိုးပေးခဲ့သူ များကို အထူး ကျေးဇူးတင်ကြောင်းနှင့် ထပ်မံရောက်ရှိလာသော ပန်ဒါနီလေးများကို တိရစ္ဆာန်ဥယျာဥ် (ရန်ကုန် ) တွင် ကောင်းမွန်ကျန်းမာစွာဖြင့် ပြသထားသည့်အတွက် တိရိစ္ဆာန်ချစ်သူများအနေဖြင့် လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

Zawgyi Version:
ရန္ကုန္တိရိစာၦန္ဥယ်ာဥ္သို႔ ရွားပါးမ်ိဳးစိတ္စာရင္းဝင္ပန္ဒါနီ (၄)ေကာင္ထပ္မံေရာက္ရွိ
သက္ပိုင္( NP News) - စက္တင္ဘာ ၁
ရန္ကုန္ၿမိဳ႕၊ တိရိစာၦန္ဥယ်ာဥ္(ရန္ကုန္)သို႔ ရွားပါးမ်ိဳးစိတ္စာရင္းဝင္ ပန္ဒါနီ (၄) ေကာင္ထပ္မံေရာက္ရွိ ေနေၾကာင္း တိရိစာၦန္ဥယ်ာဥ္(ရန္ကုန္)၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ကခ်င္ျပည္နယ္ ၊ ကံပိုင္တည္ၿမိဳ႕ မွ တဆင့္ ျမစ္ႀကီးနားၿမိဳ႕သို႔ ေရာက္ရွိခဲ့ေသာ ပန္ဒါနီ(၄)ေကာင္ကို အျပည္ျပည္ဆိုင္ရာျမန္မာ့ေလေၾကာင္း (MAI) ခရီးစဥ္အမွတ္ (8M-627)၏ ကူညီပံ့ပိုးမႉျဖင့္ ျမစ္ႀကီးနားၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ တိရစာၦန္ေဆးကုဆရာဝန္ ႏွင့္ ႀကီးၾကပ္သူမ်ားအဆင့္ဆင့္ပါဝင္၍ ဂ႐ုတစိုက္သယ္ေဆာင္လာခဲ့ျခင္းျဖစ္ကာ ဩဂုတ္လ (၃၀) ရက္က ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ယခုထပ္မံေရာက္ရွိလာသည့္ ပန္ဒါနီေလးမ်ားတြင္ အထီး (၁)ေကာင္ ၊ အမ (၃) ေကာင္ျဖစ္ၿပီး အသက္ (၂) ႏွစ္ ဝန္းက်င္ခန႔္ အသီးအသီးရွိၾကေၾကာင္း ႏွင့္ အမ်ားျပည္သူတို႔၏ အသည္းေက်ာ္ အခ်စ္ေတာ္ေလးမ်ား ျဖစ္လာရန္အတြက္ တိရစာၦန္ဥယ်ာဥ္ ( ရန္ကုန္ ) သို႔ ေရာက္ရွိလာၾကျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ပန္ဒါနီမ်ားသည္ သဘာဝေတာအတြင္း၌ အေကာင္ေရ (၁၀,၀၀၀) ေအာက္ကို ေရာက္ရွိေနၿပီး မၾကာမွီမ်ိဳးတုန္းရန္ အႏၲရာယ္ရွိသည့္ မ်ိဳးစိတ္ထဲဝင္ ပါဝင္ေနၾကေၾကာင္း ႏွင့္ Conservation ဆိုသည့္ ထိန္းသိမ္းေရးလုပ္ငန္း၌ တစ္ခုအပါအဝင္ျဖစ္ေသာ Captive Breeding ( သားေပါက္ မ်ိဳးပြားျခင္း ) ကို ေအာင္ျမင္စြာ လုပ္ေဆာင္ရန္အတြက္ ပန္ဒါနီ (၄) ေကာင္ တိရစာၦန္ဥယ်ာဥ္ (ရန္ကုန္)သို႔ ေရာက္ရွိလာၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
ယခုကဲ့သို႔ ရွားပါးၿပီး အလြန္ခ်စ္စဖြယ္ေကာင္းေသာ ပန္ဒါနီ ( Red Panda ) ေလးမ်ားကို တိရစာၦန္ဥယ်ာဥ္ (ရန္ကုန္)သို႔ ေရာက္ရွိေရးအတြက္ ကူညီပံ့ပိုးေပးခဲ့သူ မ်ားကို အထူး ေက်းဇူးတင္ေၾကာင္းႏွင့္ ထပ္မံေရာက္ရွိလာေသာ ပန္ဒါနီေလးမ်ားကို တိရစာၦန္ဥယ်ာဥ္ (ရန္ကုန္ ) တြင္ ေကာင္းမြန္က်န္းမာစြာျဖင့္ ျပသထားသည့္အတြက္ တိရိစာၦန္ခ်စ္သူမ်ားအေနျဖင့္ လာေရာက္ၾကည့္ရႈ ေလ့လာႏိုင္ေၾကာင္း ဖိတ္ေခၚထားသည္။