ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တီယန်ကျင်းဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာပြီးနောက် လာအိုသမ္မတနှင့်တွေ့ဆုံ

499

သက်ပိုင်(NP News) - စက်တင်ဘာ ၁
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့(စက်တင်ဘာ ၁ ရက်)ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် တီယန်ကျင်းဆိပ် ကမ်းသို့သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့်မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တီယန်ကျင်းမြို့ရှိ Tengle Hotel မှနေ၍ မော်တော်ယာဉ်များဖြင့် ထက်ခွာကြပြီး လမ်းတစ်လျှောက် မြို့ပြဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှု လေ့လာကြကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် တီယန်ကျင်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြပြီး၊ ဆိပ်ကမ်းမှတာဝန်ရှိသူတစ်ဦးက ဆိပ်ကမ်းဆိုင်ရာ အချက်အလက်များ၊ တီယန်ကျင်းဆိပ်ကမ်းမှနေ၍ ပြည်တွင်းနှင့် နိုင်ငံတကာသို့ ကုန်ပစ္စည်းများ ပို့ဆောင်လျက်ရှိမှုနှင့် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုများ ဆောင်ရွက် လျက်ရှိမှု၊ ဆိပ်ကမ်းတည်ဆောက်ခဲ့မှုအခြေအနေများနှင့် AI စနစ်အသုံးပြု၍ ကွန်တိန်နာများအား သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ ကာဗွန်ကင်းစင်သည့် ဆိပ်ကမ်းအဖြစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လေအားလျှပ်စစ်ဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ထို့နောက် ဆိပ်ကမ်းမှ AI စနစ်သုံး ကွန်တိန်နာတင်ဆောင်သည့် ယာဉ်များဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai SCO SUMMIT 2025) အထိမ်းအမှတ်အဖြစ် Sco Cooperation Organisation စာလုံးအား သရုပ်ဖော်ပြသခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့နောက် သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Thongloun Sisoulith နှင့် ယနေ့(စက်တင်ဘာ ၁ ရက်) ဒေသစံတော်ချိန် နေ့လယ် (၁၂) နာရီတွင် တီယန်ကျင်းမြို့ရှိ Renaissance Tianjin Lake ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လာအိုနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း အရသိရသည်။

Zawgyi Version:
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တီယန္က်င္းဆိပ္ကမ္းသို႔ သြားေရာက္ၾကည့္ရႈေလ့လာၿပီးေနာက္ လာအိုသမၼတႏွင့္ေတြ႕ဆုံ
သက္ပိုင္(NP News) - စက္တင္ဘာ ၁
ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔(စက္တင္ဘာ ၁ ရက္)ေဒသစံေတာ္ခ်ိန္ နံနက္ (၁၀) နာရီတြင္ တီယန္က်င္းဆိပ္ ကမ္းသို႔သြားေရာက္ၾကည့္ရႈေလ့လာခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ဦးစြာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဦးေဆာင္သည့္ျမန္မာအဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕သည္ တီယန္က်င္းၿမိဳ႕ရွိ Tengle Hotel မွေန၍ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ထက္ခြာၾကၿပီး လမ္းတစ္ေလွ်ာက္ ၿမိဳ႕ျပဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို ၾကည့္ရႈ ေလ့လာၾကေၾကာင္းသိရသည္။
ထို႔ေနာက္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ႏွင့္အဖြဲ႕ဝင္မ်ားသည္ တီယန္က်င္းဆိပ္ကမ္းသို႔ ေရာက္ရွိခဲ့ၾကၿပီး၊ ဆိပ္ကမ္းမွတာဝန္ရွိသူတစ္ဦးက ဆိပ္ကမ္းဆိုင္ရာ အခ်က္အလက္မ်ား၊ တီယန္က်င္းဆိပ္ကမ္းမွေန၍ ျပည္တြင္းႏွင့္ ႏိုင္ငံတကာသို႔ ကုန္ပစၥည္းမ်ား ပို႔ေဆာင္လ်က္ရွိမႈႏွင့္ ႏိုင္ငံျဖတ္ေက်ာ္ကုန္သြယ္မႈမ်ား ေဆာင္႐ြက္ လ်က္ရွိမႈ၊ ဆိပ္ကမ္းတည္ေဆာက္ခဲ့မႈအေျခအေနမ်ားႏွင့္ AI စနစ္အသုံးျပဳ၍ ကြန္တိန္နာမ်ားအား သယ္ယူပို႔ေဆာင္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိမႈ၊ ကာဗြန္ကင္းစင္သည့္ ဆိပ္ကမ္းအျဖစ္ လုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိမႈ၊ ေလအားလွ်ပ္စစ္ျဖင့္ လုပ္ငန္းမ်ားလည္ပတ္ေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပခဲ့ေၾကာင္းသိရသည္။
ထို႔ေနာက္ ဆိပ္ကမ္းမွ AI စနစ္သုံး ကြန္တိန္နာတင္ေဆာင္သည့္ ယာဥ္မ်ားျဖင့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ ထိပ္သီးအစည္းအေဝး (Shanghai SCO SUMMIT 2025) အထိမ္းအမွတ္အျဖစ္ Sco Cooperation Organisation စာလုံးအား သ႐ုပ္ေဖာ္ျပသခဲ့ၾကေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔ေနာက္ သမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ လာအိုျပည္သူ႔ဒီမိုကရက္တစ္သမၼတႏိုင္ငံ သမၼတ H.E. Mr. Thongloun Sisoulith ႏွင့္ ယေန႔(စက္တင္ဘာ ၁ ရက္) ေဒသစံေတာ္ခ်ိန္ ေန႔လယ္ (၁၂) နာရီတြင္ တီယန္က်င္းၿမိဳ႕ရွိ Renaissance Tianjin Lake ဟိုတယ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ထိုသို႔ေဆြးေႏြးရာတြင္ ႏွစ္ႏိုင္ငံအၾကား နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရး ဆိုင္ရာကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံအစိုးရအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္ မႈမ်ား ပိုမိုျမႇင့္တင္ ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ ခရီးသြားက႑၊ ကုန္သြယ္မႈက႑မ်ား ယခုထက္ပိုမိုတိုးျမႇင့္ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္ေရး ဆိုင္ရာကိစၥရပ္မ်ားကိုေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ထို႔အျပင္ ျမန္မာႏိုင္ငံ၌ က်င္းပျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ လာအိုႏိုင္ငံမွ ေထာက္ခံအားေပးလ်က္ရွိမႈႏွင့္ ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕မ်ား ေစလႊတ္ေပးသြားမည့္အေျခအေနမ်ားႏွင့္ အျခားက႑ေပါင္းစုံ၌ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္ျမႇင့္တင္ေဆာင္႐ြက္ေရးဆိုင္ရာ ကိစၥရပ္မ်ားအား အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကေၾကာင္း အရသိရသည္။