အကြမ်းဖက်များထောင်ထားသည့်မိုင်းကြောင့် အသက် (၂)နှစ်အရွယ်ကလေးငယ် သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ

 380

ချယ်ရီ (NP News) - စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတွင် အကြမ်းဖက်များထောင်ထား သည့်မိုင်းကြောင့် (၂)နှစ်အရွယ်ကလေးငယ် သေဆုံးပြီး ကလေးမိဘ(၂)ဦး မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁ ရက်)၊ မွန်းလွဲပိုင်း (၁၂) နာရီဝန်းကျင်အချိန်ခန့်က ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မရမ်းချောင်းကျေးရွာအဝင် မော်လမြိုင်-ရေး-ထားဝယ်ပြည်ထောင်စုလမ်းမကြီးဘေး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မရမ်းချောင်းကျေးရွာတွင်နေထိုင်သည့် ဦးကိုဦး၊ ဇနီးဖြစ်သူ မဇာခြည်မိုးနှင့် သားဖြစ်သူ အသက်(၂)နှစ်အရွယ် မောင်မြင့်အောင်တို့ မိသားစု(၃)ဦးသည် ကလိန်အောင်မြို့မှ ဈေးဝယ်၍ ပြန်လာစဉ် မရမ်းချောင်းကျေးရွာ၏ တောင်ဘက်မီတာ (၈၀၀) ခန့်အကွာရှိ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးသို့အရောက်တွင် အကြမ်းဖက်သမားများက အဆိုပါလမ်းမကြီးအား သစ်ပင်သစ်ကိုင်းများဖြင့် ပိတ်ဆို့ထားသည့်အတွက် ၎င်းတို့က လမ်းမကြီးဘေးဘက်မှ ရှောင်ကွင်းမောင်းနှင်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများထောင်ထားသည့် နင်းမိုင်း(၁)လုံးကို ဆိုင်ကယ်ဖြင့် နင်းမိပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် အသက်(၂)နှစ်အရွယ်သားဖြစ်သူမှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ပြီး မိဘများက မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ရာ ၎င်းတို့ကို လူမှုကူညီရေးအသင်းများမှ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အၾကမ္းဖက္မ်ားေထာင္ထားသည့္မိုင္းေၾကာင့္ အသက္ (၂)ႏွစ္အ႐ြယ္ကေလးငယ္ ေသဆုံးၿပီး (၂)ဦး ထိခိုက္ဒဏ္ရာရ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂
တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္ရွိ ေမာ္လၿမိဳင္-ေရး-ထားဝယ္ ျပည္ေထာင္စုလမ္းမႀကီးတြင္ အၾကမ္းဖက္မ်ားေထာင္ထား သည့္မိုင္းေၾကာင့္ (၂)ႏွစ္အ႐ြယ္ကေလးငယ္ ေသဆုံးၿပီး ကေလးမိဘ(၂)ဦး မိုင္းစထိမွန္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁ ရက္)၊ မြန္းလြဲပိုင္း (၁၂) နာရီဝန္းက်င္အခ်ိန္ခန႔္က ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္ၿမိဳ႕၊ မရမ္းေခ်ာင္းေက်း႐ြာအဝင္ ေမာ္လၿမိဳင္-ေရး-ထားဝယ္ျပည္ေထာင္စုလမ္းမႀကီးေဘး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မရမ္းေခ်ာင္းေက်း႐ြာတြင္ေနထိုင္သည့္ ဦးကိုဦး၊ ဇနီးျဖစ္သူ မဇာျခည္မိုးႏွင့္ သားျဖစ္သူ အသက္(၂)ႏွစ္အ႐ြယ္ ေမာင္ျမင့္ေအာင္တို႔ မိသားစု(၃)ဦးသည္ ကလိန္ေအာင္ၿမိဳ႕မွ ေဈးဝယ္၍ ျပန္လာစဥ္ မရမ္းေခ်ာင္းေက်း႐ြာ၏ ေတာင္ဘက္မီတာ (၈၀၀) ခန႔္အကြာရွိ ေမာ္လၿမိဳင္-ေရး-ထားဝယ္ ျပည္ေထာင္စုလမ္းမႀကီးသို႔အေရာက္တြင္ အၾကမ္းဖက္သမားမ်ားက အဆိုပါလမ္းမႀကီးအား သစ္ပင္သစ္ကိုင္းမ်ားျဖင့္ ပိတ္ဆို႔ထားသည့္အတြက္ ၎တို႔က လမ္းမႀကီးေဘးဘက္မွ ေရွာင္ကြင္းေမာင္းႏွင္ခဲ့ရာ အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားေထာင္ထားသည့္ နင္းမိုင္း(၁)လုံးကို ဆိုင္ကယ္ျဖင့္ နင္းမိေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ထိုသို႔ မိုင္းေပါက္ကြဲမႈေၾကာင့္ အသက္(၂)ႏွစ္အ႐ြယ္သားျဖစ္သူမွာ မိုင္းစထိမွန္ဒဏ္ရာမ်ားျဖင့္ ေနရာ၌ပင္ ေသဆုံးခဲ့ၿပီး မိဘမ်ားက မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ရာ ၎တို႔ကို လူမႈကူညီေရးအသင္းမ်ားမွ ထားဝယ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈ ခံယူေစလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.