နိုင်ငံတကာဆန်ဈေးကျကာ မြန်မာ့ဆန်အဝယ်နည်းနေသော ကြောင့် စပါးဈေး ဆက်တိုက်ထိုးကျနေ

157

သန့်ဇင် (NP News ) - စက်တင်ဘာလ ၃
နိုင်ငံတကာဆန်ဈေးကျကာ မြန်မာ့ဆန် အဝယ်နည်းနေသောကြောင့် စပါးဈေး ဆက်တိုက်ထိုး ကျနေခြင်းဖြစ်ကြောင်း ဆန်၊ စပါးကုန်သည်တစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်က တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့တွင် စပါးဈေးမှာ (၁၈)သိန်း နီးပါးရှိခဲ့သော်လည်း လက်ရှိတွင်မူ နွေစပါးများ စပါး တင်း (၁၀ဝ)လျှင် (၁၀)သိန်းကျော်ဖြင့်သာရောင်းချ နေရသဖြင့် လယ်သမားအများစုမှာ အရှုံးပေါ်နေ ကြောင်းသိရသည်။
စပါးဈေးဆက်တိုက်ကျဆင်းလာရခြင်း သည် နိုင်ငံတကာဆန်ဈေးကျဆင်းခြင်းနှင့် မြန်မာ နိုင်ငံမှဆန်ဝယ်သော ဖိလစ်ပိုင်နှင့် ပါကစ္စတန်နိုင်ငံ တို့က ယခုနှစ်တွင်အဝယ်နည်းလာခြင်းကြောင့်ဖြစ် ကြောင်း ဆန်၊ စပါးကုန်သည်တစ်ဦးကဆိုသည်။
" အခုက နိုင်ငံတကာဆန်ဈေးကွက် ကလည်းကျနေတဲ့အခါကျတော့ ကျွန်တော်တို့ မြန်မာ ပြည်ကဆန်ဝယ်တဲ့ ဖိလစ်ပိုင်တို့ ၊ ပါကစ္စတန်တို့ ဆန် အဝယ်နည်းတာပေါ့။ ဆန်အဝယ်နည်းတော့ အဓိက တော့ အဲဒီလိုမျိုးဖြစ်တာပါ။ နိုင်ငံတကာဆန်ဈေးက လည်းကျဆင်းတယ်။ နိုင်ငံတကာက အဝယ်နည်း တယ်ပေါ့။ နည်းတော့ ဒီကဆန်ကလည်း ဈေးကောင်း မရဖြစ်နေတာပေါ့။ ဈေးကောင်းမရတော့ စပါးဈေး လည်းမကောင်းတာပေါ့" ဟု ၎င်းကပြောသည်။
လက်ရှိတွင် မိုးစပါးများရိတ်သိမ်းရာသီနီးကပ်လာပြီဖြစ်သော်လည်း စပါးဈေးဆက်တိုက်ကျဆင်း နေခြင်းနှင့် စပါးခင်းများအတွင်း ရွှေခရုများ၏ဖျက် ဆီးခံရခြင်းကြောင့် လယ်ဧကနည်းသူများ ပိုမို အရှုံး ပေါ်လာနိုင်ကြောင်း ဧရာဝတီတိုင်းမှလယ်သမား တစ်ဦးကပြောသည်။ " မိုးစပါးတောင်မှ ရတဲ့နေရာရ တယ်၊ မရတဲ့နေရာမရဘူး။ ကျွန်တော်တို့နေရာတွေကျ တော့ ခရုတွေကတအားပေါတော့ မိုးစပါးဖိုးတောင်မှ တော်တော်မလွယ်ဘူး။ လယ်ဧကများတဲ့လူနဲ့ လယ် ဧကနည်းတဲ့သူနဲ့ကျတော့ နည်းတဲ့သူကပိုပြီးတော့ အရှုံးများတယ်။ ကိုယ့်အတွက် ပြန်ရတာနည်းတာပေါ့။ လယ်ဧကများတဲ့သူက လယ်တစ်ဧကကို တစ်သိန်း လောက်ကျန်တယ်ဆိုရင် ဧကတစ်ရာဆိုရင် သူ့အ တွက် ပြန်ရတာက နည်းနည်းများသေးတယ်" ဟု အထက်ပါလယ်သမားကပြောသည်။ ထို့ပြင် တစ်ဧကလျှင် သွင်အားစု (၁၀)သိန်းဝန်းကျင်ကုန်ကျ ကာ စပါးအထွက်နှုန်း တင်း (၁၀ဝ)မကျော်ပါက လုပ်အားပင်ပန်းခြင်းသာ အဖတ်တင်ကျန်ခဲ့ကြောင်း ၎င်းကဆိုသည်။
" တစ်ဧကကို သွင်းအားစုဆိုရင်(၁၀)သိန်းဝန်းကျင်လောက်ကုန်တယ်လေ။ အလုပ်သမား (၄)၊ (၅)ယောက်၊ အလုပ်သမားခတွေရော။ ပုလဲ၊ ပိုးသတ်ဆေးနဲ့ လုပ်အားခပဲအဖတ်တင်တယ်။ အဲဒီ မှာ (၁၀ဝ)ထွက်တဲ့လယ်တော့ရှိတယ်။ တချို့က လည်း (၈၀)ထွက်တဲ့လယ်လည်းရှိတယ်။ ရိတ်သိမ်း ခြွေလှေ့ခဆိုရင် ကျွန်တော်တို့ ဒီနှစ်ဆိုရင်တစ်ဧကကို (၁၅၀ဝဝဝ)ကျပ်၊ (၁၆၀ဝဝဝ)ကျပ်အထိပေးရတယ်။ ဒီဘက်မှာတော့ထွန်စက်အကြီးတွေမထွန်ဘူး။ ထွန် စက်အသေးတွေပဲထွန်တာ။ ဆီဈေးပေါ်လိုက်ပြီး လည်းတွက်ရသေးတယ်။ အလုပ်သမားစရိတ်တွေက လည်း နေ့စားတစ်ယောက်ကို (၂၀ဝဝဝ)ကျော်နေပြီ။ နောက်ပြီး သူ့ပျိုးနဲ့သူစိုက်ရတာမှာ တစ်ဧကကို ပျိုးဖိုးက (၂)သိန်းဝန်းကျင်ရှိတယ်" ဟု ၎င်းကပြော သည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေ ဖြင့် သွင်းအားစုဈေးနှုန်းများကို ဈေးနှုန်းသက်သာစွာ ဖြင့် လယ်သမားများရရှိနိုင်ရန် ဆောင်ရွက်ပေးထား ကြောင်းလည်း ဆန်၊ စပါးကုန်သည်တစ်ဦးကဆို သည်။ " သွင်းအားစုတွေမကိုက်တာကတော့ ဓာတ်မြေဩဇာတွေကို ဆန် စပါးအသင်းချုပ်ဘက်က ဈေးသက်သက်သာနဲ့ရအောင် ဆောင်ရွက်ပေးနေတာ မျိုးတွေတော့ရှိတယ်ပေါ့ နော်" ဟု ၎င်းကပြောသည်။
သို့သော် အချို့သောဒေသများတွင် အစိုး ရက သက်ဆိုင်ရာစိုက်ပျိုးရေးရုံးများမှတစ်ဆင့် ကျေးရွာများထံ ဓာတ်မြေဩဇာများကို ဈေးနှုန်းသက် သာစွာရောင်းချရန်òန်ကြားထားသော်လည်း လက် တွေ့တွင်မူ ပြင်ပပေါက်ဈေးနီးပါးဝယ်ယူရခြင်းနှင့် ခွဲတမ်းမလုံလောက်ခြင်းများလည်းဖြစ်ပေါ်နေကြောင်း ထွက်ပေါ်နေသည့်သတင်းများအရသိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်လယ်သ မားများသည် လက်ရှိကာလအနေအထားအရ စပါး ခင်းများသို့ သွင်းအားစုသွားရောက်ဖြည့်တင်းရန်အခက်အခဲများကြောင့် ထွက်နှုန်းလျော့ကျခြင်းများနှင့်ပါကြုံတွေ့နေရကြောင်းသိရသည်။

Zawgyi Version:
ႏိုင္ငံတကာဆန္ေဈးက်ကာ ျမန္မာ့ဆန္အဝယ္နည္းေနေသာ ေၾကာင့္ စပါးေဈး ဆက္တိုက္ထိုးက်ေန
သန႔္ဇင္ (NP News ) - စက္တင္ဘာလ ၃
ႏိုင္ငံတကာဆန္ေဈးက်ကာ ျမန္မာ့ဆန္ အဝယ္နည္းေနေသာေၾကာင့္ စပါးေဈး ဆက္တိုက္ထိုး က်ေနျခင္းျဖစ္ေၾကာင္း ဆန္၊ စပါးကုန္သည္တစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္က တိုင္းေဒသ ႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ စပါးေဈးမွာ (၁၈)သိန္း နီးပါးရွိခဲ့ေသာ္လည္း လက္ရွိတြင္မူ ေႏြစပါးမ်ား စပါး တင္း (၁၀ဝ)လွ်င္ (၁၀)သိန္းေက်ာ္ျဖင့္သာေရာင္းခ် ေနရသျဖင့္ လယ္သမားအမ်ားစုမွာ အရႈံးေပၚေန ေၾကာင္းသိရသည္။
စပါးေဈးဆက္တိုက္က်ဆင္းလာရျခင္း သည္ ႏိုင္ငံတကာဆန္ေဈးက်ဆင္းျခင္းႏွင့္ ျမန္မာ ႏိုင္ငံမွဆန္ဝယ္ေသာ ဖိလစ္ပိုင္ႏွင့္ ပါကစၥတန္ႏိုင္ငံ တို႔က ယခုႏွစ္တြင္အဝယ္နည္းလာျခင္းေၾကာင့္ျဖစ္ ေၾကာင္း ဆန္၊ စပါးကုန္သည္တစ္ဦးကဆိုသည္။
" အခုက ႏိုင္ငံတကာဆန္ေဈးကြက္ ကလည္းက်ေနတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ ျမန္မာ ျပည္ကဆန္ဝယ္တဲ့ ဖိလစ္ပိုင္တို႔ ၊ ပါကစၥတန္တို႔ ဆန္ အဝယ္နည္းတာေပါ့။ ဆန္အဝယ္နည္းေတာ့ အဓိက ေတာ့ အဲဒီလိုမ်ိဳးျဖစ္တာပါ။ ႏိုင္ငံတကာဆန္ေဈးက လည္းက်ဆင္းတယ္။ ႏိုင္ငံတကာက အဝယ္နည္း တယ္ေပါ့။ နည္းေတာ့ ဒီကဆန္ကလည္း ေဈးေကာင္း မရျဖစ္ေနတာေပါ့။ ေဈးေကာင္းမရေတာ့ စပါးေဈး လည္းမေကာင္းတာေပါ့" ဟု ၎ကေျပာသည္။
လက္ရွိတြင္ မိုးစပါးမ်ားရိတ္သိမ္းရာသီနီးကပ္လာၿပီျဖစ္ေသာ္လည္း စပါးေဈးဆက္တိုက္က်ဆင္း ေနျခင္းႏွင့္ စပါးခင္းမ်ားအတြင္း ေ႐ႊခ႐ုမ်ား၏ဖ်က္ ဆီးခံရျခင္းေၾကာင့္ လယ္ဧကနည္းသူမ်ား ပိုမို အရႈံး ေပၚလာႏိုင္ေၾကာင္း ဧရာဝတီတိုင္းမွလယ္သမား တစ္ဦးကေျပာသည္။ " မိုးစပါးေတာင္မွ ရတဲ့ေနရာရ တယ္၊ မရတဲ့ေနရာမရဘူး။ ကြၽန္ေတာ္တို႔ေနရာေတြက် ေတာ့ ခ႐ုေတြကတအားေပါေတာ့ မိုးစပါးဖိုးေတာင္မွ ေတာ္ေတာ္မလြယ္ဘူး။ လယ္ဧကမ်ားတဲ့လူနဲ႔ လယ္ ဧကနည္းတဲ့သူနဲ႔က်ေတာ့ နည္းတဲ့သူကပိုၿပီးေတာ့ အရႈံးမ်ားတယ္။ ကိုယ့္အတြက္ ျပန္ရတာနည္းတာေပါ့။ လယ္ဧကမ်ားတဲ့သူက လယ္တစ္ဧကကို တစ္သိန္း ေလာက္က်န္တယ္ဆိုရင္ ဧကတစ္ရာဆိုရင္ သူ႔အ တြက္ ျပန္ရတာက နည္းနည္းမ်ားေသးတယ္" ဟု အထက္ပါလယ္သမားကေျပာသည္။ ထို႔ျပင္ တစ္ဧကလွ်င္ သြင္အားစု (၁၀)သိန္းဝန္းက်င္ကုန္က် ကာ စပါးအထြက္ႏႈန္း တင္း (၁၀ဝ)မေက်ာ္ပါက လုပ္အားပင္ပန္းျခင္းသာ အဖတ္တင္က်န္ခဲ့ေၾကာင္း ၎ကဆိုသည္။
" တစ္ဧကကို သြင္းအားစုဆိုရင္(၁၀)သိန္းဝန္းက်င္ေလာက္ကုန္တယ္ေလ။ အလုပ္သမား (၄)၊ (၅)ေယာက္၊ အလုပ္သမားခေတြေရာ။ ပုလဲ၊ ပိုးသတ္ေဆးနဲ႔ လုပ္အားခပဲအဖတ္တင္တယ္။ အဲဒီ မွာ (၁၀ဝ)ထြက္တဲ့လယ္ေတာ့ရွိတယ္။ တခ်ိဳ႕က လည္း (၈၀)ထြက္တဲ့လယ္လည္းရွိတယ္။ ရိတ္သိမ္း ေႁခြေလွ႔ခဆိုရင္ ကြၽန္ေတာ္တို႔ ဒီႏွစ္ဆိုရင္တစ္ဧကကို (၁၅၀ဝဝဝ)က်ပ္၊ (၁၆၀ဝဝဝ)က်ပ္အထိေပးရတယ္။ ဒီဘက္မွာေတာ့ထြန္စက္အႀကီးေတြမထြန္ဘူး။ ထြန္ စက္အေသးေတြပဲထြန္တာ။ ဆီေဈးေပၚလိုက္ၿပီး လည္းတြက္ရေသးတယ္။ အလုပ္သမားစရိတ္ေတြက လည္း ေန႔စားတစ္ေယာက္ကို (၂၀ဝဝဝ)ေက်ာ္ေနၿပီ။ ေနာက္ၿပီး သူ႔ပ်ိဳးနဲ႔သူစိုက္ရတာမွာ တစ္ဧကကို ပ်ိဳးဖိုးက (၂)သိန္းဝန္းက်င္ရွိတယ္" ဟု ၎ကေျပာ သည္။ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေန ျဖင့္ သြင္းအားစုေဈးႏႈန္းမ်ားကို ေဈးႏႈန္းသက္သာစြာ ျဖင့္ လယ္သမားမ်ားရရွိႏိုင္ရန္ ေဆာင္႐ြက္ေပးထား ေၾကာင္းလည္း ဆန္၊ စပါးကုန္သည္တစ္ဦးကဆို သည္။ " သြင္းအားစုေတြမကိုက္တာကေတာ့ ဓာတ္ေျမဩဇာေတြကို ဆန္ စပါးအသင္းခ်ဳပ္ဘက္က ေဈးသက္သက္သာနဲ႔ရေအာင္ ေဆာင္႐ြက္ေပးေနတာ မ်ိဳးေတြေတာ့ရွိတယ္ေပါ့ ေနာ္" ဟု ၎ကေျပာသည္။
သို႔ေသာ္ အခ်ိဳ႕ေသာေဒသမ်ားတြင္ အစိုး ရက သက္ဆိုင္ရာစိုက္ပ်ိဳးေရး႐ုံးမ်ားမွတစ္ဆင့္ ေက်း႐ြာမ်ားထံ ဓာတ္ေျမဩဇာမ်ားကို ေဈးႏႈန္းသက္ သာစြာေရာင္းခ်ရန္òန္ၾကားထားေသာ္လည္း လက္ ေတြ႕တြင္မူ ျပင္ပေပါက္ေဈးနီးပါးဝယ္ယူရျခင္းႏွင့္ ခြဲတမ္းမလုံေလာက္ျခင္းမ်ားလည္းျဖစ္ေပၚေနေၾကာင္း ထြက္ေပၚေနသည့္သတင္းမ်ားအရသိရသည္။ ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ စပါးစိုက္လယ္သ မားမ်ားသည္ လက္ရွိကာလအေနအထားအရ စပါး ခင္းမ်ားသို႔ သြင္းအားစုသြားေရာက္ျဖည့္တင္းရန္အခက္အခဲမ်ားေၾကာင့္ ထြက္ႏႈန္းေလ်ာ့က်ျခင္းမ်ားႏွင့္ပါႀကဳံေတြ႕ေနရေၾကာင္းသိရသည္။