လိုင်စင်ဆိုင်ရာ အခကြေးငွေမပေးသည့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ (၂)ခုကိုအရေးယူမည်

1011

Pearl (NP News) - စက်တင်ဘာ ၄
လိုင်စင်ဆိုင်ရာ အခကြေးငွေမပေးသည့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ (၂)ခုကိုအရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ ၂၀ရက်တွင် လုပ်ငန်းလိုင်စင်ရရှိထားသော Sane Shwe Htin Co., Ltd [ NFS(C) လုပ်ငန်းလိုင်စင်ရ] နှင့် Thunder Arrow Co., Ltd [ NFS(C) ] တို့သည် လိုင်စင်ဆိုင်ရာ အခကြေးငွေများ ပေးသွင်းခြင်းနှင့် လုပ်ငန်းအစီရင်ခံစာများ ပေးပို့ခြင်းတို့အား ဆောင်ရွက်ရန်ပျက်ကွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ကုမ္ပဏီများသည်ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူ၏ တာဝန်များအား လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ် ကြောင်းလည်း အသိပေးထားသည်။
လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၃၉ (က) (၂) အရ ထိုက်သင့်သော အခွင့်အရေးပေးသည့်အနေဖြင့် လာမည့် စက်တင်ဘာလ (၁၂) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဖြေရှင်းချက်နှင့်အတူ သက်ဆိုင်ရာအခကြေးငွေများ လာရောက်ပေးသွင်းနိုင်ကြောင်းလည်းသိရသည်။
သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း အသိပေး ထားသည်။

Zawgyi Version:
လိုင္စင္ဆိုင္ရာ အခေၾကးေငြမေပးသည့္ ဆက္သြယ္ေရးဝန္ေဆာင္မႈကုမၸဏီ (၂)ခုကိုအေရးယူမည္
Pearl (NP News) - စက္တင္ဘာ ၄
လိုင္စင္ဆိုင္ရာ အခေၾကးေငြမေပးသည့္ ဆက္သြယ္ေရးဝန္ေဆာင္မႈကုမၸဏီ (၂)ခုကိုအေရးယူမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၃ခုႏွစ္၊ေဖေဖာ္ဝါရီလ ၂၀ရက္တြင္ လုပ္ငန္းလိုင္စင္ရရွိထားေသာ Sane Shwe Htin Co., Ltd [ NFS(C) လုပ္ငန္းလိုင္စင္ရ] ႏွင့္ Thunder Arrow Co., Ltd [ NFS(C) ] တို႔သည္ လိုင္စင္ဆိုင္ရာ အခေၾကးေငြမ်ား ေပးသြင္းျခင္းႏွင့္ လုပ္ငန္းအစီရင္ခံစာမ်ား ေပးပို႔ျခင္းတို႔အား ေဆာင္႐ြက္ရန္ပ်က္ကြက္လ်က္ ရွိေၾကာင္း သိရသည္။
ထိုသို႔ ကုမၸဏီမ်ားသည္ဆက္သြယ္ေရးဥပေဒပုဒ္မ ၁၅ အရ လိုင္စင္ရရွိသူ၏ တာဝန္မ်ားအား လိုက္နာရန္ပ်က္ကြက္ျခင္းေၾကာင့္ စီမံခန႔္ခြဲေရးနည္းလမ္းျဖင့္ အေရးယူသြားမည္ျဖစ္ ေၾကာင္းလည္း အသိေပးထားသည္။
လိုင္စင္ထုတ္ေပးျခင္းဆိုင္ရာ နည္းဥပေဒမ်ား အပိုဒ္ ၃၉ (က) (၂) အရ ထိုက္သင့္ေသာ အခြင့္အေရးေပးသည့္အေနျဖင့္ လာမည့္ စက္တင္ဘာလ (၁၂) ရက္ေန႔ ေနာက္ဆုံးထားၿပီး ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနသို႔ ေျဖရွင္းခ်က္ႏွင့္အတူ သက္ဆိုင္ရာအခေၾကးေငြမ်ား လာေရာက္ေပးသြင္းႏိုင္ေၾကာင္းလည္းသိရသည္။
သတ္မွတ္ရက္အတြင္း ေပးသြင္းျခင္းမရွိပါက ဆက္သြယ္ေရးဥပေဒ၊ နည္းဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ အေရးယူမႈမ်ားကို ဆက္လက္ျပဳလုပ္သြားမည္ျဖစ္ပါေၾကာင္း အသိေပး ထားသည္။