ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ယီမင်နိုင်ငံကို အုပ်ချုပ်နေသူအကြောင်း တစေ့တစောင်း

 380

ဂျန်ဇက် (NP News) - စက်တင်ဘာလ ၄

ယီမင်နိုင်ငံဟာ အာရှတိုက်အနောက်ပိုင်း နိုင်ငံတွေထဲမှာပါဝင်နေတဲ့နိုင်ငံဖြစ်ပြီး ဆော်ဒီအာ ရေဗျနိုင်ငံ၊ အိုမန်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ် နေသလို ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့၊ အာရေဗျ ပင်လယ်တို့နဲ့လည်း ထိစပ်လျက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အာရေဗီယံကျွန်းစုမှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ ယီမင်နိုင်ငံဟာ လူဦးရေ (၃၄)သန်းကျော်ရှိနေပြီး ပြည်တွင်းစစ်ဒဏ်ကိုရင်ဆိုင်နေရတဲ့နိုင်ငံလည်း ဖြစ် ပါတယ်။
ယီမင်နိုင်ငံမှာ အကျင့်ပျက်လာဘ်စားမှု မြင့်တက်မှု၊ အလုပ်ကိုင်အခွင့်လမ်းဆုံးရှုံးမှု စတဲ့ ပြဿနာတွေကြောင့်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြရာကနေ နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီး ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ယီမင်နိုင်ငံမှာ နိုင်ငံကိုအုပ်ချုပ်ဖို့ သမ္မတကောင်စီဖွဲ့ စည်းထားပြီး အဲဒီသမ္မတကောင်စီမှာ ရက်ဟတ် မူ ဟာမက် အယ်အလီမီ ဆိုသူက ဥက္ကဋ္ဌအဖြစ်တာဝန် ယူနေကာ နိုင်ငံကိုအုပ်ချုပ်နေတာဖြစ်ပါတယ်။ တစ် နည်းအားဖြင့် အယ်အလီမီဟာ ယီမင်နိုင်ငံရဲ့အမြင့်ဆုံး အာဏာရှိသူ သို့မဟုတ် သမ္မတတစ်ဦးအဖြစ် သတ် မှတ်လျက်ရှိနေပါတယ်။ ၎င်းဟာ ယီမင်နိုင်ငံရဲ့သမ္မတ အဖြစ် (၂၀၂၂)ခုနှစ်နောက်ပိုင်းတည်းက လက်ရှိအ ချိန်အထိတာဝန်ယူနေသူဖြစ်ပါတယ်။ ယီမင်သမ္မတ အလီမီကို (၁၉၅၄)ခုနှစ် ဇန်နဝါရီလတုန်းက ယီမင် နိုင်ငံ အယ်အလွန်ဒေသမှာမွေးဖွားခဲ့ပြီး တရားသူ ကြီးဖြစ်သူ မိုဟာမက်ဘင်အလီအယ်အလီမီရဲ့သား ဖြစ်ပါတယ်။ ၎င်းဟာ (၁၉၆၉) ခုနှစ်မှာ ဆာနာမြို့ရှိ Gamal Abdel Nasser အမည်ရှိ အထက်တန်း ကျောင်းကနေ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ အလီမီဟာ အထက်တန်းအောင်မြင်ခဲ့ပြီးနောက် ရဲကောလိပ်ကိုတက်ရောက်ခဲ့ပြီး (၁၉၇၅)ခုနှစ်မှာ ရဲကောလိပ်ကနေ စစ်ဘက်သိပ္ပံဘွဲ့ကိုရရှိခဲ့သလို (၁၉၇၇)ခုနှစ်မှာ ဆာနာတက္ကသိုလ်ကနေ အနုပညာ ဘာသာရပ်ဆိုင်ရာဘွဲ့အပြင် မာစတာတွေလည်းရရှိ ခဲ့ပါတယ်။ အသက် (၇၂)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အလီမီဟာ (၁၉၈၄) ခုနှစ်ကနေ (၁၉၈၈)ခုနှစ်အထိ အီဂျစ်နိုင်ငံတက္ကသိုလ်ကနေ လူမူရေးဘာသာရပ်နဲ့ ဘွဲ့ထပ်မံရရှိခဲ့တယ်လို့လည်း အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိ မီဒီယာတွေက ဖော်ပြထားပါတယ်။ အလီမီဟာ ယီမင်နိုင်ငံပြည်ထဲရေးဝန်ကြီးအဖြစ် (၂၀ဝ၁) ခုနှစ်ကနေ (၂၀ဝ၈) ခုနှစ်အထိ တာဝန်ယူခဲ့ ဖူးသလို (၂၀ဝ၈) ခုနှစ်မှာ ယီမင်နိုင်ငံ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ ပါတယ်။ အလီမီဟာ ယီမင်နိုင်ငံရဲ့ အမြင့်ဆုံးလုံခြုံရေး ကောင်စီကော်မတီရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသ လို (၂၀၁၄)ခုနှစ်မှာ ယီမင်နိုင်ငံသမ္မတ ဟာဒီရဲ့ အကြံပေးအဖြစ်တာဝန်ယူခဲ့ပါတယ်။
ယီမင်နိုင်ငံရဲ့အမျိုးသားတွေ့ဆုံဆွေးနွေး ရေး ကွန်ဖရင့် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့အလီ မီဟာ လုပ်ကြံခံရမှုတွေ ရင်ဆိုင်ခဲ့ရပေမယ့် အသက် ရှင်လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။ ယီမင်နိုင်ငံ သမ္မတ နန်းတော်ရှိ ဗလီမှာ (၂၀၁၁)ခုနှစ်က အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အလီမီဟာ ဒဏ်ရာရခဲ့ပြီး ကာလအတန်ကြာ အနားယူခဲ့ရပါတယ်။ ゞင်းဟာ ရရှိ တဲ့ဒဏ်ရာတွေကို ဆော်ဒီအာရေဗျနိုင်ငံနဲ့ဂျာမနီ နိုင် ငံတို့မှာ သွားရောက်ကုသခဲ့ရပြီး (၂၀၁၂)ခုနှစ် ဇွန် လမှ မိခင်နိုင်ငံဖြစ်တဲ့ယီမင်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ ယီမင်နိုင်ငံပြည်တွင်းစစ်ပွဲအတွင်း ဟူသီလက်နက် ကိုင်အဖွဲ့ဟာ နိုင်ငံရဲ့နေရာအများစုကို ထိန်းချုပ်နိုင် ခဲ့ပြီးနောက် အလီမီဟာ ပြည်ပထွက်ပြေးခဲ့ရပြီး ဆော် ဒီအာရေဗျနိုင်ငံမှာ (၂၀၁၅) ခုနှစ်အတွင်း နေထိုင်ခဲ့ရ သူလည်းဖြစ်ပါတယ်။
(၂၀၂၂) ခုနှစ် ဧပြီလ (၇) ရက်မှာ ယီမင် နိုင်ငံသမ္မတဖြစ်သူ ဟာဒီဟာ ゞင်းရဲ့သမ္မတလုပ်ပိုင်ခွင့် အာဏာကိုလွှဲအပ်ဖို့ သမ္မတကောင်စီကိုဖွဲ့စည်းခဲ့ပြီး အဲဒီသမ္မတကောင်စီရဲ့အကြီးအကဲအဖြစ် အလီမီက တာဝန်ယူနေသူလည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ယီမင်သမ္မတ ဟာဒီဟာ ၎င်းရဲ့သမ္မတအာဏာနဲ့လုပ် ပိုင်ခွင့်တွေကို အလီမီကို လွှဲပြောင်းပေးလိုက်တာဖြစ် တယ်လို့ ယီမင်နဲ့ဆော်ဒီအာရေဗျနိုင်ငံရှိ မီဒီယာတွေ ကဖော်ပြထားပါတယ်။ ဟာဒီဟာ သမ္မတအာဏာကို လွှဲပြောင်းပေးခဲ့ပြီးနောက် ယီမင်နိုင်ငံမှာမနေတော့ဘဲ ဆော်ဒီအာရေဗျနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပါ တယ်။ အလီမီဟာ ယီမင်နိုင်ငံရဲ့သမ္မတဖြစ်လာခဲ့ပြီး နောက် ဟူသီလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့မြို့ တွေ ပြန်လည်လွတ်မြောက်ဖို့နဲ့ (၉)နှစ်ကျော်ကြာဖြစ် ပွားနေတဲ့ ယီမင်ပြည်တွင်းစစ် အဆုံးသတ်အောင်လုပ် ဆောင်မယ်လို့ ကတိပြုထားသူဖြစ်ပါတယ်။ အလီမီ ဟာ ယီမင်နိုင်ငံရဲ့သမ္မတ ဖြစ်လာခဲ့ပြီးနောက် ပြည်သူ တွေအတွက် အခြေခံလိုအပ်ချက်တွေနဲ့မြို့တွေကို လျှပ်စစ်ဓာတ်အား ပိုမိုကောင်းမွန်အောင်လုပ်ဆောင် မယ်လို့ကတိပြုခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံရဲ့ ကူညီ ထောက်ပံ့မှုတွေနဲ့အတူ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေ တည်ဆောက်ခဲ့ပါတယ်။
ဒါ့အပြင် အလီမီဟာ လမ်းတွေနဲ့ ပညာ ရေး ပိုမိုကောင်းမွန်အောင်ကြိုးပမ်းခဲ့ပြီး ゞင်းရဲ့လက် ထက်မှာ တက္ကသိုလ်အချို့ တည်ဆောက်ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ အလီမီဟာ ယီမင်နိုင်ငံရှိ လက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားတောင့်တင်းတဲ့ လက်နက် ကိုင်အဖွဲ့ဖြစ်တဲ့ ဟူသီလက်နက်ကိုင်အဖွဲ့နဲ့ ဆက်ဆံ ရေးမကောင်းဘဲ ဟူသီလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ် ရေးဆောင်ရွက်ချက်ကို အပြီးတိုင်ဖျက်ဆီးရမယ်လို့ သဘောထားရှိသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ၎င်း က ပင်လယ်နီပြဿနာတွေအဆုံးသတ်ဖို့ ဟူသီလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို အဆုံးသတ်အောင်လုပ်ဆောင်ရမယ်လို့ ပြောဆိုခဲ့ဖူး ပါတယ်။
(၂၀၂၃)ခုနှစ်မှာ ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီး နောက် ဟူသီလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနဲ့ တိုက်ခိုက်နေတဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တွေ ကို အားပေးထောက်ခံကြောင်းပြသမှုအဖြစ် ၎င်းတို့ ထိန်းချုပ်ထားရာ ပင်လယ်နီအတွင်း ဖြတ်သန်းလာတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ကုန်စည်သင်္ဘောတွေကိုတိုက်ခိုက်ခဲ့ရာ တင်းမာမှု အရှိန်မြင့်တက်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်ဟာ ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အ ဖွဲ့အစည်းအဖြစ်ပြန်လည်သတ်မှတ်ခဲ့ခြင်းကို ယီမင် သမ္မတအလီမီက ချီးကျူးပြောဆိုခဲ့ဖူးပြီး ယီမင်နိုင်ငံ နဲ့ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဟူ သီလက်နက်ကိုင်အဖွဲ့တာဝန်ယူရမယ်လို့ တောင်းဆို ခဲ့ဖူးသူဖြစ်ပါတယ်။ အလီမီဟာ ယီမင်နိုင်ငံရဲ့သမ္မတ တာဝန်ကိုယူခဲ့ပြီးနောက်ပိုင်းမှာ အမေရိကန်၊ ဗြိတိန် နိုင်ငံတို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းခဲ့ သလို ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အာရှနိုင်ငံတွေ နဲ့လည်း ယခင်ထက် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်ဦး ဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေက အလီမီဦး ဆောင်တဲ့ယီမင်အစိုးရအဖွဲ့ကို လိုအပ်တဲ့ ကူညီ ထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။
ဆော်ဒီအာရေဗျဦးဆောင်တဲ့ အာရပ်ညွန့် ပေါင်းအဖွဲ့တွေဟာ အလီမီဦးဆောင်တဲ့ ယီမင် အစိုး ရအဖွဲ့ကို စီးပွားရေးအကူညီတွေအပြင် စစ်ရေးအကူ အညီတွေလည်းပေးလျက်ရှိနေပြီး ယီမင်ပြည်တွင်း စစ်မှာ အလာမီဦးဆောင်တဲ့အစိုးရအဖွဲ့ဘက်က ပါ ဝင်တိုက်ခိုက်ပေးလျက်ရှိနေပါတယ်။ ၎င်းဟာ စမတ်ကျသူတစ်ဦးဖြစ်ပြီး အလုပ်လုပ်ရာမှာ တိကျ သေချာသူတစ်ဦးဖြစ်တယ်လို့လည်း ချီးကျူးရေးသား ခံနေရသူဖြစ်ပါတယ်။ အလီမီဟာ ဟူသီလက်နက် ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ သတင်းကြီးနေတဲ့ အီရန်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာ မှုတွေရှိနေပါတယ်။
အလီမီဟာ ယီမင်နိုင်ငံရဲ့အမြင့်ဆုံးအာ ဏာပိုင်အဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူနေချိန်အ တွင်း ယီမင်ပြည်တွင်းစစ်ကို အဆုံးသတ်အောင် လုပ် ပြနိုင်ခြင်းတော့မရှိသေးပါဘူး၊ ယီမင်မှာ ပြည်တွင်းစစ် စတင်ခဲ့တဲ့ (၂၀၁၄) ခုနှစ်ကနေ လက်ရှိအချိန်အထိ နိုင်ငံကိုအုပ်ချုပ်သူ သို့မဟုတ် သမ္မတဦးရေ အနည်း ဆုံး (၉)ဦး အပြောင်းအလဲဖြစ်ခဲ့ပြီး စစ်ပွဲကြောင့်သေ ဆုံးသူလူဦးရေ စုစုပေါင်း အနည်းဆုံး (၄)သိန်းရှိသွား ခဲ့ပြီဖြစ်ပါတယ်။ ယီမင်ပြည်တွင်းစစ်ကိုအဆုံးသတ် အောင် ယီမင်သမ္မတ အလီမီအပြင် တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့က ဝိုင်းဝန်းကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အောင်မြင်မှုမရဘဲ ရှိနေပါတယ်။
ယီမင်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေထဲ မှာ ဟူသီလက်နက်ကိုင်အဖွဲ့က အင်အားအကောင်း ဆုံးဖြစ်ရာ ဟူသီလက်နက်ကိုင်အဖွဲ့ကလည်း ငြိမ်း ချမ်းရေးဆွေးနွေးမှုတွေကို လက်ခံလိုလားခြင်းမရှိ ဘူးလို့ဆိုကြပါတယ်။ ဒါကြောင့် ဟူသီလက်နက်ကိုင် အဖွဲ့တွေကိုကူညီပေးနေတဲ့ အီရန်နိုင်ငံရဲ့ အကူအညီ တွေရပ်ဆိုင်းအောင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတ ကာအဖွဲ့စည်းတွေက ဝိုင်းဝန်းကြိုးပမ်းလျက်ရှိနေပြီး အီရန်နိုင်ငံရဲ့ကူညီထောက်ပံ့ပေးမှုတွေ ရပ်တန့်သွား မယ်ဆိုရင် ဟူသီလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေး ဆောင်ရွက်ချက်တွေက လျော့နည်းရပ်တန့်သွားဖွယ် ရှိတယ်လို့ ဆိုကြပါတယ်။
အီရန်နိုင်ငံကလည်း ဟူသီလက်နက်ကိုင် အဖွဲ့တွေကို ကူညီထောက်ပံ့ပေးမယ်လို့ ကတိပြုထား တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိ အချိန်မှာတော့ ယီမင်သမ္မတ အလီမီဟာ ၎င်းရဲ့ကတိ အတိုင်း ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ မြို့တွေလွတ်မြောက်ဖို့နဲ့ ယီမင်ပြည်တွင်းစစ် အဆုံး သတ်ဖို့ကြိုးပမ်းမှုတွေဟာ မျှော်လင့်သလောက် ရလဒ်မကောင်းသေးဘဲ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်ပါ တယ်။
ယီမင်နိုင်ငံကို လက်ရှိတာဝန်ယူအုပ်ချုပ် နေတဲ့ အလီမီဟာ ၎င်းရဲ့ကတိတွေကို လက်တွေ့အကောင်ထည်ဖော်နိုင်စွမ်းရှိမရှိဆိုတဲ့အချက်ကတော့ ဆက်လက်စောင့်ကြည့်ရဖွယ်ရှိနေပြီး ဟူသီလက်နက် ကိုင်အဖွဲ့ကို အလုံးစုံထိန်းချုပ်နိုင်အောင် ကြိုးပမ်း ပြနိုင်မယ်ဆိုရင် အလီမီဟာ ယီမင်နိုင်ငံရဲ့သူရဲကောင်း အဖြစ် သတ်မှတ်ခံရဖွယ်ရှိနေပါတယ်။

Zawgyi Version:
ျပည္တြင္းစစ္ျဖစ္ပြားေနတဲ့ ယီမင္ႏိုင္ငံကို အုပ္ခ်ဳပ္ေနသူအေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာလ ၄

ယီမင္ႏိုင္ငံဟာ အာရွတိုက္အေနာက္ပိုင္း ႏိုင္ငံေတြထဲမွာပါဝင္ေနတဲ့ႏိုင္ငံျဖစ္ၿပီး ေဆာ္ဒီအာ ေရဗ်ႏိုင္ငံ၊ အိုမန္ႏိုင္ငံတို႔နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ ေနသလို ပင္လယ္နီ၊ ေအဒင္ပင္လယ္ေကြ႕၊ အာေရဗ် ပင္လယ္တို႔နဲ႔လည္း ထိစပ္လ်က္ရွိတဲ့ႏိုင္ငံျဖစ္ပါတယ္။ အာေရဗီယံကြၽန္းစုမွာ ဒုတိယအႀကီးဆုံးႏိုင္ငံျဖစ္တဲ့ ယီမင္ႏိုင္ငံဟာ လူဦးေရ (၃၄)သန္းေက်ာ္ရွိေနၿပီး ျပည္တြင္းစစ္ဒဏ္ကိုရင္ဆိုင္ေနရတဲ့ႏိုင္ငံလည္း ျဖစ္ ပါတယ္။
ယီမင္ႏိုင္ငံမွာ အက်င့္ပ်က္လာဘ္စားမႈ ျမင့္တက္မႈ၊ အလုပ္ကိုင္အခြင့္လမ္းဆုံးရႈံးမႈ စတဲ့ ျပႆနာေတြေၾကာင့္ျပည္သူေတြ လမ္းေပၚထြက္ ဆႏၵျပရာကေန ႏိုင္ငံေရးျပႆနာေတြျဖစ္လာခဲ့ၿပီး ျပည္တြင္းစစ္ျဖစ္ပြားေနတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ ယီမင္ႏိုင္ငံမွာ ႏိုင္ငံကိုအုပ္ခ်ဳပ္ဖို႔ သမၼတေကာင္စီဖြဲ႕ စည္းထားၿပီး အဲဒီသမၼတေကာင္စီမွာ ရက္ဟတ္ မူ ဟာမက္ အယ္အလီမီ ဆိုသူက ဥကၠ႒အျဖစ္တာဝန္ ယူေနကာ ႏိုင္ငံကိုအုပ္ခ်ဳပ္ေနတာျဖစ္ပါတယ္။ တစ္ နည္းအားျဖင့္ အယ္အလီမီဟာ ယီမင္ႏိုင္ငံရဲ႕အျမင့္ဆုံး အာဏာရွိသူ သို႔မဟုတ္ သမၼတတစ္ဦးအျဖစ္ သတ္ မွတ္လ်က္ရွိေနပါတယ္။ ၎ဟာ ယီမင္ႏိုင္ငံရဲ႕သမၼတ အျဖစ္ (၂၀၂၂)ခုႏွစ္ေနာက္ပိုင္းတည္းက လက္ရွိအ ခ်ိန္အထိတာဝန္ယူေနသူျဖစ္ပါတယ္။ ယီမင္သမၼတ အလီမီကို (၁၉၅၄)ခုႏွစ္ ဇန္နဝါရီလတုန္းက ယီမင္ ႏိုင္ငံ အယ္အလြန္ေဒသမွာေမြးဖြားခဲ့ၿပီး တရားသူ ႀကီးျဖစ္သူ မိုဟာမက္ဘင္အလီအယ္အလီမီရဲ႕သား ျဖစ္ပါတယ္။ ၎ဟာ (၁၉၆၉) ခုႏွစ္မွာ ဆာနာၿမိဳ႕ရွိ Gamal Abdel Nasser အမည္ရွိ အထက္တန္း ေက်ာင္းကေန အထက္တန္းေအာင္ျမင္ခဲ့ပါတယ္။ အလီမီဟာ အထက္တန္းေအာင္ျမင္ခဲ့ၿပီးေနာက္ ရဲေကာလိပ္ကိုတက္ေရာက္ခဲ့ၿပီး (၁၉၇၅)ခုႏွစ္မွာ ရဲေကာလိပ္ကေန စစ္ဘက္သိပၸံဘြဲ႕ကိုရရွိခဲ့သလို (၁၉၇၇)ခုႏွစ္မွာ ဆာနာတကၠသိုလ္ကေန အႏုပညာ ဘာသာရပ္ဆိုင္ရာဘြဲ႕အျပင္ မာစတာေတြလည္းရရွိ ခဲ့ပါတယ္။ အသက္ (၇၂)ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ အလီမီဟာ (၁၉၈၄) ခုႏွစ္ကေန (၁၉၈၈)ခုႏွစ္အထိ အီဂ်စ္ႏိုင္ငံတကၠသိုလ္ကေန လူမူေရးဘာသာရပ္နဲ႔ ဘြဲ႕ထပ္မံရရွိခဲ့တယ္လို႔လည္း အေရွ႕အလယ္ပိုင္း ေဒသအတြင္းရွိ မီဒီယာေတြက ေဖာ္ျပထားပါတယ္။ အလီမီဟာ ယီမင္ႏိုင္ငံျပည္ထဲေရးဝန္ႀကီးအျဖစ္ (၂၀ဝ၁) ခုႏွစ္ကေန (၂၀ဝ၈) ခုႏွစ္အထိ တာဝန္ယူခဲ့ ဖူးသလို (၂၀ဝ၈) ခုႏွစ္မွာ ယီမင္ႏိုင္ငံ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးအဖြဲ႕ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ ပါတယ္။ အလီမီဟာ ယီမင္ႏိုင္ငံရဲ႕ အျမင့္ဆုံးလုံၿခဳံေရး ေကာင္စီေကာ္မတီရဲ႕ဥကၠ႒အျဖစ္ တာဝန္ယူခဲ့ဖူးသ လို (၂၀၁၄)ခုႏွစ္မွာ ယီမင္ႏိုင္ငံသမၼတ ဟာဒီရဲ႕ အႀကံေပးအျဖစ္တာဝန္ယူခဲ့ပါတယ္။
ယီမင္ႏိုင္ငံရဲ႕အမ်ိဳးသားေတြ႕ဆုံေဆြးေႏြး ေရး ကြန္ဖရင့္ အဖြဲ႕ဝင္အျဖစ္ တာဝန္ယူခဲ့ဖူးတဲ့အလီ မီဟာ လုပ္ႀကံခံရမႈေတြ ရင္ဆိုင္ခဲ့ရေပမယ့္ အသက္ ရွင္လြတ္ေျမာက္ခဲ့သူျဖစ္ပါတယ္။ ယီမင္ႏိုင္ငံ သမၼတ နန္းေတာ္ရွိ ဗလီမွာ (၂၀၁၁)ခုႏွစ္က အၾကမ္းဖက္ တိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ အလီမီဟာ ဒဏ္ရာရခဲ့ၿပီး ကာလအတန္ၾကာ အနားယူခဲ့ရပါတယ္။ ゞင္းဟာ ရရွိ တဲ့ဒဏ္ရာေတြကို ေဆာ္ဒီအာေရဗ်ႏိုင္ငံနဲ႔ဂ်ာမနီ ႏိုင္ ငံတို႔မွာ သြားေရာက္ကုသခဲ့ရၿပီး (၂၀၁၂)ခုႏွစ္ ဇြန္ လမွ မိခင္ႏိုင္ငံျဖစ္တဲ့ယီမင္ႏိုင္ငံကို ျပန္လာခဲ့ပါတယ္။ ယီမင္ႏိုင္ငံျပည္တြင္းစစ္ပြဲအတြင္း ဟူသီလက္နက္ ကိုင္အဖြဲ႕ဟာ ႏိုင္ငံရဲ႕ေနရာအမ်ားစုကို ထိန္းခ်ဳပ္ႏိုင္ ခဲ့ၿပီးေနာက္ အလီမီဟာ ျပည္ပထြက္ေျပးခဲ့ရၿပီး ေဆာ္ ဒီအာေရဗ်ႏိုင္ငံမွာ (၂၀၁၅) ခုႏွစ္အတြင္း ေနထိုင္ခဲ့ရ သူလည္းျဖစ္ပါတယ္။
(၂၀၂၂) ခုႏွစ္ ဧၿပီလ (၇) ရက္မွာ ယီမင္ ႏိုင္ငံသမၼတျဖစ္သူ ဟာဒီဟာ ゞင္းရဲ႕သမၼတလုပ္ပိုင္ခြင့္ အာဏာကိုလႊဲအပ္ဖို႔ သမၼတေကာင္စီကိုဖြဲ႕စည္းခဲ့ၿပီး အဲဒီသမၼတေကာင္စီရဲ႕အႀကီးအကဲအျဖစ္ အလီမီက တာဝန္ယူေနသူလည္းျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ယီမင္သမၼတ ဟာဒီဟာ ၎ရဲ႕သမၼတအာဏာနဲ႔လုပ္ ပိုင္ခြင့္ေတြကို အလီမီကို လႊဲေျပာင္းေပးလိုက္တာျဖစ္ တယ္လို႔ ယီမင္နဲ႔ေဆာ္ဒီအာေရဗ်ႏိုင္ငံရွိ မီဒီယာေတြ ကေဖာ္ျပထားပါတယ္။ ဟာဒီဟာ သမၼတအာဏာကို လႊဲေျပာင္းေပးခဲ့ၿပီးေနာက္ ယီမင္ႏိုင္ငံမွာမေနေတာ့ဘဲ ေဆာ္ဒီအာေရဗ်ႏိုင္ငံကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့သူျဖစ္ပါ တယ္။ အလီမီဟာ ယီမင္ႏိုင္ငံရဲ႕သမၼတျဖစ္လာခဲ့ၿပီး ေနာက္ ဟူသီလက္နက္ကိုင္အဖြဲ႕ ထိန္းခ်ဳပ္ထားတဲ့ၿမိဳ႕ ေတြ ျပန္လည္လြတ္ေျမာက္ဖို႔နဲ႔ (၉)ႏွစ္ေက်ာ္ၾကာျဖစ္ ပြားေနတဲ့ ယီမင္ျပည္တြင္းစစ္ အဆုံးသတ္ေအာင္လုပ္ ေဆာင္မယ္လို႔ ကတိျပဳထားသူျဖစ္ပါတယ္။ အလီမီ ဟာ ယီမင္ႏိုင္ငံရဲ႕သမၼတ ျဖစ္လာခဲ့ၿပီးေနာက္ ျပည္သူ ေတြအတြက္ အေျခခံလိုအပ္ခ်က္ေတြနဲ႔ၿမိဳ႕ေတြကို လွ်ပ္စစ္ဓာတ္အား ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ မယ္လို႔ကတိျပဳခဲ့ၿပီး ေဆာ္ဒီအာေရဗ်ႏိုင္ငံရဲ႕ ကူညီ ေထာက္ပံ့မႈေတြနဲ႔အတူ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ေတြ တည္ေဆာက္ခဲ့ပါတယ္။
ဒါ့အျပင္ အလီမီဟာ လမ္းေတြနဲ႔ ပညာ ေရး ပိုမိုေကာင္းမြန္ေအာင္ႀကိဳးပမ္းခဲ့ၿပီး ゞင္းရဲ႕လက္ ထက္မွာ တကၠသိုလ္အခ်ိဳ႕ တည္ေဆာက္ဖြင့္လွစ္ႏိုင္ ခဲ့ပါတယ္။ အလီမီဟာ ယီမင္ႏိုင္ငံရွိ လက္နက္ကိုင္ အဖြဲ႕ေတြထဲမွာ အင္အားေတာင့္တင္းတဲ့ လက္နက္ ကိုင္အဖြဲ႕ျဖစ္တဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္ဆံ ေရးမေကာင္းဘဲ ဟူသီလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ စစ္ ေရးေဆာင္႐ြက္ခ်က္ကို အၿပီးတိုင္ဖ်က္ဆီးရမယ္လို႔ သေဘာထားရွိသူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ၎ က ပင္လယ္နီျပႆနာေတြအဆုံးသတ္ဖို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ စစ္ေရးေဆာင္႐ြက္ခ်က္ေတြကို အဆုံးသတ္ေအာင္လုပ္ေဆာင္ရမယ္လို႔ ေျပာဆိုခဲ့ဖူး ပါတယ္။
(၂၀၂၃)ခုႏွစ္မွာ ဂါဇာစစ္ပြဲျဖစ္လာခဲ့ၿပီး ေနာက္ ဟူသီလက္နက္ကိုင္အဖြဲ႕ေတြဟာ အစၥေရးနဲ႔ တိုက္ခိုက္ေနတဲ့ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ေတြ ကို အားေပးေထာက္ခံေၾကာင္းျပသမႈအျဖစ္ ၎တို႔ ထိန္းခ်ဳပ္ထားရာ ပင္လယ္နီအတြင္း ျဖတ္သန္းလာတဲ့ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ကုန္စည္သေဘၤာေတြကိုတိုက္ခိုက္ခဲ့ရာ တင္းမာမႈ အရွိန္ျမင့္တက္ခဲ့ပါတယ္။
ဒါ့အျပင္ အေမရိကန္သမၼတ ေဒၚနယ္ထ ရမ့္ဟာ ဟူသီလက္နက္ကိုင္အဖြဲ႕ကို အၾကမ္းဖက္အ ဖြဲ႕အစည္းအျဖစ္ျပန္လည္သတ္မွတ္ခဲ့ျခင္းကို ယီမင္ သမၼတအလီမီက ခ်ီးက်ဴးေျပာဆိုခဲ့ဖူးၿပီး ယီမင္ႏိုင္ငံ နဲ႔ ေဒသအတြင္း တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ဟူ သီလက္နက္ကိုင္အဖြဲ႕တာဝန္ယူရမယ္လို႔ ေတာင္းဆို ခဲ့ဖူးသူျဖစ္ပါတယ္။ အလီမီဟာ ယီမင္ႏိုင္ငံရဲ႕သမၼတ တာဝန္ကိုယူခဲ့ၿပီးေနာက္ပိုင္းမွာ အေမရိကန္၊ ၿဗိတိန္ ႏိုင္ငံတို႔နဲ႔ ဆက္ဆံေရးေကာင္းမြန္ေအာင္ ႀကိဳးပမ္းခဲ့ သလို ေဆာ္ဒီအာေရဗ်ႏိုင္ငံအပါအဝင္ အာရွႏိုင္ငံေတြ နဲ႔လည္း ယခင္ထက္ ဆက္ဆံေရးေကာင္းမြန္ေအာင္ ႀကိဳးပမ္းႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း အေမရိကန္ဦး ေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြက အလီမီဦး ေဆာင္တဲ့ယီမင္အစိုးရအဖြဲ႕ကို လိုအပ္တဲ့ ကူညီ ေထာက္ပံ့ေပးမႈေတြ လုပ္ေဆာင္ေပးခဲ့ပါတယ္။
ေဆာ္ဒီအာေရဗ်ဦးေဆာင္တဲ့ အာရပ္ၫြန႔္ ေပါင္းအဖြဲ႕ေတြဟာ အလီမီဦးေဆာင္တဲ့ ယီမင္ အစိုး ရအဖြဲ႕ကို စီးပြားေရးအကူညီေတြအျပင္ စစ္ေရးအကူ အညီေတြလည္းေပးလ်က္ရွိေနၿပီး ယီမင္ျပည္တြင္း စစ္မွာ အလာမီဦးေဆာင္တဲ့အစိုးရအဖြဲ႕ဘက္က ပါ ဝင္တိုက္ခိုက္ေပးလ်က္ရွိေနပါတယ္။ ၎ဟာ စမတ္က်သူတစ္ဦးျဖစ္ၿပီး အလုပ္လုပ္ရာမွာ တိက် ေသခ်ာသူတစ္ဦးျဖစ္တယ္လို႔လည္း ခ်ီးက်ဴးေရးသား ခံေနရသူျဖစ္ပါတယ္။ အလီမီဟာ ဟူသီလက္နက္ ကိုင္အဖြဲ႕ေတြကို ကူညီေထာက္ပံ့ေပးေနတယ္လို႔ သတင္းႀကီးေနတဲ့ အီရန္ႏိုင္ငံနဲ႔ ဆက္ဆံေရးတင္းမာ မႈေတြရွိေနပါတယ္။
အလီမီဟာ ယီမင္ႏိုင္ငံရဲ႕အျမင့္ဆုံးအာ ဏာပိုင္အဖြဲ႕အႀကီးအကဲအျဖစ္ တာဝန္ယူေနခ်ိန္အ တြင္း ယီမင္ျပည္တြင္းစစ္ကို အဆုံးသတ္ေအာင္ လုပ္ ျပႏိုင္ျခင္းေတာ့မရွိေသးပါဘူး၊ ယီမင္မွာ ျပည္တြင္းစစ္ စတင္ခဲ့တဲ့ (၂၀၁၄) ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ ႏိုင္ငံကိုအုပ္ခ်ဳပ္သူ သို႔မဟုတ္ သမၼတဦးေရ အနည္း ဆုံး (၉)ဦး အေျပာင္းအလဲျဖစ္ခဲ့ၿပီး စစ္ပြဲေၾကာင့္ေသ ဆုံးသူလူဦးေရ စုစုေပါင္း အနည္းဆုံး (၄)သိန္းရွိသြား ခဲ့ၿပီျဖစ္ပါတယ္။ ယီမင္ျပည္တြင္းစစ္ကိုအဆုံးသတ္ ေအာင္ ယီမင္သမၼတ အလီမီအျပင္ တ႐ုတ္ႏိုင္ငံနဲ႔အေမရိကန္ႏိုင္ငံတို႔က ဝိုင္းဝန္းႀကိဳးပမ္းခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈမရဘဲ ရွိေနပါတယ္။
ယီမင္ႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕ေတြထဲ မွာ ဟူသီလက္နက္ကိုင္အဖြဲ႕က အင္အားအေကာင္း ဆုံးျဖစ္ရာ ဟူသီလက္နက္ကိုင္အဖြဲ႕ကလည္း ၿငိမ္း ခ်မ္းေရးေဆြးေႏြးမႈေတြကို လက္ခံလိုလားျခင္းမရွိ ဘူးလို႔ဆိုၾကပါတယ္။ ဒါေၾကာင့္ ဟူသီလက္နက္ကိုင္ အဖြဲ႕ေတြကိုကူညီေပးေနတဲ့ အီရန္ႏိုင္ငံရဲ႕ အကူအညီ ေတြရပ္ဆိုင္းေအာင္ ကုလသမဂၢအပါအဝင္ ႏိုင္ငံတ ကာအဖြဲ႕စည္းေတြက ဝိုင္းဝန္းႀကိဳးပမ္းလ်က္ရွိေနၿပီး အီရန္ႏိုင္ငံရဲ႕ကူညီေထာက္ပံ့ေပးမႈေတြ ရပ္တန႔္သြား မယ္ဆိုရင္ ဟူသီလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ စစ္ေရး ေဆာင္႐ြက္ခ်က္ေတြက ေလ်ာ့နည္းရပ္တန႔္သြားဖြယ္ ရွိတယ္လို႔ ဆိုၾကပါတယ္။
အီရန္ႏိုင္ငံကလည္း ဟူသီလက္နက္ကိုင္ အဖြဲ႕ေတြကို ကူညီေထာက္ပံ့ေပးမယ္လို႔ ကတိျပဳထား တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ လက္ရွိ အခ်ိန္မွာေတာ့ ယီမင္သမၼတ အလီမီဟာ ၎ရဲ႕ကတိ အတိုင္း ဟူသီလက္နက္ကိုင္အဖြဲ႕ထိန္းခ်ဳပ္ထားတဲ့ ၿမိဳ႕ေတြလြတ္ေျမာက္ဖို႔နဲ႔ ယီမင္ျပည္တြင္းစစ္ အဆုံး သတ္ဖို႔ႀကိဳးပမ္းမႈေတြဟာ ေမွ်ာ္လင့္သေလာက္ ရလဒ္မေကာင္းေသးဘဲ တိုက္ပြဲေတြျဖစ္ေနဆဲျဖစ္ပါ တယ္။
ယီမင္ႏိုင္ငံကို လက္ရွိတာဝန္ယူအုပ္ခ်ဳပ္ ေနတဲ့ အလီမီဟာ ၎ရဲ႕ကတိေတြကို လက္ေတြ႕အေကာင္ထည္ေဖာ္ႏိုင္စြမ္းရွိမရွိဆိုတဲ့အခ်က္ကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဖြယ္ရွိေနၿပီး ဟူသီလက္နက္ ကိုင္အဖြဲ႕ကို အလုံးစုံထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးပမ္း ျပႏိုင္မယ္ဆိုရင္ အလီမီဟာ ယီမင္ႏိုင္ငံရဲ႕သူရဲေကာင္း အျဖစ္ သတ္မွတ္ခံရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.