ကွဲပြားသော ယဉ်ကျေးမူတို့ ပေါင်းစည်းခဲ့ဖူးသည့် ဗလန်စီယာမြို့

 133

Pika (NP News) - စက်တင်ဘာ ၅

ဗလန်စီယာမြို့သည် စပိန်နိုင်ငံ ဗလန် စီယာပြည်နယ်၏မြို့တော်ဖြစ်ပြီး သမိုင်းဝင် အထင်ကရ နေရာများ၊ အနာဂတ်ဗိသုကာလက်ရာများနှင့် သာယာလှပသောကမ်းခြေများကြောင့် နာမည်ကျော် ကြားသည်။ ဗလန်စီယာမြို့သည် မြေထဲပင်လယ်အတွင်းတွင်ရှိသော Iberian ကျွန်းဆွယ်၏ အရှေ့ ဘက်ကမ်းရိုးတန်းရှိ Turia မြစ်ကမ်းပါးပေါ်တွင်တည်ရှိပြီး စပိန်နိုင်ငံတွင်းတွင် တတိယမြောက် လူဦးရေ အများဆုံးမြို့တစ်မြို့ဖြစ်ကာ စုစုပေါင်း နေထိုင်သူလူဦးရေမှာ (၈၂၅၉၄၈)ဦးရှိကြောင်း သိရသည်။ ထို့ ပြင် ဗလန်စီယာမြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၆)သန်းရှိပြီး ဗလန်စီယာ မြို့ပြဒေသ တွင်နေထိုင်သူလူဦးရေမှာ (၂ ဒသမ ၅)သန်းရှိကြောင်းသိရသည်။

သမိုင်းကြောင်း
ဗလန်စီယာမြို့ကို (၁၃၈)ဘီစီတွင် ရောမမြို့ Valentia Edetanorum အဖြစ် စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။ (၈)ရာစုတွင် ဗလန်စီယာ မြို့တွင် ဆည်မြောင်းစနစ်သစ်များနှင့် ကောက်ပဲသီးနှံများ မိတ်ဆက်မှုတို့နှင့်အတူ အစ္စလာမ္မစ်အုပ် ချုပ်မှုနှင့် မတူကွဲပြားသောယဉ်ကျေးမှုပေါင်းစည်းခြင်းတို့ ပေါ် ပေါက်လာခဲ့ကြောင်းသိရသည်။ သို့သော်လည်း (၁၂၃၈)ခုနှစ်တွင် Aragon ခရစ်ယာန်လူမျိုးစု၏သိမ်း ပိုက်မှုများနှင့်အတူ ဗလန်စီယာမြို့သည် ဗလန်စီယာနိုင်ငံ၏မြို့တော် ဖြစ်လာခဲ့ကြောင်းသိရသည်။ Iberian ကျွန်းဆွယ်၏ ကျန်ရှိသောနေရာများ၊ အီတလီဆိပ်ကမ်းများနှင့် မြေထဲပင်လယ်ရှိ အခြားနေရာ များနှင့် ကုန်သွယ်မှုတို့ကြောင့် ဗလန်စီယာမြို့သည် (၁၅)ရာစုတွင် ကြီးထွားလာခဲ့ပြီး (၁၅)ရာစု အကုန် တွင် အကြီး ဆုံးဥရောပမြို့များထဲမှ တစ်မြို့ဖြစ်လာခဲ့ကြောင်း သိရသည်။ သို့သော်လည်း (၁၆၀၉) ခုနှစ် တွင် Moriscos မွတ်စလင်လူမျိုးများကို နှင်ထုတ်မှုနှင့် အတူ ဗလန်စီယာမြို့စီးပွားရေးလုပ်ငန်းသည် အကျပ်အတည်းများနှင့်ကြုံတွေ့ခဲ့ရကြောင်းသိရသည်။ ထို့နောက် (၁၈)ရာစုတွင် ဗလန်စီယာမြို့သည် အဓိက ပိုးထည်ထုတ်လုပ်ရေး အချက်အချာ နေရာတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။ စပိန် ပြည်တွင်း စစ်အတွင်း ဗလန်စီယာမြို့သည် (၁၉၃၆)ခုနှစ်မှ (၁၉၃၇)ခုနှစ်အထိ စပိန်အစိုးရ၏ ယာယီထိုင်ခုံနေရာ အဖြစ် ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။ ဗလန်စီယာဆိပ်ကမ်းသည် ဥရောပနှင့်မြေထဲပင်လယ် တွင် အလုပ်အများဆုံးကွန်တိန်နာဆိပ် ကမ်းများထဲမှတစ်ခုလည်းဖြစ်သည်။ ထို့ပြင် ဂလို ဘယ်လိုက်ဇေး ရှင်းနှင့် ကမ္ဘာ့မြို့ကြီးများ သုတေသန ကွန်ရက်က ဗလန်စီယာမြို့ကို ဂမ်မာအဆင့်ရှိ ကမ္ဘာ့မြို့ ကြီးတစ် မြို့အဖြစ် အဆင့်သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ဗလန်စီယာမြို့တွင် (၁၉၆၅)ခုနှစ်တွင် စပိန်နိုင်ငံ၏ အမျိုးသားခရီးသွားစိတ်ဝင်စားမှုပွဲ တော်တစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရသော Fallas ပွဲတော် ကဲ့သို့သောအခမ်းအနားများနှင့် ရိုးရာဓလေ့များ စွာရှိကြောင်းလည်းသိရသည်။ ဗလန်စီယာမြို့သည် (၂၀၁၁)ခုနှစ် ဥရောပအားကစားမြို့တော်၊ (၂၀၂၂)ခုနှစ် ကမ္ဘာ့ဒီဇိုင်းမြို့တော်နှင့် (၂၀၂၄)ခုနှစ် ဥရောပ အစိမ်းရောင်မြို့တော်အဖြစ် ရွေးချယ်ခံခဲ့ရသည့်မြို့တစ် မြို့လည်းဖြစ်သည်။

စီးပွားရေး
ဗလန်စီယာမြို့သည် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ ချဲ့ထွင်မှု၊ တစ်ပြိုင် နက်ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းနှင့်ဆောက်လုပ်ရေးလုပ်ငန်းတို့၏ တွန်းအားပေးမှု များကြောင့် အားကောင်းသောစီးပွားရေးတိုးတက်မှုကို ကြုံတွေ့ခဲ့ရသည့်မြို့ တစ်မြို့ဖြစ်သည်။ ထို့ပြင် ဗလန်စီယာမြို့၏စီးပွားရေးသည်ဝန်ဆောင်မှုကို ဦးတည်ထားသောကြောင့် လုပ်သားဦးရေ၏ (၈၄) ရာခိုင်နှုန်း နီးပါးသည် ဝန်ဆောင်မှုကဏ္ဍတွင် အလုပ်လုပ်ကိုင်ကြကြောင်းသိရသည်။ သို့သော်လည်း ဗလန်စီယာမြို့သည် အရေးကြီးသောစက်မှုအခြေခံကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အဆိုပါ ကဏ္ဍတွင် လူဦးရေ ၏(၈ ဒသမ ၅)ရာခိုင်နှုန်းကို အလုပ်ခန့်အပ်ထားကြောင်းသိရသည်။ ဗလန်စီယာ မြို့ သည် အဓိကအားဖြင့် မော်တော်ကားတပ်ဆင်မှုလုပ်ငန်းကဲ့သို့သော ထုတ်လုပ်မှုကဏ္ဍတွင် မကြာသေးမီ က ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လက်ရှိအချိန်အထိ ဆက်လက်လုပ်ကိုင်နေ သော်လည်း အရေးပါမှုမှာ အနည်းငယ်သာရှိတော့ကြောင်းသိရသည်။ ဗလန်စီယာမြို့လူဦးရေ၏ (၁ ဒသ မ ၉) ရာခိုင်နှုန်းသည် စိုက်ပျိုးရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြပြီး လယ်ယာမြေစုစုပေါင်းမှာ (၉၈၂၀) ဧကရှိကြောင်းသိရသည်။ (၂၀ဝ၈)ခုနှစ်တွင် စီးပွားရေးပျက် ကပ်ကြီးကိုကြုံတွေ့ခဲ့ရပြီးနောက် ဗလန်စီယာမြို့ သည် အလုပ်လက်မဲ့နှုန်းတိုးလာခြင်း၊ အစိုးရကြွေးမြီများ တိုးမြင့်လာခြင်းနှင့် အခြား ပြဿနာများကိုကြုံတွေ့ခဲ့ရပြီး မြို့တော်အစိုးရက ပြင်းထန်သော အသုံးစရိတ်ဖြတ်တောက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း (၂၀ဝ၉)ခုနှစ်တွင် ဗလန်စီယာမြို့သည် (၂၉)ခုမြောက် အမြန်ဆုံးတိုးတက်နေသော ဥရောပမြို့တစ်မြို့အဖြစ်သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် ကူး သန်းရောင်းဝယ်ရေး၊ ပညာ ရေး၊ ဖျော်ဖြေရေး၊ မီဒီယာ၊ ဖက်ရှင်၊ သိပ္ပံနှင့် အနုပညာတို့တွင် ဗလန်စီယာ မြို့၏ဩဇာလွှမ်းမိုးမှုသည် ဂမ်မာအဆင့်ရှိ ကမ္ဘာ့မြို့ကြီးများထဲမှတစ်မြို့အဖြစ် ၎င်း၏အဆင့်အတန်းကို ပံ့ပိုးပေးခဲ့ကြောင်းလည်း သိရသည်။ Forbes မဂ္ဂဇင်း၏အဆိုအရ ဗလန်စီယာမြို့သည် ကမ္ဘာပေါ်တွင် နေထိုင်ရန်အသင့်တော်ဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။ ဗလန်စီယာ မြို့ပြဧရိယာ တွင် ဂျီဒီပီပမာဏသည် အမေရိကန်ဒေါ်လာ (၅၂ ဒသမ ၇)ဘီလျံရှိ ပြီး တစ်ဦးချင်းဂျီဒီပီမှာ အမေရိကန် ဒေါ်လာ (၂၈၁၄၁)ဒေါ်လာဖြစ်ကြောင်းသိရသည်။ (၂၀၂၂)ခုနှစ်တွင် ဗလန်စီယာမြို့သည် လူနေမှုဘဝနှင့် တတ်နိုင်မှုတို့ကဲ့သို့သော စံနှုန်းများအပေါ်အခြေခံကာ နိုင်ငံခြားခရီးသွားများအတွက် ကမ္ဘာ့ထိပ်တန်း နေရာတစ်ခုအဖြစ် မဲပေးရွေးချယ်ခံခဲ့ရကြောင်း သိရသည်။


ဆိပ်ကမ်း
ဗလန်စီယာဆိပ်ကမ်းသည် မြေထဲပင်လယ်အနောက်ဘက်ကမ်းရိုးတန်းတွင် အကြီးဆုံး ဆိပ် ကမ်းဖြစ်ပြီး စပိန်နိုင်ငံပို့ကုန်၏(၂၀)ရာခိုင်နှုန်းကို ကိုင်တွယ်ထားကြောင်းသိရသည်။ အဓိကပို့ကုန်များ မှာ အစားအသောက်နှင့်အဖျော်ယမကာများဖြစ်ပြီး အခြားပို့ကုန်များမှာ လိမ္မော်သီး၊ ပရိဘောဂများ၊ ကြွေ ပြားများ၊ ပန်ကာများ၊ အထည်အလိပ်နှင့် သံထည်ပစ္စည်းတို့ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဗလန်စီယာ မြို့၏ထုတ်လုပ်မှုကဏ္ဍသည် သတ္တုဗေဒ၊ ဓာတုဗေဒ၊ အထည်အလိပ်၊ သင်္ဘော တည်ဆောက်မှုနှင့် ဘီယာထုတ်လုပ်ခြင်းတို့ကို အဓိကထားလုပ်ဆောင်ပြီး အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ သည် ဒေသတွင်းစီးပွားရေး၏အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:
ကြဲျပားေသာ ယဥ္ေက်းမူတို႔ ေပါင္းစည္းခဲ့ဖူးသည့္ ဗလန္စီယာၿမိဳ႕
Pika (NP News) - စက္တင္ဘာ ၅
ဗလန္စီယာၿမိဳ႕သည္ စပိန္ႏိုင္ငံ ဗလန္ စီယာျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ၿပီး သမိုင္းဝင္ အထင္ကရ ေနရာမ်ား၊ အနာဂတ္ဗိသုကာလက္ရာမ်ားႏွင့္ သာယာလွပေသာကမ္းေျခမ်ားေၾကာင့္ နာမည္ေက်ာ္ ၾကားသည္။ ဗလန္စီယာၿမိဳ႕သည္ ေျမထဲပင္လယ္အတြင္းတြင္ရွိေသာ Iberian ကြၽန္းဆြယ္၏ အေရွ႕ ဘက္ကမ္း႐ိုးတန္းရွိ Turia ျမစ္ကမ္းပါးေပၚတြင္တည္ရွိၿပီး စပိန္ႏိုင္ငံတြင္းတြင္ တတိယေျမာက္ လူဦးေရ အမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ စုစုေပါင္း ေနထိုင္သူလူဦးေရမွာ (၈၂၅၉၄၈)ဦးရွိေၾကာင္း သိရသည္။ ထို႔ ျပင္ ဗလန္စီယာၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူလူဦးေရမွာ (၁ ဒသမ ၆)သန္းရွိၿပီး ဗလန္စီယာ ၿမိဳ႕ျပေဒသ တြင္ေနထိုင္သူလူဦးေရမွာ (၂ ဒသမ ၅)သန္းရွိေၾကာင္းသိရသည္။

သမိုင္းေၾကာင္း
ဗလန္စီယာၿမိဳ႕ကို (၁၃၈)ဘီစီတြင္ ေရာမၿမိဳ႕ Valentia Edetanorum အျဖစ္ စတင္တည္ေထာင္ ခဲ့ျခင္းျဖစ္သည္။ (၈)ရာစုတြင္ ဗလန္စီယာ ၿမိဳ႕တြင္ ဆည္ေျမာင္းစနစ္သစ္မ်ားႏွင့္ ေကာက္ပဲသီးႏွံမ်ား မိတ္ဆက္မႈတို႔ႏွင့္အတူ အစၥလာမၼစ္အုပ္ ခ်ဳပ္မႈႏွင့္ မတူကြဲျပားေသာယဥ္ေက်းမႈေပါင္းစည္းျခင္းတို႔ ေပၚ ေပါက္လာခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း (၁၂၃၈)ခုႏွစ္တြင္ Aragon ခရစ္ယာန္လူမ်ိဳးစု၏သိမ္း ပိုက္မႈမ်ားႏွင့္အတူ ဗလန္စီယာၿမိဳ႕သည္ ဗလန္စီယာႏိုင္ငံ၏ၿမိဳ႕ေတာ္ ျဖစ္လာခဲ့ေၾကာင္းသိရသည္။ Iberian ကြၽန္းဆြယ္၏ က်န္ရွိေသာေနရာမ်ား၊ အီတလီဆိပ္ကမ္းမ်ားႏွင့္ ေျမထဲပင္လယ္ရွိ အျခားေနရာ မ်ားႏွင့္ ကုန္သြယ္မႈတို႔ေၾကာင့္ ဗလန္စီယာၿမိဳ႕သည္ (၁၅)ရာစုတြင္ ႀကီးထြားလာခဲ့ၿပီး (၁၅)ရာစု အကုန္ တြင္ အႀကီး ဆုံးဥေရာပၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္လာခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း (၁၆၀၉) ခုႏွစ္ တြင္ Moriscos မြတ္စလင္လူမ်ိဳးမ်ားကို ႏွင္ထုတ္မႈႏွင့္ အတူ ဗလန္စီယာၿမိဳ႕စီးပြားေရးလုပ္ငန္းသည္ အက်ပ္အတည္းမ်ားႏွင့္ႀကဳံေတြ႕ခဲ့ရေၾကာင္းသိရသည္။ ထို႔ေနာက္ (၁၈)ရာစုတြင္ ဗလန္စီယာၿမိဳ႕သည္ အဓိက ပိုးထည္ထုတ္လုပ္ေရး အခ်က္အခ်ာ ေနရာတစ္ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။ စပိန္ ျပည္တြင္း စစ္အတြင္း ဗလန္စီယာၿမိဳ႕သည္ (၁၉၃၆)ခုႏွစ္မွ (၁၉၃၇)ခုႏွစ္အထိ စပိန္အစိုးရ၏ ယာယီထိုင္ခုံေနရာ အျဖစ္ ေဆာင္႐ြက္ခဲ့ေၾကာင္းလည္း သိရသည္။ ဗလန္စီယာဆိပ္ကမ္းသည္ ဥေရာပႏွင့္ေျမထဲပင္လယ္ တြင္ အလုပ္အမ်ားဆုံးကြန္တိန္နာဆိပ္ ကမ္းမ်ားထဲမွတစ္ခုလည္းျဖစ္သည္။ ထို႔ျပင္ ဂလို ဘယ္လိုက္ေဇး ရွင္းႏွင့္ ကမာၻ႔ၿမိဳ႕ႀကီးမ်ား သုေတသန ကြန္ရက္က ဗလန္စီယာၿမိဳ႕ကို ဂမ္မာအဆင့္ရွိ ကမာၻ႔ၿမိဳ႕ ႀကီးတစ္ ၿမိဳ႕အျဖစ္ အဆင့္သတ္မွတ္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဗလန္စီယာၿမိဳ႕တြင္ (၁၉၆၅)ခုႏွစ္တြင္ စပိန္ႏိုင္ငံ၏ အမ်ိဳးသားခရီးသြားစိတ္ဝင္စားမႈပြဲ ေတာ္တစ္ခုအျဖစ္သတ္မွတ္ခံခဲ့ရေသာ Fallas ပြဲေတာ္ ကဲ့သို႔ေသာအခမ္းအနားမ်ားႏွင့္ ႐ိုးရာဓေလ့မ်ား စြာရွိေၾကာင္းလည္းသိရသည္။ ဗလန္စီယာၿမိဳ႕သည္ (၂၀၁၁)ခုႏွစ္ ဥေရာပအားကစားၿမိဳ႕ေတာ္၊ (၂၀၂၂)ခုႏွစ္ ကမာၻ႔ဒီဇိုင္းၿမိဳ႕ေတာ္ႏွင့္ (၂၀၂၄)ခုႏွစ္ ဥေရာပ အစိမ္းေရာင္ၿမိဳ႕ေတာ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသည့္ၿမိဳ႕တစ္ ၿမိဳ႕လည္းျဖစ္သည္။

စီးပြားေရး
ဗလန္စီယာၿမိဳ႕သည္ ဆက္သြယ္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းတို႔ ခ်ဲ႕ထြင္မႈ၊ တစ္ၿပိဳင္ နက္ဖြံ႕ၿဖိဳးတိုးတက္လာမႈႏွင့္အတူ ခရီးသြားလုပ္ငန္းႏွင့္ေဆာက္လုပ္ေရးလုပ္ငန္းတို႔၏ တြန္းအားေပးမႈ မ်ားေၾကာင့္ အားေကာင္းေသာစီးပြားေရးတိုးတက္မႈကို ႀကဳံေတြ႕ခဲ့ရသည့္ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္သည္။ ထို႔ျပင္ ဗလန္စီယာၿမိဳ႕၏စီးပြားေရးသည္ဝန္ေဆာင္မႈကို ဦးတည္ထားေသာေၾကာင့္ လုပ္သားဦးေရ၏ (၈၄) ရာခိုင္ႏႈန္း နီးပါးသည္ ဝန္ေဆာင္မႈက႑တြင္ အလုပ္လုပ္ကိုင္ၾကေၾကာင္းသိရသည္။ သို႔ေသာ္လည္း ဗလန္စီယာၿမိဳ႕သည္ အေရးႀကီးေသာစက္မႈအေျခခံကို ဆက္လက္ထိန္းသိမ္းထားဆဲျဖစ္ၿပီး အဆိုပါ က႑တြင္ လူဦးေရ ၏(၈ ဒသမ ၅)ရာခိုင္ႏႈန္းကို အလုပ္ခန႔္အပ္ထားေၾကာင္းသိရသည္။ ဗလန္စီယာ ၿမိဳ႕ သည္ အဓိကအားျဖင့္ ေမာ္ေတာ္ကားတပ္ဆင္မႈလုပ္ငန္းကဲ့သို႔ေသာ ထုတ္လုပ္မႈက႑တြင္ မၾကာေသးမီ က ဖြံ႕ၿဖိဳးတိုးတက္လာခဲ့ၿပီး လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းကို လက္ရွိအခ်ိန္အထိ ဆက္လက္လုပ္ကိုင္ေန ေသာ္လည္း အေရးပါမႈမွာ အနည္းငယ္သာရွိေတာ့ေၾကာင္းသိရသည္။ ဗလန္စီယာၿမိဳ႕လူဦးေရ၏ (၁ ဒသ မ ၉) ရာခိုင္ႏႈန္းသည္ စိုက္ပ်ိဳးေရးလုပ္ငန္းတြင္ အလုပ္လုပ္ကိုင္ေနၾကၿပီး လယ္ယာေျမစုစုေပါင္းမွာ (၉၈၂၀) ဧကရွိေၾကာင္းသိရသည္။ (၂၀ဝ၈)ခုႏွစ္တြင္ စီးပြားေရးပ်က္ ကပ္ႀကီးကိုႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ဗလန္စီယာၿမိဳ႕ သည္ အလုပ္လက္မဲ့ႏႈန္းတိုးလာျခင္း၊ အစိုးရေႂကြးၿမီမ်ား တိုးျမင့္လာျခင္းႏွင့္ အျခား ျပႆနာမ်ားကိုႀကဳံေတြ႕ခဲ့ရၿပီး ၿမိဳ႕ေတာ္အစိုးရက ျပင္းထန္ေသာ အသုံးစရိတ္ျဖတ္ေတာက္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း (၂၀ဝ၉)ခုႏွစ္တြင္ ဗလန္စီယာၿမိဳ႕သည္ (၂၉)ခုေျမာက္ အျမန္ဆုံးတိုးတက္ေနေသာ ဥေရာပၿမိဳ႕တစ္ၿမိဳ႕အျဖစ္သတ္မွတ္ခံခဲ့ရေၾကာင္း သိရသည္။ ထို႔ျပင္ ကူး သန္းေရာင္းဝယ္ေရး၊ ပညာ ေရး၊ ေဖ်ာ္ေျဖေရး၊ မီဒီယာ၊ ဖက္ရွင္၊ သိပၸံႏွင့္ အႏုပညာတို႔တြင္ ဗလန္စီယာ ၿမိဳ႕၏ဩဇာလႊမ္းမိုးမႈသည္ ဂမ္မာအဆင့္ရွိ ကမာၻ႔ၿမိဳ႕ႀကီးမ်ားထဲမွတစ္ၿမိဳ႕အျဖစ္ ၎၏အဆင့္အတန္းကို ပံ့ပိုးေပးခဲ့ေၾကာင္းလည္း သိရသည္။ Forbes မဂၢဇင္း၏အဆိုအရ ဗလန္စီယာၿမိဳ႕သည္ ကမာၻေပၚတြင္ ေနထိုင္ရန္အသင့္ေတာ္ဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။ ဗလန္စီယာ ၿမိဳ႕ျပဧရိယာ တြင္ ဂ်ီဒီပီပမာဏသည္ အေမရိကန္ေဒၚလာ (၅၂ ဒသမ ၇)ဘီလ်ံရွိ ၿပီး တစ္ဦးခ်င္းဂ်ီဒီပီမွာ အေမရိကန္ ေဒၚလာ (၂၈၁၄၁)ေဒၚလာျဖစ္ေၾကာင္းသိရသည္။ (၂၀၂၂)ခုႏွစ္တြင္ ဗလန္စီယာၿမိဳ႕သည္ လူေနမႈဘဝႏွင့္ တတ္ႏိုင္မႈတို႔ကဲ့သို႔ေသာ စံႏႈန္းမ်ားအေပၚအေျခခံကာ ႏိုင္ငံျခားခရီးသြားမ်ားအတြက္ ကမာၻ႔ထိပ္တန္း ေနရာတစ္ခုအျဖစ္ မဲေပးေ႐ြးခ်ယ္ခံခဲ့ရေၾကာင္း သိရသည္။


ဆိပ္ကမ္း
ဗလန္စီယာဆိပ္ကမ္းသည္ ေျမထဲပင္လယ္အေနာက္ဘက္ကမ္း႐ိုးတန္းတြင္ အႀကီးဆုံး ဆိပ္ ကမ္းျဖစ္ၿပီး စပိန္ႏိုင္ငံပို႔ကုန္၏(၂၀)ရာခိုင္ႏႈန္းကို ကိုင္တြယ္ထားေၾကာင္းသိရသည္။ အဓိကပို႔ကုန္မ်ား မွာ အစားအေသာက္ႏွင့္အေဖ်ာ္ယမကာမ်ားျဖစ္ၿပီး အျခားပို႔ကုန္မ်ားမွာ လိေမၼာ္သီး၊ ပရိေဘာဂမ်ား၊ ေႂကြ ျပားမ်ား၊ ပန္ကာမ်ား၊ အထည္အလိပ္ႏွင့္ သံထည္ပစၥည္းတို႔ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ဗလန္စီယာ ၿမိဳ႕၏ထုတ္လုပ္မႈက႑သည္ သတၱဳေဗဒ၊ ဓာတုေဗဒ၊ အထည္အလိပ္၊ သေဘၤာ တည္ေဆာက္မႈႏွင့္ ဘီယာထုတ္လုပ္ျခင္းတို႔ကို အဓိကထားလုပ္ေဆာင္ၿပီး အေသးစားႏွင့္ အလတ္စား စက္မႈလုပ္ငန္းမ်ား သည္ ေဒသတြင္းစီးပြားေရး၏အေရးႀကီးေသာအစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.