အင်တာနက်လူမှုကွန်ယက်များကို အသုံးပြုကာ လူကုန်ကူးသူများက မြန်မာအမျိုးသမီးငယ်များအား အဓမ္မလက်ထပ်ရန်နှင့် လိင်ပိုင်း ဆိုင်ရာခေါင်းပုံဖြတ်မှုများလုပ်နေဟုဆို

416

သန့်ဇင်(NP News)-စက်တင်ဘာ ၅
လူကုန်ကူးသူများသည် Facebook ၊ Tiktok နှင့် Telegram များကို အသုံးပြု၍ မြန်မာအမျိုးသမီးငယ်များအား အဓမ္မလက်ထပ်ရန်နှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများလုပ်နေလျက်ရှိကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆိုသည်။
ယမန်နေ့ ( စက်တင်ဘာ ၄ရက်) မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပခဲ့သော လူကုန်ကူးမှုတားဆီးကာ ကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှု ပြဿနာများကို တိုက်ဖျက်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော် မတီလေးရပ်နှင့် အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ် ရေးအဖွဲ့များကို စနစ်တကျဖွဲ့စည်းပြီး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်ကာ အလေးထား ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ပြောင်းလဲလာသော လူကုန်ကူးမှု ပုံစံများအရ အိမ်နီးချင်းနိုင်ငံမှ လူငယ်များသည် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက် လာကြပြီး မြန်မာအမျိုးသမီးများအား ချစ်ကြိုက်၍ လက်ထပ်ခြင်းမဟုတ်ဘဲ လှည့်ဖြားလိုသောသဘောဖြင့် ငွေကြေးပေး ကာလက် ထပ်ခြင်း၊ တရားရုံးတွင် ထိမ်းမြားမင်္ဂလာ ကျမ်းကျိန်လွှာပြုလုပ်၍ ၎င်းတို့နိုင်ငံသို့ တရားဝင် ခေါ်ဆောင်နေခြင်းများကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက် လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ဒေသတွင်းနိုင်ငံများမှ နိုင်ငံသားတချို့သည် မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် ရောက်ရှိလာခဲ့ ပြီး ဘာသာစကားသင်တန်း အမည်ခံဖွင့်လှစ်၍ မြန်မာအမျိုး သမီးများကို ၎င်းတို့၏ နိုင်ငံသားများနှင့် ထိမ်းမြားလက်ထပ်စေရန် စည်းရုံးဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
လူကုန်ကူးသူများသည် လိမ်လည်စည်းရုံး သွေးဆောင်ရန်အတွက် အင်တာနက်ကို တွင်ကျယ်စွာအသုံးပြုလျက်ရှိကြောင်း၊ လူမှုကွန်ရက် စာမျက်နှာ များဖြစ်သော Facebook ၊ Tiktok နှင့် Telegram များကို အသုံးပြု၍ စီးပွားရေးကြော်ငြာများမှတစ်ဆင့် လူစုဆောင်းခြင်း၊ အကျိုး အမြတ် လွှဲပြောင်းပေးခြင်းများပြုလုပ်ပြီး မြန်မာအမျိုးသမီးငယ်များအား အတင်းအဓမ္မ ထိမ်းမြားလက်ထပ်ရန်နှင့် လိင်ပိုင်း ဆိုင်ရာ ခေါင်းပုံဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
လူကုန်ကူးမှု တိုက်ဖျက်ရာတွင် လုပ်ငန်းစဉ်သုံးရပ်ဖြစ်သော သတင်းလက်ဦးမှုရယူခြင်း၊ တားဆီးကာကွယ်ခြင်း၊ အရေးယူဆောင် ရွက်ခြင်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။
ထို့ကြောင့် လုပ်ငန်းစဉ် သုံးရပ်နှင့်အညီ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
လက်ရှိဖြစ်ပွားလျက်ရှိသော အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဆက်စပ်ဖြစ်ပွားသော လူကုန်ကူးမှု၊ အဓမ္မ စေခိုင်းမှုများအပါအဝင် အတင်း အကျပ်ရာဇဝတ်မှု ကျူးလွန်စေခြင်းတို့ကို တားဆီးနှိမ်နင်းနိုင်ရန်၊ အသိပညာပေးခြင်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက် မှုမရှိစေရေး တားဆီးထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်နွှယ်ဖြစ်ပွားသော လူကုန်ကူးမှု တိုက်ဖျက်ရေးစီမံချက်ကို Pilot Project အဖြစ် သက်တမ်းကာလ တစ်နှစ်ဖြင့် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Zawgyi Version:
အင္တာနက္လူမႈကြန္ယက္မ်ားကို အသုံးျပဳကာ လူကုန္ကူးသူမ်ားက ျမန္မာအမ်ိဳးသမီးငယ္မ်ားအား အဓမၼလက္ထပ္ရန္ႏွင့္ လိင္ပိုင္း ဆိုင္ရာေခါင္းပုံျဖတ္မႈမ်ားလုပ္ေနဟုဆို
သန႔္ဇင္(NP News)-စက္တင္ဘာ ၅
လူကုန္ကူးသူမ်ားသည္ Facebook ၊ Tiktok ႏွင့္ Telegram မ်ားကို အသုံးျပဳ၍ ျမန္မာအမ်ိဳးသမီးငယ္မ်ားအား အဓမၼလက္ထပ္ရန္ႏွင့္ လိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္မႈမ်ားလုပ္ေနလ်က္ရွိေၾကာင္း လူကုန္ကူးမႈတားဆီးကာကြယ္ေရးဗဟိုအဖြဲ႕ဥကၠ႒ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ဆိုသည္။
ယမန္ေန႔ ( စက္တင္ဘာ ၄ရက္) မြန္းလြဲပိုင္းက ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္ အရိႏၵမာခန္းမ၌က်င္းပခဲ့ေသာ လူကုန္ကူးမႈတားဆီးကာ ကြယ္ေရး ဗဟိုအဖြဲ႕ အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက အထက္ကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
လူကုန္ကူးမႈ ျပႆနာမ်ားကို တိုက္ဖ်က္ႏိုင္ေရးအတြက္ လူကုန္ကူးမႈတားဆီး ကာကြယ္ေရးဗဟိုအဖြဲ႕၏ ဦးေဆာင္မႈျဖင့္ လုပ္ငန္းေကာ္ မတီေလးရပ္ႏွင့္ အဆင့္ဆင့္ေသာ လူကုန္ကူးမႈတားဆီးကာကြယ္ ေရးအဖြဲ႕မ်ားကို စနစ္တက်ဖြဲ႕စည္းၿပီး အမ်ိဳးသားေရးတာဝန္တစ္ရပ္ အျဖစ္သတ္မွတ္ကာ အေလးထား ေဆာင္႐ြက္လ်က္ ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ေျပာင္းလဲလာေသာ လူကုန္ကူးမႈ ပုံစံမ်ားအရ အိမ္နီးခ်င္းႏိုင္ငံမွ လူငယ္မ်ားသည္ ျမန္မာႏိုင္ငံသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဝင္ေရာက္ လာၾကၿပီး ျမန္မာအမ်ိဳးသမီးမ်ားအား ခ်စ္ႀကိဳက္၍ လက္ထပ္ျခင္းမဟုတ္ဘဲ လွည့္ျဖားလိုေသာသေဘာျဖင့္ ေငြေၾကးေပး ကာလက္ ထပ္ျခင္း၊ တရား႐ုံးတြင္ ထိမ္းျမားမဂၤလာ က်မ္းက်ိန္လႊာျပဳလုပ္၍ ၎တို႔ႏိုင္ငံသို႔ တရားဝင္ ေခၚေဆာင္ေနျခင္းမ်ားကို စိစစ္ေဖာ္ထုတ္ အေရးယူေဆာင္႐ြက္ လ်က္ရွိေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ေဒသတြင္းႏိုင္ငံမ်ားမွ ႏိုင္ငံသားတခ်ိဳ႕သည္ ျမန္မာႏိုင္ငံသို႔ အလည္အပတ္ဗီဇာျဖင့္ ေရာက္ရွိလာခဲ့ ၿပီး ဘာသာစကားသင္တန္း အမည္ခံဖြင့္လွစ္၍ ျမန္မာအမ်ိဳး သမီးမ်ားကို ၎တို႔၏ ႏိုင္ငံသားမ်ားႏွင့္ ထိမ္းျမားလက္ထပ္ေစရန္ စည္း႐ုံးေဆာင္႐ြက္ခဲ့သည့္ ျဖစ္စဥ္မ်ားကိုလည္း ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
လူကုန္ကူးသူမ်ားသည္ လိမ္လည္စည္း႐ုံး ေသြးေဆာင္ရန္အတြက္ အင္တာနက္ကို တြင္က်ယ္စြာအသုံးျပဳလ်က္ရွိေၾကာင္း၊ လူမႈကြန္ရက္ စာမ်က္ႏွာ မ်ားျဖစ္ေသာ Facebook ၊ Tiktok ႏွင့္ Telegram မ်ားကို အသုံးျပဳ၍ စီးပြားေရးေၾကာ္ျငာမ်ားမွတစ္ဆင့္ လူစုေဆာင္းျခင္း၊ အက်ိဳး အျမတ္ လႊဲေျပာင္းေပးျခင္းမ်ားျပဳလုပ္ၿပီး ျမန္မာအမ်ိဳးသမီးငယ္မ်ားအား အတင္းအဓမၼ ထိမ္းျမားလက္ထပ္ရန္ႏွင့္ လိင္ပိုင္း ဆိုင္ရာ ေခါင္းပုံျဖတ္မႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
လူကုန္ကူးမႈ တိုက္ဖ်က္ရာတြင္ လုပ္ငန္းစဥ္သုံးရပ္ျဖစ္ေသာ သတင္းလက္ဦးမႈရယူျခင္း၊ တားဆီးကာကြယ္ျခင္း၊ အေရးယူေဆာင္ ႐ြက္ျခင္းမ်ားႏွင့္အညီ ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းထားသည္။
ထို႔ေၾကာင့္ လုပ္ငန္းစဥ္ သုံးရပ္ႏွင့္အညီ ေဆာင္႐ြက္ရာတြင္ သက္ဆိုင္ရာဌာနမ်ားအေနျဖင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးကဆိုသည္။
လက္ရွိျဖစ္ပြားလ်က္ရွိေသာ အြန္လိုင္းလိမ္လည္မႈ၊ အြန္လိုင္းေလာင္းကစားမႈမ်ားႏွင့္ ဆက္စပ္ျဖစ္ပြားေသာ လူကုန္ကူးမႈ၊ အဓမၼ ေစခိုင္းမႈမ်ားအပါအဝင္ အတင္း အက်ပ္ရာဇဝတ္မႈ က်ဴးလြန္ေစျခင္းတို႔ကို တားဆီးႏွိမ္နင္းႏိုင္ရန္၊ အသိပညာေပးျခင္းမ်ား ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ နယ္စပ္ျဖတ္ေက်ာ္ တရားမဝင္ဝင္ေရာက္ မႈမရွိေစေရး တားဆီးထိန္းခ်ဳပ္ႏိုင္ရန္ ရည္႐ြယ္၍ အြန္လိုင္းလိမ္လည္မႈႏွင့္ ဆက္ႏႊယ္ျဖစ္ပြားေသာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးစီမံခ်က္ကို Pilot Project အျဖစ္ သက္တမ္းကာလ တစ္ႏွစ္ျဖင့္ ေရးဆြဲအေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။