မူဆယ်တွင် ပြည်သူ့စစ်ပိုင်လောင်းကစားဝိုင်းနှင့် ၎င်းတို့လုံခြုံရေးပေးထားသော ကျားဖျန့်လုပ်ငန်းများ များစွာရှိနေ

 664

သန့်ဇင် (NP News) - စက်တင်ဘာလ ၆

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့တွင် ပြည်သူ့စစ်ပိုင်လောင်းကစားဝိုင်းနှင့် ၎င်းတို့လုံခြုံရေးပေးထားသော ကျားဖျန့်လုပ်ငန်းများ များစွာရှိနေကြောင်း ဒေသခံများက NP News သို့ပြောသည်။

နယ်စပ်ဖြတ်ကျော် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့ရှိရာမူဆယ်မြို့တွင် လက်ရှိကာလ နေရပ်စွန့်ခွာသူများနှင့် တရုတ်နိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ရန်အတွက် စောင့်ဆိုင်းသူများစွာရောက်ရှိနေရာ လူဦးရေထူထပ်နေသည့်မြို့တစ်မြို့ ဖြစ်နေကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အစိုးရက ဖော်ထုတ်ဖမ်းဆီးနေသည့်ကြားမှပင် အွန်လိုင်းကျားဖျန့်လုပ်ငန်းနှင့် ကာစီနိုလောင်းကစားဝိုင်းများလည်း များစွာကျန်ရှိနေသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

လောင်းကစားဝိုင်းများကို ပြည်သူ့စစ်များကဦးစီးလုပ်ကိုင်ကြနေသည့်အပြင် ကျားဖျန့်လုပ်ငန်းများကိုလည်း ၎င်းတို့ကပင် လုံခြုံရေးပေးထားကြောင်း သိရသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် လောင်းကစားဝိုင်းမှန်သမျှက ပြည်သူ့စစ်ချည်းပဲ။ သာမန်အရပ်သားလုပ်တယ်ဆိုတာမရှိဘူး။ အကျဉ်းချုပ် ပြောရရင် လောင်းဝိုင်းမှန်သမျှကိုပိုင်တာက ပြည်သူ့စစ်ပဲ။ အရပ်သားစီးပွားရေးလုပ်ငန်းရှင်က ထဲထဲဝင်ဝင်လုပ်တာမရှိဘူး။ ဘာလို့ဆို ဒီဘက်မှာက ခိုးဆိုးလုယက်မှုကများတယ်လေ။ အဲဒီတော့ လောင်းကစားဝိုင်းတွေမှာ ခိုက်ရန်ဖြစ်နိုင်တော့ ဒီပြည်သူ့စစ်ကို ဘယ်သူမှ မငှားနိုင်ဘူးလေ။ အဲဒီတော့ ပိုင်ဆိုင်တာကတော့ ပြည်သူ့စစ်နဲ့အဆက်အနွယ်တွေပဲပေါ့”ဟု ၎င်းကပြောသည်။

မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ပေါင်း (၃၀)ကျော်ရှိကာ တစ်ဖွဲ့လျှင်အင်အား (၅၀၀)ကျော်ဖြင့်စုဖွဲ့ထားသော်လည်း ခိုးဆိုးလုယက်မှုနှင့် မြို့လည်ခေါင်တွင်ပင် လက်နက်ကိုင်ဆောင် အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ဖူးသည်။

ထို့ပြင် မြို့ပေါ် ရပ်ကွက်များအချို့ရှိ နေအိမ်များကို ငှားရမ်းထားသော ကျားဖျန့်လုပ်ငန်းများကိုလည်း လစဉ်ဖော်ထုတ်ဖမ်းဆီးနေ သည့်ကြားမှပင် လုပ်ငန်းပေါင်းရာချီအသက်ဆက်နေဆဲဖြစ်ကြောင်း သိရသည်။

“ဒီမှာကကျားဖျန့်လုပ်ငန်းတွေက အိမ်လုံးချင်းငှားပြီးလုပ်ကြတာလေ။ အခုလည်းမြို့တော့ ပိုက်စိတ်တိုက်ပြီးရှာတာပဲဗျ။ ဖမ်းတာလည်း ဖမ်းနေ တာပဲ။ တစ်လမှာ (၂) ခါ (၃) ခါတော့ဖမ်းနေတာ။ လောင်းကစားဝိုင်းတွေလည်းရှိတယ်လို့ပြောရမှာပေါ့။ အဲဒါကျတော့ ထုတ် ပြောရ တာလည်း မကောင်းဘူးပေါ့ဗျာ။ တချို့ကလည်း ရပ်ကွက်ထဲမှာ အိမ်ခန်းငှားနေတယ်ပေါ့။ တချို့ကလည်း တိုက်တို့၊ အိမ်တို့ကို အပြတ်ငှားနေတယ်ပေါ့။ တချို့ကျတော့လည်း ဘာကြောင့်လည်းဆိုတော့ ပသစတွေနဲ့ပတ်သက်တာများတယ်လေ။ အဲဒါကတော့ ရာကျော် ရှိတယ်။ မူဆယ်မှာက ပသစအဖွဲ့ (၃၀)ကျော်နဲ့ ကြောက်ခမန်းလိလိပဲ”ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် မူဆယ်မြို့တွင် အိမ်စီးကားဖြင့်ရောက်ရှိလာသည့်လက်နက်ကိုင်အုပ်စုများက နေအိမ်အတွင်းဝင်ရောင်ပြန်ပေးဆွဲမှုများ ဆိုင်ကယ်၊ ကားဖြင့် လိုက်လံ လုယက်မှုများသည်လည်း ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်နှင့် (၂၀၂၄) ခုနှစ်က တွင်တွင်ကျယ်ကျယ်ဖြစ်ပွားခဲ့သော်လည်း ဖမ်ဆီးအရေးယူမှုပိုင်းတွင်မူ သတင်းတစ်စုံတစ်ရာထွက်ပေါ်ခဲ့ခြင်းမရှိပေ။

ယင်းကဲ့သို့ ခိုးဆိုးလုယက်မှုများ၏ (၅၀) ရာခိုင်နှုန်းခန့်အား မူဆယ်ပြည်သူ့စစ်များက ကျူးလွန်ကြောင်းလည်း အထက်ပါ ဒေသခံက ဆိုသည်။

“ခိုးဆိုးလုယက်မှုတွေက ပြည်သူ့စစ်တွေ (၅၀) ရာခိုင်နှုန်းပါတယ်”ဟု ၎င်းကပြောသည်။
ခိုးဆိုးလုယက်မှုများသည် လက်ရှိကာလ၌ နယ်စပ်မြို့များဖြစ်သော တာချီလိတ်၊ မြဝတီနှင့် ဘုရာသုံးဆူမြို့အပါအဝင် အခြားသောမြို့များတွင်လည်း ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

zawgyi version

မူဆယ္တြင္ ျပည္သူ႔စစ္ပိုင္ေလာင္းကစားဝိုင္းႏွင့္ ၎တို႔လုံၿခဳံေရးေပးထားေသာ က်ားဖ်န႔္လုပ္ငန္းမ်ား မ်ားစြာရွိေန

သန႔္ဇင္ (NP News) - စက္တင္ဘာလ ၆

ျမန္မာ-တ႐ုတ္နယ္စပ္၊ မူဆယ္ၿမိဳ႕တြင္ ျပည္သူ႔စစ္ပိုင္ေလာင္းကစားဝိုင္းႏွင့္ ၎တို႔လုံၿခဳံေရးေပးထားေသာ က်ားဖ်န႔္လုပ္ငန္းမ်ား မ်ားစြာရွိေနေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။

နယ္စပ္ျဖတ္ေက်ာ္ နန္းေတာ္ဂိတ္ႏွင့္ ဆင္ျဖဴဂိတ္တို႔ရွိရာမူဆယ္ၿမိဳ႕တြင္ လက္ရွိကာလ ေနရပ္စြန႔္ခြာသူမ်ားႏွင့္ တ႐ုတ္ႏိုင္ငံအတြင္း ဝင္ေရာက္အလုပ္လုပ္ကိုင္ရန္အတြက္ ေစာင့္ဆိုင္းသူမ်ားစြာေရာက္ရွိေနရာ လူဦးေရထူထပ္ေနသည့္ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အစိုးရက ေဖာ္ထုတ္ဖမ္းဆီးေနသည့္ၾကားမွပင္ အြန္လိုင္းက်ားဖ်န႔္လုပ္ငန္းႏွင့္ ကာစီႏိုေလာင္းကစားဝိုင္းမ်ားလည္း မ်ားစြာက်န္ရွိေနေသးေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။

ေလာင္းကစားဝိုင္းမ်ားကို ျပည္သူ႔စစ္မ်ားကဦးစီးလုပ္ကိုင္ၾကေနသည့္အျပင္ က်ားဖ်န႔္လုပ္ငန္းမ်ားကိုလည္း ၎တို႔ကပင္ လုံၿခဳံေရးေပးထားေၾကာင္း သိရသည္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ ေလာင္းကစားဝိုင္းမွန္သမွ်က ျပည္သူ႔စစ္ခ်ည္းပဲ။ သာမန္အရပ္သားလုပ္တယ္ဆိုတာမရွိဘူး။ အက်ဥ္းခ်ဳပ္ ေျပာရရင္ ေလာင္းဝိုင္းမွန္သမွ်ကိုပိုင္တာက ျပည္သူ႔စစ္ပဲ။ အရပ္သားစီးပြားေရးလုပ္ငန္းရွင္က ထဲထဲဝင္ဝင္လုပ္တာမရွိဘူး။ ဘာလို႔ဆို ဒီဘက္မွာက ခိုးဆိုးလုယက္မႈကမ်ားတယ္ေလ။ အဲဒီေတာ့ ေလာင္းကစားဝိုင္းေတြမွာ ခိုက္ရန္ျဖစ္ႏိုင္ေတာ့ ဒီျပည္သူ႔စစ္ကို ဘယ္သူမွ မငွားႏိုင္ဘူးေလ။ အဲဒီေတာ့ ပိုင္ဆိုင္တာကေတာ့ ျပည္သူ႔စစ္နဲ႔အဆက္အႏြယ္ေတြပဲေပါ့”ဟု ၎ကေျပာသည္။

မူဆယ္ၿမိဳ႕တြင္ ျပည္သူ႔စစ္အဖြဲ႕ေပါင္း (၃၀)ေက်ာ္ရွိကာ တစ္ဖြဲ႕လွ်င္အင္အား (၅၀၀)ေက်ာ္ျဖင့္စုဖြဲ႕ထားေသာ္လည္း ခိုးဆိုးလုယက္မႈႏွင့္ ၿမိဳ႕လည္ေခါင္တြင္ပင္ လက္နက္ကိုင္ေဆာင္ အျပန္အလွန္ပစ္ခတ္မႈမ်ားလည္း ျဖစ္ပြားခဲ့ဖူးသည္။

ထို႔ျပင္ ၿမိဳ႕ေပၚ ရပ္ကြက္မ်ားအခ်ိဳ႕ရွိ ေနအိမ္မ်ားကို ငွားရမ္းထားေသာ က်ားဖ်န႔္လုပ္ငန္းမ်ားကိုလည္း လစဥ္ေဖာ္ထုတ္ဖမ္းဆီးေန သည့္ၾကားမွပင္ လုပ္ငန္းေပါင္းရာခ်ီအသက္ဆက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“ဒီမွာကက်ားဖ်န႔္လုပ္ငန္းေတြက အိမ္လုံးခ်င္းငွားၿပီးလုပ္ၾကတာေလ။ အခုလည္းၿမိဳ႕ေတာ့ ပိုက္စိတ္တိုက္ၿပီးရွာတာပဲဗ်။ ဖမ္းတာလည္း ဖမ္းေန တာပဲ။ တစ္လမွာ (၂) ခါ (၃) ခါေတာ့ဖမ္းေနတာ။ ေလာင္းကစားဝိုင္းေတြလည္းရွိတယ္လို႔ေျပာရမွာေပါ့။ အဲဒါက်ေတာ့ ထုတ္ ေျပာရ တာလည္း မေကာင္းဘူးေပါ့ဗ်ာ။ တခ်ိဳ႕ကလည္း ရပ္ကြက္ထဲမွာ အိမ္ခန္းငွားေနတယ္ေပါ့။ တခ်ိဳ႕ကလည္း တိုက္တို႔၊ အိမ္တို႔ကို အျပတ္ငွားေနတယ္ေပါ့။ တခ်ိဳ႕က်ေတာ့လည္း ဘာေၾကာင့္လည္းဆိုေတာ့ ပသစေတြနဲ႔ပတ္သက္တာမ်ားတယ္ေလ။ အဲဒါကေတာ့ ရာေက်ာ္ ရွိတယ္။ မူဆယ္မွာက ပသစအဖြဲ႕ (၃၀)ေက်ာ္နဲ႔ ေၾကာက္ခမန္းလိလိပဲ”ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

ထို႔ျပင္ မူဆယ္ၿမိဳ႕တြင္ အိမ္စီးကားျဖင့္ေရာက္ရွိလာသည့္လက္နက္ကိုင္အုပ္စုမ်ားက ေနအိမ္အတြင္းဝင္ေရာင္ျပန္ေပးဆြဲမႈမ်ား ဆိုင္ကယ္၊ ကားျဖင့္ လိုက္လံ လုယက္မႈမ်ားသည္လည္း ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ႏွင့္ (၂၀၂၄) ခုႏွစ္က တြင္တြင္က်ယ္က်ယ္ျဖစ္ပြားခဲ့ေသာ္လည္း ဖမ္ဆီးအေရးယူမႈပိုင္းတြင္မူ သတင္းတစ္စုံတစ္ရာထြက္ေပၚခဲ့ျခင္းမရွိေပ။

ယင္းကဲ့သို႔ ခိုးဆိုးလုယက္မႈမ်ား၏ (၅၀) ရာခိုင္ႏႈန္းခန႔္အား မူဆယ္ျပည္သူ႔စစ္မ်ားက က်ဴးလြန္ေၾကာင္းလည္း အထက္ပါ ေဒသခံက ဆိုသည္။

“ခိုးဆိုးလုယက္မႈေတြက ျပည္သူ႔စစ္ေတြ (၅၀) ရာခိုင္ႏႈန္းပါတယ္”ဟု ၎ကေျပာသည္။
ခိုးဆိုးလုယက္မႈမ်ားသည္ လက္ရွိကာလ၌ နယ္စပ္ၿမိဳ႕မ်ားျဖစ္ေသာ တာခ်ီလိတ္၊ ျမဝတီႏွင့္ ဘုရာသုံးဆူၿမိဳ႕အပါအဝင္ အျခားေသာၿမိဳ႕မ်ားတြင္လည္း ျဖစ္ပြားေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.