သာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနအတွက် အငယ်တန်းစာရေးနေရာ(၃ဝ)ကျော် ခေါ်ယူ

221

ချယ်ရီ (NP News) -စက်တင်ဘာ ၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနအတွက် လစ်လပ်နေသော အငယ်တန်းစာရေးနေရာ (၃၀)ကျော် ခေါ်ယူနေကြောင်း သာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါဌာန၏ အငယ်တန်းစာရေး (၃၇)နေရာအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ၊ ဓမ္မာစရိယ (၄) မျိုးအနက် တစ်မျိုးမျိုးရရှိပြီးသူ နှင့် ပထမကြီးတန်းအောင်မြင်ပြီးသူများ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက စက်တင်ဘာလ (၃၀)ရက်တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရပြီး ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် သက်တမ်းရှိသော အလုပ်သမား မှတ်ပုံတင်မိတ္တူ တင်ပြရမည်ဖြစ်ကာ နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်ဟု ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထို့ပြင် လက်ရှိနိုင်ငံ့ဝန်ထမ်းများနှင့် ယခင်က ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများပါ လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံနှင့် ဝန်ခံကတိပြုလွှာကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနဝက်ဆိုဒ် တို့တွင်ရယူနိုင်ပြီး လျှောက်လွှာများကို စက်တင်ဘာလ (၃၀)ရက် ရုံးချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃)သို့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
zawgyi version
သာသနာေတာ္ထြန္းကားျပန္ပြားေရးဦးစီးဌာနအတြက္ အငယ္တန္းစာေရးေနရာ(၃ဝ)ေက်ာ္ ေခၚယူ
ခ်ယ္ရီ (NP News) -စက္တင္ဘာ ၆
သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ သာသနာေတာ္ထြန္းကားျပန္ပြားေရးဦးစီးဌာနအတြက္ လစ္လပ္ေနေသာ အငယ္တန္းစာေရးေနရာ (၃၀)ေက်ာ္ ေခၚယူေနေၾကာင္း သာသနာေတာ္ထြန္းကားျပန္ပြားေရးဦးစီးဌာန၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
အဆိုပါဌာန၏ အငယ္တန္းစာေရး (၃၇)ေနရာအတြက္ တကၠသိုလ္ဝင္တန္းေအာင္ျမင္သူ၊ ဓမၼာစရိယ (၄) မ်ိဳးအနက္ တစ္မ်ိဳးမ်ိဳးရရွိၿပီးသူ ႏွင့္ ပထမႀကီးတန္းေအာင္ျမင္ၿပီးသူမ်ား လာေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူသည္ ႏိုင္ငံ့ဝန္ထမ္းျဖစ္ပါက စက္တင္ဘာလ (၃၀)ရက္တြင္ အသက္(၃၅)ႏွစ္ထက္ မေက်ာ္လြန္သူ ျဖစ္ရၿပီး ျပင္ပပုဂၢိဳလ္ျဖစ္ပါက အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနတြင္ မွတ္ပုံတင္ထားသည့္ သက္တမ္းရွိေသာ အလုပ္သမား မွတ္ပုံတင္မိတၱဴ တင္ျပရမည္ျဖစ္ကာ ေနရာေဒသမေ႐ြး သြားေရာက္တာဝန္ထမ္းေဆာင္ႏိုင္ရမည္ဟု ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ထို႔ျပင္ လက္ရွိႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ယခင္က ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူမ်ားပါ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေလွ်ာက္ထားလိုသူမ်ားသည္ ေလွ်ာက္လႊာပုံစံႏွင့္ ဝန္ခံကတိျပဳလႊာကို သာသနာေတာ္ထြန္းကားျပန႔္ပြားေရးဦးစီးဌာနဝက္ဆိုဒ္ တို႔တြင္ရယူႏိုင္ၿပီး ေလွ်ာက္လႊာမ်ားကို စက္တင္ဘာလ (၃၀)ရက္ ႐ုံးခ်ိန္တြင္ ေနျပည္ေတာ္ရွိ ႐ုံးအမွတ္(၃)သို႔ ေနာက္ဆုံးထား ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။