တစ်နိုင်ငံလုံးရှိ ပရဟိတအသင်းများ ကျွဲကောသီးအခမဲ့ အဝစားနိုင်ရန် လှူဒါန်းနေ

 424

ချယ်ရီ (NP News) - စက်တင်ဘာ ၆

မြန်မာတစ်နိုင်ငံလုံးရှိ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းအဖွဲ့များအတွက် ကျွဲကောသီး (အခမဲ့) အဝစားသုံးသွားနိုင်ရန် လှူဒါန်းပေးထားကြောင်း“ ဆန်းသစ်ထွန်း “ ခြံထွက်သီးနှံရောင်းဝယ်ရေး၏ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာထက်၌ ဖော်ပြထားသည်။

“မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းအဖွဲ့များခင်ဗျာ လူနာပို့လမ်းကြောင်းများကြောင့်ဖြစ်စေ (သို့မဟုတ်) အခြားကူညီရေး အထွေထွေကိစ္စများကြောင့်ဖြစ်စေ မွန်ပြည်နယ် ဘက်သို့ ရောက်ရှိလာကြပါက အောက်ဖော်ပြပါ ကျွဲကောခြံ နှင့် ကျွဲကောသီးဆိုင်တွင် ကျွဲကောသီးများ (အခမဲ့) အဝစားသွားနိုင်ကြပါသည်” ဟု ရေးသားထားသည်။
အဆိုပါ “ ဆန်းသစ်ထွန်း “ ခြံထွက်သီးနှံရောင်းဝယ်ရေး၏ ကျွဲကောခြံနှင့် ဆိုင်တည်နေရာမှာ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ် ကျိုက်ထိုမြိုနယ်ရှိ အင်္ဂဘိုရွာအပိုင်တွင် တည်ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

၎င်းတို့အနေဖြင့် စျေးရောင်းရင်း ကုသိုလ်ပြုချင်သည့်အတွက် ပရဟိတအသင်းအဖွဲ့များကို ခရီးတထောက်နားရင်း၊ ဒေသထွက် ကျွဲကောသီးများကို အမောပြေ အပန်းပြေ စားသုံးစေရန် ရည်ရွယ်၍ ခြံထွက်သီးစစ်စစ်များကို အမြဲတမ်း လှူဒါန်းပေးထားကြောင်း ပြောကြားသည်။

“မော်လမြိုင်ဘက်ကလာရင် လမ်းညာဘက်မှာရှိပြီး ရန်ကုန်ဘက်ကလာရင် လမ်းဘယ်ဘက်မှာပါ။ တကယ်အဟုတ်ကို လှူပေးတာပါ။ အချိန်မရွေး “ဆန်းသစ်ထွန်း”ကျွဲကောခြံ နဲ့ ဆိုင်မှာ အဝ စားသွားနိုင်ကြပါကြောင်း ထပ်မံအသိပေးလိုက်ပါတယ်နော်”ဟု လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားထားသည်။

zawgyi version





၎င်းတို့အနေဖြင့် ဈေးရောင်းရင်း ကုသိုလ်ပြုချင်သည့်အတွက် ပရဟိတအသင်းအဖွဲ့များကို ခရီးတထောက်နားရင်း၊ ဒေသထွက် ကျွဲကောသီးများကို အမောပြေ အပန်းပြေ စားသုံးစေရန် ရည်ရွယ်၍ ခြံထွက်သီးစစ်စစ်များကို အမြဲတမ်း လှူဒါန်းပေးထားကြောင်း ပြောကြားသည်။


Related news

© 2021. All rights reserved.