ကမ္ဘာ့ရွှေစျေး စံချိန်တင်ဈေးဖြင့် ဈေးကွက်ပိတ်၊ ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်
1376
(NP News) - စက်တင်ဘာ ၆
ယခုတစ်ပတ်အတွက် ကမ္ဘာ့ရွှေပေါက်ဈေးသတ်မှတ်ချက် အပိတ်ဈေးသည် ရွှေတစ်အောင်စလျှင် (၃၅၈၆)ဒေါ်လာဖြင့် သမိုင်းတလျှောက်အမြင့်ဆုံးဈေးဖြင့်ဈေးကွက်ပိတ်သွားခဲ့ကြောင်းသိရသည်။
လက်ရှိစက်တင်ဘာ(၆)ရက် စနေနေ့ အပိတ်ဈေးဖြစ်သောကြောင့် လာမည်တနင်္လာနေ့စက်တင်ဘာ(၈)ရက် ရောက်မှသာ ဈေးကွက်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ပြည်တွင်းရွှေဈေးများလည်း လိုက်ပါမြင့်တက်နေခြင်း ဖြစ်သည်။
ကမ္ဘာ့ရွှေစျေးအရပြည်တွင်းရွှေဈေးမှာလည်း ပြင်ပပေါက်ဈေး ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၈)သိန်းငါးသောင်းအထိ မြင့်တက်သွားကြောင်းဈေးကွက်အတွင်းမှသိရသည်။
"ကမ္ဘာ့ရွှေစျေး အတက်ဈေးနဲ့ ပိတ်သွားတာကြောင့် ပြည်တွင်းရွှေဈေးက တက်ကိုတက်ပါလိမ့်မယ်။အချို့သော ဆိုင်ရောင်းဈေး ဝယ်ဈေးအဖြစ် အသုံးပြုနေတာတွေကို အထူးသတိထားဖို့ လိုအပ်ပါတယ်"ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရွှေဈေးနှုန်းသတ်မှတ်ချက်မှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်းခြောက်သောင်းဖြင့်အပြောင်းအလဲမရှိကြောင်းသိရသည်။
အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်းလျှော့ချမှုများကြောင့် ကမ္ဘာရွှေဈေး ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း ကမ္ဘာ့ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးကပြောသည်။
ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် (၄,၁၉၀) နှင့် အရောင်း ကျပ် (၄,၂၇၀) ဝန်းကျင် ရှိသည်။
ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စ ရှိကာ (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း × ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေး ရနိုင်သည်။စံချိန်တင်ဈေးဖြင့် ဈေးကွက်ပိတ်၊ ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်
(NP News) - စက်တင်ဘာ ၆
ယခုတစ်ပတ်အတွက် ကမ္ဘာ့ရွှေပေါက်ဈေးသတ်မှတ်ချက် အပိတ်ဈေးသည် ရွှေတစ်အောင်စလျှင် (၃၅၈၆)ဒေါ်လာဖြင့် သမိုင်းတလျှောက်အမြင့်ဆုံးဈေးဖြင့်ဈေးကွက်ပိတ်သွားခဲ့ကြောင်းသိရသည်။
လက်ရှိစက်တင်ဘာ(၆)ရက် စနေနေ့ အပိတ်ဈေးဖြစ်သောကြောင့် လာမည်တနင်္လာနေ့စက်တင်ဘာ(၈)ရက် ရောက်မှသာ ဈေးကွက်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ပြည်တွင်းရွှေဈေးများလည်း လိုက်ပါမြင့်တက်နေခြင်း ဖြစ်သည်။
ကမ္ဘာ့ရွှေစျေးအရပြည်တွင်းရွှေဈေးမှာလည်း ပြင်ပပေါက်ဈေး ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၈)သိန်းငါးသောင်းအထိ မြင့်တက်သွားကြောင်းဈေးကွက်အတွင်းမှသိရသည်။
"ကမ္ဘာ့ရွှေစျေး အတက်ဈေးနဲ့ ပိတ်သွားတာကြောင့် ပြည်တွင်းရွှေဈေးက တက်ကိုတက်ပါလိမ့်မယ်။အချို့သော ဆိုင်ရောင်းဈေး ဝယ်ဈေးအဖြစ် အသုံးပြုနေတာတွေကို အထူးသတိထားဖို့ လိုအပ်ပါတယ်"ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရွှေဈေးနှုန်းသတ်မှတ်ချက်မှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်းခြောက်သောင်းဖြင့်အပြောင်းအလဲမရှိကြောင်းသိရသည်။
အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်းလျှော့ချမှုများကြောင့် ကမ္ဘာရွှေဈေး ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း ကမ္ဘာ့ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးကပြောသည်။
ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် (၄,၁၉၀) နှင့် အရောင်း ကျပ် (၄,၂၇၀) ဝန်းကျင် ရှိသည်။
ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စ ရှိကာ (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း × ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေး ရနိုင်သည်။
zawgyi version
ကမ္ဘ့ရွှေဈေး စံချိန်တင်ဈေးဖြင့် ဈေးကွက်ပိတ်၊ ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်
(NP News) - စက်တင်ဘာ ၆
ယခုတစ်ပတ်အတွက် ကမ္ဘ့ရွှေပေါက်ဈေးသတ်မှတ်ချက် အပိတ်ဈေးသည် ရွှေတစ်အောင်စလျှင် (၃၅၈၆)ဒေါ်လာဖြင့် သမိုင်းတလျှောက်အမြင့်ဆုံးဈေးဖြင့်ဈေးကွက်ပိတ်သွားခဲ့ကြောင်းသိရသည်။
ကမ္ဘ့ရွှေဈေး အရပြည်တွင်းရွှေဈေးမှာလည်း ပြင်ပပေါက်ဈေး ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၈)သိန်းငါးသောင်းအထိ မြင့်တက်သွားကြောင်းဈေးကွက်အတွင်းမှသိရသည်။
ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းဈေးကွက်၌မူ ဈေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်ဈေး အဝယ် ကျပ် (၄,၁၉၀) နှင့် အရောင်း ကျပ် (၄,၂၇၀) ဝန်းကျင် ရှိသည်။
ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စ ရှိကာ (ကမ္ဘာ့ရွှေဈေး × တစ်ဒေါ်လာငွေလဲနှုန်း × ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေဈေး ရနိုင်သည်။