အာဖဂန်နစ္စတန်နိုင်ငံမှာ လူပေါင်း(၂၂၀၀)ကျော်သေဆုံးစေခဲ့တဲ့ ငလျင်လှုပ်ခတ်မှုအပြီး အင်အားပြင်းနောက်ဆက်တွဲငလျင်နှစ်ခု ထပ်မံလှုပ်ခတ်

 446

Pika (NP News) - စက်တင်ဘာလ ၆

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ အင်အားပြင်းတဲ့နောက်ဆက်တွဲငလျင်နှစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ ဂျာမနီဘူမိသိပ္ပံ သုတေသန ဌာန (GFZ)က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဩဂုတ်လ(၃၁)ရက်နေ့နှောင်းပိုင်းက အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ပြင်းအား(၆)မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုနောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ဩဂုတ်လ(၃၁)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း(၂၂၀၀)ကျော် သေဆုံးခဲ့ပြီး အခြားလူ(၃၆၄၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်မှုနဲ့အတူ နောက်ထပ်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေ ရှိလာမှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ Nangarharပြည်နယ်မှာ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့မှုနဲ့အတူ ပျက်စီးဆုံးရှုံးမှုအသေးစိတ်အချက်အလက်တွေကို ကောက်ယူနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဩဂုတ်လ(၃၁)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ကဘူးလ်မြို့ရဲ့အရှေ့ဘက် (၁၂၀)ကီလိုမီတာအကွာ ကူနာပြည်နယ်မှာရှိတဲ့ Jalalabadမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူအသေအပျောက်အများဆုံး ငလျင်တွေထဲကတစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် နောက်ဆက်တွဲလှုပ်ခတ်ခဲ့တဲ့ငလျင်တွေကြောင့် တောင်တန်းတွေပေါ်က ကျောက်တုံးတွေလိမ့်ကျလာမှုနဲ့အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့လည်း သိရပါတယ်။

zawgyi version

အာဖဂန္နစၥတန္ႏိုင္ငံမွာ လူေပါင္း(၂၂၀၀)ေက်ာ္ေသဆုံးေစခဲ့တဲ့ ငလ်င္လႈပ္ခတ္မႈအၿပီး အင္အားျပင္းေနာက္ဆက္တြဲငလ်င္ႏွစ္ခု ထပ္မံလႈပ္ခတ္

Pika (NP News) - စက္တင္ဘာလ ၆

အာဖဂန္နစၥတန္ႏိုင္ငံအေရွ႕ပိုင္းမွာ အင္အားျပင္းတဲ့ေနာက္ဆက္တြဲငလ်င္ႏွစ္ခု လႈပ္ခတ္သြားခဲ့တယ္လို႔ ဂ်ာမနီဘူမိသိပၸံ သုေတသန ဌာန (GFZ)က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဩဂုတ္လ(၃၁)ရက္ေန႔ေႏွာင္းပိုင္းက အာဖဂန္နစၥတန္ႏိုင္ငံအေရွ႕ပိုင္းမွာ ျပင္းအား(၆)မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေနာက္ဆက္တြဲငလ်င္ေတြ ထပ္မံလႈပ္ခတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ဩဂုတ္လ(၃၁)ရက္ေန႔က လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ လူေပါင္း(၂၂၀၀)ေက်ာ္ ေသဆုံးခဲ့ၿပီး အျခားလူ(၃၆၄၀)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံ အေရွ႕ပိုင္းမွာ ေနာက္ဆက္တြဲငလ်င္ေတြ ထပ္မံလႈပ္ခတ္မႈနဲ႔အတူ ေနာက္ထပ္ေသဆုံးမႈေတြနဲ႔ ပ်က္စီးမႈေတြ ရွိလာမွာကို စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ Nangarharျပည္နယ္မွာ ေနာက္ဆက္တြဲငလ်င္ေတြ လႈပ္ခတ္ခဲ့မႈနဲ႔အတူ ပ်က္စီးဆုံးရႈံးမႈအေသးစိတ္အခ်က္အလက္ေတြကို ေကာက္ယူေနဆဲျဖစ္တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဩဂုတ္လ(၃၁)ရက္ေန႔က လႈပ္ခတ္ခဲ့တဲ့ငလ်င္ဟာ ကဘူးလ္ၿမိဳ႕ရဲ႕အေရွ႕ဘက္ (၁၂၀)ကီလိုမီတာအကြာ ကူနာျပည္နယ္မွာရွိတဲ့ Jalalabadၿမိဳ႕အနီးမွာ ဗဟိုျပဳလႈပ္ခတ္ခဲ့တာျဖစ္ၿပီး အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ လူအေသအေပ်ာက္အမ်ားဆုံး ငလ်င္ေတြထဲကတစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ေနာက္ဆက္တြဲလႈပ္ခတ္ခဲ့တဲ့ငလ်င္ေတြေၾကာင့္ ေတာင္တန္းေတြေပၚက ေက်ာက္တုံးေတြလိမ့္က်လာမႈနဲ႔အတူ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြ ေႏွာင့္ေႏွးခဲ့ရတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.