တရားမဝင်အွန်လိုင်းလောင်းကစား နှင့် အေးဂျင့် များကို အရှိန်အဟုန်မြင့် တားဆီးရန်လိုအပ်နေ

770

သန့်ဇင်(NP News) - စက်တင်ဘာလ ၆
တွင်ကျယ်လာသည့် အပြင် ပြည်သူလူထု အတွင်း ပြန့်နှံ့နေပြီ ဖြစ်သည့် တရားမဝင်အွန်လိုင်းလောင်းကစား နှင့် အေးဂျင့် များကို အရှိန်အဟုန်မြင့် တားဆီးရန်လိုအပ်နေပြီ ဖြစ်ကြောင်း The Statesman ဂျာနယ် က ဆက်သွယ် စုံစမ်း မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
လက်ရှိတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းဆောင်ရွက်နေသည့် ဒိုင်နှင့် အေးဂျင်း တို့သည် Facebook၊ Telegram နှင့် Viber ကဲ့သို့ လူမှုကွန်ရက်အသုံးပြုသူများကို ပစ်မှတ်ထား ဆွယ်လာကြသည့် အပြင် SMS ပေးပို့ကာ ၎င်းတို့ ၏ လောင်းကစားဂိမ်းကို ကစားရန် ကြော်ငြာခြင်းများ ရှိလာသည်။
ထို့ပြင် သာမန် အွန်လိုင်း အသုံးပြုသူ အချို့ပင် လောင်းကစား ဂိမ်းများ ၏ အေးဂျင့် များ အဖြစ် လုပ်ကိုင်လာကြသည်ကို လူမှုကွန်ရက် Facebook စာမျက်နှာများထက်တွင် တွေ့မြင်နေရပြီး မူလက ဘောလုံး လောင်းကစားများသာ တွင်ကျယ်ခဲ့သော်လည်း ယခုအခါ အွန်လိုင်းလောင်းကစား အထိပင် များစွာ တွေ့မြင်နေရသည်။
“အဓိကက သူ့ရဲ့ဟာက ထိုးသားထက် ဒိုင်နှင့် Agent ပိုများလာတာ။ အဲဒီမှာ (၂)ချက်ရှိတယ်။ အားကစားကိုဖွင့်ပေးလိုက်။ နိုင်ငံတကာမှာ လည်းရှိပါတယ်။ အနီးစပ်ဆုံး Esport၊ ဘောလုံး၊ တင်းနစ် အဲဒါကို ကျွမ်းကျင်ရင်လောင်းဆိုပြီး ဖွင့်ပေးလိုက်။ အစိုးရကလည်း အခွန် ကောက်။ နိုင်ငံခြားမှာလည်း လုပ်သလိုဒီလိုမျိုးလုပ်ပေါ့။ ဒါပေမယ့်တစ်ခုတော့ရှိတယ် စလော့ကိုတော့လုံးဝအားမပေးပါနဲ့။ အခုက ဘောလုံးနဲ့တင်မဟုတ်ပဲ စလော့ပါ ပါလာတယ်။ ဘောလုံးကရှင်းတယ်။ ကိုယ်တွေဒီမှာရှိနေတယ်ဆိုတော့ ဘယ်ရှုံးတယ်နိုင်တယ်ဆိုတာ အဖြေပေါ်လာတယ်။ စလော့ကကြတော့ ထိန်းချုပ်ထားတာ။ ဆော့ဝဲလ်တွေ ဒီဂျစ်တယ်တွေအများကြီးပါလာတယ်”ဟု သိရှိသူတစ်ဦးက ဆိုသည်။
အွန်လိုင်းလောင်းကစားလုပ်ငန်းဆောင်ရွက်သည့် ဒိုင်နှင့် Agentလုပ်ကိုင်သူများသည် တရာမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေး လိမ် လည်မှုလုပ်ဆောင်နေသည့် အဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင်သာရှိနေပြီး ၎င်းတို့မှတစ်ဆင့် ဆင့်ပွားဈေးကွက်ဖြန့်ချိရေး Multi Level Marketing (MLM) ပုံစံဖြင့် ကြော်ငြာခြင်းနှင့် သားကောင်ရှာဖွေခြင်းများကိုလုပ်ဆောင်ခိုင်းကြောင်း သိရသည်။
“အခုကောင်မလေးတွေက ရုပ်ရည်လှလှပပနဲ့ Followerများတာ၊ စကားပြောကောင်းတာ အဲဒီရဲ့နောက်ကွယ်မှာ လူမသိတဲ့အကြောင်း အရာ တွေအများကြီးရှိသေးတယ်။ အဲဒီကောင်မလေးတွေကလည်း Agent များများလိုချင်တယ် ကော်မရှင်မျိုးမျိုးမြတ်မြတ် လိုချင် တယ်။ အဲဒါကြောင့် သူတို့ကို အလုပ်သွင်းပေးတဲ့ကောင်တွေနဲ့ ချိန်းပြီးတော့သွားတွေ့တာ။ ဒါမျိုးတွေတောင်ရှိကြတယ်။ အဲဒီနောက်ကွယ် က ဂယက်တွေအများကြီးရှိတယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ကြောင့် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ လူမှုကွန်ရက်အတွင်း ပေါ်ပေါ်ထင်ထင် ကြော်ငြာ ကမ်းလှမ်းမှုများလုပ်ဆောင်နေသော ဒိုင်နှင့် Agent များအား အရှိန်အဟုန်မြင့် တားဆီးနှိမ်နင်းရမည်ဖြစ်ကြောင်း အငြိမ်းစားရဲမှူးကြီး တစ်ဦးက အကြံပြုသည်။
“ဒီဟာသာ တကယ်လက်တွေ့မှ အန္တရာယ်အဆင့်ကိုရောက်ပြီဆိုရင်တော့ တားဆီးနှိမ်နင်းရေးလုပ်တဲ့အဖွဲ့တွေ ဟာ ဖိဖိစည်းစည်း လုပ်ရ တော့မှာ။ မူးယစ်ဆေးဝါးဆိုရင်လည်း မူးယစ်ဆေးဝါး။ မူးယစ်ဆေးဝါးဆိုရင်လည်း အင်မတန်လှုပ်ရှားတဲ့ အဖွဲ့လို့ပြောလို့ ရတယ်လေ။ တစ်ရက်ခြားလောက်ကို ဖမ်းနေတာ။ အဲဒီထဲကကို ထွက်တဲ့ လူကလည်းထွက်နေတာ။ အဲဒီလို မူးယစ်တပ်ဖွဲ့လို Active ဖြစ်တဲ့ အဖွဲ့အစည်းတွေလိုတာပေါ့နော်။ သတင်းဖော်ထုတ်မယ်။ သတင်းအတည်ပြုမယ်။ သွားပြီးတော့ ဖမ်းဆီးဖော်ထုတ်မယ်။ အရေးယူမယ်ပေါ့နော်။ အဲဒါကတော့ မဖြစ်မနေကိုလုပ်ရမှာ”ဟု ၎င်းကဆိုသည်။
zawgyi version
တရားမဝင္အြန္လိုင္းေလာင္းကစား ႏွင့္ ေအးဂ်င့္ မ်ားကို အရွိန္အဟုန္ျမင့္ တားဆီးရန္လိုအပ္ေန
သန႔္ဇင္(NP News) - စက္တင္ဘာလ ၆
တြင္က်ယ္လာသည့္ အျပင္ ျပည္သူလူထု အတြင္း ျပန႔္ႏွံ႔ေနၿပီ ျဖစ္သည့္ တရားမဝင္အြန္လိုင္းေလာင္းကစား ႏွင့္ ေအးဂ်င့္ မ်ားကို အရွိန္အဟုန္ျမင့္ တားဆီးရန္လိုအပ္ေနၿပီ ျဖစ္ေၾကာင္း The Statesman ဂ်ာနယ္ က ဆက္သြယ္ စုံစမ္း ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ အြန္လိုင္းေလာင္းကစားလုပ္ငန္းေဆာင္႐ြက္ေနသည့္ ဒိုင္ႏွင့္ ေအးဂ်င္း တို႔သည္ Facebook၊ Telegram ႏွင့္ Viber ကဲ့သို႔ လူမႈကြန္ရက္အသုံးျပဳသူမ်ားကို ပစ္မွတ္ထား ဆြယ္လာၾကသည့္ အျပင္ SMS ေပးပို႔ကာ ၎တို႔ ၏ ေလာင္းကစားဂိမ္းကို ကစားရန္ ေၾကာ္ျငာျခင္းမ်ား ရွိလာသည္။
ထို႔ျပင္ သာမန္ အြန္လိုင္း အသုံးျပဳသူ အခ်ိဳ႕ပင္ ေလာင္းကစား ဂိမ္းမ်ား ၏ ေအးဂ်င့္ မ်ား အျဖစ္ လုပ္ကိုင္လာၾကသည္ကို လူမႈကြန္ရက္ Facebook စာမ်က္ႏွာမ်ားထက္တြင္ ေတြ႕ျမင္ေနရၿပီး မူလက ေဘာလုံး ေလာင္းကစားမ်ားသာ တြင္က်ယ္ခဲ့ေသာ္လည္း ယခုအခါ အြန္လိုင္းေလာင္းကစား အထိပင္ မ်ားစြာ ေတြ႕ျမင္ေနရသည္။
“အဓိကက သူ႔ရဲ႕ဟာက ထိုးသားထက္ ဒိုင္ႏွင့္ Agent ပိုမ်ားလာတာ။ အဲဒီမွာ (၂)ခ်က္ရွိတယ္။ အားကစားကိုဖြင့္ေပးလိုက္။ ႏိုင္ငံတကာမွာ လည္းရွိပါတယ္။ အနီးစပ္ဆုံး Esport၊ ေဘာလုံး၊ တင္းနစ္ အဲဒါကို ကြၽမ္းက်င္ရင္ေလာင္းဆိုၿပီး ဖြင့္ေပးလိုက္။ အစိုးရကလည္း အခြန္ ေကာက္။ ႏိုင္ငံျခားမွာလည္း လုပ္သလိုဒီလိုမ်ိဳးလုပ္ေပါ့။ ဒါေပမယ့္တစ္ခုေတာ့ရွိတယ္ စေလာ့ကိုေတာ့လုံးဝအားမေပးပါနဲ႔။ အခုက ေဘာလုံးနဲ႔တင္မဟုတ္ပဲ စေလာ့ပါ ပါလာတယ္။ ေဘာလုံးကရွင္းတယ္။ ကိုယ္ေတြဒီမွာရွိေနတယ္ဆိုေတာ့ ဘယ္ရႈံးတယ္ႏိုင္တယ္ဆိုတာ အေျဖေပၚလာတယ္။ စေလာ့ကၾကေတာ့ ထိန္းခ်ဳပ္ထားတာ။ ေဆာ့ဝဲလ္ေတြ ဒီဂ်စ္တယ္ေတြအမ်ားႀကီးပါလာတယ္”ဟု သိရွိသူတစ္ဦးက ဆိုသည္။
အြန္လိုင္းေလာင္းကစားလုပ္ငန္းေဆာင္႐ြက္သည့္ ဒိုင္ႏွင့္ Agentလုပ္ကိုင္သူမ်ားသည္ တရာမဝင္အြန္လိုင္း ေလာင္းကစားႏွင့္ ေငြေၾကး လိမ္ လည္မႈလုပ္ေဆာင္ေနသည့္ အဖြဲ႕မ်ား၏ ထိန္းခ်ဳပ္မႈေအာက္တြင္သာရွိေနၿပီး ၎တို႔မွတစ္ဆင့္ ဆင့္ပြားေဈးကြက္ျဖန႔္ခ်ိေရး Multi Level Marketing (MLM) ပုံစံျဖင့္ ေၾကာ္ျငာျခင္းႏွင့္ သားေကာင္ရွာေဖြျခင္းမ်ားကိုလုပ္ေဆာင္ခိုင္းေၾကာင္း သိရသည္။
“အခုေကာင္မေလးေတြက ႐ုပ္ရည္လွလွပပနဲ႔ Followerမ်ားတာ၊ စကားေျပာေကာင္းတာ အဲဒီရဲ႕ေနာက္ကြယ္မွာ လူမသိတဲ့အေၾကာင္း အရာ ေတြအမ်ားႀကီးရွိေသးတယ္။ အဲဒီေကာင္မေလးေတြကလည္း Agent မ်ားမ်ားလိုခ်င္တယ္ ေကာ္မရွင္မ်ိဳးမ်ိဳးျမတ္ျမတ္ လိုခ်င္ တယ္။ အဲဒါေၾကာင့္ သူတို႔ကို အလုပ္သြင္းေပးတဲ့ေကာင္ေတြနဲ႔ ခ်ိန္းၿပီးေတာ့သြားေတြ႕တာ။ ဒါမ်ိဳးေတြေတာင္ရွိၾကတယ္။ အဲဒီေနာက္ကြယ္ က ဂယက္ေတြအမ်ားႀကီးရွိတယ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ေၾကာင့္ တရားမဝင္အြန္လိုင္းေလာင္းကစားလုပ္ေဆာင္ေနသည့္ အဖြဲ႕အစည္းမ်ားမွ လူမႈကြန္ရက္အတြင္း ေပၚေပၚထင္ထင္ ေၾကာ္ျငာ ကမ္းလွမ္းမႈမ်ားလုပ္ေဆာင္ေနေသာ ဒိုင္ႏွင့္ Agent မ်ားအား အရွိန္အဟုန္ျမင့္ တားဆီးႏွိမ္နင္းရမည္ျဖစ္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီး တစ္ဦးက အႀကံျပဳသည္။
“ဒီဟာသာ တကယ္လက္ေတြ႕မွ အႏၲရာယ္အဆင့္ကိုေရာက္ၿပီဆိုရင္ေတာ့ တားဆီးႏွိမ္နင္းေရးလုပ္တဲ့အဖြဲ႕ေတြ ဟာ ဖိဖိစည္းစည္း လုပ္ရ ေတာ့မွာ။ မူးယစ္ေဆးဝါးဆိုရင္လည္း မူးယစ္ေဆးဝါး။ မူးယစ္ေဆးဝါးဆိုရင္လည္း အင္မတန္လႈပ္ရွားတဲ့ အဖြဲ႕လို႔ေျပာလို႔ ရတယ္ေလ။ တစ္ရက္ျခားေလာက္ကို ဖမ္းေနတာ။ အဲဒီထဲကကို ထြက္တဲ့ လူကလည္းထြက္ေနတာ။ အဲဒီလို မူးယစ္တပ္ဖြဲ႕လို Active ျဖစ္တဲ့ အဖြဲ႕အစည္းေတြလိုတာေပါ့ေနာ္။ သတင္းေဖာ္ထုတ္မယ္။ သတင္းအတည္ျပဳမယ္။ သြားၿပီးေတာ့ ဖမ္းဆီးေဖာ္ထုတ္မယ္။ အေရးယူမယ္ေပါ့ေနာ္။ အဲဒါကေတာ့ မျဖစ္မေနကိုလုပ္ရမွာ”ဟု ၎ကဆိုသည္။