‘ မင်္ဂလာယူချိန်အဖျက်ဝင်မှု ’ (အနုပညာသတင်း အနှစ်ချုပ်)

 2440

အိဖြူသိမ့် (NP News) - စက်တင်ဘာလ ၇

NP News ရဲ့အနုပညာ အနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် ‘‘ပရိသတ်ထင်ကြေးနဲ့လက်တွေ့ ထပ်တူကျခဲ့ သူနှစ်ဦး၊ အဆိုပြိုင်ပွဲတစ်ခုရဲ့နာမည်ကြီးလိုမှု၊ သက်ကြီး ကံကောင်းချိန်မှ ဇနီးသည်နှင့်သေကွဲ ကွဲရပြီ’’ စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြ ပေးသွားပါမယ်။

ပရိသတ်ထင်ကြေးနဲ့ လက်တွေ့ ထပ်တူကျခဲ့သူနှစ်ဦး

စက်တင်ဘာလ ပထမအပတ်မှာ မြန်မာနိုင်ငံရဲ့လူကြိုက်များ အောင်မြင်လျက်ရှိတဲ့ မင်းသားဟိန်းဝေယံနဲ့ မင်းသမီး စိုးပြည့်သဇင်တို့ရဲ့မင်္ဂလာသတင်းက Facebook,TikTok စတဲ့ ဆိုရှယ်လူမှုကွန်ရက်တစ်ခွင်မှာ ထိပ်ဆုံးက နေရာယူနိုင်ခဲ့ပါတယ်။ ငယ်ဇင်အတွဲအဖြစ် ၎င်းတို့ရဲ့ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဝေါ်ခဲ့ကြတာ နှစ်ကာလကြာချီနေပြီ ဖြစ်ပြီး ရွှေဆိုင်ဖွင့်ပွဲတစ်ခုမှာ ၎င်းတို့ကိုယ်တိုင်က ချစ်သူတွေဖြစ်နေပြီဖြစ်ကြောင်းကို တရားဝင်အသိပေးခဲ့ခြင်း ဖြစ်ပါတယ်။
ရင်းနှီးခင်မင်တဲ့အနုပညာမောင်နှမတွေသာဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက မီဒီယာစာမျက်နှာထက် ထုတ်ဖော် ပြောခဲ့ကြပေမယ့် ချစ်သူသက်တမ်းက (၆) နှစ်ကျော်ရှိနေပြီဖြစ်ပြီး မင်္ဂလာပွဲကျင်းပဖို့ လပိုင်းအလိုမှသာ တရားဝင် ထုတ်ပြောခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ချစ်သူသက်တမ်းက ငါးနှစ်အထက်ဖြစ်နေတာကြောင့် ပရိသတ်အားလုံး အံ့အားသင့်ခဲ့ရပြီး၊ သိုသိုသိပ်သိပ် သတင်းကွယ်ဝှက်နိုင်ခဲ့မှုကို ချီးကျူးခဲ့ကြပါတယ်။ ငယ်ဇင်အတွဲကို အားပေးကြတဲ့ ပရိသတ်တွေကတော့ အတိုင်းထက်လွန်ကျေနပ်ခဲ့ကြပြီး ဂုဏ်ပြုစကားများလည်း ပြောထားကြတာကို တွေ့မြင်ရပါ တယ်။
“သူတို့ဟန်းနီးမွန်းထွက်မှပဲ လိုက်နှောင့်ယှက်တော့မယ်။ အသွင်တူတဲ့ လိုက်ဖက်တဲ့အတွဲလေး။ ဒီအစ်မကြီး စိတ်မှာ အထူးကျေနပ်ပီတိဖြစ်ရပါတယ်”လို့ ထပ်ဆင့်အကယ်ဒမီစိုးမြတ်သူဇာက ညီမဖြစ်သူ စိုးပြည့်သဇင်ရဲ့ မင်္ဂလာ သတင်းအတွက် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။
၎င်းတို့ရဲ့မင်္ဂလာပွဲအခမ်းအနားကို (၅) ပွဲတိတိ ကျင်းပသွားမှာဖြစ်ကြောင်း စိုးမြတ်သူဇာက အသိပေးထားကာ (၂၀၂၅) ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ခမ်းနားစွာကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Pre Wedding ဓာတ်ပုံကို တရုတ်နိုင်ငံမှာ ရိုက်ကူးသွားမှာဖြစ်ကြောင်း သတို့သမီးလောင်းရဲ့ဆွေမျိုးများ ပြောကြားချက်အရသိထားရပြီး၊ ကာယကံ ရှင်နှစ်ဦးကတော့ တရားဝင် ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။ အနုပညာရှင်တွေရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း တစ်စုံတစ်ရာ ထွက်ပေါ်လာပါက အတိတ်ဟောင်းများက ပြန်လည်နိုးထလေ့ရှိပြီး နှစ်ဖက်အသိုင်းအဝိုင်းကြား မင်္ဂလာ ယူချိန် တခြားတစ်ဖက်မှာတော့ ဟိန်းဝေယံရဲ့အတိတ်နဲ့ ပတ်သက်ပြီး ဝေဖန်ရေးအဖွဲ့တွေအတွက် သတင်းတစ်ပုဒ် ဖြစ်လို့နေပြန်တာကိုလည်း သတိပြုမိပါတယ်။



အဆိုပြိုင်ပွဲတစ်ခုရဲ့ ဒိုင်ဂယက်
သီချင်းဆိုပြိုင်ပွဲတွေအနက် Myanmar Star - 2025 သီချင်းဆိုပြိုင်ပွဲဟာ ပြိုင်ပွဲဝင်တွေအတွက် စိတ်ကျေနပ်မှု မရရှိနိုင်ကြောင်း ‌ထောက်ပြသူတွေရှိလာပါတယ်။ အကြောင်းရင်းမှာ အကဲဖြတ်ဒိုင် ရွေးချယ်မှုကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။ 2025 Myanmar Star လူရွေးချယ်ပွဲ စတင်ဖို့ အကဲဖြတ်ဒိုင် မိတ်ဆက်ချိန်မှာ တေးသံရှင် ရေဗက္ကာ ဝင်းနဲ့အတူ အဆိုတော်/အလှမယ် ခင်ရတနာစိုးကို အကဲဖြတ်ဒိုင်မှာ အတူထိုင်ခွင့်ပေးချိန်ကနေ စတင်ကာ ပွဲစီစဉ်သူကို ပြစ်တင်ရှုတ်ချခဲ့တာပါ။
ရေဗက္ကာဝင်းက ဂီတလောကမှာ နာမည်ပျက်မရှိသူဖြစ်ပြီး၊ ဂီတသက်တမ်းအရ ဝါသမ္ဘာရင့် သူတစ်ဦးဖြစ်တဲ့ အတွက် ခင်ရတနာစိုးနဲ့အတူ တွဲဖက်ဒိုင်အဖြစ် ထိုင်ရခြင်းက မသင့်တော်ကြောင်း၊ ခင်ရတနာစိုးအနေနဲ့ အသက်အရွယ် အရလည်း ဒိုင်နေရာမှာမထိုင်သင့်သေးကြောင်း ထောက်ပြခဲ့တာပါ။ တခြားတစ်ဖက်မှာတော့ ခင်ရတနာစိုးဟာ မြန်မာ့ ရိုးရာဆိုင်းဝိုင်းကိုပိုင်နိုင်စွာ တီးခတ်နိုင်ရုံမက မြန်မာသံစဉ်သီချင်းကြီးများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆယ်စုနှစ်ချီ သီဆိုခဲ့ သူဖြစ်ပါတယ်။ ဒါ့အပြင် The Voice Myanmar Season-3 ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပြိုင်ပွဲ အတွေ့အကြုံကောင်းများစွာ ရှိထားသူဖြစ်ပါတယ်။ ဒါပေမဲ့ ခင်ရတနာစိုးက အိမ်ထောင်ပြိုကွဲပြီးနောက် အမျိုးသမီးအချင်းချင်း ချစ်ကြိုက်သူဖြစ် ကြောင်း ဝန်ခံခဲ့ရုံမက သူရဲ့စကားပြောဆိုမှုတွေအပေါ် ပရိသတ်လက်ခံအားပေးမှုနည်းပါးခဲ့ပါတယ်။ ဝေဖန်အကြံပြုမှု တွေပြည့်နှက်နေချိန်မှာ တခြားဒိုင်တစ်ဦးအဖြစ် ပရိသတ်ဂရုဏာသက်မှုကြောင့် စင်တင်ခံခဲ့ရတဲ့ အောင်ကိုကို ကို ဒိုင် အဖြစ်ထိုင်စေခဲ့ပြန်ပါတယ်။ အဆိုပါသီချင်းဆိုပြိုင်ပွဲရဲ့ ပွဲစီစဉ်မှုကိုကြည့်ခြင်းအားဖြင့် “လာရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေကို အထင်အမြင်သေးသလားနဲ့ ပြိုင်ပွဲကို လူသိများလိုမှုကြောင့် လူဝေဖန်မှုမြင့်တက်အောင် လုပ်ဆောင်နေ သလား” လို့ မေးခွန်းထုတ်ခံနေရပါပြီ။ တစ်ချိန်တည်းမှာပဲ ၎င်းတို့ရွေးချယ်ထားတဲ့ ခင်ရတနာစိုးနဲ့ အောင်ကိုကိုတို့က စိတ်သဘောထားခြင်းမတိုက်ဆိုင်ဘဲ ကင်မရာရှေ့မှောက်မှာ ငြင်းခုံမှုတွေဖြစ်ခဲ့ကြတာကိုလည်း မှတ်တမ်းတင်ဖော်ပြခဲ့ ပြန်ပါတယ်။
“ညီမတို့က ရှေ့ (၂) နှစ်မှာ Blind Audition အဆင့်တွေက အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်မှပဲ မအောင်တာတော့ ဘာ့ကြောင့်လဲ ညီမတော့ မသိဘူး” လို့ ပြိုင်ပွဲဝင် အမျိုးသမီးငယ်နှစ်ဦးက ခင်ရတနာစိုးနဲ့ အောင်ကိုကိုရဲ့ အကဲဖြတ်မှု အပေါ် တုံ့ပြန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဝါသနာရှင် လူငယ်တွေအတွက် အနုပညာလောကထဲလျှောက်လှမ်းနိုင်ဖို့ ပြိုင်ပွဲတွေက လမ်းစတစ်ခုဖြစ်ပြီး ၎င်းတို့ကိုအကဲဖြတ်ပေးမယ့် အကဲဖြတ်ဒိုင်ကို ၎င်းတို့လေးစားအားကျတဲ့၊ ဝါရင့် ဂီတအနုပညာရှင်တွေဖြစ်စေလိုတာ ဓမ္မတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကကျင်းပခဲ့တဲ့ ဆိုကြမယ် ပျော်ကြမယ်၊ အိပ်မက်ဆုံရာ၊ Myanmar Idol စတဲ့ သီချင်းဆိုပြိုင်ပွဲတွေဟာ လူစိတ်ဝင်စားမှုအများဆုံး ရရှိခဲ့ပြီး၊ အရည်အချင်းရှိတဲ့ ဂီတမျိုးဆက်သစ်များစွာကို မွေးထုတ် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

သက်ကြီးကံကောင်းချိန်မှ ဇနီးသည်နှင့် သေကွဲ ကွဲရပြီ
ဝါရင့်လူရွှင်တော် သရုပ်ဆောင် တိမ်ညွန့်ရဲ့ဇနီး အငြိမ့်မင်းသမီး ဒေါ်ယုမိစံ(ခ) ဒေါ်အေးမိ ကွယ်လွန်ဆုံးပါး သွားပြီဖြစ်ပါတယ်။ ကွယ်လွန်သူ ဒေါ်ယုမိစံ အသက်(၆၅)နှစ်က ‌ကျောက်ကပ်ရောဂါဝေဒနာကို ခံစားခဲ့ရသူဖြစ်ပြီး၊ ရောဂါဖြစ်နေကြောင်းသိရှိချိန် သုံးလခန့်သာကြာမြင့်ခဲ့ပြီး ဩဂုတ်လ (၃၁) ရက် ည (၉)နာရီ (၅၄) မိနစ်မှာပဲ လူ့လောကကို အပြီးနှုတ်ဆက် ထွက်ခွာသွားပြီဖြစ်ပါတယ်။
နာရေးဈာပနအခမ်းအနားကို စက်တင်ဘာလ (၂) ရက်က ကွယ်လွန်သူ ဒေါ်ယုမိစံရဲ့ ကြွင်းကျန်ရုပ် အလောင်း ကို ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ ကျီစုသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး မိသားစုဝင်များ၊ သဘင်နှင့် ဟာသ ပညာရှင်အစည်းအရုံးတာဝန်ရှိ လူရွှင်တော်အဖွဲ့သားများ၊ မိတ်ဆွေများ လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။
ဦးတိမ်ညွန့်က ဇနီးသည်ရဲ့နာရေးအခမ်းအနားမှာ ဖြေမဆည်နိုင်အောင် ငိုကြွေးမိခဲ့ပြီး ‘မရှိအတူရှိ အတူ နေထိုင်ခဲ့တဲ့ ဇနီးကိုပဲ ပြန်လိုချင်မိတယ်’ လို့ တမ်းတငိုကြွေးခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
၎င်းတို့ဇနီးမောင်နှံက နှစ်ပေါင်း (၅၀) ကျော် အိမ်ငှားဘဝနဲ့နေထိုင်ခဲ့ရပြီး (၂၀၂၅) ခုနှစ် နှစ်စပိုင်းမှာ မွေးစားသားက အိမ်ပိုင်တစ်လုံး ကန်တော့ခဲ့တာကြောင့် ကိုယ်ပိုင်အိမ်နဲ့နေထိုင်ခွင့်ရရှိခဲ့တာ လအပိုင်းအခြားသာ ရှိပါသေးတယ်။ ဒါကြောင့်လည်း ဦးတိမ်ညွန့်က ဇနီးဖြစ်သူအတွက် ဖြေမဆည်နိုင်အောင်ဖြစ်နေရခြင်းပါ။
ဦးတိမ်ညွန့်တို့ဇနီးမောင်နှံက အငြိမ့်သဘင်သည် ဖူးစာတွေဖြစ်ကြပြီး လူရွှင်တော်နဲ့အငြိမ့်မင်းသမီးရဲ့ အချစ် ဇာတ်လမ်းလေးဖြစ်ပါတယ်။ ၎င်းတို့ရဲ့အိမ်ထောင် သက်တမ်းအမှတ်တရအဖြစ်ရိုက်ကူး ခဲ့တဲ့ အဆိုတော် ဘန်နီဖြိုးရဲ့ ‘ကမ္ဘာအဆက်ဆက်’ သီချင်း Music Video က အမှတ်တရတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ပါတော့တယ်။
ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

zagyi version

‘ မဂၤလာယူခ်ိန္အဖ်က္ဝင္မႈ ’ (အႏုပညာသတင္း အႏွစ္ခ်ဳပ္)

အိျဖဴ (NP News) - စက္တင္ဘာလ ၇

NP News ရဲ႕အႏုပညာ အႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ ‘‘ပရိသတ္ထင္ေၾကးနဲ႔လက္ေတြ႕ ထပ္တူက်ခဲ့ သူႏွစ္ဦး၊ အဆိုၿပိဳင္ပြဲတစ္ခုရဲ႕နာမည္ႀကီးလိုမႈ၊ သက္ႀကီး ကံေကာင္းခ်ိန္မွ ဇနီးသည္ႏွင့္ေသကြဲ ကြဲရၿပီ’’ စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပ ေပးသြားပါမယ္။

ပရိသတ္ထင္ေၾကးနဲ႔ လက္ေတြ႕ ထပ္တူက်ခဲ့သူႏွစ္ဦး

စက္တင္ဘာလ ပထမအပတ္မွာ ျမန္မာႏိုင္ငံရဲ႕လူႀကိဳက္မ်ား ေအာင္ျမင္လ်က္ရွိတဲ့ မင္းသားဟိန္းေဝယံနဲ႔ မင္းသမီး စိုးျပည့္သဇင္တို႔ရဲ႕မဂၤလာသတင္းက Facebook,TikTok စတဲ့ ဆိုရွယ္လူမႈကြန္ရက္တစ္ခြင္မွာ ထိပ္ဆုံးက ေနရာယူႏိုင္ခဲ့ပါတယ္။ ငယ္ဇင္အတြဲအျဖစ္ ၎တို႔ရဲ႕ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ေခၚေဝၚခဲ့ၾကတာ ႏွစ္ကာလၾကာခ်ီေနၿပီ ျဖစ္ၿပီး ေ႐ႊဆိုင္ဖြင့္ပြဲတစ္ခုမွာ ၎တို႔ကိုယ္တိုင္က ခ်စ္သူေတြျဖစ္ေနၿပီျဖစ္ေၾကာင္းကို တရားဝင္အသိေပးခဲ့ျခင္း ျဖစ္ပါတယ္။
ရင္းႏွီးခင္မင္တဲ့အႏုပညာေမာင္ႏွမေတြသာျဖစ္ေၾကာင္း ၎တို႔ႏွစ္ဦးက မီဒီယာစာမ်က္ႏွာထက္ ထုတ္ေဖာ္ ေျပာခဲ့ၾကေပမယ့္ ခ်စ္သူသက္တမ္းက (၆) ႏွစ္ေက်ာ္ရွိေနၿပီျဖစ္ၿပီး မဂၤလာပြဲက်င္းပဖို႔ လပိုင္းအလိုမွသာ တရားဝင္ ထုတ္ေျပာခဲ့ျခင္းျဖစ္ပါတယ္။ ၎တို႔ႏွစ္ဦးရဲ႕ခ်စ္သူသက္တမ္းက ငါးႏွစ္အထက္ျဖစ္ေနတာေၾကာင့္ ပရိသတ္အားလုံး အံ့အားသင့္ခဲ့ရၿပီး၊ သိုသိုသိပ္သိပ္ သတင္းကြယ္ဝွက္ႏိုင္ခဲ့မႈကို ခ်ီးက်ဴးခဲ့ၾကပါတယ္။ ငယ္ဇင္အတြဲကို အားေပးၾကတဲ့ ပရိသတ္ေတြကေတာ့ အတိုင္းထက္လြန္ေက်နပ္ခဲ့ၾကၿပီး ဂုဏ္ျပဳစကားမ်ားလည္း ေျပာထားၾကတာကို ေတြ႕ျမင္ရပါ တယ္။
“သူတို႔ဟန္းနီးမြန္းထြက္မွပဲ လိုက္ေႏွာင့္ယွက္ေတာ့မယ္။ အသြင္တူတဲ့ လိုက္ဖက္တဲ့အတြဲေလး။ ဒီအစ္မႀကီး စိတ္မွာ အထူးေက်နပ္ပီတိျဖစ္ရပါတယ္”လို႔ ထပ္ဆင့္အကယ္ဒမီစိုးျမတ္သူဇာက ညီမျဖစ္သူ စိုးျပည့္သဇင္ရဲ႕ မဂၤလာ သတင္းအတြက္ ဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။
၎တို႔ရဲ႕မဂၤလာပြဲအခမ္းအနားကို (၅) ပြဲတိတိ က်င္းပသြားမွာျဖစ္ေၾကာင္း စိုးျမတ္သူဇာက အသိေပးထားကာ (၂၀၂၅) ခုႏွစ္ ႏွစ္ကုန္ပိုင္းအတြင္း ခမ္းနားစြာက်င္းပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ Pre Wedding ဓာတ္ပုံကို တ႐ုတ္ႏိုင္ငံမွာ ႐ိုက္ကူးသြားမွာျဖစ္ေၾကာင္း သတို႔သမီးေလာင္းရဲ႕ေဆြမ်ိဳးမ်ား ေျပာၾကားခ်က္အရသိထားရၿပီး၊ ကာယကံ ရွင္ႏွစ္ဦးကေတာ့ တရားဝင္ ထုတ္ေဖာ္ေျပာၾကားတာမ်ိဳး မရွိေသးပါဘူး။ အႏုပညာရွင္ေတြရဲ႕ပုဂၢိဳလ္ေရးဆိုင္ရာ သတင္း တစ္စုံတစ္ရာ ထြက္ေပၚလာပါက အတိတ္ေဟာင္းမ်ားက ျပန္လည္ႏိုးထေလ့ရွိၿပီး ႏွစ္ဖက္အသိုင္းအဝိုင္းၾကား မဂၤလာ ယူခ်ိန္ တျခားတစ္ဖက္မွာေတာ့ ဟိန္းေဝယံရဲ႕အတိတ္နဲ႔ ပတ္သက္ၿပီး ေဝဖန္ေရးအဖြဲ႕ေတြအတြက္ သတင္းတစ္ပုဒ္ ျဖစ္လို႔ေနျပန္တာကိုလည္း သတိျပဳမိပါတယ္။



အဆိုၿပိဳင္ပြဲတစ္ခုရဲ႕ ဒိုင္ဂယက္
သီခ်င္းဆိုၿပိဳင္ပြဲေတြအနက္ Myanmar Star - 2025 သီခ်င္းဆိုၿပိဳင္ပြဲဟာ ၿပိဳင္ပြဲဝင္ေတြအတြက္ စိတ္ေက်နပ္မႈ မရရွိႏိုင္ေၾကာင္း ‌ေထာက္ျပသူေတြရွိလာပါတယ္။ အေၾကာင္းရင္းမွာ အကဲျဖတ္ဒိုင္ ေ႐ြးခ်ယ္မႈေၾကာင့္ျဖစ္တယ္လို႔ ဆိုၾကပါတယ္။ 2025 Myanmar Star လူေ႐ြးခ်ယ္ပြဲ စတင္ဖို႔ အကဲျဖတ္ဒိုင္ မိတ္ဆက္ခ်ိန္မွာ ေတးသံရွင္ ေရဗကၠာ ဝင္းနဲ႔အတူ အဆိုေတာ္/အလွမယ္ ခင္ရတနာစိုးကို အကဲျဖတ္ဒိုင္မွာ အတူထိုင္ခြင့္ေပးခ်ိန္ကေန စတင္ကာ ပြဲစီစဥ္သူကို ျပစ္တင္ရႈတ္ခ်ခဲ့တာပါ။
ေရဗကၠာဝင္းက ဂီတေလာကမွာ နာမည္ပ်က္မရွိသူျဖစ္ၿပီး၊ ဂီတသက္တမ္းအရ ဝါသမာၻရင့္ သူတစ္ဦးျဖစ္တဲ့ အတြက္ ခင္ရတနာစိုးနဲ႔အတူ တြဲဖက္ဒိုင္အျဖစ္ ထိုင္ရျခင္းက မသင့္ေတာ္ေၾကာင္း၊ ခင္ရတနာစိုးအေနနဲ႔ အသက္အ႐ြယ္ အရလည္း ဒိုင္ေနရာမွာမထိုင္သင့္ေသးေၾကာင္း ေထာက္ျပခဲ့တာပါ။ တျခားတစ္ဖက္မွာေတာ့ ခင္ရတနာစိုးဟာ ျမန္မာ့ ႐ိုးရာဆိုင္းဝိုင္းကိုပိုင္ႏိုင္စြာ တီးခတ္ႏိုင္႐ုံမက ျမန္မာသံစဥ္သီခ်င္းႀကီးမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ဆယ္စုႏွစ္ခ်ီ သီဆိုခဲ့ သူျဖစ္ပါတယ္။ ဒါ့အျပင္ The Voice Myanmar Season-3 ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ၿပီး ၿပိဳင္ပြဲ အေတြ႕အႀကဳံေကာင္းမ်ားစြာ ရွိထားသူျဖစ္ပါတယ္။ ဒါေပမဲ့ ခင္ရတနာစိုးက အိမ္ေထာင္ၿပိဳကြဲၿပီးေနာက္ အမ်ိဳးသမီးအခ်င္းခ်င္း ခ်စ္ႀကိဳက္သူျဖစ္ ေၾကာင္း ဝန္ခံခဲ့႐ုံမက သူရဲ႕စကားေျပာဆိုမႈေတြအေပၚ ပရိသတ္လက္ခံအားေပးမႈနည္းပါးခဲ့ပါတယ္။ ေဝဖန္အႀကံျပဳမႈ ေတြျပည့္ႏွက္ေနခ်ိန္မွာ တျခားဒိုင္တစ္ဦးအျဖစ္ ပရိသတ္ဂ႐ုဏာသက္မႈေၾကာင့္ စင္တင္ခံခဲ့ရတဲ့ ေအာင္ကိုကို ကို ဒိုင္ အျဖစ္ထိုင္ေစခဲ့ျပန္ပါတယ္။ အဆိုပါသီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ပြဲစီစဥ္မႈကိုၾကည့္ျခင္းအားျဖင့္ “လာေရာက္ယွဥ္ၿပိဳင္မယ့္ ၿပိဳင္ပြဲဝင္ေတြကို အထင္အျမင္ေသးသလားနဲ႔ ၿပိဳင္ပြဲကို လူသိမ်ားလိုမႈေၾကာင့္ လူေဝဖန္မႈျမင့္တက္ေအာင္ လုပ္ေဆာင္ေန သလား” လို႔ ေမးခြန္းထုတ္ခံေနရပါၿပီ။ တစ္ခ်ိန္တည္းမွာပဲ ၎တို႔ေ႐ြးခ်ယ္ထားတဲ့ ခင္ရတနာစိုးနဲ႔ ေအာင္ကိုကိုတို႔က စိတ္သေဘာထားျခင္းမတိုက္ဆိုင္ဘဲ ကင္မရာေရွ႕ေမွာက္မွာ ျငင္းခုံမႈေတြျဖစ္ခဲ့ၾကတာကိုလည္း မွတ္တမ္းတင္ေဖာ္ျပခဲ့ ျပန္ပါတယ္။
“ညီမတို႔က ေရွ႕ (၂) ႏွစ္မွာ Blind Audition အဆင့္ေတြက ေအာင္ျမင္ခဲ့ပါတယ္။ ဒီႏွစ္မွပဲ မေအာင္တာေတာ့ ဘာ့ေၾကာင့္လဲ ညီမေတာ့ မသိဘူး” လို႔ ၿပိဳင္ပြဲဝင္ အမ်ိဳးသမီးငယ္ႏွစ္ဦးက ခင္ရတနာစိုးနဲ႔ ေအာင္ကိုကိုရဲ႕ အကဲျဖတ္မႈ အေပၚ တုံ႔ျပန္ေျပာဆိုမႈေတြလည္း ရွိခဲ့ပါတယ္။
ဝါသနာရွင္ လူငယ္ေတြအတြက္ အႏုပညာေလာကထဲေလွ်ာက္လွမ္းႏိုင္ဖို႔ ၿပိဳင္ပြဲေတြက လမ္းစတစ္ခုျဖစ္ၿပီး ၎တို႔ကိုအကဲျဖတ္ေပးမယ့္ အကဲျဖတ္ဒိုင္ကို ၎တို႔ေလးစားအားက်တဲ့၊ ဝါရင့္ ဂီတအႏုပညာရွင္ေတြျဖစ္ေစလိုတာ ဓမၼတာပါ။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္ကက်င္းပခဲ့တဲ့ ဆိုၾကမယ္ ေပ်ာ္ၾကမယ္၊ အိပ္မက္ဆုံရာ၊ Myanmar Idol စတဲ့ သီခ်င္းဆိုၿပိဳင္ပြဲေတြဟာ လူစိတ္ဝင္စားမႈအမ်ားဆုံး ရရွိခဲ့ၿပီး၊ အရည္အခ်င္းရွိတဲ့ ဂီတမ်ိဳးဆက္သစ္မ်ားစြာကို ေမြးထုတ္ ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

သက္ႀကီးကံေကာင္းခ်ိန္မွ ဇနီးသည္ႏွင့္ ေသကြဲ ကြဲရၿပီ
ဝါရင့္လူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ တိမ္ၫြန႔္ရဲ႕ဇနီး အၿငိမ့္မင္းသမီး ေဒၚယုမိစံ(ခ) ေဒၚေအးမိ ကြယ္လြန္ဆုံးပါး သြားၿပီျဖစ္ပါတယ္။ ကြယ္လြန္သူ ေဒၚယုမိစံ အသက္(၆၅)ႏွစ္က ‌ေက်ာက္ကပ္ေရာဂါေဝဒနာကို ခံစားခဲ့ရသူျဖစ္ၿပီး၊ ေရာဂါျဖစ္ေနေၾကာင္းသိရွိခ်ိန္ သုံးလခန႔္သာၾကာျမင့္ခဲ့ၿပီး ဩဂုတ္လ (၃၁) ရက္ ည (၉)နာရီ (၅၄) မိနစ္မွာပဲ လူ႔ေလာကကို အၿပီးႏႈတ္ဆက္ ထြက္ခြာသြားၿပီျဖစ္ပါတယ္။
နာေရးဈာပနအခမ္းအနားကို စက္တင္ဘာလ (၂) ရက္က ကြယ္လြန္သူ ေဒၚယုမိစံရဲ႕ ႂကြင္းက်န္႐ုပ္ အေလာင္း ကို ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဒဂုံၿမိဳ႕နယ္ရွိ က်ီစုသုသာန္မွာ သၿဂႋဳဟ္ခဲ့ၿပီး မိသားစုဝင္မ်ား၊ သဘင္ႏွင့္ ဟာသ ပညာရွင္အစည္းအ႐ုံးတာဝန္ရွိ လူ႐ႊင္ေတာ္အဖြဲ႕သားမ်ား၊ မိတ္ေဆြမ်ား လိုက္လံပို႔ေဆာင္ခဲ့ၾကပါတယ္။
ဦးတိမ္ၫြန႔္က ဇနီးသည္ရဲ႕နာေရးအခမ္းအနားမွာ ေျဖမဆည္ႏိုင္ေအာင္ ငိုေႂကြးမိခဲ့ၿပီး ‘မရွိအတူရွိ အတူ ေနထိုင္ခဲ့တဲ့ ဇနီးကိုပဲ ျပန္လိုခ်င္မိတယ္’ လို႔ တမ္းတငိုေႂကြးခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
၎တို႔ဇနီးေမာင္ႏွံက ႏွစ္ေပါင္း (၅၀) ေက်ာ္ အိမ္ငွားဘဝနဲ႔ေနထိုင္ခဲ့ရၿပီး (၂၀၂၅) ခုႏွစ္ ႏွစ္စပိုင္းမွာ ေမြးစားသားက အိမ္ပိုင္တစ္လုံး ကန္ေတာ့ခဲ့တာေၾကာင့္ ကိုယ္ပိုင္အိမ္နဲ႔ေနထိုင္ခြင့္ရရွိခဲ့တာ လအပိုင္းအျခားသာ ရွိပါေသးတယ္။ ဒါေၾကာင့္လည္း ဦးတိမ္ၫြန႔္က ဇနီးျဖစ္သူအတြက္ ေျဖမဆည္ႏိုင္ေအာင္ျဖစ္ေနရျခင္းပါ။
ဦးတိမ္ၫြန႔္တို႔ဇနီးေမာင္ႏွံက အၿငိမ့္သဘင္သည္ ဖူးစာေတြျဖစ္ၾကၿပီး လူ႐ႊင္ေတာ္နဲ႔အၿငိမ့္မင္းသမီးရဲ႕ အခ်စ္ ဇာတ္လမ္းေလးျဖစ္ပါတယ္။ ၎တို႔ရဲ႕အိမ္ေထာင္ သက္တမ္းအမွတ္တရအျဖစ္႐ိုက္ကူး ခဲ့တဲ့ အဆိုေတာ္ ဘန္နီၿဖိဳးရဲ႕ ‘ကမာၻအဆက္ဆက္’ သီခ်င္း Music Video က အမွတ္တရတစ္ခုအျဖစ္သာ က်န္ရစ္ခဲ့ပါေတာ့တယ္။
ဒီတစ္ပတ္အတြက္ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.