ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ကောင်းမွန်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 356

သန့်ဇင်(NP News)-စက်တင်ဘာ ၇
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ကောင်းမွန်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယမန်နေ့( စက်တင်ဘာလ ၆ရက်) ညနေပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော် သို့ ပြန်လည် ရောက် ရှိစဉ် မီဒီယာများ၏မေးမြန်းမှုအပေါ် ဗိုလ်ချုပ် ဇော် င်းထွန်းက အထက်ပါကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအခြေအနေမှာကောင်းမွန်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်အား လွှမ်းမိုး ရန်လုပ်ကြံထားသည့် သတင်းတစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံရောက်တဲ့အချိန်မှာ အချိန်ကိုက်ပဲ SCO အစည်းအဝေးပြီးသွားတဲ့အချိန်၊ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားပြီးသွားတဲ့အချိန်မှာ မီဒီယာတွေတော်တော်များများ မြန်မာခေါင်းဆောင်တက်ရောက်တဲ့ဟာတွေ၊ မြန်မာခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေ ပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ တစ်ဖက်က ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့သတင်းတစ်ခုကို ထုတ်လိုက်တာဖြစ်ပါတယ်။ သို့သော် သူတို့ပြောတဲ့ဟာတွေ မအောင်မြင်ပါဘူး။ ဒီသတင်းကို လွှမ်းမိုးဖို့ လုပ်ကြံတယ်ဆိုပေမယ့် ကျွန်တော်တို့လည်း အချိန်မီဖြေရှင်းခဲ့ပါတယ်။ အခုမီဒီယာတွေရှေ့မှာ အတိအလင်းပြောပါမယ်။ ဒီသတင်းသည် သတင်းတု သတင်းမှားဖြစ်ပါတယ်။ လုပ်ကြံတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ ဒီခရီးစဉ်ကို မှေးမှိန်လိုတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံကို မလိုလားတဲ့၊ ကျွန်တော်တို့ တိုးတက်မှာကို မလိုလားတဲ့ လူတွေက ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးပိုင်းဆိုင်ရာအခြေအနေဆိုးရွားလာနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရး ေကာင္းမြန္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
သန႔္ဇင္(NP News)-စက္တင္ဘာ ၇
ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရး ေကာင္းမြန္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကထုတ္ေဖာ္ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ ယမန္ေန႔( စက္တင္ဘာလ ၆ရက္) ညေနပိုင္းတြင္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ စီခြၽမ္ျပည္နယ္ ခ်န္ဒူးၿမိဳ႕ရွိ Chengdu Shuangliu အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ေနျပည္ေတာ္ သို႔ ျပန္လည္ ေရာက္ ရွိစဥ္ မီဒီယာမ်ား၏ေမးျမန္းမႈအေပၚ ဗိုလ္ခ်ဳပ္ ေဇာ္ င္းထြန္းက အထက္ပါကဲ့သို႔ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဒၚေအာင္ဆန္းစုၾကည္၏က်န္းမာေရးအေျခအေနမွာေကာင္းမြန္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ တ႐ုတ္ျပည္ခရီးစဥ္အား လႊမ္းမိုး ရန္လုပ္ႀကံထားသည့္ သတင္းတစ္ခုျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ေဒၚေအာင္ဆန္းစုၾကည္နဲ႔ပတ္သက္ၿပီး က်န္းမာေရးေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ တ႐ုတ္ႏိုင္ငံေရာက္တဲ့အခ်ိန္မွာ အခ်ိန္ကိုက္ပဲ SCO အစည္းအေဝးၿပီးသြားတဲ့အခ်ိန္၊ တ႐ုတ္ျပည္သူမ်ား၏ ဂ်ပန္ခုခံေတာ္လွန္ေရးစစ္ပြဲႏွင့္ ကမာၻ႔ဖက္ဆစ္ ဆန႔္က်င္ေရးစစ္ပြဲေအာင္ႏိုင္ျခင္း ႏွစ္ (၈၀) ျပည့္ အခမ္းအနားၿပီးသြားတဲ့အခ်ိန္မွာ မီဒီယာေတြေတာ္ေတာ္မ်ားမ်ား ျမန္မာေခါင္းေဆာင္တက္ေရာက္တဲ့ဟာေတြ၊ ျမန္မာေခါင္းေဆာင္ရဲ႕ လုပ္ေဆာင္ခ်က္ေတြ ေပၚလာတယ္။ ေပၚလာတဲ့အခ်ိန္မွာ တစ္ဖက္က ဒီသတင္းကို လႊမ္းမိုးဖို႔အတြက္ လုပ္ႀကံတဲ့သတင္းတစ္ခုကို ထုတ္လိုက္တာျဖစ္ပါတယ္။ သို႔ေသာ္ သူတို႔ေျပာတဲ့ဟာေတြ မေအာင္ျမင္ပါဘူး။ ဒီသတင္းကို လႊမ္းမိုးဖို႔ လုပ္ႀကံတယ္ဆိုေပမယ့္ ကြၽန္ေတာ္တို႔လည္း အခ်ိန္မီေျဖရွင္းခဲ့ပါတယ္။ အခုမီဒီယာေတြေရွ႕မွာ အတိအလင္းေျပာပါမယ္။ ဒီသတင္းသည္ သတင္းတု သတင္းမွားျဖစ္ပါတယ္။ လုပ္ႀကံတဲ့သတင္းတစ္ခုျဖစ္ပါတယ္။ ဒီခရီးစဥ္ကို ေမွးမွိန္လိုတဲ့အတြက္ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံကို မလိုလားတဲ့၊ ကြၽန္ေတာ္တို႔ တိုးတက္မွာကို မလိုလားတဲ့ လူေတြက ထုတ္လႊင့္တဲ့ ထုတ္လႊင့္ခ်က္ျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
ေဒၚေအာင္ဆန္းစုၾကည္သည္ ႏွလုံးပိုင္းဆိုင္ရာအေျခအေနဆိုး႐ြားလာေနေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက သတင္းမ်ားထြက္ေပၚခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.