တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

392

ပြည့်ဖြိုး (NP News)
ပြည်တွင်းဈေးကွက်အတွင်း အပြောင်းအလဲများ ဖြစ်လာနိုင်သော စက်တင်ဘာလဆန်းသို့ ရောက်ရှိလာပြီ ဖြစ်ရာ ယခုရက်ပိုင်းအတွင်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ မိုးရာသီကာလ နှောင်းပိုင်းသို့ ရောက်ရှိလာပြီ ဖြစ်ပြီး မုတ်သုံလေ ဆုတ်ခွာမှုနှင့်အတူ ပွင့်လင်းရာသီဥတုသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ဆန်စပါး လုပ်ငန်းအချို့ မှာရိတ်သိမ်းချိန်ရောက်ရှိလာပြီး ပြည်တွင်းဆန်ဈေး ကွက်အတွင်း ဆန်ဈေးကျဆင်းခြင်းများ ကြုံတွေ့ နေရကြောင်း တောင်သူအချို့မှ ပြောကြားသည်။ ပွင့်လင်းရာသီရောက်ရှိလာသော်လည်း ဆောက်လုပ်ရေးလုပ်ငန်း အများစုမှာရပ်နား ထားရဆဲဖြစ်ပြီး အဓိကအခက်အခဲဖြစ်သော ဆောက်လုပ်ရေး လုပ်ငန်းသုံးကုန်စည်များကို သက်ဆိုင်ရာမှတင်သွင်းခွင့် ရပ်ဆိုင်းထားခြင်းကြောင့်ဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းတွင် အများစုမှာဘိလပ်မြေနှင့် သံကိုသာအဓိကဟု ထင်မြင်ကြသော်လည်း အခြားလို အပ်သောကုန်စည်အများစုမှာ သက်ဆိုင်ရာမှ ပြည်ပမှတင်သွင်း ခွင့်ပါမစ်များ ပိတ်ပင်ထားဆဲဖြစ်ရာ လိုအပ်ချက်ကြီး မားနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှပြောကြားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေ အနေမှာ ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများòန်ကြားမှု ဦးစီဌာနမှ တရားဝင်ထုတ်ပြန် သောစာရင်းများအရ ဒေါ်လာ (၁၁၈)သန်းဝင်းကျင်သာပြည်တွင်းသို့ဝင်ရောက်ကြောင်း သိရသည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကျဆင်းခြင်းသည် ပြည်တွင်းနိုင်ငံခြားငွေလိုအပ်ချက်ကို ပိုမိုဖြစ်ပေါ်စေရုံသာမက ဘဲစီးပွားရေးတိုးတက်မှုကို လည်း အဟန့်အတားဖြစ် စေနိုင်သည်။
ပြည်တွင်းစက်သုံးဆီဈေး ကွက်အတွင်း စက်သုံးဆီဈေးများတည်ငြိမ်သော အခြေအနေတွင်ဆက်လက်ရပ် တည်နေသော်လည်း စားသုံးဆီဈေးကွက်အတွင်းစားအုန်းဆီဈေးများ ပြန်လည်မြင့် တက်လာနေသည်။ စားအုန်းဆီကို ခွဲတမ်းဖြင့်ရောင်းချနေ ခြင်းကြောင့်သာ အခြေခံပြည်သူများအထိုက် အလျောက် အဆင်ပြေနေခြင်းဖြစ်ပြီး ပြင်ပ စားအုန်း ဆီမှောင်ခိုဈေးကွက်အတွင်းတွင် ဈေးနှုန်းများ ကြီးမြင့်နေဆဲဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက် အတွင်း ရွှေဈေးများပြန်လည်မြင့်တက်လာပြီး လတ်တလောတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၇)သိန်းခုနှစ်သောင်းအထိ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး နှုန်းအပေါ်မှုတည် ကာအပြောင်း အလဲဖြစ်ပေါ်နေ ဆဲဖြစ်ပြီး ပွင်းလင်းရာသီရောက်ချိန်တွင် ပိုမိုသိသာ လာနိုင်သည်။ လက်ရှိ ကမ္ဘာ့ရွှေဈေးသည် တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ (၃၅၀ဝ)ဝန်းကျင်သို့ ရောက်ရှိနေရာ ပြည်တွင်းရွှေဈေးမှာအထိုက်အ လျောက်မြင့်တက်လာခြင်းဖြစ်သည်။ ရွှေဈေးမြင့် တက်နေသော်လည်း ပြည်တွင်းငွေလဲနှုန်းမှာ အကျ ပိုင်းသို့ရောက် ရှိနေပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၃၃၀) ဝန်းကျင်ဖြင့် ပြင်ပဈေးကွက်တွင်အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။ လာမည့် ရက်ပိုင်းအတွင်း ဈေးကွက်အပြောင်းအလဲများ မြင်တွေ့ နိုင်မည်ဖြစ်ပြီး စက်တင်ဘာလသည် စောင့်ကြည့်ရ မည့်လတစ်လဖြစ်သည်။
(ပြည်တွင်းရွှေဈေးကွက်နှင့်ငွေလဲဈေးနှုန်း)
ပြည်တွင်းရွှေဈေးကွက်အတွင်း ဩဂုတ်လကုန်ပိုင်းက ရွှေဈေးများဆက်တိုက်ကျဆင်းခဲ့ရာမှ လက်ရှိ တွင် ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြန်လည်မြင့် တက်လာပြီဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် ဩဂုတ်လကုန်ပိုင်က တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ (၃၃၂၀)ခန့်အထိကျဆင်းခဲ့ရာမှ လက်ရှိ စက်တင်လာ (၂)ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၃၄၉) အထိ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်းရွှေ ဈေးသည်လည်း အထိုက်အလျှောက်ပြန်လည်မြင့် တက်လာရာ အခေါက်ရွှေတစ်ကျပ်သားလျှင် ဩဂုတ်လ (၂၇)ရက်နှင့် ဩဂုတ် (၂၈)တွင် (၇၆)သိန်းသုံး သောင်း၊ ဩဂုတ်လ (၂၉)ရက်တွင် (၇၆)သိန်း ရှစ်သောင်း ၊ ဩဂုတ်လ (၃၀)နှင့် (၃၁)ရက်တွင် (၇၇)သိန်းတစ်သောင်း၊ စက်တင် ဘာ(၁)ရက်တွင် (၇၇)သိန်းငါးသောင်းမှ လက်ရှိစက်တင်လာ(၂)ရက်တွင် (၇၇)သိန်းခုနှစ်သောင်းအထိ ရောက်ရှိလာ ပြီဖြစ်သည်။ ပြည်တွင်းအခေါက် ရွှေဈေးသည်ကမ္ဘာ့ရွှေ ဈေး၊ ပြည်တွင်းဒေါ်လာဈေးများနှင့်အတူ အပြောင်းအလဲ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ပြင်ပရွှေဈေးကွက်ဈေး နှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ အခေါက် ရွှေကို မှောင်ခိုစနစ်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြပြီး (၁၅)ပဲရည် ရွှေထည်ဈေးကွက်တွင်လည်း အရောင်း အဝယ်အေးနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှသိရသည်။ ရွှေအထည် (၁၅)ပဲရည်ဈေးမှာလည်း တစ်ကျပ်သားလျှင် (၇၃)သိန်း တစ်သောင်းခွဲအထိ ဈေးတန်းရှိနေပြီး အလျှော့ တွက်လက်ခပေါ်မူတည်ကာ အပြောင်းအလဲရှိနိုင် သည်။ လက်ရှိရွှေဈေးကွက်သည် ပွင်လင်းရာသီ စပါးပေါ်ချိန်ပဲပေါ်ချိန်တွင် ဈေးနှုန်းမြင့်တက်လေ့ရှိ သောကြောင့်လာ မည့်ရက်ပိုင်းအတွင်း ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။ ရွှေဈေးများ ပြန်လည်မြင့်တက်သော်လည်း ပြည်တွင်း ဒေါ်လာဈေးမှာ အနိမ့်ပိုင်းဖြင့်ဆက်လက်ရပ်တည်နေသည်။ ယခင် ဇွန်၊ ဇူလိုင်လများက အမေရိကန်ဒေါ်လာဈေးများမှာ တစ်ဒေါ်လာလျှင် (၄၅၀ဝ)ကျပ် ဝန်းကျင်ရှိနေရာမှ လက်ရှိတွင် တစ်ဒေါ်လာလျင် (၄၃၃၀)ကျပ်အထိ ကျဆင်းလာရာ အထွေထွေဈေးနှုန်းအပေါ် သက်ရောက်မှုရှိလာနိုင်ဖွယ်ရှိနေသည်။ ဒေါ်လာဈေးကျ ဆင်းရခြင်းမှာ ပို့ကုန်/သွင်းကုန် လုပ်ငန်းများအတွင်း ဒေါ်လာဝယ်ယူမှုကျဆင်းခြင်း နှင့်သက်ဆိုင်သည့်အပြင် ဗဟိုဘဏ်မှလည်းနိုင်ငံခြား ငွေများ ဆက်တိုက် ထုတ်ရောင်းနေခြင်းကြောင့် သက်ရောက်မှုများဖြစ် ပေါ်နေသည်။ ဗဟိုဘဏ်သည် နိုင်ငံခြားငွေများကို အွန်လိုင်း ဈေးကွက်မှထုတ်ရောင်းပေးနေခြင်းဖြစ်ပြီး သက်ဆိုင်ရာသွင်းကုန်လုပ်ငန်းများအနေဖြင့် ဗဟို ဘဏ်၏ ဈေးကွက်အတွင်း ဝင်ရောက်ဝယ်ယူနေရ ခြင်းဖြစ်သည်။ စက်တင်ဘာ(၁)ရက်တွင် ဗဟိုဘဏ်က CMP လုပ်ငန်း များမှဝယ်ယူထားသောအမေရိ ကန်ဒေါ်လာ ၁.၆၀၄ သန်းကို စက်သုံးဆီ ကုမ္ပဏီများအား ရောင်းချပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင်နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိအချိန်တွင် ကော့သောင်း-ရနောင်း လမ်း ကြောင်းတစ်ခုသာ ကျန်ရှိနေသဖြင့် ပြည်တွင်းဈေးကွက်အတွင်းဒေါ်လာလိုအပ်ချက်ကျဆင်းလာကြောင်း ကုန်သည် များက သုံးသပ်နေကြသည်။ လာမည့်ရက်ပိုင်းအတွင်း ဒေါ်လာဈေးဆက်လက် ကျဆင်းနေနိုင်ကြောင်းသိရသည်။
(နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းနှင့်မြန်မာ့စီးပွားရေး)
နိုင်ငံရေးအပြောင်းအလဲများမဖြစ်ပွားမီ (၂၀၂၀-၂၁) ဘဏ္ဍာနှစ်များဖြင့်နှိုင်းယှဉ်မည်ဆိုပါက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်ဝင် ရောက်ခြင်းသည် ဆိုးရွားစွာ ကျဆင်းနေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းသည် စီးပွားရေးတိုးတက်မှုကို ထိခိုက် စေရုံသာမက အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကိုလည်းဖြစ်ပေါ်စေနိုင်သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏများကို လေ့လာကြည့်ပါက (၂၀၂၀-၂၁)ဘဏ္ဍာနှစ်တွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၇၉၁)သန်း အထိရှိနေရာမှ လက်ရှိ (၂၀၂၃-၂၀၂၄-၂၀၂၅) ခုနှစ်များတွင်တစ်နှစ်ပါ တ်လုံးဒေါ်လာ သန်း(၆၆၀)ဝန်းကျင်အထိ ကျဆင်းလာသည်။ မြန်မာနိုင်ငံသည် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းနေရသည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းကြောင့် လည်း စီးပွားရေးကိုထိခိုက်နေရသည်။ (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံ (FDI) ပမာဏ အမေရိကန်ဒေါ်လာ (၁၁၈.၆၉၉) သန်း ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများòန်ကြားမှုဦးစီးဌာန DICA ၏ အချက်အလက်များအရသိရသည်။ လက်ရှိ(၄)လတာအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၂၆)ခု ဝင် ရောက်ထားပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၁၀၆.၂၉၁) သန်း တန်ဖိုးရှိကြောင်း သိရသည်။ ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းတွေရဲ့မတည်ငွေရင်း တိုးမြှင့်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၂.၄၀၈) သန်းဖိုး ရှိခဲ့ကြောင်း သိရသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှု ကဏ္ဍကို ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ် (၂၄)ခုအထိ အများဆုံးဝင်ရောက်ထားပြီး ရေနံနှင့် သဘာဝဓာတ် ငွေကဏ္ဍမှာ လုပ်ငန်းသစ်(၁)ခုနှင့် ဝန်ဆောင်မှု ကဏ္ဍကို လုပ်ငန်းသစ် (၁)ခု ဝင်ရောက်ထားသည်။ မွေးမြူရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းသစ်များ ဝင်ရောက်လာခြင်းမရှိဘဲ ရှိရင်းစွဲ လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းသာ ရှိခဲ့ကြောင်း DICA ၏ အချက်အလက်များအရသိရသည်။ ယခုဘဏ္ဍာနှစ် (၄)လတာအတွင်း မြန်မာနိုင်ငံမှာ တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံက စီးပွားရေး လုပ်ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း DICA မှ သိရသည်။ လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံသူ နိုင်ငံ၊ ဒေသပေါင်း (၅၃)ခုကသာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားကြခြင်းဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပြည်တွင်းစီးပွားရေးကဏ္ဍ (၁၂) ခု ရှိသည့်အနက် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် အများဆုံး ဝင်ရောက် ရင်းနှီးမြှုပ်နှံထား ခြင်းဖြစ်သည်။ အထက်ပါ အချက် အလက်များအရ မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဆက်လက် ကျဆင်းနေနိုင်ပြီးနိုင်ငံခြားငွေ လိုအပ်ချက်သည် လည်း ဆက်လက်ဖြစ်ပေါ်နေနိုင်သည်။ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကျဆင်းရခြင်းမှာ လျှပ်စစ်မီးရရှိမှု အပေါ် တွင်လည်းမှု တည်နေရာ လာမည့်ပွင့်လင်းရာသီတွင် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
(ပွင့်လင်းရာသီနှင့်ဆောက်လုပ်ရေး လုပ်ငန်းများ၏အနာဂတ်)
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းအများစုသည် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည် မရှိသောကြောင့် လုပ်ငန်းများ ရပ်တန့်နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည်ဟုဆိုပါက အများစုက သံနှင့်ဘိလပ်မြေကိုသာ အထင်ရောက်ပြီး ကျန်ကုန်စည်များကို လျစ်လျူရှုထားကြ ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးကြွေပြားများ၊ ပိုက်များ၊ လျှပ်စစ် ဝါယာကြိုးများ၊ အိမ်သုတ်ဆေး များအပါအဝင် ကုန်စည်အများစုမှာသက်ဆိုင်ရာမှ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်း လည်ပါတ်မှုရပ်ဆိုင်းသွား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးသည်ဆောက်လုပ်ရေးလုပ်ငန်းအများစု လုပ်ကိုင်နေရာ ပြည်တွင်းလုပ်သားဈေးကွက်အတွင်း အလုပ်အကိုင် အများစုကိုဖန်တီးပေးနိုင်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ငလျင်မတိုင်မီကာလ ကတည်းက ရပ်တန့်နေပြီး ငလျင်ပြီးနောက် ငလျင်ဒဏ်ခံနိုင်ရည် သတ်မှတ်ချက်များထွက်ပေါ်လာရာ အထပ်မြင့်အဆောက်အအုံလုပ်ငန်းများ လုံးဝနီးပါးရပ်ဆိုင်းသွား ကြောင်းသိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်စည်များဈေးမြင့်တက်နေသည့်အပြင် ဆောက်လုပ် ရေးလုပ်ငန်းသုံးကုန်ကို သွင်းကုန်ပါမစ် ထုတ်မပေးခြင်းကြောင့် လုပ်ငန်းရှင်များအခက်အခဲ ဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ ထပ်မြင့်အဆောက် အအုံများတွင် ဓာတ်လှေကားတပ်ဆင်လေ့ရှိရာဓာတ် လှေကားပါမစ်ကိုပါ ပိတ်ပင်ထားခြင်းကြောင့် လုပ်ငန်းများလည်ပတ်ရန်ခက်ခဲလာကြောင်းသိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းသုံးရေပိုက် သည် ပြည်တွင်းမှ အတန်အသင့်ထုတ်လုပ်နိုင်ခြင်းကြောင့်အ ခက်အခဲမရှိသော်လည်း ကျန်ကုန်စည်များမှာ ပြည်ပ မှ တင်သွင်းနေရခြင်းဖြစ်သည်။ ယခင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ဆောက်လုပ်ရေးလုပ် ငန်းသုံးကုန်စည် များ တင်သွင်းနေသော်လည်း လက်ရှိတွင် တင်သွင်းမှုလုံးဝရပ်နားထားရကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ဆောက်လုပ် ရေးလုပ်ငန်းရပ်ဆိုင်းပါက ပြည်တွင်းစီးပွားရေး ကိုထိခိုက်သည့် သာဓကများရှိနေခြင်းကြောင့် သက်ဆိုင် ရာအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍကို ပြန်လည် လေ့လာသုံးသပ် သင့်သည်။ လက်ရှိတွင် အထပ်မြင့်အဆောက်အအုံ များနှင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့မှာ အကြမ်းထည်သာဆောက်လုပ်ပြီး အချောထည်မကိုင်ဘဲရပ် နားထား ကြောင်း သိရသည်။ လာမည့်ပွင့်လင်းရာသီ ဘာလေးဘာကာလ(စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သည် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ရန် အချိန်ဖြစ်သော်လည်း လက်ရှိအချိန်အထိ ဆောက်လုပ်ရေး လုပ်ငန်းသုံးကုန်စည်များ သွင်းကုန်လိုင်စင်ပိတ်ထားဆဲဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံအတွက် အလုပ်အကိုင်ရရှိမှု နှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနိုင်သော ဆောက်လုပ်ရေးကဏ္ဍ၏ အလားအလာကို လာမည့် ရက်များအတွင်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)
ျပည္တြင္းေဈးကြက္အတြင္း အေျပာင္းအလဲမ်ား ျဖစ္လာႏိုင္ေသာ စက္တင္ဘာလဆန္းသို႔ ေရာက္ရွိလာၿပီ ျဖစ္ရာ ယခုရက္ပိုင္းအတြင္း ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ မိုးရာသီကာလ ေႏွာင္းပိုင္းသို႔ ေရာက္ရွိလာၿပီ ျဖစ္ၿပီး မုတ္သုံေလ ဆုတ္ခြာမႈႏွင့္အတူ ပြင့္လင္းရာသီဥတုသို႔ ဝင္ေရာက္လာျခင္းျဖစ္သည္။ ဆန္စပါး လုပ္ငန္းအခ်ိဳ႕ မွာရိတ္သိမ္းခ်ိန္ေရာက္ရွိလာၿပီး ျပည္တြင္းဆန္ေဈး ကြက္အတြင္း ဆန္ေဈးက်ဆင္းျခင္းမ်ား ႀကဳံေတြ႕ ေနရေၾကာင္း ေတာင္သူအခ်ိဳ႕မွ ေျပာၾကားသည္။ ပြင့္လင္းရာသီေရာက္ရွိလာေသာ္လည္း ေဆာက္လုပ္ေရးလုပ္ငန္း အမ်ားစုမွာရပ္နား ထားရဆဲျဖစ္ၿပီး အဓိကအခက္အခဲျဖစ္ေသာ ေဆာက္လုပ္ေရး လုပ္ငန္းသုံးကုန္စည္မ်ားကို သက္ဆိုင္ရာမွတင္သြင္းခြင့္ ရပ္ဆိုင္းထားျခင္းေၾကာင့္ျဖစ္သည္။
ေဆာက္လုပ္ေရးလုပ္ငန္းတြင္ အမ်ားစုမွာဘိလပ္ေျမႏွင့္ သံကိုသာအဓိကဟု ထင္ျမင္ၾကေသာ္လည္း အျခားလို အပ္ေသာကုန္စည္အမ်ားစုမွာ သက္ဆိုင္ရာမွ ျပည္ပမွတင္သြင္း ခြင့္ပါမစ္မ်ား ပိတ္ပင္ထားဆဲျဖစ္ရာ လိုအပ္ခ်က္ႀကီး မားေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားမွေျပာၾကားသည္။ ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအေျခ အေနမွာ ဆက္လက္က်ဆင္းေနဆဲျဖစ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားòန္ၾကားမႈ ဦးစီဌာနမွ တရားဝင္ထုတ္ျပန္ ေသာစာရင္းမ်ားအရ ေဒၚလာ (၁၁၈)သန္းဝင္းက်င္သာျပည္တြင္းသို႔ဝင္ေရာက္ေၾကာင္း သိရသည္။ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈက်ဆင္းျခင္းသည္ ျပည္တြင္းႏိုင္ငံျခားေငြလိုအပ္ခ်က္ကို ပိုမိုျဖစ္ေပၚေစ႐ုံသာမက ဘဲစီးပြားေရးတိုးတက္မႈကို လည္း အဟန႔္အတားျဖစ္ ေစႏိုင္သည္။
ျပည္တြင္းစက္သုံးဆီေဈး ကြက္အတြင္း စက္သုံးဆီေဈးမ်ားတည္ၿငိမ္ေသာ အေျခအေနတြင္ဆက္လက္ရပ္ တည္ေနေသာ္လည္း စားသုံးဆီေဈးကြက္အတြင္းစားအုန္းဆီေဈးမ်ား ျပန္လည္ျမင့္ တက္လာေနသည္။ စားအုန္းဆီကို ခြဲတမ္းျဖင့္ေရာင္းခ်ေန ျခင္းေၾကာင့္သာ အေျခခံျပည္သူမ်ားအထိုက္ အေလ်ာက္ အဆင္ေျပေနျခင္းျဖစ္ၿပီး ျပင္ပ စားအုန္း ဆီေမွာင္ခိုေဈးကြက္အတြင္းတြင္ ေဈးႏႈန္းမ်ား ႀကီးျမင့္ေနဆဲျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္ အတြင္း ေ႐ႊေဈးမ်ားျပန္လည္ျမင့္တက္လာၿပီး လတ္တေလာတြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၇၇)သိန္းခုႏွစ္ေသာင္းအထိ ျပန္လည္ေရာက္ရွိလာၿပီျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးသည္ ကမာၻ႔ေ႐ႊေဈး ႏႈန္းအေပၚမႈတည္ ကာအေျပာင္း အလဲျဖစ္ေပၚေန ဆဲျဖစ္ၿပီး ပြင္းလင္းရာသီေရာက္ခ်ိန္တြင္ ပိုမိုသိသာ လာႏိုင္သည္။ လက္ရွိ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္ စလွ်င္ အေမရိကန္ေဒၚလာ (၃၅၀ဝ)ဝန္းက်င္သို႔ ေရာက္ရွိေနရာ ျပည္တြင္းေ႐ႊေဈးမွာအထိုက္အ ေလ်ာက္ျမင့္တက္လာျခင္းျဖစ္သည္။ ေ႐ႊေဈးျမင့္ တက္ေနေသာ္လည္း ျပည္တြင္းေငြလဲႏႈန္းမွာ အက် ပိုင္းသို႔ေရာက္ ရွိေနၿပီး အေမရိကန္တစ္ေဒၚလာလွ်င္ (၄၃၃၀) ဝန္းက်င္ျဖင့္ ျပင္ပေဈးကြက္တြင္အေရာင္း အဝယ္ျဖစ္ေနေၾကာင္း သိရသည္။ လာမည့္ ရက္ပိုင္းအတြင္း ေဈးကြက္အေျပာင္းအလဲမ်ား ျမင္ေတြ႕ ႏိုင္မည္ျဖစ္ၿပီး စက္တင္ဘာလသည္ ေစာင့္ၾကည့္ရ မည့္လတစ္လျဖစ္သည္။
(ျပည္တြင္းေ႐ႊေဈးကြက္ႏွင့္ေငြလဲေဈးႏႈန္း)
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ဩဂုတ္လကုန္ပိုင္းက ေ႐ႊေဈးမ်ားဆက္တိုက္က်ဆင္းခဲ့ရာမွ လက္ရွိ တြင္ ကမာၻ႔ေ႐ႊေဈးႏွင့္အတူ ျပန္လည္ျမင့္ တက္လာၿပီျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးသည္ ဩဂုတ္လကုန္ပိုင္က တစ္ေအာင္စ လွ်င္ အေမရိကန္ေဒၚလာ (၃၃၂၀)ခန႔္အထိက်ဆင္းခဲ့ရာမွ လက္ရွိ စက္တင္လာ (၂)ရက္ေန႔တြင္ အေမရိကန္ေဒၚလာ (၃၃၄၉) အထိ ျပန္လည္ျမင့္တက္လာျခင္းျဖစ္သည္။ ျပည္တြင္းေ႐ႊ ေဈးသည္လည္း အထိုက္အေလွ်ာက္ျပန္လည္ျမင့္ တက္လာရာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ဩဂုတ္လ (၂၇)ရက္ႏွင့္ ဩဂုတ္ (၂၈)တြင္ (၇၆)သိန္းသုံး ေသာင္း၊ ဩဂုတ္လ (၂၉)ရက္တြင္ (၇၆)သိန္း ရွစ္ေသာင္း ၊ ဩဂုတ္လ (၃၀)ႏွင့္ (၃၁)ရက္တြင္ (၇၇)သိန္းတစ္ေသာင္း၊ စက္တင္ ဘာ(၁)ရက္တြင္ (၇၇)သိန္းငါးေသာင္းမွ လက္ရွိစက္တင္လာ(၂)ရက္တြင္ (၇၇)သိန္းခုႏွစ္ေသာင္းအထိ ေရာက္ရွိလာ ၿပီျဖစ္သည္။ ျပည္တြင္းအေခါက္ ေ႐ႊေဈးသည္ကမာၻ႔ေ႐ႊ ေဈး၊ ျပည္တြင္းေဒၚလာေဈးမ်ားႏွင့္အတူ အေျပာင္းအလဲ ျဖစ္ေပၚေနျခင္းျဖစ္ၿပီး ျပင္ပေ႐ႊေဈးကြက္ေဈး ႏႈန္းမ်ားျဖင့္သာ အေရာင္းအဝယ္ျဖစ္ေနေၾကာင္း သိရသည္။ အေခါက္ ေ႐ႊကို ေမွာင္ခိုစနစ္ျဖင့္သာ အေရာင္းအဝယ္ျဖစ္ေနၾကၿပီး (၁၅)ပဲရည္ ေ႐ႊထည္ေဈးကြက္တြင္လည္း အေရာင္း အဝယ္ေအးေနေၾကာင္း ေ႐ႊဆိုင္လုပ္ငန္းရွင္မ်ားထံမွသိရသည္။ ေ႐ႊအထည္ (၁၅)ပဲရည္ေဈးမွာလည္း တစ္က်ပ္သားလွ်င္ (၇၃)သိန္း တစ္ေသာင္းခြဲအထိ ေဈးတန္းရွိေနၿပီး အေလွ်ာ့ တြက္လက္ခေပၚမူတည္ကာ အေျပာင္းအလဲရွိႏိုင္ သည္။ လက္ရွိေ႐ႊေဈးကြက္သည္ ပြင္လင္းရာသီ စပါးေပၚခ်ိန္ပဲေပၚခ်ိန္တြင္ ေဈးႏႈန္းျမင့္တက္ေလ့ရွိ ေသာေၾကာင့္လာ မည့္ရက္ပိုင္းအတြင္း ဆက္လက္ေစာင့္ၾကည့္ရမည္ ျဖစ္သည္။ ေ႐ႊေဈးမ်ား ျပန္လည္ျမင့္တက္ေသာ္လည္း ျပည္တြင္း ေဒၚလာေဈးမွာ အနိမ့္ပိုင္းျဖင့္ဆက္လက္ရပ္တည္ေနသည္။ ယခင္ ဇြန္၊ ဇူလိုင္လမ်ားက အေမရိကန္ေဒၚလာေဈးမ်ားမွာ တစ္ေဒၚလာလွ်င္ (၄၅၀ဝ)က်ပ္ ဝန္းက်င္ရွိေနရာမွ လက္ရွိတြင္ တစ္ေဒၚလာလ်င္ (၄၃၃၀)က်ပ္အထိ က်ဆင္းလာရာ အေထြေထြေဈးႏႈန္းအေပၚ သက္ေရာက္မႈရွိလာႏိုင္ဖြယ္ရွိေနသည္။ ေဒၚလာေဈးက် ဆင္းရျခင္းမွာ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းမ်ားအတြင္း ေဒၚလာဝယ္ယူမႈက်ဆင္းျခင္း ႏွင့္သက္ဆိုင္သည့္အျပင္ ဗဟိုဘဏ္မွလည္းႏိုင္ငံျခား ေငြမ်ား ဆက္တိုက္ ထုတ္ေရာင္းေနျခင္းေၾကာင့္ သက္ေရာက္မႈမ်ားျဖစ္ ေပၚေနသည္။ ဗဟိုဘဏ္သည္ ႏိုင္ငံျခားေငြမ်ားကို အြန္လိုင္း ေဈးကြက္မွထုတ္ေရာင္းေပးေနျခင္းျဖစ္ၿပီး သက္ဆိုင္ရာသြင္းကုန္လုပ္ငန္းမ်ားအေနျဖင့္ ဗဟို ဘဏ္၏ ေဈးကြက္အတြင္း ဝင္ေရာက္ဝယ္ယူေနရ ျခင္းျဖစ္သည္။ စက္တင္ဘာ(၁)ရက္တြင္ ဗဟိုဘဏ္က CMP လုပ္ငန္း မ်ားမွဝယ္ယူထားေသာအေမရိ ကန္ေဒၚလာ ၁.၆၀၄ သန္းကို စက္သုံးဆီ ကုမၸဏီမ်ားအား ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။ ျမန္မာႏိုင္ငံတြင္နယ္စပ္ကုန္သြယ္ေရးမွာ လက္ရွိအခ်ိန္တြင္ ေကာ့ေသာင္း-ရေနာင္း လမ္း ေၾကာင္းတစ္ခုသာ က်န္ရွိေနသျဖင့္ ျပည္တြင္းေဈးကြက္အတြင္းေဒၚလာလိုအပ္ခ်က္က်ဆင္းလာေၾကာင္း ကုန္သည္ မ်ားက သုံးသပ္ေနၾကသည္။ လာမည့္ရက္ပိုင္းအတြင္း ေဒၚလာေဈးဆက္လက္ က်ဆင္းေနႏိုင္ေၾကာင္းသိရသည္။
(ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက်ဆင္းျခင္းႏွင့္ျမန္မာ့စီးပြားေရး)
ႏိုင္ငံေရးအေျပာင္းအလဲမ်ားမျဖစ္ပြားမီ (၂၀၂၀-၂၁) ဘ႑ာႏွစ္မ်ားျဖင့္ႏႈိင္းယွဥ္မည္ဆိုပါက ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ဝင္ ေရာက္ျခင္းသည္ ဆိုး႐ြားစြာ က်ဆင္းေနေၾကာင္း ေတြ႕ျမင္ရမည္ျဖစ္သည္။ ႏိုင္ငံ ျခားရင္းႏွီးျမႇဳပ္ႏွံမႈ က်ဆင္းျခင္းသည္ စီးပြားေရးတိုးတက္မႈကို ထိခိုက္ ေစ႐ုံသာမက အလုပ္အကိုင္အခြင့္အလမ္း နည္းပါးမႈကိုလည္းျဖစ္ေပၚေစႏိုင္သည္။ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏမ်ားကို ေလ့လာၾကည့္ပါက (၂၀၂၀-၂၁)ဘ႑ာႏွစ္တြင္း အေမရိကန္ေဒၚလာ သန္းေပါင္း (၃၇၉၁)သန္း အထိရွိေနရာမွ လက္ရွိ (၂၀၂၃-၂၀၂၄-၂၀၂၅) ခုႏွစ္မ်ားတြင္တစ္ႏွစ္ပါ တ္လုံးေဒၚလာ သန္း(၆၆၀)ဝန္းက်င္အထိ က်ဆင္းလာသည္။ ျမန္မာႏိုင္ငံသည္ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ စီးပြားေရးက်ဆင္းေနရသည့္အျပင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ နည္းပါးျခင္းေၾကာင့္ လည္း စီးပြားေရးကိုထိခိုက္ေနရသည္။ (၂၀၂၅-၂၀၂၆)ဘ႑ာႏွစ္ ဧၿပီလမွ ဇူလိုင္လကုန္အထိ ျမန္မာႏိုင္ငံ၌ ႏိုင္ငံျခား တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံ (FDI) ပမာဏ အေမရိကန္ေဒၚလာ (၁၁၈.၆၉၉) သန္း ဝင္ေရာက္ထားေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားòန္ၾကားမႈဦးစီးဌာန DICA ၏ အခ်က္အလက္မ်ားအရသိရသည္။ လက္ရွိ(၄)လတာအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းအသစ္ (၂၆)ခု ဝင္ ေရာက္ထားၿပီး ယင္းလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏသည္ အေမရိကန္ေဒၚလာ (၁၀၆.၂၉၁) သန္း တန္ဖိုးရွိေၾကာင္း သိရသည္။ ရွိရင္းစြဲ ရင္းႏွီးျမႇဳပ္ႏွံ မႈလုပ္ငန္းေတြရဲ႕မတည္ေငြရင္း တိုးျမႇင့္သည့္ ပမာဏမွာ အေမရိကန္ေဒၚလာ (၁၂.၄၀၈) သန္းဖိုး ရွိခဲ့ေၾကာင္း သိရသည္။ ျပည္တြင္းကုန္ထုတ္လုပ္မႈ က႑ကို ရင္းႏွီး ျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ (၂၄)ခုအထိ အမ်ားဆုံးဝင္ေရာက္ထားၿပီး ေရနံႏွင့္ သဘာဝဓာတ္ ေငြက႑မွာ လုပ္ငန္းသစ္(၁)ခုႏွင့္ ဝန္ေဆာင္မႈ က႑ကို လုပ္ငန္းသစ္ (၁)ခု ဝင္ေရာက္ထားသည္။ ေမြးျမဴေရးႏွင့္ စြမ္းအင္က႑မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံ မႈလုပ္ငန္းသစ္မ်ား ဝင္ေရာက္လာျခင္းမရွိဘဲ ရွိရင္းစြဲ လုပ္ငန္းမ်ား၏ မတည္ေငြရင္း တိုးျမႇင့္ျခင္းသာ ရွိခဲ့ေၾကာင္း DICA ၏ အခ်က္အလက္မ်ားအရသိရသည္။ ယခုဘ႑ာႏွစ္ (၄)လတာအတြင္း ျမန္မာႏိုင္ငံမွာ တ႐ုတ္၊ စင္ကာပူႏွင့္ ထိုင္းႏိုင္ငံက စီးပြားေရး လုပ္ငန္းမ်ား ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း DICA မွ သိရသည္။ လက္ရွိအခ်ိန္တြင္ ရင္းႏွီးျမႇဳပ္ႏွံသူ ႏိုင္ငံ၊ ေဒသေပါင္း (၅၃)ခုကသာ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ထားၾကျခင္းျဖစ္သည္။ ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူေတြအေနနဲ႔ ျပည္တြင္းစီးပြားေရးက႑ (၁၂) ခု ရွိသည့္အနက္ စြမ္းအင္၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕၊ ကုန္ထုတ္လုပ္မႈ က႑မ်ားတြင္ အမ်ားဆုံး ဝင္ေရာက္ ရင္းႏွီးျမႇဳပ္ႏွံထား ျခင္းျဖစ္သည္။ အထက္ပါ အခ်က္ အလက္မ်ားအရ ျမန္မာႏိုင္ငံသည္ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈ ဆက္လက္ က်ဆင္းေနႏိုင္ၿပီးႏိုင္ငံျခားေငြ လိုအပ္ခ်က္သည္ လည္း ဆက္လက္ျဖစ္ေပၚေနႏိုင္သည္။ ႏိုင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈက်ဆင္းရျခင္းမွာ လွ်ပ္စစ္မီးရရွိမႈ အေပၚ တြင္လည္းမႈ တည္ေနရာ လာမည့္ပြင့္လင္းရာသီတြင္ ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။
(ပြင့္လင္းရာသီႏွင့္ေဆာက္လုပ္ေရး လုပ္ငန္းမ်ား၏အနာဂတ္)
ျပည္တြင္းေဆာက္လုပ္ေရးလုပ္ငန္းအမ်ားစုသည္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးကုန္စည္ မရွိေသာေၾကာင့္ လုပ္ငန္းမ်ား ရပ္တန႔္ေနရေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွသိရသည္။
ေဆာက္လုပ္ေရးလုပ္ငန္းသုံးကုန္စည္ဟုဆိုပါက အမ်ားစုက သံႏွင့္ဘိလပ္ေျမကိုသာ အထင္ေရာက္ၿပီး က်န္ကုန္စည္မ်ားကို လ်စ္လ်ဴရႈထားၾက ျခင္းျဖစ္သည္။ ေဆာက္လုပ္ေရးလုပ္ငန္းသုံးေႂကြျပားမ်ား၊ ပိုက္မ်ား၊ လွ်ပ္စစ္ ဝါယာႀကိဳးမ်ား၊ အိမ္သုတ္ေဆး မ်ားအပါအဝင္ ကုန္စည္အမ်ားစုမွာသက္ဆိုင္ရာမွ တင္သြင္းခြင့္ ပိတ္ပင္ထားျခင္းေၾကာင့္ လက္ရွိတြင္ ေဆာက္လုပ္ေရးလုပ္ငန္း လည္ပါတ္မႈရပ္ဆိုင္းသြား ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ရန္ကုန္ႏွင့္ မႏၲေလးသည္ေဆာက္လုပ္ေရးလုပ္ငန္းအမ်ားစု လုပ္ကိုင္ေနရာ ျပည္တြင္းလုပ္သားေဈးကြက္အတြင္း အလုပ္အကိုင္ အမ်ားစုကိုဖန္တီးေပးႏိုင္သည္။ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားမွာ ငလ်င္မတိုင္မီကာလ ကတည္းက ရပ္တန႔္ေနၿပီး ငလ်င္ၿပီးေနာက္ ငလ်င္ဒဏ္ခံႏိုင္ရည္ သတ္မွတ္ခ်က္မ်ားထြက္ေပၚလာရာ အထပ္ျမင့္အေဆာက္အအုံလုပ္ငန္းမ်ား လုံးဝနီးပါးရပ္ဆိုင္းသြား ေၾကာင္းသိရသည္။ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ကုန္စည္မ်ားေဈးျမင့္တက္ေနသည့္အျပင္ ေဆာက္လုပ္ ေရးလုပ္ငန္းသုံးကုန္ကို သြင္းကုန္ပါမစ္ ထုတ္မေပးျခင္းေၾကာင့္ လုပ္ငန္းရွင္မ်ားအခက္အခဲ ျဖစ္ေပၚေန ျခင္းျဖစ္သည္။ ထပ္ျမင့္အေဆာက္ အအုံမ်ားတြင္ ဓာတ္ေလွကားတပ္ဆင္ေလ့ရွိရာဓာတ္ ေလွကားပါမစ္ကိုပါ ပိတ္ပင္ထားျခင္းေၾကာင့္ လုပ္ငန္းမ်ားလည္ပတ္ရန္ခက္ခဲလာေၾကာင္းသိရသည္။ ေဆာက္လုပ္ေရး လုပ္ငန္းသုံးေရပိုက္ သည္ ျပည္တြင္းမွ အတန္အသင့္ထုတ္လုပ္ႏိုင္ျခင္းေၾကာင့္အ ခက္အခဲမရွိေသာ္လည္း က်န္ကုန္စည္မ်ားမွာ ျပည္ပ မွ တင္သြင္းေနရျခင္းျဖစ္သည္။ ယခင္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားမွ ေဆာက္လုပ္ေရးလုပ္ ငန္းသုံးကုန္စည္ မ်ား တင္သြင္းေနေသာ္လည္း လက္ရွိတြင္ တင္သြင္းမႈလုံးဝရပ္နားထားရေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ ေဆာက္လုပ္ ေရးလုပ္ငန္းရပ္ဆိုင္းပါက ျပည္တြင္းစီးပြားေရး ကိုထိခိုက္သည့္ သာဓကမ်ားရွိေနျခင္းေၾကာင့္ သက္ဆိုင္ ရာအေနျဖင့္ ေဆာက္လုပ္ေရးက႑ကို ျပန္လည္ ေလ့လာသုံးသပ္ သင့္သည္။ လက္ရွိတြင္ အထပ္ျမင့္အေဆာက္အအုံ မ်ားႏွင့္ေဆာက္လုပ္ေရးလုပ္ငန္းခြင္အခ်ိဳ႕မွာ အၾကမ္းထည္သာေဆာက္လုပ္ၿပီး အေခ်ာထည္မကိုင္ဘဲရပ္ နားထား ေၾကာင္း သိရသည္။ လာမည့္ပြင့္လင္းရာသီ ဘာေလးဘာကာလ(စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာ) သည္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ျပန္လည္စတင္ရန္ အခ်ိန္ျဖစ္ေသာ္လည္း လက္ရွိအခ်ိန္အထိ ေဆာက္လုပ္ေရး လုပ္ငန္းသုံးကုန္စည္မ်ား သြင္းကုန္လိုင္စင္ပိတ္ထားဆဲျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံအတြက္ အလုပ္အကိုင္ရရွိမႈ ႏွင့္ စီးပြားေရးဖြံၿဖိဳးတိုးတက္မႈကို ေဆာင္႐ြက္ေပးႏိုင္ေသာ ေဆာက္လုပ္ေရးက႑၏ အလားအလာကို လာမည့္ ရက္မ်ားအတြင္း ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။