ခရီးသွားရာသီအမီ မန္တလေးရှိဟိုတယ်လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်နိုင်‌ရေး ကြိုးစားရန် တိုက်တွန်း

 393

Pearl ( NP News) - စက်တင်ဘာ ၇

ခရီးသွားရာသီအမီ မန္တလေးရှိဟိုတယ်လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်နိုင်‌ရေး ကြိုးစားရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး JengPhang နော်တောင်က တိုက်တွန်းပြောကြားထားသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင်ဟိုတယ်များအားကြည့်ရှုစစ်ဆေးခြင်းနှင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များဖြင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း၌ အထင်ကရ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာရှိသည့် အတွက် ပွင့်လင်းရာသီ ကာလ ခရီးသွားရာသီအမီ ဟိုတယ်လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်နိုင်ရန် ကြိုးစားရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့သို့ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက် လည်ပတ်ကြရန်ဝိုင်းဝန်းပူးပေါင်း စီစဉ်ဆောင်ရွက်ရန် နှင့် ငလျင်ဒဏ်သင့်ဟိုတယ်အဆောက်အဦ၊ အခန်းများ၊ ခန်းမများအား ပြင်ဆင်ရာတွင် သတ်မှတ်ထားရှိသည့် စံသတ်မှတ်ချက်များအတိုင်းပြင်ဆင်ရန်ထည့်သွင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။

ဟိုတယ်သို့လာရောက်တည်းခိုသည့်ဧည့်သည်များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်များ ပြင်ဆင်ထားရှိရေး၊ ဟိုတယ်များအားမြို့တော် အင်္ဂါရပ်နှင့်ညီညွတ်မှုရှိသော မြေယာရှုခင်းသာယာလှပရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစားရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေး၊ မန္တလေးမြို့ရှိ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေး၊ ခရီးသွားဆိုင်ရာသတင်းအချက် အလက်များနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ရေး၊ ငလျင်ကာလအလွန် ဟိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်း အမြန်ဆုံးလည်ပတ်လုပ်ကိုင်နိုင်ကြရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်နိုင်ရေးတို့ကို တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ခရီးသြားရာသီအမီ မႏၲေလးရွိဟိုတယ္လုပ္ငန္းမ်ား ယခုထက္ ပိုမိုလည္ပတ္ႏိုင္‌ေရး ႀကိဳးစားရန္ တိုက္တြန္း
Pearl ( NP News) - စက္တင္ဘာ ၇

ခရီးသြားရာသီအမီ မႏၲေလးရွိဟိုတယ္လုပ္ငန္းမ်ား ယခုထက္ ပိုမိုလည္ပတ္ႏိုင္‌ေရး ႀကိဳးစားရန္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီး JengPhang ေနာ္ေတာင္က တိုက္တြန္းေျပာၾကားထားသည္။

အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာန ႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး JengPhang ေနာ္ေတာင္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ဌာနပိုင္ဟိုတယ္မ်ားအားၾကည့္ရႈစစ္ေဆးျခင္းႏွင့္ ဟိုတယ္ႏွင့္ခရီးသြားအသင္းအဖြဲ႕မ်ားျဖင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုဝန္ႀကီးက မႏၲေလးတိုင္းေဒသႀကီးအတြင္း၌ အထင္ကရ ခရီးစဥ္ေဒသမ်ား၊ ခရီးသြားဆြဲေဆာင္ရာေနရာမ်ားစြာရွိသည့္ အတြက္ ပြင့္လင္းရာသီ ကာလ ခရီးသြားရာသီအမီ ဟိုတယ္လုပ္ငန္းမ်ား ယခုထက္ ပိုမိုလည္ပတ္ႏိုင္ရန္ ႀကိဳးစားရန္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မႏၲေလးၿမိဳ႕သို႔ ျပည္တြင္းျပည္ပခရီးသြားမ်ား ပိုမိုလာေရာက္ လည္ပတ္ၾကရန္ဝိုင္းဝန္းပူးေပါင္း စီစဥ္ေဆာင္႐ြက္ရန္ ႏွင့္ ငလ်င္ဒဏ္သင့္ဟိုတယ္အေဆာက္အဦ၊ အခန္းမ်ား၊ ခန္းမမ်ားအား ျပင္ဆင္ရာတြင္ သတ္မွတ္ထားရွိသည့္ စံသတ္မွတ္ခ်က္မ်ားအတိုင္းျပင္ဆင္ရန္ထည့္သြင္းေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

ဟိုတယ္သို႔လာေရာက္တည္းခိုသည့္ဧည့္သည္မ်ားအတြက္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ အသိေပးေၾကညာခ်က္မ်ား ျပင္ဆင္ထားရွိေရး၊ ဟိုတယ္မ်ားအားၿမိဳ႕ေတာ္ အဂၤါရပ္ႏွင့္ညီၫြတ္မႈရွိေသာ ေျမယာရႈခင္းသာယာလွပေရးအတြက္ကိုပါ ထည့္သြင္းစဥ္းစားရန္ မွာၾကားခဲ့ေၾကာင္းလည္း သိရသည္။

အလားတူ ျပည္ေထာင္စုဝန္ႀကီးသည္ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ရန္ အစိုးရ-ပုဂၢလိကပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္အေကာင္အထည္ေဖာ္ႏိုင္ေရး၊ မႏၲေလးၿမိဳ႕ရွိ ခရီးစဥ္ေဒသမ်ား၊ ခရီးသြားဆြဲေဆာင္ရာေနရာမ်ားသို႔ ျပည္တြင္းျပည္ပ ခရီးသြား ဧည့္သည္မ်ား အဆင္ေျပေခ်ာေမြ႕စြာ သြားေရာက္လည္ပတ္ႏိုင္ေရး၊ ခရီးသြားဆိုင္ရာသတင္းအခ်က္ အလက္မ်ားႏွင့္ ခရီးသြားျမႇင့္တင္ေရးဆိုင္ရာကိစၥရပ္မ်ား အေကာင္အထည္ေဖာ္ေရး၊ ငလ်င္ကာလအလြန္ ဟိုတယ္လုပ္ငန္းမ်ား ပုံမွန္အတိုင္း အျမန္ဆုံးလည္ပတ္လုပ္ကိုင္ႏိုင္ၾကေရး၊ ဟိုတယ္ႏွင့္ ခရီးသြားက႑အတြင္းရွိ လူ႔စြမ္းအားအရင္းအျမစ္မ်ား ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ ေဆာင္႐ြက္ႏိုင္ေရးတို႔ကို တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.