ကမ္ဘာ့အကြီးဆုံး Crocs ဖိနပ်စုဆောင်းမှု ဂင်းနစ်စံချိန်ကိုရရှိခဲ့သည့် အမေရိကန်အမျိုးသား

545

Pika (NP News) - စက်တင်ဘာ ၈
အမေရိကန်နိုင်ငံ Connecticut ပြည်နယ်မှ Croc ဘုရင်ဟုလူသိများသော အမျိုးသား တစ်ဦး သည် Crocs ဖိနပ်ပေါင်း (၃၅၆၉) ရန်အထိ စုဆောင်းနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ ကြောင်းသိရသည်။ ဒေါ်ဂီဆန်တီဂါဆိုသည့်အမျိုးသားက ၎င်းသည် အသက်(၁၆)နှစ်အရွယ်မှစတင်ကာ ဖိနပ်များကိုကြိုက်နှစ်သက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်ဂီဆန်တီဂါက ၎င်းသည် ဆယ်ကျော်သက်အရွယ်မှစတင်ကာ မှတ်စုစာအုပ်တွင် ပန်း တိုင်စာရင်းများကိုပြုလုပ်ခဲ့ပြီးနောက် Crocs ဖိနပ်များကို စတင်စုဆောင်းခဲ့ခြင်းဖြစ်ကြောင်းပြောကြား ခဲ့ သည်။ ဒေါ်ဂီဆန်တီဂါက “အဲဒီမှတ်စုစာအုပ်ကို ကျွန်တော်ရဲ့ပန်းတိုင်စာရင်းအဖြစ်သတ်မှတ်ခဲ့ပါတယ်။ အစတုန်းကတော့ Crocs ဖိနပ်ပေါင်း (၃၆၆)ရန်ပဲ စုဆောင်းဖို့ဆုံးဖြတ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း နောက် ပိုင်းမှာ ဖိနပ်စုဆောင်းရတာကို သဘောကျလာတာနဲ့အတူ Crocs ဖိနပ်ပေါင်း (၃၅၆၉)ရန်အထိ စုဆောင်းနိုင်ခဲ့တာပါ” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် Crocs ဖိနပ်ပေါင်း(၂၀ဝဝ)ကျော် အထိစုဆောင်းနိုင်ခဲ့သည့်အချိန် (၂၀၂၃)ခုနှစ်တွင် ၎င်း၏ စုဆောင်းမှုများနှင့်ပတ်သက်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခြင်းရှိ/မရှိကို စတင်ရှာဖွေခဲ့ခြင်း ဖြစ် ကြောင်း ဒေါ်ဂီဆန်တီဂါကပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဒေါ်ဂီဆန်တီဂါသည် Crocs ဖိနပ်ပေါင်း (၃၅၆၉) ရန်အထိ စုဆောင်းနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး Crocs ဖိနပ်စုဆောင်းမှုအတွက် ဂင်းနစ် စံချိန်ကို တရားဝင်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ကမာၻ႔အႀကီးဆုံး Crocs ဖိနပ္စုေဆာင္းမႈ ဂင္းနစ္စံခ်ိန္ကိုရရွိခဲ့သည့္ အေမရိကန္အမ်ိဳးသား
Pika (NP News) - စက္တင္ဘာ ၈
အေမရိကန္ႏိုင္ငံ Connecticut ျပည္နယ္မွ Croc ဘုရင္ဟုလူသိမ်ားေသာ အမ်ိဳးသား တစ္ဦး သည္ Crocs ဖိနပ္ေပါင္း (၃၅၆၉) ရန္အထိ စုေဆာင္းႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ ေၾကာင္းသိရသည္။ ေဒၚဂီဆန္တီဂါဆိုသည့္အမ်ိဳးသားက ၎သည္ အသက္(၁၆)ႏွစ္အ႐ြယ္မွစတင္ကာ ဖိနပ္မ်ားကိုႀကိဳက္ႏွစ္သက္လာခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဒၚဂီဆန္တီဂါက ၎သည္ ဆယ္ေက်ာ္သက္အ႐ြယ္မွစတင္ကာ မွတ္စုစာအုပ္တြင္ ပန္း တိုင္စာရင္းမ်ားကိုျပဳလုပ္ခဲ့ၿပီးေနာက္ Crocs ဖိနပ္မ်ားကို စတင္စုေဆာင္းခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကား ခဲ့ သည္။ ေဒၚဂီဆန္တီဂါက “အဲဒီမွတ္စုစာအုပ္ကို ကြၽန္ေတာ္ရဲ႕ပန္းတိုင္စာရင္းအျဖစ္သတ္မွတ္ခဲ့ပါတယ္။ အစတုန္းကေတာ့ Crocs ဖိနပ္ေပါင္း (၃၆၆)ရန္ပဲ စုေဆာင္းဖို႔ဆုံးျဖတ္ထားခဲ့တာပါ။ ဒါေပမဲ့လည္း ေနာက္ ပိုင္းမွာ ဖိနပ္စုေဆာင္းရတာကို သေဘာက်လာတာနဲ႔အတူ Crocs ဖိနပ္ေပါင္း (၃၅၆၉)ရန္အထိ စုေဆာင္းႏိုင္ခဲ့တာပါ” ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔ျပင္ Crocs ဖိနပ္ေပါင္း(၂၀ဝဝ)ေက်ာ္ အထိစုေဆာင္းႏိုင္ခဲ့သည့္အခ်ိန္ (၂၀၂၃)ခုႏွစ္တြင္ ၎၏ စုေဆာင္းမႈမ်ားႏွင့္ပတ္သက္ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ျခင္းရွိ/မရွိကို စတင္ရွာေဖြခဲ့ျခင္း ျဖစ္ ေၾကာင္း ေဒၚဂီဆန္တီဂါကေျပာၾကားခဲ့သည္။ ေနာက္ပိုင္းတြင္ ေဒၚဂီဆန္တီဂါသည္ Crocs ဖိနပ္ေပါင္း (၃၅၆၉) ရန္အထိ စုေဆာင္းႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံး Crocs ဖိနပ္စုေဆာင္းမႈအတြက္ ဂင္းနစ္ စံခ်ိန္ကို တရားဝင္ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။