အာဂျင်တီးနားတရားရုံးတိုင်ခံရပြီးနောက် AA ခေါင်းဆောင် ထွန်းမြတ်နိုင် နှင့် ညိုထွန်းအောင်တို့၏ အနာဂတ်မှာ ဝေဝါးလာ

2312

သက်ပိုင် (NP News) - စက်တင်ဘာ ၈
AA က ကျူးလွန်သော စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် အမှုပေါ် အမှုဆင့်ကာ ရှုပ်ထွေးပွေလီလာပြီးနောက် ခေါင်းဆောင်များဖြစ်ကြသည့် ထွန်းမြတ်နိုင်နှင့် ညိုထွန်း အောင်တို့၏ အနာဂတ်မှာ ဝေဝါးလာနေကြောင်း NP News က မေးမြန်းစုံစမ်းထားသော အချက်အလက် များအရ သိရသည်။
ရခိုင်ပြည်နယ်တွင် ထိန်းချုပ်နယ်မြေရထားသော AA တို့အနေဖြင့် လက်ရှိတွင် အရပ်ဘက် အုပ်ချုပ်ရေးဖော်ဆောင်နေသည့်အပြင် နိုင်ငံတစ် နိုင်ငံဆန်ဆန် စီမံအုပ်ချုပ်နေသော်လည်း ၎င်းတို့၏ အုပ်ချုပ်မှုပုံစံများက တဖြည်းဖြည်း ပြည်သူလူထုနှင့် ဝေးကွာလာနေကြောင်း တွေ့မြင်ရသည်။
တစ်ဖက်တွင်လည်း AA တို့အနေဖြင့် တိုက်ပွဲများဖော်ဆောင်နေသည့်အပြင် ချင်းလက်နက်ကိုင် များနှင့် ဗမာ PDF အချို့ကို ထောက်ပံ့နေသော်လည်း ၎င်းတို့ကိုယ်တိုင်မှာမူ တဖြည်းဖြည်းနှင့် အကျပ် အတည်းအတွင်းသို့ တိုးဝင်လာနေကြောင်း တွေ့မြင်ရသည်။
ရခိုင်ပြည်နယ်က ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေများတွင် ဆက်သွယ်ရေးနှင့်အင်တာနက် ကို ကန့်သတ်ထားသော AA တို့ ကျူးလွန်သည့်စစ်ရာဇဝတ်မှုများမှာ အွန်လိုင်းထက်တွင် ပေါက်ကြားမှု နည်း သော်လည်း ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ဖူးရာ ယင်းဗီဒီယိုတွင် AA တပ်ဖွဲ့ဝင်များက ဂျနီဗာ ကွန်ဗင်း ရှင်းကို ချိုးဖောက်ကာ လက်နက်မဲ့ တပ်မတော်သား (၂)ဦးကို လည်ပင်းလှီးသတ်ဖြတ်ခဲ့ပြီး ယင်းဖြစ်စဉ် ကို AA ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်က ဝန်ခံခဲ့ရသည်။
ပြည်သူများအပေါ်တွင်လည်း အဓမ္မ အမူအကျင့်များကို ပြုလုပ်ခြင်းများရှိခဲ့ရာ ဥပမာအားဖြင့် မြို တိုင်ရင်းသားများကို ၎င်းတို့၏ ပြည်သူ့စစ်အဖွဲ့အတွင်း ဝင်ရောက်ရန် ညအချိန်ရွာအတွင်းဝင်၍ အဓမ္မ ဖမ်းဆီးခြင်း၊ ကျောက်တော်မြို့နယ်တွင် ပြည်သူများအိမ်အတွင်း ဝင်ရောက်ကာ အဓမ္မတပ်ဖွဲ့ဝင် စု ဆောင်းခြင်းများရှိခဲ့ကာ ဖြစ်စဉ်အများစုမှာမူ လူမသိ သူမသိဖြင့် ပြီးပျောက်သွားခြင်းများလည်း ရှိသည်။
ထိုမျှသာမက ရခိုင်ပြည်နယ်က ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တွင် AA တို့က ဘင်္ဂါလီများကို မည်သို့လူသားချင်းစာနာကြောင်း ဝါဒဖြန့်ပြောကြားမှုများ ရှိနေသော်လည်း မြေပြင်တွင် အခြေအနေမှန်နှင့်ကွဲပြားကာ ဖိနှိပ်ခြင်းနှင့်အတူ လူမျိုးတုံးသတ်ဖြတ်ခြင်းများလည်း ရှိနေကြောင်း နိုင်ငံ တကာမှ လူ့အခွင့်အရေးလှုပ်ရှားသူများက အခိုင်အမာပြောထားသည်။
လက်ရှိတွင် ဘင်္ဂါလီများကို အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်း၊ အစုလိုက်အပြုံလိုက် သတ် ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန် ခြင်းနှင့်၊ စားနပ်ရိက္ခာ ဖြတ်တောက်ထားခြင်းတို့ ပြု လုပ်သောကြောင့် ဖမ်းဝရမ်းထုတ်ပေးရန်အတွက် ဘင်္ဂါလီအရေးဆောင်ရွက်နေသည့် BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးသို့ တောင်းဆိုထားမှုနှင့်လည်း ရင်ဆိုင်နေရသည်။
ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်ကလည်း ထန်းရှောက်ခံကျေးရွာမှ ရာနှင့်ချီသော ဘင်္ဂါလီများကို AA က သတ်ဖြတ်ခဲ့သည်ဟု ပြီးခဲ့သည့် ဩဂုတ်လ (၂၉)ရက်က ထုတ်ပြန်ခဲ့သော အစီရင် ခံစာတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်များကြောင့် AA အနေဖြင့် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုခံရမှုများရှိလာ နိုင်ပြီး ထိုသို့တရားစွဲဆိုခံရပါက နိုင်ငံတကာ ရဲတပ်ဖွဲ့များပါ ပါဝင်လာနိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင် စီအထိ ပါဝင်လာပါက R2P ဝင်လာမည်ကိုစိုးရိမ်ရကြောင်းနှင့် ရခိုင်တို့၏ ပုံရိပ်များလည်း ကျဆင်းသွား နိုင်ကြောင်း အမည်မဖော်လိုသည့် ရခိုင်နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်ကိုတရားစွဲတာနဲ့ အဲဒီနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်ခေါင်းဆောင်ကို တရားစွဲတာချင်း မတူဘူးဗျ။ ပြီးတော့ လက်နက် ကိုင်ခေါင်းဆောင်တွေဆိုတာက တခြားနိုင်ငံရဲ့ မှတ်ပုံ တင်နဲ့နေနေကြရတာလေ။ ဒီတော့ သူ့အတွက် အင်တာပိုကို ကြောက်ရမယ်။ နောက်ပြီး ကုလသမဂ္ဂ လုံ ခြုံရေးကောင်စီအထိဒါက R2P ဝင်လာနိုင်တဲ့ အန္တရာယ်တွေလည်းရှိတယ်။ နောက်ပြီး သူတို့ကျူးလွန် ခဲ့တဲ့သက်သေတွေကို တရားရုံးမှာတင်ပြနိုင်ခဲ့ရင် လက်ရှိရခိုင်မှာ AA က ထိန်းချုပ်ထားတော့ ရခိုင် လူထုတစ်ရပ်လုံးရဲ့ပုံရိပ်ကလည်း ကျဆင်းသွားမှာပေါ့” ဟု ၎င်းကဆိုသည်။
ထို့ပြင် လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ်မှ မြို့နယ်(၁၄)မြို့နယ်ကိုထိန်းချုပ်ကာ အစိုးရ တစ်ရပ်အဖြစ် ပြောဆိုလုပ်ကိုင်လာနေပြီး မီဇိုရမ်ပြည်နယ်သို့ထွက်ခွာမည့်ကုန်သည်များကို သွာလာခွင့် လက်မှတ်များ ထုတ်ပေးသည်အထိ ပြု လုပ်လာနေသည်။
“ဒေသဆိုင်ရာအရာရှိတွေလောက်နဲ့ပဲ သူတို့က ပြောဆိုဆက်ဆံလို့ရတဲ့အနေအထားမျိုးလောက် ပဲ ဖြစ်မှာပါ။ အချုပ်အချာအာဏာပိုင်တယ်လို့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အသိအမှတ်ပြုမထားတဲ့ အတွက် သူတို့ကို ဘယ်သူကမှ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ သူတို့ကို လူရာသွင်းမှာမဟုတ်ပါဘူး။ အောက်ကြေးနဲ့ ဆက်ဆံခံရတာလောက်ပဲဖြစ်မှာပါပဲ” ဟု စစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင် မျိုးက ပြောသည်။
ယခင်က AA အဖွဲ့ဝင်များနှင့် ရခိုင်ကုန်သည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ကာ ကုန်စည်များဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်းသို့ တင်သွင်းရန်ကြိုးပမ်းခဲ့ဖူးရာ ဘင်္ဂဒေ့ရှ်နိုင်ငံ ရဲတပ်ဖွဲ့က တရားမဝင်ကုန်စည်ဝယ်ယူမှုဆိုကာ ဖမ်းဆီးမှုများကို ကြုံတွေ့ခဲ့ရဖူးသည်။
လက်ရှိ AA အဖွဲ့၏ မဟာမိတ်များ ကျဆုံးနေချိန်တွင် ၎င်းမဟာမိတ်များ၏ ကူညီထောက်ပံ့မှု များ မရရှိတော့ဘဲ အနောက်ပိုင်းဒေသတွင် တစ်ကိုယ်တည်းရပ်တည်နိုင်ရန်မှာ များစွာခဲယဉ်းပြီး ရင်းမြစ်များစွာလိုအပ်လျက်ရှိနေကြောင်း နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူများကဆိုသည်။
ထိုသို့ ရင်းမြစ်များလိုအပ်လာသည့်အတွက် ရခိုင်ပြည်နယ်တွင် လူငယ်များအား ပြည်နယ် ပြင်ပ သို့ ထွက်ခွာခွင့်ကို မေလ(၂၂)ရက်တွင် စတင်တား မြစ်ခဲ့ပြီး ကလေးမိခင်များပါမချန် အဓမ္မလူသစ် စု ဆောင်းမှုများပြုလုပ်ခဲ့ကြောင်း လေ့လာသူများကဆိုသည်။
ထိုသို့ အဓမ္မလူသစ်စုဆောင်းမှုများကြောင့် ပြည်နယ်တွင်းမှလူငယ်များမှာ AA ကိုများစွာ ဝေဖန် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ထိုသို့ဆန္ဒထုတ်ဖော်သည့် လူငယ်များမှာ ဖမ်းဆီးခံခဲ့ရသည့်အတွက် ဒေသခံ ပြည်သူများ၏ AA အပေါ်သဘောထားအမြင်များမှာ ပြောင်းလဲလာမှုများလည်း ရှိနေကြောင်း သိရ သည်။
ထိုသို့ သဘောထားပြောင်းလဲမှုများကို ဖြေလျှော့ရန်အတွက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ကျောက်ခက်ရွာသို့ လာရောက်ခဲ့ကြောင်း ဓာတ်ပုံများ လူမှုကွန်ရက် စာမျက် နှာတွင် ပေါ်ထွက်လာခဲ့သော်လည်း အဆိုပါဓာတ်ပုံတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကိုသာတွေ့ရှိရပြီး အရွယ်ရောက်ပြီး အမျိုးသားများကိုမူ မတွေ့ရှိရပေ။
ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော ပြဿနာများအနက် အရွယ်ရောက်ပြီး အမျိုးသားများ ရှားပါးသည့်အပြင် မူးယစ်ဆေးဝါးပေါများသည့် ပြဿနာနှင့်လည်းကြုံတွေ့နေရကာ မူးဆစ်ဆေး ရောင်း ချသုံးစွဲသူများတွင် AA အဖွဲ့ဝင်များကိုယ်တိုင်ပါဝင်နေကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြ ချက်များအရ သိရသည်။ AA အနေဖြင့် မြောက်မြားစွာသော လက်နက်၊ ခဲယမ်း ဝယ်ယူရန်အတွက် လို အပ်သည့်ငွေကြေးကို မူးယစ်ဆေးဝါးမှတစ်ဆင့် ရရှိနေကြောင်း သတင်းရင်းမြစ်များနှင့် စုံစမ်းချက်များ အရ သိရသည်။
“မူးယစ်ဆေးကို ဘင်္ဂလားပို့မလား၊ မလေးရှားပို့မလား ပို့ချင်တာပို့ သူတို့က အခွန်ဘယ်လောက် ဆိုပြီး သတ်မှတ်ပြီးတော့ လုံခြုံရေးယူပေးတယ်။ ဒါပေမဲ့ ပြည်နယ်တွင်းမှာဖြန့်ရင်တော့ ဖမ်းမယ်ဆိုပြီး ပြောထားတာရှိတယ်” ဟု ခိုင်လုံသည့်သတင်းရင်းမြစ်က ဆိုသည်။
(၂၀၂၅) ခုနှစ် ဩဂုတ်လ (၅) ရက်မှ (၁၄)ရက်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဂိုဏ်း အဖွဲ့ ဝင်(၁၃)ဦးနှင့်အတူ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ငွေကျပ် (၂၅၇) ဘီလျံ (အမေရိကန် ဒေါ်လာ ၇၁ ဒသမ ၄ သန်း)ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ် (မက်သ် အဖက်တမင်း ၅၆၁၄ ဒသမ ၂ ကီလို၊ ကတ်တမင်း ၁၈၉၉ ကီလို) ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စိတ်ကြွဆေးပြား သုံးစွဲသူရှစ်သန်းခန့်ရှိပြီး နှစ်စဉ်နှစ်တိုင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့အနေဖြင့် စိတ်ကြွဆေးပြား သန်း (၅၀)ကျော်ကို ဖမ်းဆီးရမိလျက်ရှိပြီး ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများမှာ ရခိုင်ပြည် နယ်ဘက်မှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဦးစီးဌာန((Department of Narcotics Control – DNC) ၏ (၂၀၂၁)ခုနှစ် အစီရင်ခံစာမှတ်တမ်းများအရ သိရသည်။
လက်ရှိတွင် AA အဖွဲ့အနေဖြင့် စိန်ခေါ်မှုမျိုးစုံဖြင့် ကြုံတွေ့နေရပြီး လူမျိုးတုံးသတ်ဖြတ်မှု ပြဿ နာ၊ ပြည်နယ်နှင့် ထိစပ်နေသည့်နိုင်ငံများနှင့် ကုန်သွယ်ရေးပြဿနာ၊ ရင်းမြစ်လိုအပ်မှု မြင့်တက်လာ သည့် ပြဿနာနှင့်မူးယစ်ဆေးဝါးပြဿနာများကို လက်ရှိတွင် ရင်ဆိုင်နေရပြီဖြစ်ကြောင်း လေ့လာသုံး သပ်သူများက ဆိုသည်။
“ကမူးရှူးထိုး မိုက်ရူးရဲအမျိုးသားရေးစိတ်နဲ့လုပ်ခဲ့တာတွေကြောင့်နောင်တရတဲ့အခြေအနေမျိုး နဲ့ကြုံရပါလိမ့်မယ်။ နောင်မှာ လူထုရဲ့စိတ်နာမှုကိုလည်း သူတို့တွေကြုံတွေ့ရပါလိမ့်မယ်” ဟု စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ဟောကိန်းထုတ်ပြောကြားသည်။ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် အခြေခံစားနပ်ရိက္ခာကိုပင် ပြည့်မီအောင် မစားသုံး နိုင်သည့် မိသားစုအရေအတွက်သည် (၂၀၂၄)ခုနှစ် ဒီဇင်ဘာလတွင်(၃၃) ရာခိုင်နှုန်းရှိခဲ့ရာ ယခုနှစ်ဩဂုတ် လတွင် (၅၇) ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီး မိသားစုရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူခြင်း၊ တောင်းရမ်းစားသောက် ခြင်းစသည့်နည်းမျိုးစုံဖြင့် အပူတပြင်းကြိုးစားနေကြရကြောင်း ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ထားသည်။

Zawgyi Version:
အာဂ်င္တီးနားတရား႐ုံးတိုင္ခံရၿပီးေနာက္ AA ေခါင္းေဆာင္ ထြန္းျမတ္ႏိုင္ ႏွင့္ ညိဳထြန္းေအာင္တို႔၏ အနာဂတ္မွာ ေဝဝါးလာ
သက္ပိုင္ (NP News) - စက္တင္ဘာ ၈
AA က က်ဴးလြန္ေသာ စစ္ရာဇဝတ္မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ မူးယစ္ေဆးဝါးမႈတို႔ျဖင့္ အမႈေပၚ အမႈဆင့္ကာ ရႈပ္ေထြးေပြလီလာၿပီးေနာက္ ေခါင္းေဆာင္မ်ားျဖစ္ၾကသည့္ ထြန္းျမတ္ႏိုင္ႏွင့္ ညိဳထြန္း ေအာင္တို႔၏ အနာဂတ္မွာ ေဝဝါးလာေနေၾကာင္း NP News က ေမးျမန္းစုံစမ္းထားေသာ အခ်က္အလက္ မ်ားအရ သိရသည္။
ရခိုင္ျပည္နယ္တြင္ ထိန္းခ်ဳပ္နယ္ေျမရထားေသာ AA တို႔အေနျဖင့္ လက္ရွိတြင္ အရပ္ဘက္ အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္ေနသည့္အျပင္ ႏိုင္ငံတစ္ ႏိုင္ငံဆန္ဆန္ စီမံအုပ္ခ်ဳပ္ေနေသာ္လည္း ၎တို႔၏ အုပ္ခ်ဳပ္မႈပုံစံမ်ားက တျဖည္းျဖည္း ျပည္သူလူထုႏွင့္ ေဝးကြာလာေနေၾကာင္း ေတြ႕ျမင္ရသည္။
တစ္ဖက္တြင္လည္း AA တို႔အေနျဖင့္ တိုက္ပြဲမ်ားေဖာ္ေဆာင္ေနသည့္အျပင္ ခ်င္းလက္နက္ကိုင္ မ်ားႏွင့္ ဗမာ PDF အခ်ိဳ႕ကို ေထာက္ပံ့ေနေသာ္လည္း ၎တို႔ကိုယ္တိုင္မွာမူ တျဖည္းျဖည္းႏွင့္ အက်ပ္ အတည္းအတြင္းသို႔ တိုးဝင္လာေနေၾကာင္း ေတြ႕ျမင္ရသည္။
ရခိုင္ျပည္နယ္က ၎တို႔ထိန္းခ်ဳပ္ထားေသာနယ္ေျမမ်ားတြင္ ဆက္သြယ္ေရးႏွင့္အင္တာနက္ ကို ကန႔္သတ္ထားေသာ AA တို႔ က်ဴးလြန္သည့္စစ္ရာဇဝတ္မႈမ်ားမွာ အြန္လိုင္းထက္တြင္ ေပါက္ၾကားမႈ နည္း ေသာ္လည္း ဗီဒီယိုဖိုင္တစ္ခု ထြက္ေပၚလာခဲ့ဖူးရာ ယင္းဗီဒီယိုတြင္ AA တပ္ဖြဲ႕ဝင္မ်ားက ဂ်နီဗာ ကြန္ဗင္း ရွင္းကို ခ်ိဳးေဖာက္ကာ လက္နက္မဲ့ တပ္မေတာ္သား (၂)ဦးကို လည္ပင္းလွီးသတ္ျဖတ္ခဲ့ၿပီး ယင္းျဖစ္စဥ္ ကို AA ေျပာေရးဆိုခြင့္ရွိသူ ကိုယ္တိုင္က ဝန္ခံခဲ့ရသည္။
ျပည္သူမ်ားအေပၚတြင္လည္း အဓမၼ အမူအက်င့္မ်ားကို ျပဳလုပ္ျခင္းမ်ားရွိခဲ့ရာ ဥပမာအားျဖင့္ ၿမိဳ တိုင္ရင္းသားမ်ားကို ၎တို႔၏ ျပည္သူ႔စစ္အဖြဲ႕အတြင္း ဝင္ေရာက္ရန္ ညအခ်ိန္႐ြာအတြင္းဝင္၍ အဓမၼ ဖမ္းဆီးျခင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ျပည္သူမ်ားအိမ္အတြင္း ဝင္ေရာက္ကာ အဓမၼတပ္ဖြဲ႕ဝင္ စု ေဆာင္းျခင္းမ်ားရွိခဲ့ကာ ျဖစ္စဥ္အမ်ားစုမွာမူ လူမသိ သူမသိျဖင့္ ၿပီးေပ်ာက္သြားျခင္းမ်ားလည္း ရွိသည္။
ထိုမွ်သာမက ရခိုင္ျပည္နယ္က ဘူးသီးေတာင္ၿမိဳ႕နယ္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္တြင္ AA တို႔က ဘဂၤါလီမ်ားကို မည္သို႔လူသားခ်င္းစာနာေၾကာင္း ဝါဒျဖန႔္ေျပာၾကားမႈမ်ား ရွိေနေသာ္လည္း ေျမျပင္တြင္ အေျခအေနမွန္ႏွင့္ကြဲျပားကာ ဖိႏွိပ္ျခင္းႏွင့္အတူ လူမ်ိဳးတုံးသတ္ျဖတ္ျခင္းမ်ားလည္း ရွိေနေၾကာင္း ႏိုင္ငံ တကာမွ လူ႔အခြင့္အေရးလႈပ္ရွားသူမ်ားက အခိုင္အမာေျပာထားသည္။
လက္ရွိတြင္ ဘဂၤါလီမ်ားကို အၾကမ္းဖက္မႈမ်ား လုပ္ေဆာင္ျခင္း၊ အစုလိုက္အၿပဳံလိုက္ သတ္ ျဖတ္ျခင္း၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္က်ဴးလြန္ ျခင္းႏွင့္၊ စားနပ္ရိကၡာ ျဖတ္ေတာက္ထားျခင္းတို႔ ျပဳ လုပ္ေသာေၾကာင့္ ဖမ္းဝရမ္းထုတ္ေပးရန္အတြက္ ဘဂၤါလီအေရးေဆာင္႐ြက္ေနသည့္ BROUK အဖြဲ႕က အာဂ်င္တီးနားတရား႐ုံးသို႔ ေတာင္းဆိုထားမႈႏွင့္လည္း ရင္ဆိုင္ေနရသည္။
ထို႔ျပင္ ကုလသမဂၢလူ႔အခြင့္အေရး ေကာ္မရွင္ကလည္း ထန္းေရွာက္ခံေက်း႐ြာမွ ရာႏွင့္ခ်ီေသာ ဘဂၤါလီမ်ားကို AA က သတ္ျဖတ္ခဲ့သည္ဟု ၿပီးခဲ့သည့္ ဩဂုတ္လ (၂၉)ရက္က ထုတ္ျပန္ခဲ့ေသာ အစီရင္ ခံစာတြင္ ေဖာ္ျပထားသည္။
အဆိုပါျဖစ္စဥ္မ်ားေၾကာင့္ AA အေနျဖင့္ ႏိုင္ငံတကာတရား႐ုံးမ်ားတြင္ တရားစြဲဆိုခံရမႈမ်ားရွိလာ ႏိုင္ၿပီး ထိုသို႔တရားစြဲဆိုခံရပါက ႏိုင္ငံတကာ ရဲတပ္ဖြဲ႕မ်ားပါ ပါဝင္လာႏိုင္ရာ ကုလသမဂၢလုံၿခဳံေရးေကာင္ စီအထိ ပါဝင္လာပါက R2P ဝင္လာမည္ကိုစိုးရိမ္ရေၾကာင္းႏွင့္ ရခိုင္တို႔၏ ပုံရိပ္မ်ားလည္း က်ဆင္းသြား ႏိုင္ေၾကာင္း အမည္မေဖာ္လိုသည့္ ရခိုင္ႏိုင္ငံေရးပါတီတစ္ခုမွ တာဝန္ရွိသူတစ္ဦးကဆိုသည္။
“ႏိုင္ငံတစ္ႏိုင္ငံရဲ႕ေခါင္းေဆာင္ကိုတရားစြဲတာနဲ႔ အဲဒီႏိုင္ငံမွာရွိတဲ့ လက္နက္ကိုင္ေခါင္းေဆာင္ကို တရားစြဲတာခ်င္း မတူဘူးဗ်။ ၿပီးေတာ့ လက္နက္ ကိုင္ေခါင္းေဆာင္ေတြဆိုတာက တျခားႏိုင္ငံရဲ႕ မွတ္ပုံ တင္နဲ႔ေနေနၾကရတာေလ။ ဒီေတာ့ သူ႔အတြက္ အင္တာပိုကို ေၾကာက္ရမယ္။ ေနာက္ၿပီး ကုလသမဂၢ လုံ ၿခဳံေရးေကာင္စီအထိဒါက R2P ဝင္လာႏိုင္တဲ့ အႏၲရာယ္ေတြလည္းရွိတယ္။ ေနာက္ၿပီး သူတို႔က်ဴးလြန္ ခဲ့တဲ့သက္ေသေတြကို တရား႐ုံးမွာတင္ျပႏိုင္ခဲ့ရင္ လက္ရွိရခိုင္မွာ AA က ထိန္းခ်ဳပ္ထားေတာ့ ရခိုင္ လူထုတစ္ရပ္လုံးရဲ႕ပုံရိပ္ကလည္း က်ဆင္းသြားမွာေပါ့” ဟု ၎ကဆိုသည္။
ထို႔ျပင္ လက္ရွိတြင္ AA အေနျဖင့္ ရခိုင္ျပည္နယ္မွ ၿမိဳ႕နယ္(၁၄)ၿမိဳ႕နယ္ကိုထိန္းခ်ဳပ္ကာ အစိုးရ တစ္ရပ္အျဖစ္ ေျပာဆိုလုပ္ကိုင္လာေနၿပီး မီဇိုရမ္ျပည္နယ္သို႔ထြက္ခြာမည့္ကုန္သည္မ်ားကို သြာလာခြင့္ လက္မွတ္မ်ား ထုတ္ေပးသည္အထိ ျပဳ လုပ္လာေနသည္။
“ေဒသဆိုင္ရာအရာရွိေတြေလာက္နဲ႔ပဲ သူတို႔က ေျပာဆိုဆက္ဆံလို႔ရတဲ့အေနအထားမ်ိဳးေလာက္ ပဲ ျဖစ္မွာပါ။ အခ်ဳပ္အခ်ာအာဏာပိုင္တယ္လို႔ တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္အသိအမွတ္ျပဳမထားတဲ့ အတြက္ သူတို႔ကို ဘယ္သူကမွ အသိအမွတ္ျပဳမွာ မဟုတ္ပါဘူး။ သူတို႔ကို လူရာသြင္းမွာမဟုတ္ပါဘူး။ ေအာက္ေၾကးနဲ႔ ဆက္ဆံခံရတာေလာက္ပဲျဖစ္မွာပါပဲ” ဟု စစ္ေရးေလ့လာသုံးသပ္သူ ေဒါက္တာ ေအာင္ မ်ိဳးက ေျပာသည္။
ယခင္က AA အဖြဲ႕ဝင္မ်ားႏွင့္ ရခိုင္ကုန္သည္မ်ားသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ သြားေရာက္ ကာ ကုန္စည္မ်ားဝယ္ယူ၍ ရခိုင္ျပည္နယ္အတြင္းသို႔ တင္သြင္းရန္ႀကိဳးပမ္းခဲ့ဖူးရာ ဘဂၤေဒ့ရွ္ႏိုင္ငံ ရဲတပ္ဖြဲ႕က တရားမဝင္ကုန္စည္ဝယ္ယူမႈဆိုကာ ဖမ္းဆီးမႈမ်ားကို ႀကဳံေတြ႕ခဲ့ရဖူးသည္။
လက္ရွိ AA အဖြဲ႕၏ မဟာမိတ္မ်ား က်ဆုံးေနခ်ိန္တြင္ ၎မဟာမိတ္မ်ား၏ ကူညီေထာက္ပံ့မႈ မ်ား မရရွိေတာ့ဘဲ အေနာက္ပိုင္းေဒသတြင္ တစ္ကိုယ္တည္းရပ္တည္ႏိုင္ရန္မွာ မ်ားစြာခဲယဥ္းၿပီး ရင္းျမစ္မ်ားစြာလိုအပ္လ်က္ရွိေနေၾကာင္း ႏိုင္ငံေရး၊ စစ္ေရး ေလ့လာသုံးသပ္သူမ်ားကဆိုသည္။
ထိုသို႔ ရင္းျမစ္မ်ားလိုအပ္လာသည့္အတြက္ ရခိုင္ျပည္နယ္တြင္ လူငယ္မ်ားအား ျပည္နယ္ ျပင္ပ သို႔ ထြက္ခြာခြင့္ကို ေမလ(၂၂)ရက္တြင္ စတင္တား ျမစ္ခဲ့ၿပီး ကေလးမိခင္မ်ားပါမခ်န္ အဓမၼလူသစ္ စု ေဆာင္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ေလ့လာသူမ်ားကဆိုသည္။
ထိုသို႔ အဓမၼလူသစ္စုေဆာင္းမႈမ်ားေၾကာင့္ ျပည္နယ္တြင္းမွလူငယ္မ်ားမွာ AA ကိုမ်ားစြာ ေဝဖန္ ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး ထိုသို႔ဆႏၵထုတ္ေဖာ္သည့္ လူငယ္မ်ားမွာ ဖမ္းဆီးခံခဲ့ရသည့္အတြက္ ေဒသခံ ျပည္သူမ်ား၏ AA အေပၚသေဘာထားအျမင္မ်ားမွာ ေျပာင္းလဲလာမႈမ်ားလည္း ရွိေနေၾကာင္း သိရ သည္။
ထိုသို႔ သေဘာထားေျပာင္းလဲမႈမ်ားကို ေျဖေလွ်ာ့ရန္အတြက္ AA ေခါင္းေဆာင္ ထြန္းျမတ္ႏိုင္က ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္၊ေက်ာက္ခက္႐ြာသို႔ လာေရာက္ခဲ့ေၾကာင္း ဓာတ္ပုံမ်ား လူမႈကြန္ရက္ စာမ်က္ ႏွာတြင္ ေပၚထြက္လာခဲ့ေသာ္လည္း အဆိုပါဓာတ္ပုံတြင္ သက္ႀကီး႐ြယ္အိုမ်ား၊ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားကိုသာေတြ႕ရွိရၿပီး အ႐ြယ္ေရာက္ၿပီး အမ်ိဳးသားမ်ားကိုမူ မေတြ႕ရွိရေပ။
ရခိုင္ျပည္နယ္တြင္ ႀကဳံေတြ႕ေနရေသာ ျပႆနာမ်ားအနက္ အ႐ြယ္ေရာက္ၿပီး အမ်ိဳးသားမ်ား ရွားပါးသည့္အျပင္ မူးယစ္ေဆးဝါးေပါမ်ားသည့္ ျပႆနာႏွင့္လည္းႀကဳံေတြ႕ေနရကာ မူးဆစ္ေဆး ေရာင္း ခ်သုံးစြဲသူမ်ားတြင္ AA အဖြဲ႕ဝင္မ်ားကိုယ္တိုင္ပါဝင္ေနေၾကာင္း ေဒသတြင္းသတင္းမီဒီယာမ်ားတြင္ ေဖာ္ျပ ခ်က္မ်ားအရ သိရသည္။ AA အေနျဖင့္ ေျမာက္ျမားစြာေသာ လက္နက္၊ ခဲယမ္း ဝယ္ယူရန္အတြက္ လို အပ္သည့္ေငြေၾကးကို မူးယစ္ေဆးဝါးမွတစ္ဆင့္ ရရွိေနေၾကာင္း သတင္းရင္းျမစ္မ်ားႏွင့္ စုံစမ္းခ်က္မ်ား အရ သိရသည္။
“မူးယစ္ေဆးကို ဘဂၤလားပို႔မလား၊ မေလးရွားပို႔မလား ပို႔ခ်င္တာပို႔ သူတို႔က အခြန္ဘယ္ေလာက္ ဆိုၿပီး သတ္မွတ္ၿပီးေတာ့ လုံၿခဳံေရးယူေပးတယ္။ ဒါေပမဲ့ ျပည္နယ္တြင္းမွာျဖန႔္ရင္ေတာ့ ဖမ္းမယ္ဆိုၿပီး ေျပာထားတာရွိတယ္” ဟု ခိုင္လုံသည့္သတင္းရင္းျမစ္က ဆိုသည္။
(၂၀၂၅) ခုႏွစ္ ဩဂုတ္လ (၅) ရက္မွ (၁၄)ရက္အတြင္း ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဂိုဏ္း အဖြဲ႕ ဝင္(၁၃)ဦးႏွင့္အတူ မေလးရွားႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ တင္ပို႔မည့္ ေငြက်ပ္ (၂၅၇) ဘီလ်ံ (အေမရိကန္ ေဒၚလာ ၇၁ ဒသမ ၄ သန္း)ရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၁၈ သိန္း၊ အိုက္စ္ (မက္သ္ အဖက္တမင္း ၅၆၁၄ ဒသမ ၂ ကီလို၊ ကတ္တမင္း ၁၈၉၉ ကီလို) ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ စိတ္ႂကြေဆးျပား သုံးစြဲသူရွစ္သန္းခန႔္ရွိၿပီး ႏွစ္စဥ္ႏွစ္တိုင္း မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးအဖြဲ႕အေနျဖင့္ စိတ္ႂကြေဆးျပား သန္း (၅၀)ေက်ာ္ကို ဖမ္းဆီးရမိလ်က္ရွိၿပီး ဖမ္းဆီးရမိေသာ စိတ္ႂကြေဆးျပားမ်ားမွာ ရခိုင္ျပည္ နယ္ဘက္မွတစ္ဆင့္ ဝင္ေရာက္လာျခင္းျဖစ္ ေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးဦးစီးဌာန((Department of Narcotics Control – DNC) ၏ (၂၀၂၁)ခုႏွစ္ အစီရင္ခံစာမွတ္တမ္းမ်ားအရ သိရသည္။
လက္ရွိတြင္ AA အဖြဲ႕အေနျဖင့္ စိန္ေခၚမႈမ်ိဳးစုံျဖင့္ ႀကဳံေတြ႕ေနရၿပီး လူမ်ိဳးတုံးသတ္ျဖတ္မႈ ျပႆ နာ၊ ျပည္နယ္ႏွင့္ ထိစပ္ေနသည့္ႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ေရးျပႆနာ၊ ရင္းျမစ္လိုအပ္မႈ ျမင့္တက္လာ သည့္ ျပႆနာႏွင့္မူးယစ္ေဆးဝါးျပႆနာမ်ားကို လက္ရွိတြင္ ရင္ဆိုင္ေနရၿပီျဖစ္ေၾကာင္း ေလ့လာသုံး သပ္သူမ်ားက ဆိုသည္။
“ကမူးရႉးထိုး မိုက္႐ူးရဲအမ်ိဳးသားေရးစိတ္နဲ႔လုပ္ခဲ့တာေတြေၾကာင့္ေနာင္တရတဲ့အေျခအေနမ်ိဳး နဲ႔ႀကဳံရပါလိမ့္မယ္။ ေနာင္မွာ လူထုရဲ႕စိတ္နာမႈကိုလည္း သူတို႔ေတြႀကဳံေတြ႕ရပါလိမ့္မယ္” ဟု စစ္ေရး ေလ့လာသုံးသပ္သူ ေဒါက္တာေအာင္မ်ိဳးက ေဟာကိန္းထုတ္ေျပာၾကားသည္။ လက္ရွိျဖစ္ပြားေနေသာ တိုက္ပြဲမ်ားေၾကာင့္ ရခိုင္ျပည္နယ္အလယ္ပိုင္းတြင္ အေျခခံစားနပ္ရိကၡာကိုပင္ ျပည့္မီေအာင္ မစားသုံး ႏိုင္သည့္ မိသားစုအေရအတြက္သည္ (၂၀၂၄)ခုႏွစ္ ဒီဇင္ဘာလတြင္(၃၃) ရာခိုင္ႏႈန္းရွိခဲ့ရာ ယခုႏွစ္ဩဂုတ္ လတြင္ (၅၇) ရာခိုင္ႏႈန္းအထိ ေရာက္ရွိေနၿပီး မိသားစုရွင္သန္ရပ္တည္ေရးအတြက္ အေႂကြးယူျခင္း၊ ေတာင္းရမ္းစားေသာက္ ျခင္းစသည့္နည္းမ်ိဳးစုံျဖင့္ အပူတျပင္းႀကိဳးစားေနၾကရေၾကာင္း ကမာၻ႔စားနပ္ ရိကၡာအစီအစဥ္ (WFP) က ထုတ္ျပန္ထားသည္။