တယ်လီဖုန်း အပိုပစ္စည်းဈေးကွက်ပျက်နေပြီး ဆိုင်ငယ်များ ပိတ်သိမ်းနေရ

759

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၉
တယ်လီဖုန်း (ဟန်းဆက်) အပိုပစ္စည်း ဈေးကွက်အတွင်း လက်ကားဆိုင်ကြီးများမှ ဆိုင်သစ် ဖွင့် ရောင်းချခြင်းများနှင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်းများကြောင့် လက်လီ ဆိုင်ငယ်များပိတ်သိမ်းရ သည်အထိ ဈေးကွက်ပျက်နေကြောင်း တယ်လီဖုန်းအပိုပစ္စည်းနှင့် ပြင်ဆိုင်ပိုင်ရှင်များထံမှ သိရသည်။
“စီးပွားရေးမကောင်းလို့ လူတွေက ဖုန်းအသစ်လည်းမဝယ်နိုင်ဘူး၊ တခြားဖုန်းကာဗာတို့ အား သွင်းကြိုးတို့ဆိုလည်းရှိတာနဲ့ဆက်သုံးနေကြတာ၊ အရင် က လက်ကြီးသမားတွေဖြန့်ချိရေးတွေက ဈေးကွက်ထဲမှာ ဆိုင်ကြီးတွေဖွင့်ပြီးရောင်းနေကြတော့ တစ်ပိုင်တစ်နိုင်ဖုန်းဆိုင်အသေးတွေ အကုန်ပိတ် လုနီးပါးဖြစ်ကုန်ပြီ၊ အွန်လိုင်းပေါ်မှာ ဆိုင်ဖြုတ်အကုန်ရောင်းတွေများလာတာပေါ့” ဟု တောင်ဥက္ကလာပ မြို့နယ်မှ တယ်လီဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
တယ်လီဖုန်းဈေးများမှာ ဖုန်းအသစ်ဈေးများအပြင် တစ်ပတ်ရစ် ဖုန်းဈေးများလည်း မြင့်တက် နေပြီး လတ်တလောတွင် ဖုန်းဝယ်ယူမှုများလည်း ယခင်နှစ်များထက်များစွာ ကျဆင်းလာကြောင်း သိရ သည်။
“တစ်နေကုန်ထိုင်ပြီး ဈေးဦးမပေါက်တဲ့နေ့တွေက များလာတယ်၊ လူတွေက စား၊ ဝတ်၊ နေ၊ ရေး အတွက်လုံးပမ်းနေကြတော့ ဖုန်းကို လိုတာထက် ပိုမသုံးကြတော့ဘူး၊ မှန်မကွဲတို့ ကာဗာတို့ဆိုရင်လည်း မရောင်းရတာကြာနေပြီ၊ အရင်ဈေးနဲ့ပဲ ဆိုင်သေးတွေကရောင်းနေတာ ပစ္စည်းအသစ်ဝယ်တင်ဖို့လည်း တော်တော်ခက်နေတယ်” ဟု ယုဇနပလာဇာမှ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။ ယခင်က ဖုန်းမှန်မကွဲ တစ်ချပ်လျှင် ငါးထောင်ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိသော်လည်း လက်ရှိတွင် တစ်သောင်းဝန်းကျင်သို့ ရောက်ရှိနေကြောင်း အားသွင်းကြိုးနှင့် ဖုန်းကာဗာများမှာလည်း ဈေးနှုန်း နှစ်ဆခန့်အထိတက်လာ ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်များသာမက နယ်မြို့များရှိဆိုင်များတွင်လည်း အရောင်းအဝယ် ကျဆင်းနေပြီး လက်လီဖုန်းအပိုပစ္စည်းဆိုင်ငယ် အများစုမှာဆိုင်ပိတ်သိမ်းနေရကြောင်းသိရသည်။ “ဆိုင်ခန်းငှားခ၊ အလုပ်သမားလစာနဲ့ တစ်လချင်းတောင် အဆင်မပြေဖြစ်နေတာကြာပြီ။ နောက်ဆုံး ဖုန်း ဆိုင်ကို လက်ကျန်ပစ္စည်းအကုန်ရောင်းပြီး ဆိုင်ပိတ်လိုက်တယ်၊ ရေရှည်မှာတောင့်မခံထားနိုင်ဘူးလေ၊ လက်ကားသမားတွေက ဆိုင်ခွဲတွေဖွင့်လာတော့ ပိုဆိုးပါတယ်” ဟု ဘားအံမြို့ခံဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် ယခင်နှစ်များက နှစ်စဉ် ဖုန်းသုံးစွဲမှုများစွာမြင့်တက်ခဲ့သော်လည်း လက်ရှိ ကာလတွင် ဖုန်းအသစ်ဝယ်ယူမှုနှင့် ဖုန်းနှင့်ဆက်စပ်သော အပိုပစ္စည်းသုံးစွဲမှုများကျဆင်းနေကြောင်း သိ ရသည်။

Zawgyi Version:
တယ္လီဖုန္း အပိုပစၥည္းေဈးကြက္ပ်က္ေနၿပီး ဆိုင္ငယ္မ်ား ပိတ္သိမ္းေနရ
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၉
တယ္လီဖုန္း (ဟန္းဆက္) အပိုပစၥည္း ေဈးကြက္အတြင္း လက္ကားဆိုင္ႀကီးမ်ားမွ ဆိုင္သစ္ ဖြင့္ ေရာင္းခ်ျခင္းမ်ားႏွင့္ ကုန္စည္ေဈးႏႈန္းမ်ား ျမင့္တက္ျခင္းမ်ားေၾကာင့္ လက္လီ ဆိုင္ငယ္မ်ားပိတ္သိမ္းရ သည္အထိ ေဈးကြက္ပ်က္ေနေၾကာင္း တယ္လီဖုန္းအပိုပစၥည္းႏွင့္ ျပင္ဆိုင္ပိုင္ရွင္မ်ားထံမွ သိရသည္။
“စီးပြားေရးမေကာင္းလို႔ လူေတြက ဖုန္းအသစ္လည္းမဝယ္ႏိုင္ဘူး၊ တျခားဖုန္းကာဗာတို႔ အား သြင္းႀကိဳးတို႔ဆိုလည္းရွိတာနဲ႔ဆက္သုံးေနၾကတာ၊ အရင္ က လက္ႀကီးသမားေတြျဖန႔္ခ်ိေရးေတြက ေဈးကြက္ထဲမွာ ဆိုင္ႀကီးေတြဖြင့္ၿပီးေရာင္းေနၾကေတာ့ တစ္ပိုင္တစ္ႏိုင္ဖုန္းဆိုင္အေသးေတြ အကုန္ပိတ္ လုနီးပါးျဖစ္ကုန္ၿပီ၊ အြန္လိုင္းေပၚမွာ ဆိုင္ျဖဳတ္အကုန္ေရာင္းေတြမ်ားလာတာေပါ့” ဟု ေတာင္ဥကၠလာပ ၿမိဳ႕နယ္မွ တယ္လီဖုန္းဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။
တယ္လီဖုန္းေဈးမ်ားမွာ ဖုန္းအသစ္ေဈးမ်ားအျပင္ တစ္ပတ္ရစ္ ဖုန္းေဈးမ်ားလည္း ျမင့္တက္ ေနၿပီး လတ္တေလာတြင္ ဖုန္းဝယ္ယူမႈမ်ားလည္း ယခင္ႏွစ္မ်ားထက္မ်ားစြာ က်ဆင္းလာေၾကာင္း သိရ သည္။
“တစ္ေနကုန္ထိုင္ၿပီး ေဈးဦးမေပါက္တဲ့ေန႔ေတြက မ်ားလာတယ္၊ လူေတြက စား၊ ဝတ္၊ ေန၊ ေရး အတြက္လုံးပမ္းေနၾကေတာ့ ဖုန္းကို လိုတာထက္ ပိုမသုံးၾကေတာ့ဘူး၊ မွန္မကြဲတို႔ ကာဗာတို႔ဆိုရင္လည္း မေရာင္းရတာၾကာေနၿပီ၊ အရင္ေဈးနဲ႔ပဲ ဆိုင္ေသးေတြကေရာင္းေနတာ ပစၥည္းအသစ္ဝယ္တင္ဖို႔လည္း ေတာ္ေတာ္ခက္ေနတယ္” ဟု ယုဇနပလာဇာမွ ဖုန္းဆိုင္ပိုင္ရွင္တစ္ဦးကဆိုသည္။ ယခင္က ဖုန္းမွန္မကြဲ တစ္ခ်ပ္လွ်င္ ငါးေထာင္က်ပ္ဝန္းက်င္သာ ေပါက္ေဈးရွိေသာ္လည္း လက္ရွိတြင္ တစ္ေသာင္းဝန္းက်င္သို႔ ေရာက္ရွိေနေၾကာင္း အားသြင္းႀကိဳးႏွင့္ ဖုန္းကာဗာမ်ားမွာလည္း ေဈးႏႈန္း ႏွစ္ဆခန႔္အထိတက္လာ ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ရွိ ဖုန္းအေရာင္းဆိုင္မ်ားသာမက နယ္ၿမိဳ႕မ်ားရွိဆိုင္မ်ားတြင္လည္း အေရာင္းအဝယ္ က်ဆင္းေနၿပီး လက္လီဖုန္းအပိုပစၥည္းဆိုင္ငယ္ အမ်ားစုမွာဆိုင္ပိတ္သိမ္းေနရေၾကာင္းသိရသည္။ “ဆိုင္ခန္းငွားခ၊ အလုပ္သမားလစာနဲ႔ တစ္လခ်င္းေတာင္ အဆင္မေျပျဖစ္ေနတာၾကာၿပီ။ ေနာက္ဆုံး ဖုန္း ဆိုင္ကို လက္က်န္ပစၥည္းအကုန္ေရာင္းၿပီး ဆိုင္ပိတ္လိုက္တယ္၊ ေရရွည္မွာေတာင့္မခံထားႏိုင္ဘူးေလ၊ လက္ကားသမားေတြက ဆိုင္ခြဲေတြဖြင့္လာေတာ့ ပိုဆိုးပါတယ္” ဟု ဘားအံၿမိဳ႕ခံဖုန္းဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံသည္ ယခင္ႏွစ္မ်ားက ႏွစ္စဥ္ ဖုန္းသုံးစြဲမႈမ်ားစြာျမင့္တက္ခဲ့ေသာ္လည္း လက္ရွိ ကာလတြင္ ဖုန္းအသစ္ဝယ္ယူမႈႏွင့္ ဖုန္းႏွင့္ဆက္စပ္ေသာ အပိုပစၥည္းသုံးစြဲမႈမ်ားက်ဆင္းေနေၾကာင္း သိ ရသည္။