“တစ်ပြည်လုံးအတိုင်းအတာနဲ့တွက်ရင် ဒီးမော့ဆိုမြို့က KNDF ၊ PDF အများဆုံးပဲ”

 987

သုတကျော် (NP News) - စက်တင်ဘာ ၉

မကြာသေးမီကာလက ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ဒေသမှပြည်သူတို့မှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြရသေး ၏။ ပြည်သူတို့၏ဘဝမှာ ရေရှည် စစ်ဘေးရှောင်ရင်း အကျပ်အတည်းတွေ့နေရကြသည်သာမက တော် လှန်ရေးသမားဆိုသူတို့၏ ခြိမ်းခြောက်မှုကိုလည်း ခံနေကြရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက် ၍ ဒီးမော့ဆိုမြို့ခံတစ်ဦးထံ NP News မှမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - တိုက်ပွဲတွေမဖြစ်ခင်က ဒီးမော့ဆိုမြို့ရဲ့အခြေ အနေကို အရင်ဆုံးပြောပြပေးပါလား။
ဖြေ - တိုက်ပွဲမဖြစ်ခင်တုန်းကတော့ ဒီလိုပဲ တစ်နေ့ တစ်နေ့ ဖွံ့ဖြိုးတိုးတက်နေတယ်။ လူတိုင်းက သူ့အလုပ်နဲ့သူ အဆင်ပြေနေကြတယ်။ လမ်းပန်းဆက်သွယ်ရေးက အစ၊ စီးပွားရေးကအစ တိုးတက်နေကြ တယ်။ ကိုယ်ပိုင်အလုပ်တွေနဲ့ ပြည်သူတွေက ဒီလို ရပ်တည် နေကြတယ်ပေါ့။

မေး - ဒီးမော့ဆိုမြို့ရဲ့ အဓိကစီးပွားရေးက ဘာဖြစ်မလဲ။
ဖြေ - အဓိကတော့ လယ်ယာ၊ တောင်ယာတွေရှိမယ်။ ပြီးရင် အနောက်ဘက်ခြမ်းကတော့ အအေးပိုင်း ဒေသဆိုရင် ဘိန်းစိုက်ပျိုးတာလည်းရှိတယ်။ တချို့ဒေသတွေပေါ့။ အဲဒါတွေကလည်း ခေတ်ကောင်း တုန်းက ရဲနဲ့တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ပြီး ဘိန်းစိုက်ပျိုးမှုပျောက်ဖို့လုပ်တယ်။ သီးနှံစိုက်ပျိုး ကြတာလည်းရှိတယ်။ အစုံစိုက်တယ်။ အဲဒီကနေ ဈေးကွက်ဖြန့်တယ်။ ဒီးမော့ဆို ဈေး၊ မိုးဗြဲဈေး၊ လွိုင် ကော်ဈေးတွေ တက်ရောင်းကြတယ်။

မေး - ဒီးမော့ဆိုမြို့နားကို စစ်ရောက်လာတယ်ပေါ့။ တိုက်ပွဲမဖြစ်ခင်က ဖြစ်တော့မယ်ဆိုတာ သတိထား မိလား။
ဖြေ - ဒီးမော့ဆိုမြို့မှာ တိုက်ပွဲက ရုတ်တရက် ထဖြစ်တာ။ ဒီးမော့ဆိုမြို့ပေါ်ရော အနောက်ဘက်ခြမ်းပေါ့။ ထိတ်ထိတ်လန့်လန့် ပြင်ဆင်ကြတယ် ပြေးကြတယ်။ နောက်တော့ တိုက်ပွဲဖြစ်တဲ့တစ်ကြောနဲ့ ဒီးမော့ဆို မြို့ပေါ်ပေါ့ လူကမရှိတော့ဘူး။ တိုက်ပွဲဖြစ်တဲ့ရွာတွေ နဲ့ လေး၊ ငါး ရွာလောက်ခြားတဲ့နေရာဆိုရင် လူတွေ ပြန်နေကြတယ်ပေါ့နော်။

မေး - တိုက်ပွဲစဖြစ်တော့ ပြည်သူတွေမှာ ဘယ်လောက်ဒုက္ခရောက်ခဲ့ကြလဲ။
ဖြေ - ဒုက္ခရောက်တယ်။ အထူးသဖြင့် ပြေးရတဲ့ ရပ်၊ ရွာတွေဆိုရင် ဒုက္ခရောက်တယ်။ လူချည်းပဲထွက် ပြေးကြရတယ်။ အဝတ်အစားတောင် အပြည့်အစုံမယူ သွားနိုင်ဘူး။ ကမန်းကတန်းထွက်ပြေးရတယ်။ တချို့က ပြန်တက်လို့ရမယ်ထင်ပြီး တစ်ပတ်နှစ်ပတ် အမျိုး တွေမှာအိမ်နေတယ်။ ပြန်တက်လို့မရတော့ ပစ္စည်းတွေကို ပြန်လေ့လာကြည့်တော့ တချို့က မီးလောင် ပျက်စီးတဲ့အိမ်တွေရှိတယ်။ တချို့က အခိုးခံ လိုက်ရတဲ့ ဟာတွေရှိတယ်။ ပြေးရတဲ့ ရပ်၊ ရွာတွေက အရမ်းခက် ခဲနေကြတယ်။ ကိုယ့်ရဲ့ တောင်ယာ၊ လယ်ယာကို စွန့်ပစ်ပြီး အနောက်ဘက်ခြမ်းတောထဲမှာသွားနေရတဲ့အခါမှာ ဘာမှလုပ်ကိုင်စားသောက် လို့မရတဲ့ ဒေသတွေရှိတယ်။ တချို့က မိဘဆွေမျိုးဆီပြန်ပြီး ဆန်၊ ဆီ၊ ဆား တောင်းစားရတာတွေနဲ့ ရှင်သန်နေရတယ်။ တချို့ကျတော့ ပစ္စည်းတွေပြန်သယ်ဖို့ အခွင့်အရေးရတဲ့သူက ပြန်သယ်တယ်။ အဲဒီလူတွေကတော့ နည်းနည်းအဆင်ပြေတာပေါ့။ တချို့က အိမ်တွေ လုံးဝမီးလောင်သွားတဲ့လူတွေ ကတော့ အခက်အခဲဆုံးဖြစ် သွားတာပေါ့။ ဒီးမော့ဆိုမြို့ပေါ်တို့ဆိုရင် တိုက်ပွဲစဖြစ်တည်းက အခုထိ အိမ်ပြန်နေလို့မရဘူး။ အားလုံး ပြန် နေလို့မရသေးတဲ့ မြို့ပေါ်မျိုးဖြစ်တယ်။ မြို့က ချုံတွေနဲ့။ မြို့ပေါ်က တော့ အခုထက်ထိ ပြန်နေလို့မရသေးဘူးပေါ့။

မေး - ဒီးမော့ဆိုမြို့ကနေ ကာလရှည် တိမ်းရှောင်နေပြီးတဲ့နောက် ဘယ်လိုအခက်အခဲတွေဖြစ်နေပြီလဲ။
ဖြေ - ကာလအားဖြင့်ကတော့ တိုက်ပွဲစဖြစ်တဲ့အချိန်ကနေ အခုထက်ထိပေါ့။ ဟိုတလောတုန်းက အိမ် ကို တချို့က ပြန်သွားအိပ်တဲ့သူရှိတယ်။ တိုက်ပွဲ မဖြစ်တဲ့တလောပေါ့။ တိုက်ပွဲမဖြစ်ခင် သုံးလေးလ ပြန် နေတဲ့သူရှိတယ်။ ပေါ့ပေါ့ပါးပါးပြန်နေကြတာရှိတယ်။ အခက်အခဲက စစ်ရှောင်နေရတဲ့ဘဝဖြစ်တော့ အလှူရှင်တွေလာပေးတဲ့ပစ္စည်းတချို့နဲ့ မိုးကာတွေနဲ့ တဲလုပ်ရတယ်၊ အလှူရှင်တွေထုတ်ပေးတဲ့ ဆန်၊ ဆီ၊ ဆားတွေနဲ့စားရတယ်။ တချို့ကလည်း သား၊ သမီးတွေ နိုင်ငံခြားထွက်တော့ အဲဒီကပို့တာနဲ့ပဲ ခိုလှုံ နေကြရတယ်ပေါ့။ ကြီးကြီးမားမား တောင်ယာ၊ လယ်ယာပြန် လုပ်စားလို့ရတာတော့မရှိဘူး။ ဒီးမော့ဆို မြို့ပေါ်ကပေါ့။

မေး - ထပ်မေးချင်တာက စစ်ပွဲက ကာလရှည်ကြာခဲ့ပြီပေါ့လေ။ လက်ရှိမှာ တပ်မတော်က မြို့ကို ပြန်ရ သွားပြီဆိုတော့ ပြန်နေကြမလား။
ဖြေ - ဒီဘက်ခြမ်းကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တပ်က သိမ်းလို့ရတာမှန်တယ်။ လွိုင်ကော်လို မ ဟုတ်ဘူး။ ပြန်နေချင်တဲ့သူရှိတယ်။ ဒါပေမဲ့ ပြန်နေရင် စွပ်စွဲတယ်။ တပ်နဲ့ပေါင်းတယ်ဆိုပြီး လုပ်ချင်ရာ လုပ်တယ်။ ပြန်ချင်တဲ့သူရှိရင်တောင် ပြန်ရဲဦးမှာမဟုတ်ဘူး။ သူတို့သားသမီးတွေက PDF ထဲဝင်တာ၊ KNDF ထဲဝင်တာနဲ့ မပြန်ရဲတာလည်းရှိတယ်။ ပြန်ချင်တဲ့သူက ပြန်ရဲမှာမဟုတ်လောက်သေးဘူး။ ဒီတစ် ခုတော့ရှိတယ်။

မေး - ဒီးမော့ဆိုပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ အခြေအနေကိုလည်း သိပါရစေ။
ဖြေ - တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့တွက်ရင် KNDF ၊ PDF က ဒီးမော့ဆိုမြို့ အများဆုံးပဲ။ အဲဒီ တော့ ဒီးမော့ဆိုမြို့ကို ဒီအတိုင်းထားမှာတော့မဟုတ်ဘူး။ တပ်က ဝင်နေရာယူတယ်၊ တပ်က တရားဥပဒေစိုးမိုးရေးကို လုပ်တာကောင်းတယ်။ အခု (ဩဂုတ်လ ၃၀ ရက်) လည်း တိုက်ပွဲဖြစ်နေတယ်။ ဖြစ်နေတာပဲ။ အေးချမ်းတဲ့အရသာမျိုးတော့ မခံစားရသေးပါဘူး။

မေး - KNDF အပါအဝင် သူ့မဟာမိတ်အဖွဲ့တွေဟာ ဆုတ်ခွာနေရတယ်၊ လက်နက်ခဲယမ်းနည်းနေပြီလို့ ပြောကြတယ်။ ဒေသခံတစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ - မှန်ပါတယ်။ ဆုတ်ခွာတယ်ဆိုတဲ့နေရာမှာတော့ အများကြီးတော့မဟုတ်သေးဘူး။ တပ်ထိန်း လိုက် တဲ့နေရာတွေက အဓိကအချက်အချာကျတဲ့နေရာတွေပေါ့။ မြို့ပေါ်တစ်ဝိုက်ဆိုရင်လည်း အချက်အချာကျတဲ့နေရာဖြစ်တယ်။ ဒီဘက်က PDF ၊ KNDF တွေက တပ်ဆုတ်လိုက်ရတယ်ပေါ့။ အဲဒါထက် ဆုတ်မလား ဘယ်လိုဆိုတာတော့ ခန့်မှန်းလို့မတတ်ဘူး။ နေ့စဉ်တော့ပစ်နေတယ်။ တချို့ရက်တွေ တိုက်ပွဲ နည်း နည်းကြီးတဲ့နေ့တွေမှာ တိုက်လေယာဉ်တွေက တော့ ဝဲနေတာကြားရတယ်။ ဒီတစ်ရက်၊ နှစ်ရက်က တော့ မကြားရသေးဘူး။

မေး - ဒေသခံပြည်သူတွေက တိုက်ပွဲနဲ့ပတ်သက်လို့ ကြောက်တာမျိုး ပိုဆိုးလာလား။
ဖြေ - ဒေသခံပြည်သူတွေကတော့ စစ်ကို အရင် လောက်မကြောက်တော့ဘူး။ နေ့စဉ် အသံတွေကြား နေရတော့ ခပ်လန့်လန့်မဖြစ်ဘူး။ ဒေသခံပြည်သူတွေ က အမြန်ငြိမ်းချမ်းချင်ပြီ၊ အေးချမ်းချင်ပြီ အရမ်း ခက်ခဲလာတယ်ပေါ့။ တစ်နေ့ထက်တစ်နေ့ ကုန်ဈေးက လည်းတက်လာတော့ အရမ်းခက်ခဲတော့ အေး ချမ်းချင်လာကြပြီ။ ပြည်သူတွေကလည်း ပင်ပန်းနေကြပြီ။

မေး - KNDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံတာက ကျဆင်းလာလား။
ဖြေ - သုံးသပ်ရရင် ကျဆင်းတာကရှိတယ်။ ဘာလို့ လဲဆိုတော့ တချို့လူကြီးတွေက အကျင့်ပျက်ခြစားတာရှိတယ်။ ရတဲ့ငွေ ကိုယ့်အိတ်ထဲထည့်တယ်။ တိုက်တွေဆောက်တယ်၊ ကားတွေဝယ်တယ်။ အဲဒီလို တွေ့ရတော့ ပြည်သူတွေကစိတ်ပျက်တယ်။ တချို့ မိဘတွေက ကိုယ့်သားသမီးကိုမဆုံးရှုံးစေချင်လို့ မဝင် ခိုင်းတော့တာလည်းရှိတယ်။ တစ်ခါတလေကျ စစ်ပွဲက စီးပွားရေးဆန်ဆန်ဖြစ်လာတယ်။ ဘယ်အဖွဲ့က ဘယ်လူကြီးက စီးပွားရေးအဆင်ပြေလာတယ်ဆို တာမျိုးတွေများလာတယ်။ နဂိုတုန်းက စစ်ရေးကိုအာ ရုံစိုက်တယ်။ အခု စီးပွားရေးကို တစ်ဖက်လှည့်လာတဲ့ အခါမှာ အောက်ခြေရဲဘော်တွေက ဆုံးရှုံးနစ်နာမှုတွေ ရှိလာတယ်။

မေး - အစ်ကိုတို့ဆန္ဒက မြို့ကို အရင်အတိုင်းပြန်လိုချင်လား။
ဖြေ - ဟုတ်တယ်။ ကျွန်တော့်အနေနဲ့ဆို တစ်နိုင်ငံ လုံးကို ငြိမ်းချမ်းစေချင်ပြီပေါ့နော်။ ကျွန်တော်တို့ ပြည် သူကိုလက်နက်ပြပြီးအနိုင်ကျင့်တာမျိုး မလိုချင်ဘူး။ ကျွန်တော်တို့ရောက်တဲ့နေရာမှာ ဘယ်ပြည်သူ မဆို ကတော့ ကိုယ့်ကိုဝန်းရံပေးတဲ့အစိုးရကို လိုချင်တယ်။ ဂိတ်တွေမှာ ပြည်သူကိုမသင်္ကာဖြစ်တာမျိုး မလို ချင်တော့ဘူး။ အေးအေးချမ်းချမ်း သွားလာခွင့်၊ ပြန်စား သောက်ခွင့်လိုချင်လာပြီ။

မေး - ဒီးမော့ဆိုမြို့က အခုမှ ချုံထူထပ်သွားပြီလား။
ဖြေ - ဟုတ်တယ် တောထူတယ်။ အိမ်ပြန်ကြည့်တဲ့ လမ်းဆိုရင် လူသွားလမ်းတစ်လမ်းပဲကျန်တယ်။ ဒါ တောင် နဂိုတုန်းက ကတ္တရာလမ်းဖြစ်တယ်ပေါ့။ အဲဒီ လိုမျိုး လူသွားလမ်းပဲကျန်တယ်။ တချို့လမ်းဆို ပိတ်ကုန်ပြီ။ မိန်းလမ်းမကြီးဆိုရင်လည်း ကားတစ်စီးစာပဲ ကျန်တယ်။ ဒီးမော့ဆိုကနေ ဟိုး ဖားဆောင်း၊ ဘော်လခဲအထိ ကားတစ်စီးစာပဲကျန်တာ။ အကုန် ချုံတွေ၊ တောတွေ ဖြစ်ကုန်ပြီ။

မေး - မြို့ကိုပြန်ထူထောင်မယ်ဆိုရင် အရင်လို ပြန်စည်ကားနိုင်မယ်ထင်လား။
ဖြေ - စည်ကားနိုင်ပါတယ်။ ဒီးမော့ဆိုက အချက်အချာကျတယ် အရင်က အရမ်းလူစည်ကားခဲ့တယ်။ ငြိမ်းချမ်းတဲ့အချိန်မျိုးဖြစ်ရင် ပြန်ထူထောင်တာမှာ ပိုမြန်ဆန်လာမယ်ထင်တယ်။ ဒါ တိုက်ပွဲမဖြစ်ရင်ပေါ့။ တိုက်ပွဲဖြစ်နေသရွေ့ကတော့ မဖြစ်နိုင်ဘူးပေါ့နော်။ လူတွေပြန်နေပြီး လွိုင်ကော်၊ ဖရူဆိုးဘက်ကို လူတွေ က လွတ်လွတ်လပ်လပ်သွားလာလို့ရရင် ကုန်သွယ်မှုကလည်း ပိုမြန်ဆန်လာတယ်။ မြို့ပေါ်လည်း တိုး တက်လာမယ် အရင်လိုပြန်စည်ကားလာမယ်လို့မျှော်လင့်ပါတယ်။

မေး - ဒီးမော့ဆို မြို့ခံတွေထဲမှာ ဒုက္ခသည်စခန်းတွေနဲ့ ခိုလှုံနေကြရသူတွေရှိတယ်လို့သိရပါတယ်။ လက်ရှိ ဒုက္ခသည်စခန်းတွေမှာ ဘယ်လို ဖြတ်သန်းနေကြပါသလဲ။
ဖြေ - နံပါတ်တစ်ကတော့ စားဝတ်နေရေးပဲပေါ့။ တစ်နေ့တစ်နေ့ တစ်ထောင်၊ နှစ်ထောင်ရဖို့ကို အရမ်း ကြိုးစားနေကြရတယ်။ တောက မျှစ်ပဲသွားချိုးပြီး ရောင်းရမလား၊ ဟင်းအတွက် မျှစ်ကိုပဲစုထားရမလား အဲဒီလိုတွေဖြစ်နေကြတာ အများကြီး။ အရင်တုန်းက တောင်ယာ၊ လယ်ယာ မဟုတ်တဲ့ နွားစားကျက် မြေတွေမှာလည်း ကြိုးစားပြီး ကိုယ့်နယ်မြေမဟုတ်တောင် တောင်ယာ၊ လယ်ယာကိုခွင့်တောင်းပြီး လုပ်ကြတယ်။ ဒီလိုအခက်အခဲတွေနဲ့ကြုံနေရတယ်။ တိုက်ပွဲရဲ့ဒဏ် ကိုလည်း ခံစားနေရတယ်။ သားသမီးတွေအတွက် ပူပန်ရတဲ့မိဘတွေကလည်း တစ်ပုံတစ်ခေါင်းကြီး။ ယာယီတဲတွေကအစ အသစ်လဲရတယ် ပိုက်ဆံကမရှိ အဲဒီလို ဒုက္ခရောက်နေကြတယ်။

မေး - အရင်တုန်းကတော့ အစွဲတွေရှိခဲ့ကြတာပေါ့။ အခုတော့ ငြိမ်းချမ်းရေးရရင်တော်ပြီဆိုတဲ့စိတ် ဝင်နေ ကြပြီလား။ အစ်ကိုကိုယ်တိုင်ကော ဘယ်လိုခံစားနေရ ပါသလဲ။
ဖြေ - ရေရှည် ဒီလိုမျိုး တိုက်ပွဲကြာမြင့်လာတဲ့အခါ အခက်အခဲဖြစ်လာတယ်ပေါ့နော်။ တစ်နေ့တစ်နေ့ ခုနကပြောတဲ့ဟာတွေလည်းပါတယ် အခက်အခဲက လေ။ ကုန်စည်တွေကလည်း တစ်ရက်ကို နည်းနည်း ချင်းစီတက်သွားတယ်။ ဆီတွေပြတ်သွားရင် ရုတ် တရက် ဈေးတက်သွားတယ်။ လေးထောင်ဈေးကနေ ခြောက်ထောင်၊ ခုနစ်ထောင်၊ ရှစ်ထောင် တက်တယ် ပေါ့နော်။ အဲဒီလိုတွေနဲ့ ဒုက္ခပေါင်းစုံ ခံစားနေကြရ တဲ့ အခါမှာ ကျွန်တော်တို့ ငြိမ်းချမ်းမှုကို လိုလားတယ်ပေါ့ နော်။ နဂိုကလိုမျိုး ပါတီစုံဒီမိုကရေစီစနစ်နဲ့ အရည်အချင်းရှိတဲ့သူ လူကြီးတက်လုပ်၊ အရည်အချင်းရှိတဲ့သူ ဝန်ကြီးလုပ်ပြီး ပြည်နယ်ဖွံ့ဖြိုး အောင် လုပ်ပေးဖို့၊ လူငယ်တွေအတွက် အခွင့်အလမ်းဖန်တီးပေးဖို့ လိုလားတယ်။ အခုခေတ်လူငယ် တွေက ပညာတွေ ကောင်းကောင်းမသင်ရဘူး။ မသင်ရတော့ ငြိမ်းချမ်းမှုတစ်ခု သာရှိမယ်ဆိုရင်၊ နဂိုတုန်းကလို ပြန်ပြီး ငြိမ်းချမ်းမယ်၊ ကောင်းမွန်တဲ့ အစိုးရစနစ်တစ်ခုသာ ကျွန်တော်တို့ ပြန်ရမယ်ဆိုရင် အကောင်းဆုံး ဖြစ်မယ်လို့မျှော်လင့်တယ်။ လက်ရှိ စစ်ဘေးရှောင်နေရတာတော့ တကယ် ဒုက္ခရောက်တယ်။ အမြန်ဆုံး ငြိမ်းချမ်းဖို့လည်း မျှော်လင့်ပါတယ်။

မေး - ပြည်သူတွေကတော့ ငြိမ်းချမ်းမှုကိုလိုလား နေကြတယ်ပေါ့လေ။ တိုက်ပွဲဖော်ဆောင်နေတဲ့ လက် နက်ကိုင်သူတွေကတော့ သူတို့ကိုယ်သူတို့ တော်လှန် ရေးသမားလို့ပြောနေတဲ့အခါမှာ ဒီးမော့ဆို မြို့ခံတစ်ယောက်အနေနဲ့ အဲဒီတော်လှန်ရေးသမားဆိုသူတွေ ကို ဘာများပြောချင်ပါသလဲ။
ဖြေ - တော်လှန်ရေးသမားလို့ ကြွေးကြော်သူတွေကို တော့ လက်နက်တစ်ခုကိုကိုင်ပြီဆိုရင် ရန်သူ နဲ့တွေ့ရင်တော့ သူပစ်ကိုယ်ပစ်ဆိုရင် လူမိုက်လုပ်လို့ရတယ်။ ရပ်ရွာထဲမှာ လူမိုက်မလုပ်ဖို့၊ လက်နက်ကို အကြောင်း ပြပြီးတော့မှ ရရှိတဲ့အလှူငွေကို အိတ်ထဲမထည့်ဖို့ ပြောချင်တယ်။ ကိုယ်က တော်လှန်ရေး တကယ်လုပ်နေတယ်ဆိုရင် ပြည်သူတွေအပေါ် ကိုယ်ဘယ်လောက်အထိ ဝန်ဆောင်မှုပေးနိုင်ပြီလဲ။ စစ်တပ်တစ်ခုဖွဲ့မယ်ဆိုရင် တပ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကဘာလဲ။ ပြည်သူတွေက အပြစ်ရှိရင် လက် နက်ကိုင်ကပဲစီရင်ပြီး လက်နက် ကိုင်ကအပြစ်ရှိရင်ကော ပြည်သူက စီရင်လို့မရဘူးလားဆိုတာ ပွင့်ပွင့် လင်းလင်းချပြတာမျိုး ဖြစ်စေချင်တယ်။ အဲဒီဟာတွေ မမျှတရင် ပြည်သူပဲ နစ်နာတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
“တစ္ျပည္လုံးအတိုင္းအတာနဲ႔တြက္ရင္ ဒီးေမာ့ဆိုၿမိဳ႕က KNDF ၊ PDF အမ်ားဆုံးပဲ”
သုတေက်ာ္ (NP News) - စက္တင္ဘာ ၉

မၾကာေသးမီကာလက ကယားျပည္နယ္ရွိ ဒီးေမာ့ဆိုၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ ႏိုင္ခဲ့ၿပီျဖစ္သည္။ လက္ရွိတြင္ တိုက္ပြဲျဖစ္ေဒသမွျပည္သူတို႔မွာ အခက္အခဲမ်ိဳးစုံ ႀကဳံေတြ႕ေနရၾကရေသး ၏။ ျပည္သူတို႔၏ဘဝမွာ ေရရွည္ စစ္ေဘးေရွာင္ရင္း အက်ပ္အတည္းေတြ႕ေနရၾကသည္သာမက ေတာ္ လွန္ေရးသမားဆိုသူတို႔၏ ၿခိမ္းေျခာက္မႈကိုလည္း ခံေနၾကရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္ ၍ ဒီးေမာ့ဆိုၿမိဳ႕ခံတစ္ဦးထံ NP News မွေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - တိုက္ပြဲေတြမျဖစ္ခင္က ဒီးေမာ့ဆိုၿမိဳ႕ရဲ႕အေျခ အေနကို အရင္ဆုံးေျပာျပေပးပါလား။
ေျဖ - တိုက္ပြဲမျဖစ္ခင္တုန္းကေတာ့ ဒီလိုပဲ တစ္ေန႔ တစ္ေန႔ ဖြံ႕ၿဖိဳးတိုးတက္ေနတယ္။ လူတိုင္းက သူ႔အလုပ္နဲ႔သူ အဆင္ေျပေနၾကတယ္။ လမ္းပန္းဆက္သြယ္ေရးက အစ၊ စီးပြားေရးကအစ တိုးတက္ေနၾက တယ္။ ကိုယ္ပိုင္အလုပ္ေတြနဲ႔ ျပည္သူေတြက ဒီလို ရပ္တည္ ေနၾကတယ္ေပါ့။

ေမး - ဒီးေမာ့ဆိုၿမိဳ႕ရဲ႕ အဓိကစီးပြားေရးက ဘာျဖစ္မလဲ။
ေျဖ - အဓိကေတာ့ လယ္ယာ၊ ေတာင္ယာေတြရွိမယ္။ ၿပီးရင္ အေနာက္ဘက္ျခမ္းကေတာ့ အေအးပိုင္း ေဒသဆိုရင္ ဘိန္းစိုက္ပ်ိဳးတာလည္းရွိတယ္။ တခ်ိဳ႕ေဒသေတြေပါ့။ အဲဒါေတြကလည္း ေခတ္ေကာင္း တုန္းက ရဲနဲ႔တပ္က နယ္ေျမရွင္းလင္းေရးေတြ လုပ္ၿပီး ဘိန္းစိုက္ပ်ိဳးမႈေပ်ာက္ဖို႔လုပ္တယ္။ သီးႏွံစိုက္ပ်ိဳး ၾကတာလည္းရွိတယ္။ အစုံစိုက္တယ္။ အဲဒီကေန ေဈးကြက္ျဖန႔္တယ္။ ဒီးေမာ့ဆို ေဈး၊ မိုးၿဗဲေဈး၊ လြိဳင္ ေကာ္ေဈးေတြ တက္ေရာင္းၾကတယ္။

ေမး - ဒီးေမာ့ဆိုၿမိဳ႕နားကို စစ္ေရာက္လာတယ္ေပါ့။ တိုက္ပြဲမျဖစ္ခင္က ျဖစ္ေတာ့မယ္ဆိုတာ သတိထား မိလား။
ေျဖ - ဒီးေမာ့ဆိုၿမိဳ႕မွာ တိုက္ပြဲက ႐ုတ္တရက္ ထျဖစ္တာ။ ဒီးေမာ့ဆိုၿမိဳ႕ေပၚေရာ အေနာက္ဘက္ျခမ္းေပါ့။ ထိတ္ထိတ္လန႔္လန႔္ ျပင္ဆင္ၾကတယ္ ေျပးၾကတယ္။ ေနာက္ေတာ့ တိုက္ပြဲျဖစ္တဲ့တစ္ေၾကာနဲ႔ ဒီးေမာ့ဆို ၿမိဳ႕ေပၚေပါ့ လူကမရွိေတာ့ဘူး။ တိုက္ပြဲျဖစ္တဲ့႐ြာေတြ နဲ႔ ေလး၊ ငါး ႐ြာေလာက္ျခားတဲ့ေနရာဆိုရင္ လူေတြ ျပန္ေနၾကတယ္ေပါ့ေနာ္။

ေမး - တိုက္ပြဲစျဖစ္ေတာ့ ျပည္သူေတြမွာ ဘယ္ေလာက္ဒုကၡေရာက္ခဲ့ၾကလဲ။
ေျဖ - ဒုကၡေရာက္တယ္။ အထူးသျဖင့္ ေျပးရတဲ့ ရပ္၊ ႐ြာေတြဆိုရင္ ဒုကၡေရာက္တယ္။ လူခ်ည္းပဲထြက္ ေျပးၾကရတယ္။ အဝတ္အစားေတာင္ အျပည့္အစုံမယူ သြားႏိုင္ဘူး။ ကမန္းကတန္းထြက္ေျပးရတယ္။ တခ်ိဳ႕က ျပန္တက္လို႔ရမယ္ထင္ၿပီး တစ္ပတ္ႏွစ္ပတ္ အမ်ိဳး ေတြမွာအိမ္ေနတယ္။ ျပန္တက္လို႔မရေတာ့ ပစၥည္းေတြကို ျပန္ေလ့လာၾကည့္ေတာ့ တခ်ိဳ႕က မီးေလာင္ ပ်က္စီးတဲ့အိမ္ေတြရွိတယ္။ တခ်ိဳ႕က အခိုးခံ လိုက္ရတဲ့ ဟာေတြရွိတယ္။ ေျပးရတဲ့ ရပ္၊ ႐ြာေတြက အရမ္းခက္ ခဲေနၾကတယ္။ ကိုယ့္ရဲ႕ ေတာင္ယာ၊ လယ္ယာကို စြန႔္ပစ္ၿပီး အေနာက္ဘက္ျခမ္းေတာထဲမွာသြားေနရတဲ့အခါမွာ ဘာမွလုပ္ကိုင္စားေသာက္ လို႔မရတဲ့ ေဒသေတြရွိတယ္။ တခ်ိဳ႕က မိဘေဆြမ်ိဳးဆီျပန္ၿပီး ဆန္၊ ဆီ၊ ဆား ေတာင္းစားရတာေတြနဲ႔ ရွင္သန္ေနရတယ္။ တခ်ိဳ႕က်ေတာ့ ပစၥည္းေတြျပန္သယ္ဖို႔ အခြင့္အေရးရတဲ့သူက ျပန္သယ္တယ္။ အဲဒီလူေတြကေတာ့ နည္းနည္းအဆင္ေျပတာေပါ့။ တခ်ိဳ႕က အိမ္ေတြ လုံးဝမီးေလာင္သြားတဲ့လူေတြ ကေတာ့ အခက္အခဲဆုံးျဖစ္ သြားတာေပါ့။ ဒီးေမာ့ဆိုၿမိဳ႕ေပၚတို႔ဆိုရင္ တိုက္ပြဲစျဖစ္တည္းက အခုထိ အိမ္ျပန္ေနလို႔မရဘူး။ အားလုံး ျပန္ ေနလို႔မရေသးတဲ့ ၿမိဳ႕ေပၚမ်ိဳးျဖစ္တယ္။ ၿမိဳ႕က ခ်ဳံေတြနဲ႔။ ၿမိဳ႕ေပၚက ေတာ့ အခုထက္ထိ ျပန္ေနလို႔မရေသးဘူးေပါ့။

ေမး - ဒီးေမာ့ဆိုၿမိဳ႕ကေန ကာလရွည္ တိမ္းေရွာင္ေနၿပီးတဲ့ေနာက္ ဘယ္လိုအခက္အခဲေတြျဖစ္ေနၿပီလဲ။
ေျဖ - ကာလအားျဖင့္ကေတာ့ တိုက္ပြဲစျဖစ္တဲ့အခ်ိန္ကေန အခုထက္ထိေပါ့။ ဟိုတေလာတုန္းက အိမ္ ကို တခ်ိဳ႕က ျပန္သြားအိပ္တဲ့သူရွိတယ္။ တိုက္ပြဲ မျဖစ္တဲ့တေလာေပါ့။ တိုက္ပြဲမျဖစ္ခင္ သုံးေလးလ ျပန္ ေနတဲ့သူရွိတယ္။ ေပါ့ေပါ့ပါးပါးျပန္ေနၾကတာရွိတယ္။ အခက္အခဲက စစ္ေရွာင္ေနရတဲ့ဘဝျဖစ္ေတာ့ အလႉရွင္ေတြလာေပးတဲ့ပစၥည္းတခ်ိဳ႕နဲ႔ မိုးကာေတြနဲ႔ တဲလုပ္ရတယ္၊ အလႉရွင္ေတြထုတ္ေပးတဲ့ ဆန္၊ ဆီ၊ ဆားေတြနဲ႔စားရတယ္။ တခ်ိဳ႕ကလည္း သား၊ သမီးေတြ ႏိုင္ငံျခားထြက္ေတာ့ အဲဒီကပို႔တာနဲ႔ပဲ ခိုလႈံ ေနၾကရတယ္ေပါ့။ ႀကီးႀကီးမားမား ေတာင္ယာ၊ လယ္ယာျပန္ လုပ္စားလို႔ရတာေတာ့မရွိဘူး။ ဒီးေမာ့ဆို ၿမိဳ႕ေပၚကေပါ့။

ေမး - ထပ္ေမးခ်င္တာက စစ္ပြဲက ကာလရွည္ၾကာခဲ့ၿပီေပါ့ေလ။ လက္ရွိမွာ တပ္မေတာ္က ၿမိဳ႕ကို ျပန္ရ သြားၿပီဆိုေတာ့ ျပန္ေနၾကမလား။
ေျဖ - ဒီဘက္ျခမ္းကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ တပ္က သိမ္းလို႔ရတာမွန္တယ္။ လြိဳင္ေကာ္လို မ ဟုတ္ဘူး။ ျပန္ေနခ်င္တဲ့သူရွိတယ္။ ဒါေပမဲ့ ျပန္ေနရင္ စြပ္စြဲတယ္။ တပ္နဲ႔ေပါင္းတယ္ဆိုၿပီး လုပ္ခ်င္ရာ လုပ္တယ္။ ျပန္ခ်င္တဲ့သူရွိရင္ေတာင္ ျပန္ရဲဦးမွာမဟုတ္ဘူး။ သူတို႔သားသမီးေတြက PDF ထဲဝင္တာ၊ KNDF ထဲဝင္တာနဲ႔ မျပန္ရဲတာလည္းရွိတယ္။ ျပန္ခ်င္တဲ့သူက ျပန္ရဲမွာမဟုတ္ေလာက္ေသးဘူး။ ဒီတစ္ ခုေတာ့ရွိတယ္။

ေမး - ဒီးေမာ့ဆိုပတ္ဝန္းက်င္မွာ တိုက္ပြဲေတြ အေျခအေနကိုလည္း သိပါရေစ။
ေျဖ - တစ္ျပည္နယ္လုံး အတိုင္းအတာနဲ႔တြက္ရင္ KNDF ၊ PDF က ဒီးေမာ့ဆိုၿမိဳ႕ အမ်ားဆုံးပဲ။ အဲဒီ ေတာ့ ဒီးေမာ့ဆိုၿမိဳ႕ကို ဒီအတိုင္းထားမွာေတာ့မဟုတ္ဘူး။ တပ္က ဝင္ေနရာယူတယ္၊ တပ္က တရားဥပေဒစိုးမိုးေရးကို လုပ္တာေကာင္းတယ္။ အခု (ဩဂုတ္လ ၃၀ ရက္) လည္း တိုက္ပြဲျဖစ္ေနတယ္။ ျဖစ္ေနတာပဲ။ ေအးခ်မ္းတဲ့အရသာမ်ိဳးေတာ့ မခံစားရေသးပါဘူး။

ေမး - KNDF အပါအဝင္ သူ႔မဟာမိတ္အဖြဲ႕ေတြဟာ ဆုတ္ခြာေနရတယ္၊ လက္နက္ခဲယမ္းနည္းေနၿပီလို႔ ေျပာၾကတယ္။ ေဒသခံတစ္ေယာက္အေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲ။
ေျဖ - မွန္ပါတယ္။ ဆုတ္ခြာတယ္ဆိုတဲ့ေနရာမွာေတာ့ အမ်ားႀကီးေတာ့မဟုတ္ေသးဘူး။ တပ္ထိန္း လိုက္ တဲ့ေနရာေတြက အဓိကအခ်က္အခ်ာက်တဲ့ေနရာေတြေပါ့။ ၿမိဳ႕ေပၚတစ္ဝိုက္ဆိုရင္လည္း အခ်က္အခ်ာက်တဲ့ေနရာျဖစ္တယ္။ ဒီဘက္က PDF ၊ KNDF ေတြက တပ္ဆုတ္လိုက္ရတယ္ေပါ့။ အဲဒါထက္ ဆုတ္မလား ဘယ္လိုဆိုတာေတာ့ ခန႔္မွန္းလို႔မတတ္ဘူး။ ေန႔စဥ္ေတာ့ပစ္ေနတယ္။ တခ်ိဳ႕ရက္ေတြ တိုက္ပြဲ နည္း နည္းႀကီးတဲ့ေန႔ေတြမွာ တိုက္ေလယာဥ္ေတြက ေတာ့ ဝဲေနတာၾကားရတယ္။ ဒီတစ္ရက္၊ ႏွစ္ရက္က ေတာ့ မၾကားရေသးဘူး။

ေမး - ေဒသခံျပည္သူေတြက တိုက္ပြဲနဲ႔ပတ္သက္လို႔ ေၾကာက္တာမ်ိဳး ပိုဆိုးလာလား။
ေျဖ - ေဒသခံျပည္သူေတြကေတာ့ စစ္ကို အရင္ ေလာက္မေၾကာက္ေတာ့ဘူး။ ေန႔စဥ္ အသံေတြၾကား ေနရေတာ့ ခပ္လန႔္လန႔္မျဖစ္ဘူး။ ေဒသခံျပည္သူေတြ က အျမန္ၿငိမ္းခ်မ္းခ်င္ၿပီ၊ ေအးခ်မ္းခ်င္ၿပီ အရမ္း ခက္ခဲလာတယ္ေပါ့။ တစ္ေန႔ထက္တစ္ေန႔ ကုန္ေဈးက လည္းတက္လာေတာ့ အရမ္းခက္ခဲေတာ့ ေအး ခ်မ္းခ်င္လာၾကၿပီ။ ျပည္သူေတြကလည္း ပင္ပန္းေနၾကၿပီ။

ေမး - KNDF အပါအဝင္ လက္နက္ကိုင္အဖြဲ႕ေတြကို ေထာက္ခံတာက က်ဆင္းလာလား။
ေျဖ - သုံးသပ္ရရင္ က်ဆင္းတာကရွိတယ္။ ဘာလို႔ လဲဆိုေတာ့ တခ်ိဳ႕လူႀကီးေတြက အက်င့္ပ်က္ျခစားတာရွိတယ္။ ရတဲ့ေငြ ကိုယ့္အိတ္ထဲထည့္တယ္။ တိုက္ေတြေဆာက္တယ္၊ ကားေတြဝယ္တယ္။ အဲဒီလို ေတြ႕ရေတာ့ ျပည္သူေတြကစိတ္ပ်က္တယ္။ တခ်ိဳ႕ မိဘေတြက ကိုယ့္သားသမီးကိုမဆုံးရႈံးေစခ်င္လို႔ မဝင္ ခိုင္းေတာ့တာလည္းရွိတယ္။ တစ္ခါတေလက် စစ္ပြဲက စီးပြားေရးဆန္ဆန္ျဖစ္လာတယ္။ ဘယ္အဖြဲ႕က ဘယ္လူႀကီးက စီးပြားေရးအဆင္ေျပလာတယ္ဆို တာမ်ိဳးေတြမ်ားလာတယ္။ နဂိုတုန္းက စစ္ေရးကိုအာ ႐ုံစိုက္တယ္။ အခု စီးပြားေရးကို တစ္ဖက္လွည့္လာတဲ့ အခါမွာ ေအာက္ေျခရဲေဘာ္ေတြက ဆုံးရႈံးနစ္နာမႈေတြ ရွိလာတယ္။

ေမး - အစ္ကိုတို႔ဆႏၵက ၿမိဳ႕ကို အရင္အတိုင္းျပန္လိုခ်င္လား။
ေျဖ - ဟုတ္တယ္။ ကြၽန္ေတာ့္အေနနဲ႔ဆို တစ္ႏိုင္ငံ လုံးကို ၿငိမ္းခ်မ္းေစခ်င္ၿပီေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ျပည္ သူကိုလက္နက္ျပၿပီးအႏိုင္က်င့္တာမ်ိဳး မလိုခ်င္ဘူး။ ကြၽန္ေတာ္တို႔ေရာက္တဲ့ေနရာမွာ ဘယ္ျပည္သူ မဆို ကေတာ့ ကိုယ့္ကိုဝန္းရံေပးတဲ့အစိုးရကို လိုခ်င္တယ္။ ဂိတ္ေတြမွာ ျပည္သူကိုမသကၤာျဖစ္တာမ်ိဳး မလို ခ်င္ေတာ့ဘူး။ ေအးေအးခ်မ္းခ်မ္း သြားလာခြင့္၊ ျပန္စား ေသာက္ခြင့္လိုခ်င္လာၿပီ။

ေမး - ဒီးေမာ့ဆိုၿမိဳ႕က အခုမွ ခ်ဳံထူထပ္သြားၿပီလား။
ေျဖ - ဟုတ္တယ္ ေတာထူတယ္။ အိမ္ျပန္ၾကည့္တဲ့ လမ္းဆိုရင္ လူသြားလမ္းတစ္လမ္းပဲက်န္တယ္။ ဒါ ေတာင္ နဂိုတုန္းက ကတၱရာလမ္းျဖစ္တယ္ေပါ့။ အဲဒီ လိုမ်ိဳး လူသြားလမ္းပဲက်န္တယ္။ တခ်ိဳ႕လမ္းဆို ပိတ္ကုန္ၿပီ။ မိန္းလမ္းမႀကီးဆိုရင္လည္း ကားတစ္စီးစာပဲ က်န္တယ္။ ဒီးေမာ့ဆိုကေန ဟိုး ဖားေဆာင္း၊ ေဘာ္လခဲအထိ ကားတစ္စီးစာပဲက်န္တာ။ အကုန္ ခ်ဳံေတြ၊ ေတာေတြ ျဖစ္ကုန္ၿပီ။

ေမး - ၿမိဳ႕ကိုျပန္ထူေထာင္မယ္ဆိုရင္ အရင္လို ျပန္စည္ကားႏိုင္မယ္ထင္လား။
ေျဖ - စည္ကားႏိုင္ပါတယ္။ ဒီးေမာ့ဆိုက အခ်က္အခ်ာက်တယ္ အရင္က အရမ္းလူစည္ကားခဲ့တယ္။ ၿငိမ္းခ်မ္းတဲ့အခ်ိန္မ်ိဳးျဖစ္ရင္ ျပန္ထူေထာင္တာမွာ ပိုျမန္ဆန္လာမယ္ထင္တယ္။ ဒါ တိုက္ပြဲမျဖစ္ရင္ေပါ့။ တိုက္ပြဲျဖစ္ေနသေ႐ြ႕ကေတာ့ မျဖစ္ႏိုင္ဘူးေပါ့ေနာ္။ လူေတြျပန္ေနၿပီး လြိဳင္ေကာ္၊ ဖ႐ူဆိုးဘက္ကို လူေတြ က လြတ္လြတ္လပ္လပ္သြားလာလို႔ရရင္ ကုန္သြယ္မႈကလည္း ပိုျမန္ဆန္လာတယ္။ ၿမိဳ႕ေပၚလည္း တိုး တက္လာမယ္ အရင္လိုျပန္စည္ကားလာမယ္လို႔ေမွ်ာ္လင့္ပါတယ္။

ေမး - ဒီးေမာ့ဆို ၿမိဳ႕ခံေတြထဲမွာ ဒုကၡသည္စခန္းေတြနဲ႔ ခိုလႈံေနၾကရသူေတြရွိတယ္လို႔သိရပါတယ္။ လက္ရွိ ဒုကၡသည္စခန္းေတြမွာ ဘယ္လို ျဖတ္သန္းေနၾကပါသလဲ။
ေျဖ - နံပါတ္တစ္ကေတာ့ စားဝတ္ေနေရးပဲေပါ့။ တစ္ေန႔တစ္ေန႔ တစ္ေထာင္၊ ႏွစ္ေထာင္ရဖို႔ကို အရမ္း ႀကိဳးစားေနၾကရတယ္။ ေတာက မွ်စ္ပဲသြားခ်ိဳးၿပီး ေရာင္းရမလား၊ ဟင္းအတြက္ မွ်စ္ကိုပဲစုထားရမလား အဲဒီလိုေတြျဖစ္ေနၾကတာ အမ်ားႀကီး။ အရင္တုန္းက ေတာင္ယာ၊ လယ္ယာ မဟုတ္တဲ့ ႏြားစားက်က္ ေျမေတြမွာလည္း ႀကိဳးစားၿပီး ကိုယ့္နယ္ေျမမဟုတ္ေတာင္ ေတာင္ယာ၊ လယ္ယာကိုခြင့္ေတာင္းၿပီး လုပ္ၾကတယ္။ ဒီလိုအခက္အခဲေတြနဲ႔ႀကဳံေနရတယ္။ တိုက္ပြဲရဲ႕ဒဏ္ ကိုလည္း ခံစားေနရတယ္။ သားသမီးေတြအတြက္ ပူပန္ရတဲ့မိဘေတြကလည္း တစ္ပုံတစ္ေခါင္းႀကီး။ ယာယီတဲေတြကအစ အသစ္လဲရတယ္ ပိုက္ဆံကမရွိ အဲဒီလို ဒုကၡေရာက္ေနၾကတယ္။

ေမး - အရင္တုန္းကေတာ့ အစြဲေတြရွိခဲ့ၾကတာေပါ့။ အခုေတာ့ ၿငိမ္းခ်မ္းေရးရရင္ေတာ္ၿပီဆိုတဲ့စိတ္ ဝင္ေန ၾကၿပီလား။ အစ္ကိုကိုယ္တိုင္ေကာ ဘယ္လိုခံစားေနရ ပါသလဲ။
ေျဖ - ေရရွည္ ဒီလိုမ်ိဳး တိုက္ပြဲၾကာျမင့္လာတဲ့အခါ အခက္အခဲျဖစ္လာတယ္ေပါ့ေနာ္။ တစ္ေန႔တစ္ေန႔ ခုနကေျပာတဲ့ဟာေတြလည္းပါတယ္ အခက္အခဲက ေလ။ ကုန္စည္ေတြကလည္း တစ္ရက္ကို နည္းနည္း ခ်င္းစီတက္သြားတယ္။ ဆီေတြျပတ္သြားရင္ ႐ုတ္ တရက္ ေဈးတက္သြားတယ္။ ေလးေထာင္ေဈးကေန ေျခာက္ေထာင္၊ ခုနစ္ေထာင္၊ ရွစ္ေထာင္ တက္တယ္ ေပါ့ေနာ္။ အဲဒီလိုေတြနဲ႔ ဒုကၡေပါင္းစုံ ခံစားေနၾကရ တဲ့ အခါမွာ ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းမႈကို လိုလားတယ္ေပါ့ ေနာ္။ နဂိုကလိုမ်ိဳး ပါတီစုံဒီမိုကေရစီစနစ္နဲ႔ အရည္အခ်င္းရွိတဲ့သူ လူႀကီးတက္လုပ္၊ အရည္အခ်င္းရွိတဲ့သူ ဝန္ႀကီးလုပ္ၿပီး ျပည္နယ္ဖြံ႕ၿဖိဳး ေအာင္ လုပ္ေပးဖို႔၊ လူငယ္ေတြအတြက္ အခြင့္အလမ္းဖန္တီးေပးဖို႔ လိုလားတယ္။ အခုေခတ္လူငယ္ ေတြက ပညာေတြ ေကာင္းေကာင္းမသင္ရဘူး။ မသင္ရေတာ့ ၿငိမ္းခ်မ္းမႈတစ္ခု သာရွိမယ္ဆိုရင္၊ နဂိုတုန္းကလို ျပန္ၿပီး ၿငိမ္းခ်မ္းမယ္၊ ေကာင္းမြန္တဲ့ အစိုးရစနစ္တစ္ခုသာ ကြၽန္ေတာ္တို႔ ျပန္ရမယ္ဆိုရင္ အေကာင္းဆုံး ျဖစ္မယ္လို႔ေမွ်ာ္လင့္တယ္။ လက္ရွိ စစ္ေဘးေရွာင္ေနရတာေတာ့ တကယ္ ဒုကၡေရာက္တယ္။ အျမန္ဆုံး ၿငိမ္းခ်မ္းဖို႔လည္း ေမွ်ာ္လင့္ပါတယ္။

ေမး - ျပည္သူေတြကေတာ့ ၿငိမ္းခ်မ္းမႈကိုလိုလား ေနၾကတယ္ေပါ့ေလ။ တိုက္ပြဲေဖာ္ေဆာင္ေနတဲ့ လက္ နက္ကိုင္သူေတြကေတာ့ သူတို႔ကိုယ္သူတို႔ ေတာ္လွန္ ေရးသမားလို႔ေျပာေနတဲ့အခါမွာ ဒီးေမာ့ဆို ၿမိဳ႕ခံတစ္ေယာက္အေနနဲ႔ အဲဒီေတာ္လွန္ေရးသမားဆိုသူေတြ ကို ဘာမ်ားေျပာခ်င္ပါသလဲ။
ေျဖ - ေတာ္လွန္ေရးသမားလို႔ ေႂကြးေၾကာ္သူေတြကို ေတာ့ လက္နက္တစ္ခုကိုကိုင္ၿပီဆိုရင္ ရန္သူ နဲ႔ေတြ႕ရင္ေတာ့ သူပစ္ကိုယ္ပစ္ဆိုရင္ လူမိုက္လုပ္လို႔ရတယ္။ ရပ္႐ြာထဲမွာ လူမိုက္မလုပ္ဖို႔၊ လက္နက္ကို အေၾကာင္း ျပၿပီးေတာ့မွ ရရွိတဲ့အလႉေငြကို အိတ္ထဲမထည့္ဖို႔ ေျပာခ်င္တယ္။ ကိုယ္က ေတာ္လွန္ေရး တကယ္လုပ္ေနတယ္ဆိုရင္ ျပည္သူေတြအေပၚ ကိုယ္ဘယ္ေလာက္အထိ ဝန္ေဆာင္မႈေပးႏိုင္ၿပီလဲ။ စစ္တပ္တစ္ခုဖြဲ႕မယ္ဆိုရင္ တပ္ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကဘာလဲ။ ျပည္သူေတြက အျပစ္ရွိရင္ လက္ နက္ကိုင္ကပဲစီရင္ၿပီး လက္နက္ ကိုင္ကအျပစ္ရွိရင္ေကာ ျပည္သူက စီရင္လို႔မရဘူးလားဆိုတာ ပြင့္ပြင့္ လင္းလင္းခ်ျပတာမ်ိဳး ျဖစ္ေစခ်င္တယ္။ အဲဒီဟာေတြ မမွ်တရင္ ျပည္သူပဲ နစ္နာတယ္။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.