နယ်မြေမတည်ငြိမ်မှုများကြောင့် အညာဒေသထွက်ဖရဲသီးများ ဈေးကွက်ဝင်ရန် အခက်အခဲရှိနေ
                        
                            
                             
 624
 
                             
                            
                            
                         
                        
 
                        သန့်ဇင် (NP News) - စက်တင်ဘာ ၉ 
	နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ဒေသ အချို့မှ ဖရဲသီးများ ဈေးကွက်ဝင်နိုင်ရန်ပင် အခက်အခဲရှိနေကြောင်း ဖရဲဒိုင်နှင့် စိုက်ပျိုးရောင်းချသူများ ထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
	လက်ရှိတွင် မိုးဖရဲသီးများ ဆွတ်ခူးချိန်ဖြစ်သော်လည်း ပြည်ပဈေးကွက်မရှိသည့်အတွက် ရန် ကုန်၊ မန္တလေးနှင့် နေပြည်တော် ဈေးကွက်များကို သာ အားပြုနေရလျက်ရှိရာ နယ်မြေဒေသ မတည်ငြိမ် မှုများကြောင့် အချို့သောစိုက်ခင်းများသို့ ပွဲစားများ မဝင်ရောက်နိုင်သည့်အတွက် ဖရဲစိုက်တောင်သူများ အခက်အခဲရှိနေကြောင်း သိရသည်။
	“အရောင်းအဝယ်တော့မဆိုးပါဘူး။ ဒညင်းကုန်းကိုတစ်နေ့ကို (၁၀) စီးလောက်တော့ အဝင် အထွက်ရှိတယ်။ အခုက မုံရွာကွင်း၊ မြင်းခြံ ကွင်းနဲ့ မိတ္ထီလာကွင်းကဝင်တယ်။ နယ်မြေအေးချမ်းတဲ့ နေရာက ဖရဲတွေပဲဝင်တယ်။ အဲဒါကြောင့် တောင်သူအခက်အခဲကတော့ ရှိတယ်။ (၁၀) ဘီးကားတွေ ဝင် ရတဲ့နေရာရှိတယ်။ ဝင်မရတဲ့နေရာရှိတယ်။ ဝင်ရတဲ့နေရာလောက်ပဲဝင်ပြီးပို့နေရတာပေါ့။ အဲဒါကြောင့် တောင်သူတွေဖရဲသီးတွေပိတ်ကုန်တာတွေ ရှိတယ်။ ဖရဲဆိုတာ သူရဲ့ရက်နဲ့ သူရဲ့ဈေးကွက်နဲ့ (၁)ရက် (၂) ရက်လောက်ပဲထားလို့ ရတာလေ။ အဲဒါကြောင့် ခူးလို့မရတော့ အခင်းထဲမှာ ဒီအတိုင်းပစ်ထားခဲ့ရတာ ပေါ့”ဟု ဟု ဖရဲဒိုင်တစ်ဦးက ပြောသည်။
	ပြည်ပတင်ပို့နိုင်ခြင်းမရှိသည့် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျများကြောင့် အရှုံး မပေါ်ရန်ပင်ဝယ်လက်ရှာဖွေ နေရကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဖရဲစိုက်တောင်သူ တစ်ဦးက ဆိုသည်။
	“အရင် ဈေးကောင်းတုန်းအချိန်ကတော့ ဖရဲမျိုးတစ်ထုပ်ကိုစိုက်ပြီးရင် (၁၀) သိန်း လောက်အထိ ပေါက်တာပေါ့နော်။ အဲဒါကလည်း အသီးကောင်း အပင်ကောင်းမှပေါ့နော်။ ကျွန်တော်တို့ ဘက်မှာက စိုက်တဲ့သူတော့များတယ်။ အခုက ကျွန်တော်တို့ မိုးဖရဲစိုက်ကြတယ်။ အခုက ပြည်တွင်း စားသုံးသူပဲ အားထားရတယ်။ အရင်က (၈၅၅) မျိုးစိုက်ရင် ပြည်ပပို့ရတယ်။ အခုက ပြည်ပပို့တဲ့ သီးနှံမစိုက်ကြတော့ ဘူး။ အခုက ပြည်တွင်းဆိုတော့ လျှော့စိုက်ရတာတွေလည်းရှိလာတာပေါ့” ဟု ၎င်းကဆိုသည်။ လက်ရှိ တွင် မိုးဖရဲကို ပြည်တွင်းစားသုံးမှု လုံလောက်သည်ထက်ပိုနိုင်သော်လည်း ဆောင်းဖရဲများကိုမူ ပြည်ပ တင်ပို့နိုင်မည့် အလားအလာ ကောင်းများရှိနေပြီဖြစ်ကြောင်း သိရသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version: 
နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ အညာေဒသထြက္ဖရဲသီးမ်ား ေဈးကြက္ဝင္ရန္ အခက္အခဲရွိေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၉ 
	နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီးရွိ ေဒသ အခ်ိဳ႕မွ ဖရဲသီးမ်ား ေဈးကြက္ဝင္ႏိုင္ရန္ပင္ အခက္အခဲရွိေနေၾကာင္း ဖရဲဒိုင္ႏွင့္ စိုက္ပ်ိဳးေရာင္းခ်သူမ်ား ထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
	လက္ရွိတြင္ မိုးဖရဲသီးမ်ား ဆြတ္ခူးခ်ိန္ျဖစ္ေသာ္လည္း ျပည္ပေဈးကြက္မရွိသည့္အတြက္ ရန္ ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ ေဈးကြက္မ်ားကို သာ အားျပဳေနရလ်က္ရွိရာ နယ္ေျမေဒသ မတည္ၿငိမ္ မႈမ်ားေၾကာင့္ အခ်ိဳ႕ေသာစိုက္ခင္းမ်ားသို႔ ပြဲစားမ်ား မဝင္ေရာက္ႏိုင္သည့္အတြက္ ဖရဲစိုက္ေတာင္သူမ်ား အခက္အခဲရွိေနေၾကာင္း သိရသည္။
	“အေရာင္းအဝယ္ေတာ့မဆိုးပါဘူး။ ဒညင္းကုန္းကိုတစ္ေန႔ကို (၁၀) စီးေလာက္ေတာ့ အဝင္ အထြက္ရွိတယ္။ အခုက မုံ႐ြာကြင္း၊ ျမင္းၿခံ ကြင္းနဲ႔ မိတၳီလာကြင္းကဝင္တယ္။ နယ္ေျမေအးခ်မ္းတဲ့ ေနရာက ဖရဲေတြပဲဝင္တယ္။ အဲဒါေၾကာင့္ ေတာင္သူအခက္အခဲကေတာ့ ရွိတယ္။ (၁၀) ဘီးကားေတြ ဝင္ ရတဲ့ေနရာရွိတယ္။ ဝင္မရတဲ့ေနရာရွိတယ္။ ဝင္ရတဲ့ေနရာေလာက္ပဲဝင္ၿပီးပို႔ေနရတာေပါ့။ အဲဒါေၾကာင့္ ေတာင္သူေတြဖရဲသီးေတြပိတ္ကုန္တာေတြ ရွိတယ္။ ဖရဲဆိုတာ သူရဲ႕ရက္နဲ႔ သူရဲ႕ေဈးကြက္နဲ႔ (၁)ရက္ (၂) ရက္ေလာက္ပဲထားလို႔ ရတာေလ။ အဲဒါေၾကာင့္ ခူးလို႔မရေတာ့ အခင္းထဲမွာ ဒီအတိုင္းပစ္ထားခဲ့ရတာ ေပါ့”ဟု ဟု ဖရဲဒိုင္တစ္ဦးက ေျပာသည္။
	ျပည္ပတင္ပို႔ႏိုင္ျခင္းမရွိသည့္ ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းအတက္အက်မ်ားေၾကာင့္ အရႈံး မေပၚရန္ပင္ဝယ္လက္ရွာေဖြ ေနရေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအတြင္းမွ ဖရဲစိုက္ေတာင္သူ တစ္ဦးက ဆိုသည္။
	“အရင္ ေဈးေကာင္းတုန္းအခ်ိန္ကေတာ့ ဖရဲမ်ိဳးတစ္ထုပ္ကိုစိုက္ၿပီးရင္ (၁၀) သိန္း ေလာက္အထိ ေပါက္တာေပါ့ေနာ္။ အဲဒါကလည္း အသီးေကာင္း အပင္ေကာင္းမွေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ဘက္မွာက စိုက္တဲ့သူေတာ့မ်ားတယ္။ အခုက ကြၽန္ေတာ္တို႔ မိုးဖရဲစိုက္ၾကတယ္။ အခုက ျပည္တြင္း စားသုံးသူပဲ အားထားရတယ္။ အရင္က (၈၅၅) မ်ိဳးစိုက္ရင္ ျပည္ပပို႔ရတယ္။ အခုက ျပည္ပပို႔တဲ့ သီးႏွံမစိုက္ၾကေတာ့ ဘူး။ အခုက ျပည္တြင္းဆိုေတာ့ ေလွ်ာ့စိုက္ရတာေတြလည္းရွိလာတာေပါ့” ဟု ၎ကဆိုသည္။ လက္ရွိ တြင္ မိုးဖရဲကို ျပည္တြင္းစားသုံးမႈ လုံေလာက္သည္ထက္ပိုႏိုင္ေသာ္လည္း ေဆာင္းဖရဲမ်ားကိုမူ ျပည္ပ တင္ပို႔ႏိုင္မည့္ အလားအလာေကာင္းမ်ားရွိေနၿပီျဖစ္ေၾကာင္း သိရသည္။